Posts

Showing posts from June, 2012

“မေတ္တာဆိုသည်မှာ” အောင်ကောင်းမွန်(လားရှိုး)

Image
“မေတ္တာဆိုသည်မှာ ”2012 Velentine"s Day aung kung mon ဖေဖော်ဝါရီလ 14, 2012 4:00pmတွင် aung kung mon မှတင်ပြသောဘလော့ပို့(စ်)ဖြစ်ပါသည် View Blog ဖေဖေါ်ဝါရီလ(၁၄)ရက် ဆိုသည့် ပျော်ရွှင်ဖွယ်နေ့တစ်နေ့သည် မသိမသာနှင့် (၂၀၁၂)အတွက် ရောက်ရှိလို့ လာခဲ့ပြန်ပြီဖြစ်၏။ ကျွန်တော်ကတော့ ဖေဖေါ်ဝါရီလ(၁၁)ရက်မှာ အသက် (၃၆)နှစ် ပြည့်ခဲ့ပြီမို့ ဖေဖေါ်ဝါရီတစ်လလုံး ဘာသာရေးကိစ္စတွေနဲ့ ကျွန်တော့်ဟောခန်းကိစ္စကလွဲပြီး အလုပ်တွေကိုခေတ္တ လျှော့နိုင်သလောက်လျှော့ပြီး ကော့(စ်)မစ်အားတွေပြည့်နေတော့ အခုတလော စာတွေလည်းသိပ်မရေး ဖြစ်ဘူး ဖြစ်နေတယ်။ အခုတော့ Velentine's day အတွက် စာမူအဖြစ်က သီးသန့်ရေးထားတာကမရှိ ဖြစ်နေ တော့ စဉ်းစားရပါတယ်။ ကျွန်တော်က ဗီဒီယိုရိုက်ကူးရေးနဲ့ပတ်သက်ပြီး ဇာတ်ကားအရေအတွက်များများ ရိုက်ဖို့အစီအစဉ်မရှိပါသော်လည်း TV ဇာတ်လမ်း အကျိုးပြုတွေ၊

'' မြန်မာ့တို့၇ဲ့ အမေစု (ခေါ်) ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ကျွန်တော် စဉ်းစားမိတာတော့” အောင်ကောင်းမွန်(လားရှိုး)

Image
aung kung mon မတ်လ 16, 2012 8:50pmတွင် aung kung mon မှတင်ပြသောဘလော့ပို့(စ်)ဖြစ်ပါသည် View Blog ၂၀၁၂ခုနှစ်၊မတ်လ(၁၁)၇က်နေ့မွန်းတက်ချိန်တွင်တွက်ချက်ဟောကြားချင်း ဖြစ်သည်။ ကျွန်တော့ပညာပိုင်းဆိုင်ရာ ဆရာသခင်ကြီးအဘ ဒေါက်တာမင်းသိင်္ခ ပြောခဲ့ဘူးတဲ့စကားလေး တစ်ခွန်းမှာ အလွန်ကိုမှတ်သားစရာလေးပါ။ “လောကကြီးမှာ လဲကျတာဟာရှက်စရာမဟုတ်ဘူး၊ ပြန်မထ နိုင်တာကရှက်စရာ” အဘရဲ့စကားလေးက

ဖယောင်းတိုင်နှင့် တူသော ယောက်ျား-အပိုင်း(၁)--မင်းသိင်္ခ

ဗဟန်းဘက်တွင် မြန်မာထမင်းဆိုင်ကြီးတစ်ဆိုင် ရှိခဲ့ဖူး၏။ ထိုဆိုင်၏ အမည်မှာ ‘ရွှေညာသူ’ ဟူ၍ ဖြစ်၏။ ထိုရွှေညာသူ ထမင်းဆိုင် ပိုင်ရှင်မှာ အသက်အရွယ်အားဖြင့် (၃၀)မျှပင် မရှိသေးပေ။ ထိုဆိုင်ရှင် မိန်းကလေးမှာ အညာဒေသမှ အတော်အတန်ကြွယ်ဝသော မိဘများမှ ပေါက်ဖွားလာသူဖြစ်၏။ သို့ရာတွင် ၎င်း၏ မိဘများမှာလည်း နှစ်အတန်ကြာကပင် ရှေ့ဆင့်နောက်ဆင့်ဆိုသလို ကွယ်လွန်ကြပြီဖြစ်၏။ ထိုအခါ ထိုမိန်းကလေးသည် မိဘများ၏ အမွေကို ရလိုက်သော်လည်း ဆွေမျိုးရင်းချာဟူ၍ မရှိရကား စီးပွားရေးကို လည်း မည်သို့မည်ပုံ လုပ်ကိုင်ရမည်ဟု မတွေးတတ်အောင်ရှိနေလေ၏။ ထိုအချိန်၌ပင် ၎င်းငယ်စဉ်က ထိန်းကျောင်းခဲ့သော ‘ဒေါ်ပု’ ဆိုသည့်

ဖယောင်းတိုင်နှင့် တူသောယောင်္ကျား အပိုင်း(၂) ဇာတ်သိမ်းပိုင်း

ထို့နောက် မင်္ဂလာဆောင်ရန်အတွက် ဖိတ်စာများပင် ပေးလိုက်ပြီ ဖြစ်၏။ တင်တင်သည် ကိုအုန်းသာ၊ ကိုညို၊ ကိုပါလစ်၊ ကိုသောင်းရေ့တို့အား… “တင်တင်မင်္ဂလာဆောင်ကို လာဖြစ်အောင် လာရမယ်နော” ဟု ပြော၍ ဖိတ်စာများ ပေးလိုက်ပြီဖြစ်၏။ ဖိတ်စာရသောနေ့တွင် အခါတိုင်း၌ ထမင်းနှစ်ပန်းကန် စားလေ့ရှိသော ကိုသောင်းရွှေသည် ထမင်းတစ်ပန်းကန်ပင် ကုန်အောင် မစားနိုင်ဘဲ ပြန်သွားရှာလေ၏။ ဗေဒင်ဆရာ ကိုပါလစ်ကမူ တင်တင့်အား…“ဟိုထောင့်က စားပွဲမှာ နေ့တိုင်း ထမင်းစားတဲလူကို ဖိတ်စာမပေးဘူးလား” ဟု မေးလိုက်လေ၏။ “ပေးရမှာပေါ့ ကိုပါလစ်ရဲ့ ဒါပေမယ့် သူ့နာမည်ကို တင်တင်မှ မသိ ဘဲနဲ့” ဟု တင်တင်က ပြန်၍ ပြောလေ၏။ “ဒီလိုဆိုရင် ဖိတ်စာအလွတ်တစ်ခု ကျုပ်ကို ပေးထား၊ သူလာတော့

မိုးနဲ့တူတဲ့လူတယောက်--မင်းသိင်္ခ

မြန်မာပြည်၏ အထက်ပိုင်းတွင် တောကြီးတစ်တောသည် ရှိ၏။ ထိုတော၌ ကျွန်းပင်များကဲ့သို့ မြင့်မားသောပင် စည် ပင်ဆောက်ကြီးမားသည့် အပင်များသည် ထူထပ်သိပ်သည်းစွာ ပေါက်ရောက်လျက်ရှိ၏။ ထိုတောသည် အမျိုးပေါင်း အရာထောင်သော တောပန်းတို့ဖြင့်ပြီး၏။ ထို့အတူ အမျိုးပေါင်း အရာထောင်သော ပျားပိတုန်းလိပ်ပြာတို့သည်ရှိ၏။ ထို့အတူ ပျားအုံကို ဖဲ့၍ဖဲ၍ စားတတ်သော ဝက်ဝံတို့သည်လည်း အမြောက်အများရှိ၏။ ထို့ကြောင့် ထိုတောကို “ဝက်ဝံတော”

မျောက်နှင့်တူသောသူငယ်ချင်း (ဇာတ်သိမ်းပိုင်း)(မင်းသိင်္ခ)

ဘတ်စ်ကား လာသောအခါ၌ ကျွန်ုပ်လည်း ထွန်းမြင့်ကိုနှုတ်ဆက်၍ ဘတ်စ်ကားပေါ်သို့ တွယ်၍တက်ခဲ့၏။ အိမ်သို့ရောက်လျှင်ရောက်ချင်း ကျွန်ုပ်သည် ကျွန်ုပ်၏မိန်မအား ကိုမျောက်ကြီး၏ အကြောင်းကို ပြောပြလေတော့၏။ ကျွန်ုပ်၏ မိန်းမသည် လွန်စွာ အံ့သြ၍နေ၏။ “သြော်… အဲဒီစာရေးဆရာဟာ ရှင့်သူငယ်ချင်း ကိုမျောက်ကြီးကိုး၊ ကျွန်မ သူ့စာအုပ်တွေ သိပ်ကြိုက်တာ၊ ဘာပဲဖြစ်ဖြစ်

မျောက်နှင့်တူသောသူငယ်ချင်း (ပထမပိုင်း) မင်းသိင်္ခ

တစ်ခါက ကမ္ဘာလောကကြီးအတွက် လွန်စွာမှ အရေးကြီးသော သိပ္ပံဆရာကြီး တစ်ဦး၏ ပစ္စည်းများကို သူ၏ အိမ်တွင်မွေးထားသော မျောက်တစ်ကောင်က ဖျက်ဆီးပစ်ခဲ့ဖူးလေသည်။ ထိုအခါ သိပ္ပံဆရာကြီးသည်… “သြော်..မင်းဟာ မျောက်ကိုး၊ ဘယ်လောက် အရေးကြီးမှန်းမသိတော့ ဖျက်ဆီးပစ်တာပေါ့” ဟု ညည်းတွားလေ၏။ တအောင့်ကြာသော် ထိုသိပ္ပံဆရာကြီးကပင်… “တချို့လူတွေလဲ မင်းလိုပါပဲကွာ” ဟု ထပ်မံပြောဆိုပြန်လေ၏။ ထိုသိပ္ပံဆရာကြီးက သိပ္ပံပညာကို သာမက၊ မျောက်၏သဘာကိုလည်း သိ၏။ မျောက်နှင့် တူသော လူတို့၏ သဘာဝတို့ကိုလည်း သိပေသည်။ ကျွန်ုပ်မှာမူကား သိပ္ပံဆရာကြီးလည်း မဟုတ်၊ မျောက်အကြောင်းကိုလည်း ဂဃနဏ သိသူလည်းမဟုတ်၊ သို့ရာတွင်

HAPPY NEW YEAR အောင်ကောင်းမွန်(လား၇ှိုး)

၂၀၁၁ခုနှစ်၊ ဒီဇင်ဘာလ၏(၃၁)ရက် နံနက်ခင်းအချိန်ကာလသို့ရောက်ရှိလာပြီ ဟူသောအသိသည် ကျွန်ုပ်အတွေးအိမ်၏တံခါးသို့ ဦးဦးဖျားဖျားရောက်၍ပင် နေလေ တော့၏။ နံနက်ခင်း၏ ခန္ဓာသန့်စင်မှု ကိစ္စများပြုလုပ်ရင်းနှင့်ပင် နက်ဖြန်ဆို ၂၀၁၂ရောက် ပြီဆိုသည့် သတိမှာ ထပ်ပြန်တလည်းလည်းပင် ကျွန်ုပ်အာရုံတစ်ခုအား ဖုံးလွှမ်းထားနေ လေ၏။ ထို့ကြောင့် နံနက်စာ စားရင်းပင် ၁-၁-၂၀၁၂ NEW YEAR(HAPPY) အထိမ်းအမှတ်အဖြစ် ဘယ်အကြောင်းအရာရေးလျှင်ကောင်းမည်နည်းဟုပင် ထပ်ပြန်တ လဲလဲနှင့်စဉ်း စားနေသော်လည်း စိတ်နှလုံးရွှင်ပြစွာ ရေးရမည့်အကြောင်းအရာမှာ အာရုံတွင်မရသဖြင့် စီးကရက် တစ်လိပ်ပြီးတစ်လိပ်ကုန်ရုံသာရှိ- အချိန်တွေကုန်မှန်းမသိ နှင့်ပင် နံနက်(၉း၀၀)နာရီ ထိုးသွားလေတော့၏။ ရာဇမုနိရုပ်ရှင်တော်မြတ်ကြီး ၊ ဂန္ဓကုဋီတိုက်တော် ၊ ငွေထီးတော်နှင့်စိန်ဖူး တော် တင်လှူမင်္ဂလာ အားသွားရန် အကြောင်းကိစ္စမှာလည်းရှိနေ၍

သာသနာ(၂၅၀၀)ပြည်လုံးချမ်းသာစေတီတော် ဘုရားသမိုင်း(လားရှိုး)

ကမ္ဘောဇဌာနေ လား၇ှိုးမြေ၏ သာသနာ(၂၅၀၀)ပြည်လုံးချမ်းသာစေတီတော် ∆နှင်းမှုန်တဖွေးဖွေး မြောက်လေသွေးသည့် ဟေမာန်သ ဆောင်းသဘာဝတို့၏ လွှမ်းမိုးဆဲအချိန် ကာလ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ၏ နေ့ရက်များ၏ တစ်ခုသော နေ့လည်ခင်းမှာပင် ဖြစ်လေတော့၏။ ကျွန်ုပ် ဗေဒင်ဟောလျက်ရှိသော လားရှိုးမြို့၊ သာသနာ(၂၅၀၀)ပြည်လုံးချမ်းသာစေတီတော် (တောင်ပေါ် ဘုရား)ရှိ ကျွန်ုပ်ဗေဒင်ဟောခန်းသို့ ဘုရားဂေါပကလူကြီးတစ်ဦးဖြစ်သူ ဦးလှကျော်သည် ရောက်ရှိလာလေ၏။ ဦးလှကျော်ဆိုသူမှာ လားရှိုးမြို့၊ ပြည်နယ်စည်ပင်သာယာရေးရုံး၏ အရာရှိတစ်ဦးဖြစ်၏။ ယခုအခါတွင် သက်ပြည့်ပင်စင်ရ၍ ဘာသာရေး၊ သာသနာရေးကိစ္စများကိုသာ ပြုလုပ်နေပြီဖြစ်၏။ ယခု သာသနာ(၂၅၀၀) စေတီတော်ဂေါပကအဖွဲ့၏ အတွင်းရေးမှူးအဖြစ်နှင့် ဘုရားအကျိုးတော်ဆောင် သာသနာပြုလုပ်ငန်းများ ကို ကုသိုလ်ပြုလုပ်နေသူ ဖြစ်ပါ၏။ ကျွန်ုပ်တို့နှစ်ဦးမှာ