'' မြန်မာ့တို့၇ဲ့ အမေစု (ခေါ်) ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ကျွန်တော် စဉ်းစားမိတာတော့” အောင်ကောင်းမွန်(လားရှိုး)
၂၀၁၂ခုနှစ်၊မတ်လ(၁၁)၇က်နေ့မွန်းတက်ချိန်တွင်တွက်ချက်ဟောကြားချင်း
ဖြစ်သည်။
ကျွန်တော့ပညာပိုင်းဆိုင်ရာ ဆရာသခင်ကြီးအဘ
ဒေါက်တာမင်းသိင်္ခ ပြောခဲ့ဘူးတဲ့စကားလေး တစ်ခွန်းမှာ
အလွန်ကိုမှတ်သားစရာလေးပါ။ “လောကကြီးမှာ လဲကျတာဟာရှက်စရာမဟုတ်ဘူး၊ ပြန်မထ
နိုင်တာကရှက်စရာ” အဘရဲ့စကားလေးက
ကျွန်တော့နားထဲမှာ အမြဲလိုပါဘဲ
အဘကိုအာရုံပြုသတိရမိရင် ပဲ့တင်ထပ်လို့ကြားနေမိပါတယ်။
အင်တာနက်ပေါ်မှာေ၇ာ--နေ၇ာတကာမှာပါ-- မြန်မာ အမျိုးကောင်းသား၊
အမျိုးကောင်းသမီးတို့ လေးစားချစ်ခင်မေတ္တာတွေ အစဉ်သက်ဝင်လျှက်ရှိတဲ့ အမေစုဟာ
ဘ၀မှာအကြိမ်ကြိမ်ကို လဲကျ ခဲ့ရတယ်။
ကျွန်တော့အမြင်ကိုလွတ်လပ်စွာပြောတာပါနော်၊ဘယ်လိုဘဲ၊ဘယ်လိုအကြောင်းကြောင်
့်ဘဲလဲကျလဲကျပြန်ထနိုင်ခဲ့တဲ့ အမေစု ဟာ မြန်မာနိုင်ငံသားအမျိုးကောင်းသမီး
ပီသလွန်းလှလို့ ကျွန်တော့အနေနဲ့ ဂုဏ်ယူလို့မဆုံးနိုင်အောင်ပါဘဲ၊
အကြိမ်ကြိမ်လဲကျပေမဲ့လို့ အကြိမ်ကြိမ်ပြန်ထနိုင်ခဲ့တဲ့
မြန်မာတိုင်းရင်းသား အားလုံးနဲ့ မြန်မာနိုင်ငံကြီး အတွက် ခိုင်မာတဲ့
ယုံကြည်ချက်၊ ခံယူချက်တွေနဲ့ လမ်းဆက်လျှောက်ခဲ့တယ်။ မိန်းမကောင်း
မိန်းမမြတ်ပီသသူ အမျိုးကောင်းသမီး ဒေါ်အောင်ဆန်းစုကြည် ကောင်းမြတ်သော
သဘောမနောနှင့်
လုပ်ကိုင်လျှက်ရှိသောမြင့်မြတ်ခြင်းလုပ်ငန်းဆောင်တာများအောင်မြင်ပါစေဟု
ကျွန်တော် ဆောက်တည်ကျင့်ကြံ အားထုတ် တတ်ကျွမ်းသောပညာရပ်များကိုသစ္စာပြု၍
မေတ္တာပို့သလိုက်ပါသည်။ အမေစု (ခေါ်) ဒေါ်အောင်ဆန်းစုကြည် ဘေးရန်ခတ်သိမ်း၊
ကြောင့်ကျခပ်သိမ်း၊ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းပြီး၊ မိမိကိုယ်ကို ကောင်းစွာ
ရွက် ဆောင်နိုင်သော မြန်မာတို့၏ မိခင် မိန်းမကောင်း၊ မိန်းမမြတ် ဖြစ်စေဟု
မေတ္တာပို့သ သည့်အပြင် ယခု ပစ္စုပန် ကာလတွင် လိုအပ်ချက်လိုအင်ဆန္ဒ ကောင်းသော
အကျိုးလိုအင်ဆန္ဒ မြတ်သောအကျိုးလိုအင် ဆန္ဒဟူသမျှ ပြည့်ဝပါစေ။
မေတ္တာအန္တဖြင့်
အဘဒေါက်တာမင်းသိင်္ခ၏
တပည့်ရင်း
ဆရာအောင်ကောင်းမွန် (လားရှိုး)
“အမေစုနှင့်ပတ်သက်လို့ လက်ရှိအချိန်ကာလအတွက်ကာလအတွက်ကျွန်တော့
ဟောကြားချက်”
၂၀၁၂ခုနှစ်၊မတ်လ(၁၁)၇က်နေ့မွန်းတက်ချိန်တွင်တွက်ချက်ဟောကြားချင်းဖြစ်သည်။
လက်ရှိရွေးကောက်ပွဲတွင် အနိုင်ရမည်၊ လုပ်ကိုင်မှုလုပ်ငန်းများဟာ
အနည်းငယ်စိတ်ကျဉ်းကြပ်စရာ တွေ့ရတတ်၊ ကျန်းမာရေးနှင့် ပတ်သက်၍ ဂရုစိုက်ရန်
အထူးလိုအပ်နေပါသည်။ အမေစုအားကိုးရသူ အောက်လက်ငယ်သား အမျိုးသမီးတစ်ဦး
ထင်ရှားစွာပေါ်မည်။ ဥပဒေဘက်က ဖြစ်နိုင်သည်။ လဘ် အလွန်ရွှင်မည်။ တစ်ဦးမေတ္တာ၊
တစ်ဦးစေတန်ဆိုသော မြန်မာစကားကဲ့သို့ မေတ္တာစေတနာတွေ များလွန်း လို့
စိတ်မကောင်းတောင်ဖြစ်တတ်ပါသည်။ အတိုက်အခံဟု ယူဆနိုင်သူများလည်း
အမေစုအပေါ်တွင် ပရိယာယ်မရှိ မေတ္တာစေတနာ ထားရှိနေပါသည်။ ရိုးရာနှင့် ပတ်သက်၍
ဖြစ်စေ၊ ယဉ်ကျေးမှုနှင့် ပတ်သက် ၍ဖြစ်စေ၊ ခက်ခဲနက်နဲလျှို့ဝှက်ဆန်းကျယ်သော
အကြောင်းအရာတို့နှင့် ပတ်သက်၍ဖြစ်စေ-- လျှပ်တပြက်
ပြစ်ပယ်ပြောဆိုမှုမ၇ှိနိုင်၇န်တော့ကျွန်တော့အနေနှင့်အကြံပြုအပ်ပါသည်။တနယ်တခြားမှခင်မင်၇င်းနီးပြီးသူများဆွေမျိုး
များ၇ှိကလဲဝမ်းမြောက်ဝမ်းသာဂုဏ်ယူအားပေးစကားများပြောဆိုကိန်းလဲဘဲ၇ှိနေပါသည်။
ှအမေစုအတွက် ယတြာ
အမေစုအပေါ်မှာ ချစ်ခင်လေးစား
အားပေးထောက်ခံသူများ အမေစုကျန်းမာရေးအတွက် ကြက်ဥ အစိမ်း (၁၀) လုံးနှင့်
ကြာဆံတစ်စီးဒါနပြုပြီးလျှင် ထိုဒါန၏ အကြောင်းကြောင့် အမေစု ကျန်းမာရေး
ကောင်းရန် ဆုတောင်းမေတ္တာပို့သပေးစေလိုပါသည်။ ကျွန်တော်တို့အဘဆရာကြီး
ဒေါက်တာ မင်းသိင်္ခ၏ ယတြာပညာရပ်ထဲတွင် ကျန်းမာရေးနှင့် ပတ်သက်လို့
လွန်စွာအစွမ်းထက်သော ပညာရပ်တစ်ခု ဖြစ်ပါသည်။ ယုံကြည်သူများအတွက် ယခုလို
မေတ္တာဖြင့် ဟောကြားရေးသားလိုက်ရခြင်းကို မြန်မာနိုင်ငံသား၊
အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများ သဘောပေါက်နားလည်ကြမည်ဟု ယူဆပါသည်။
မေတ္တာအနန္တဖြင့်အောင်ကောင်းမွန် (လားရှိုး)