ကိုးန၀င်း မိုးလင်းမှသိမယ် အဓိဋ္ဌာန်(မင်းသိင်္ခ)

တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန် မရမ်းတလင်း တောစပ်ရှိ ကျွန်ုပ် နေထိုင်သော အယူတော် မင်္ဂလာခြံသို့ ရောင်ပြန်မဂ္ဂဇင်း၏ အယ်ဒီတာချုပ်ဖြစ်သော မောင်မောင်မြင့်အေးသည် ရောက်ရှိလာလေ၏။ သူ၏ လက်တွင် ကျွန်ုပ်အတွက် ထမင်းချိုင့် တစ်ချိုင့်လည်း ဆွဲ၍လာလေ၏။ ထိုကဲ့သို့ ထမင်းချိုင့် လာပို့ခြင်းသည် လွန်ခဲ့သော နှစ်များစွာကပင် ဖြစ်၏ ။ သူသည် ကျွန်ုပ်ကို တွေ့လျှင်တွေ့ချင်း ပြုံးပြပြီးနောက်


“ဆရာကြီးရေ..... ဒီနှစ် နှစ်သစ်ကူးမှာ ထူးထူးခြားခြား အဓိဋ္ဌာန်လေး တစ်ခုတော့ တောင်းရဦးမယ်” ဟု ပြောလေ၏ ။ မောင်မောင်မြင့်အေးက ထိုကဲ့သို့ ပြောရာ ကျွန်ုပ်က. “အဓိဋ္ဌာန်ဆိုလို့ ပြောရဦးမယ်ကွ၊ ငါက တော်တော် အိပ်မက် မက်ခဲတဲ့လူကွ။ အိပ်မက် မက်တယ်ဆိုတာ မရှိသလောက်ပဲကွ။ ဘာကြောင့်လဲဆိုတော့ အိပ်ပြီဆိုရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်တတ်တဲ့လူ ဆိုတော့ အိပ်မက်မမက်ဘူးကွ။ အိပ်မက်ဆိုတာ အိပ်သလိုလို၊ နိုးသလိုလိုသူမျိုး မက်လေ့ရှိတာ မဟုတ်လား။
အေးဟေ့... ဒါပေမဲ့ မှော်ဘီခြံကို ရောက်ခါစပဲ ဇယားကွက်တစ်ကွက်ကို အိပ်မက်မက်တယ်ကွ” ဟု ပြောလိုက် လျှင် မောင်မောင်မြင့်အေးက . . . “ ဘယ်လိုဇယားကွက်ကိုများ မက်တာလဲ ဆရာကြီးရဲ့” ဟု ပြန်ခေါ်မေးလေ၏။ “ဇယားဆိုလို့ ထူးထူးဆန်းဆန်း မဟုတ်ပါဘူးကွာ။ ငါတို့ လောကီဆရာတွေ မကြခဏအသုံးပြုခဲ့တဲ့ စမ္ပာန၀ကွက် ပေါ့ကွာ။ အင်္ဂလိပ်လိုတော့ မက်ဂျစ်စကွဲယားလို့ ခေါ်တယ်ကွ။ ဘယ်လိုပေါင်းပေါင်း (၁၅)ရတဲ့ အကွက် ဟာလေကွာ” ဟုကျွန်ုပ်က ပြောလိုက်လျှင် မောင်မောင်မြင့်အေးက “သိပြီ သိပြီ ကျွန်တော်လည်း မကြာခဏ တွေ့ဖူးပါရဲ့”ဟု ပြန်၍ ပြောလေ၏။

“အဲဒီအကွက်ကို မက်တာက မဆန်းပါဘူး။ ဆန်းတာက အဲဒီအကွက်မှာ အပေါ်ဆုံးတန်းမှာ ၂ - ၉ - ၄ ရှိတယ်လေ ကွာ။ အလယ်တန်းမှာက ၇ - ၅ - ၃ ကွာ။ နောက်တန်းမှာက ၆ - ၁ - ၈ မဟုတ်လား။ အေး. . အဲဒီဂဏန်းတွေ အတိုင်း ပုတီးစိပ်ပြီး အဓိဋ္ဌာန်လုပ်ရမယ်လို့ တစ်စုံတစ်ယောက်က ငါ့ကို လာပြောတယ်လို့ မက်တာကွ။ ပထမဦး ဆုံး စ. ရမှာက ၂ ဂဏန်းက စရမှာပဲဟေ့။ အဲဒီမှာက သမ္မာသဗ္ဓုဒ္ဓေါကို ပုတီး နှစ်ပတ် စိပ်ရမှာ။ ပြီးတော့ ၉ ဂဏန်း အတွက် ဘဂ၀ါကို ပုတီး ၉ ပတ် စိပ်ရမှာ။ နောက်ပြီးတော့ ၄ ဂဏန်းအတွက် သုဂတော ဂုဏ်တော်ကို ပုတီး ၄ ပတ် စိပ်ရမှာ။ ပြီးတော့မှ အောက်တန်းက ၇ အစမဟုတ်လား။ အဲဒီအတွက် သတ္တာဒေ၀ မနုဿနံကို ၇ ပတ်စိပ် ရမှာကွဲ့။ အလယ်ကွက်မှာက ၅ မဟုတ်လား။ အဲဒီအတွက်က လောက၀ိဒူဂုဏ်တော်ကို ၅ ပတ်စိပ်ရမှာ။ အဲဒီအလယ်ကွက် ရောက်လို့ရှိရင် အိပ်တဲ့ရက်မှာ သက်သက်လွတ်လည်း စားရဦးမှာကွ။ ပြီးတော့ ၉ ကွက်ပြည့် အောင်ဆက်ပြီး စိပ်သွားရတာပေါ့ကွာ။
တစ်ခုထူးခြားတာက အကွက် ပုံသေ မဟုတ်ဘူးကွ။ ၂ ဂဏန်းစတဲ့ အကွက်ကို လုပ်ပြီးရင် နောက်တစ်ခါ စတဲ့အခါ ၃ ဂဏန်းစတဲ့ အကွက်ကို လုပ်ရတယ်ကွ။ ပြီးရင် ၄ ဂဏန်းစတဲ့ အကွက်ကို လုပ်ရတာ။ အလယ်ကွက် ရောက်တိုင်း ရောက်တိုင်းလည်း သက်သက်လွတ် စားရမှာ။ ဒီမှာ တစ်ခု ထူးခြားတာကတော့ ပထမ ၉ ရက်ဆုံးတဲ့ အဓိဋ္ဌာန်နဲ့ ဒုတိယ ၉ ရက်စတဲ့ အဓိဋ္ဌာန်ဟာ တစ်ရက်ထဲမှာ ထပ်နေတာကို တွေ့ရတယ်။ ပထမလုပ်တဲ့ အဓိဋ္ဌာန် အဆုံးကို မနက်ပိုင်းမှာ လုပ်ပြီး နောက်လုပ်ရတဲ့ အဓိဋ္ဌာန်ကို အဲဒီ ညနေပိုင်းမှာ လုပ်ရတဲ့ သဘောရှိတယ်” ဟု ကျွန်ုပ်က ပြောလိုက်လျှင် . . .
“ ဆရာကြီးမက်တဲ့ အိပ်မက်ကလည်း ရှည်လှချည်းလား ” ဟု မောင်မောင်မြင့်အေးက ပြောလေတော့၏။ “ အဲဒီလို အရှည်ကြီး မက်နေတာတော့လည်း မဟုတ်ဘူးကွ။ အိပ်မက် တိုတိုပဲ။ အိမ်မက်ထဲမှာ မက်တဲ့ ပုဂ္ဂိုလ်ကလည်း တိုတိုပဲ ရှင်းပြတာ။ ဒါပေမဲ့ ငါက အကုန်လုံး နားလည်သွားတာကွ။ ဒါကို မင်းက မယုံဘူးလို့တော့ မပြောနဲ့ကွာ။ မျက်စိမှိတ်ပြီးသာ ယုံလိုက်ပေတော့ကွာ။ ဒီကိစ္စမျိုးက ပြောမယုံ ကြုံဖူးမှသိ ဆိုတဲ့ ကိစ္စမျိုးဖြစ်တယ်ကွ ” ဟု ကျွန်ုပ်က ပြောလိုက်လျှင် မောင်မောင်မြင့်အေးက စပ်ဖြဲဖြဲမျက်နှာဖြင့် ကျွန်ုပ်အား ကြည့်လိုက်လေတော့၏။
“ ပုတီး ၉ ပတ်စိပ်ရတဲ့အကွက်မှာ အလယ်တန်းအစ ၅ ရယ်၊ အောက်ဆုံးတန်းအစ ၄ ရယ်ကို အိပ်မက်ထဲက ပုဂ္ဂိုလ်က လက်ညှိုးနဲ့ ထောက်ပြပြီး ငါ့ကို ဘာပြောတယ် ထင်သလဲ” ဟု ကျွန်ုပ်က မေးလိုက်ရာ မောင်မောင် မြင့်အေးက . . . “ မသိဘူးလေ . . .” ဟု ပြန်ပြောလိုက်လေ၏။ “ အိပ်မက်ထဲက ပုဂ္ဂိုလ် နံပါတ် ၅ အကွက်ကို လက်ညှိုးနဲ့ ထောက်တဲ့အခါမှာ ‘မိုး’ လို့ ဆိုတယ်ကွ။ နံပါတ် ၄ အကွက်ကို လက်ညှိုးနဲ့ထောက်တဲ့အခါမှာ ‘ လင်း’ လို့ ဆိုတယ်ကွ။ ကိုးန၀င်းမိုးလင်းဆိုတာ ဒီမှာဟေ့လို့လည်း ပြောသေးတယ်ကွ ” ဟု ကျွန်ုပ်က ပြောလိုက်လေ၏။
ထိုအခါ မောင်မောင်မြင့်အေးသည် ကွန်ုပ်၏ စားပွဲပေါ်တွင်ရှိသော ဘောလ်ပင်များ ထည့်ထားသည့် ဖန်ဘူးထဲမှ ဘောလ်ပင် တစ်ချောင်းကို ထုတ်၍ အကွက်များ ချကြည့်ပြီးလျှင် ဂဏန်းများကို စစ်ဆေးကြည့်ရှုပြီးနောက် . . . “ အခု ဆရာကြီး ပြောတဲ့အတိုင်း ဆိုရင် ၉ ရက်၊ ၉ ရက် အဓိဋ္ဌာန်လုပ်သွားရတဲ့ အပတ်ပေါင်း ၈ ကြိမ်မြောက်တဲ့ အဓိဋ္ဌာန်မှာ ကျနေတယ်။ ၉ ကြိမ် မပြည့်သေးဘူး ” ဟု ပြောလေ၏။ “ မှန်တာပေါ့ ငါ့လူရာ။ ကိုယ့်မှာ တွေ့ကြုံနေရတဲ့ အခက်အခဲတွေ၊ ကိုယ်လိုချင်တဲ့ လိုအင်ဆန္ဒတွေဟာ ၉ ကြိမ်မြောက်အထိ မလုပ်ရပါဘူး။ အဲဒီ ၈ ကြိမ်မြောက်မှာဘဲ ထူးတော့တာပဲဟေ့။ အခက်အခဲတွေ ဆိုရင်လည်း အဲဒီ ၈ ကြိမ်မြောက် အဓိဋ္ဌာန်အတွင်းမှာပဲ ဖြေရှင်းပြီးသား ဖြစ်သွားတယ်ကွ။ ဓာတ်စကားနဲ့ ပြောရရင်တော့ မိုးလင်းသွားတာပေါ့ကွာ။

ကိုယ်လိုချင်တဲ့ လိုအင်ဆန္ဒတွေဟာလည်း အဲဒီ ၈ ကြိမ်မြောက်မှာပဲ ပြည့်စုံသွားလေ့ရှိတယ်။ ဒီစကားကို အရမ်းပြောတာ မဟုတ်ပါဘူးကွာ။ အဲဒီ အဓိဋ္ဌာန်ကို ငါနဲ့ ငါ့ရဲ့ ဗေဒင်တပည့်တွေ အကြိမ်ကြိမ်လုပ်ပြီးသားကွ။ အဲဒီမှာချည်းပဲ ထူးကုန်ကြတော့တာပဲဟေ့ ” ဟု ကျွန်ုပ်က ပြောလိုက်လျှင် . . . “ သိပ်ပြီး မညွန်းပါနဲ့ ဆရာကြီးရယ်။ ကျွန်တော်လုပ်မှာပါ။ တစ်ခုတော့ ရှိတယ်။ ဆရာကြီး ခုပြောတဲ့ ကိုးန၀င်းမိုးလင်းမှ သိမယ်ဆိုတဲ့ အဓိဋ္ဌာန်က ဆရာကြီးပြောတော့လည်းရှင်းနေတာပဲ။ ကျွန်တော်တော့ မျက်စိနည်းနည်းလည်နေပြီ ” ဟု မောင်မောင်မြင့်အေးက ပြောလေ၏ ။

ထိုအခါ ကျွန်ုပ်က . . . “ မျက်စိ မလည်စေရပါဘူး ငါ့လူရာ။ မင်း တကယ် အဓိဋ္ဌာန်ဝင်မယ်ဆိုရင်တော့ အကွပုံစံ ၉ ခုနဲ့ရော ကန့်လန့်ဇယားနဲ့ရော ကြည့်ပြီး လုပ်လို့ရအောင် ” ဟု ပြောပြီး အောက်ပါအတိုင်း ရှင်းပြန်၏။ “ အဲဒီ ကိုးန၀င်း မိုးလင်းမှ သိမယ် အဓိဋ္ဌာန်ကိုဝင်တဲ့ ဘယ်နေ့ သားသမီးမဆို တနင်္လာနေ့ကစပြီး အဓိဋ္ဌာန်ဝင်ရမှာဖြစ်တယ်။ အဲဒီနေ့မှာ ပုတီးစိပ်ရမယ့် ဂုဏ်တော်ကတော့ သမ္မာသမ္ဗုဒ္ဓေါ ဆိုတဲ့ ဂုဏ်တော်ပဲ။ စိပ်ရမယ့် အပတ်ရေက ၂ ပတ်ဖြစ်တယ်။ အဲဒီ စိပ်ရမယ့်နေတွ၊ ဂုဏ်တော်တွေ၊ အပတ်ရေတွေက ဘယ်ကရတာလဲဆိုတော့ မြန်မာ လောကီပညာရှင်တွေရာ၊ အနောက်တိုင်းက လောကီရှင်တွေပါ အထူး လက်ကိုင်ထားပြီး သုံးလေ့သုံးထရှိတဲ့ စမ္ဗာန၀ ဒါမှမဟုတ် မက်ဂျစ်စကွဲယား ဆိုတာကို အခြေခံပြီးရလာတဲ့ အချက် အလက်တွေပဲ ဖြစ်ပါတယ်။ စမ္ပာန၀ဆိုတာက (၉)ကွက်ရှိတဲ့ ဇယားတစ်မျိုးပဲ။ သူရဲ့ထူးခြားချက်က ဂဏန်း (၃) လုံးတစ်တန်းကို ဘယ်လိုပဲ ပေါင်းပေါင်း (၁၅)ချည်းပဲ ရနေတယ်။ ပေါင်းခြင်းဂဏန်း၊ တစ်လုံးတည်းဂဏန်း လုပ်လိုက်ရင် (၆)ရတာပေါ့။ အဲဒီဟာနဲ့ (၉)န၀င်း မိုးလင်းမှ သိမယ်အဓိဋ္ဌာန်ဟာ ဟောဒီလို ဆက်စပ်နေတာကွ။



အဲဒီမှာ စမ္ပာန၀ ဇယားကွက်နဲ့ တစ်ဆက်တည်း တွဲပြီး သိထားဖို့ လိုအပ်တာကတော့ ဂုဏ်တော်တွေရဲ့ အမှတ်စဉ်ပဲ ဖြစ်တယ်။ ဒါကြောင့် ဂုဏ်တော်တွေရဲ့ အမှတ်စဉ်ကိုလည်း ဟောဒီလို မှတ်သားထားဖို့ လိုတယ် ”
၁ . အရဟံ
၂ . သမ္ဗာသမ္ဗုဒ္ဓေါ
၃ . ၀ိဇ္ဇာစရဏ သမ္ဗန္နော
၎ . သုဂတော
၅ . လောက၀ိဒူ
၆ . အနုတ္တရော ပုရိသ ဓမ္မသာရထိ
၇ . သတ္တာဒေ၀ မနုဿနံ
၈ . ဗုဒ္ဓေါ
၉ . ဘဂ၀ါ

ဒါဆိုရင် ကိုးန၀င်းမိုးလင်းမှ သိမယ်အဓိဋ္ဌာန်ကို စပြီး ၀င်လို့ရသွားပါပြီး။ စမ္ပာန၀ ဇယားကွက်ထဲမှာ တနင်္လာ၊ အင်္ဂါ ဆိုပြီး နေ့တွေ ရေးထားတယ်။ နေ့တွေကတော့ အစဉ်အတိုင်းပါပဲ။ တနင်္လာနေ့ ဆိုတဲ့အကွက်မှာ နံပါတ် (၂) ဂဏန်းကို တွေ့လိမ့်မယ်။ နံပါတ် (၂) ဆိုတာ ဂုဏ်တော်အမှတ်စဉ်အရ သမ္ပာသမ္ဗုဒ္ဓေါ ဂုဏ်တော် မဟုတ်လား။ ဒါကြောင့် အဲဒီ တနင်္လာနေ့မှာ သမ္ပာသမ္ဗုဒ္ဓေါ ဂုဏ်တော်ကို ပုတီး (၂) ပတ် စိပ်ရတယ်။ အင်္ဂါနေ့အကွက်ကျတော့ နံပါတ် (၉) ပတ် စိပ်ရမှာပေါ့ကွာ။

အဲဒီအတိုင်းရောက်နေ့တည့်မှာ ကျတဲ့ နံပါတ်ရဲ့ ဂုဏ်တော်၊ ကျတဲ့နံပါတ်အရေအတွက်အတိုင်း ပုတီးစိပ်သွားဖို့ပါပဲ။ဇယားရဲ့ အလယ်ကွက်က ဂဏန်းကိုတော့ ၀ိုင်းပြထားတယ် အဲဒီနေ့မှာကျတော့ သက်သတ်လွတ်စားပြီး အဓိဋ္ဌာန်ဝင်ရမှာကွ။ ဒါဟာ အဓိဋ္ဌာန် ပထမအဆင့်ကို ရှင်းပြခဲ့တာဖြစ်ပါတယ်။ ကျန်တဲ့ (၈) ဆင့်ကိုလည်း အဲဒီအတိုင်း ဆက်ဝင်သွားရမှာကွ။ ဒါကြောင့် (၉) ဆင့်လုံးအတွက် အဓိဋ္ဌာန်ဇယားကွက်တွေကို ချကြည့်ရင် ဟောဒီလိုရတာပေါကွာ။

အဲဒီ အဓိဋ္ဌာန်ဇယာတွေရဲ့ ထူးခြားမှုကတော့ ပထမ အဓိဋ္ဌာန်၊ စတုတ္ထအဓိဋ္ဌာန်၊ သတ္တမ အဓိဋ္ဌာန် ဇယားတွေက ဂဏန်း သုံးလုံးတန်းတွေကို ပေါင်းကြည့်ရင် တစ်လုံးတည်း ဂဏန်း (၆)ရနေတာကို တွေ့ရလိမ်မယ်။ ဒုတိယ အဓိဋ္ဌာန်၊ ပဉ္စမအဓိဋ္ဌာန်၊ အဋ္ဌမအဓိဋ္ဌာန် ဇယားကွက်တွေက ဂဏန်း သုံးလုံးတန်းကို ပေါင်းထည့်ရင် (၉) ရနေတာကို တွေ့ရမိမ့်မယ်။ ကျန်တဲ့ တတိယ အဓိဋ္ဌာန်၊ ဆဋ္ဌမအဓိဋ္ဌာန်၊ န၀မအဓိဋ္ဌာန် ဇယားကွက် တွေကတော့ (၃)ရနေတာကို တွေ့ရလိမ့်မယ်။အဲဒီ (၃) တွေ၊ (၆) တွေ၊ (၉) တွေအပေါ် အခြေခံပြီး အဓိဋ္ဌာန်ဇယား တည်ဆောက် ထားတာပေါ့ကွာ ”

မှတ်ချက်။ ဇယားကွက်တွေရဲ့ အလယ်က ၀ိုင်းပြထားတဲ့ရက်တွေ အားလုံးမှာ သက်သတ်လွတ်စားပြီး အဓိဋ္ဌာန်ဝင်ရမှာဖြစ်ပါတယ်။ “ ပထမ အဓိဋ္ဌာန်ဟာ တနင်္လာနေ့မှာ စပြီး အင်္ဂါနေ့မှာပြီးပါတယ်။ ဒုတိယ အဓိဋ္ဌာန်ဟာ အင်္ဂါနေ့မှာ ပြန်စရမယ်။ ဒါကြောင့် ပထမအဓိဋ္ဌာန်ထွက်တဲ့နေ့မှာပဲ ဒုတိယ အဓိဋ္ဌာန်ကို စရမှာ ဖြစ်တယ်။

( ပထမအဓိဋ္ဌာန်ပြီးတဲ့ နောက်တစ်နေ့ကျမှ ဒုတိယအဓိဋ္ဌာန်ကို စတဲ့နည်းလမ်းရှိပါတယ်။ အဲဒီနည်းဟာလည်း မမှားပါဘူး၊ ဒါပေမဲ့ အခုဖော်ပြလိုက်တဲ့ နည်းကတော့ ပိုပြီး အကျိုးရှိစေပါလိမ်မယ့်၏) ဇယားကွက်တွေကို ကြည့်ပြီး စိပ်ရတာ သိပ်ပြီး နားမလည်ဘူး၊ မှားသွားမှာ စိုးတယ်ဆိုရင် နောက်ထပ်ကန့်လန့် ဇယားတစ်ခုကို ဖော်ပြဦးမယ်” ဟုဆိုကာ ကျွန်ုပ်သည် အောက်ပါဇယားတစ်ခုကိုရေးပြလိုက်ပြန်လေ၏ အဓိဋ္ဌာန်ရဲ့ အလယ်ရက် (၀ိုင်းပြထားတဲ့ရက်) တွေမှာ သတ်သတ်လွတ်စားပြီး အဓိဋ္ဌာန်ဝင်ရမှာ ဖြစ်တယ်။

နေ့တွေနဲ့ တွဲထားတဲ့ နံပါတ်တွေဟာ ဂုဏ်တော်အမှတ် စဉ်ဖြစ်သလို ပုတီးစိပ်ရမယ့် အပတ်ရေလည်းဖြစ်တယ်။ ။ အဓိဋ္ဌာန် ၁ ဆင့်ဝင်တိုင်း ၉ ရက်လုံး ဆုတောင်း (၁) မျိုးတည်းသာ တောင်းသွားရမှာ ဖြစ်ပါတယ်။ ။အဓိဋ္ဌာန် ၉ ဆင့်ဆိုတော့ အရေးကြီးတဲ့ကိစ္စ (၉)မျိုး ဆုတောင်းနိုင်ပါတယ်။ ကျွန်ုပ်က ထိုသို့ တရှည်တလျားကြီး ရှင်းပြလိုက်ပြီးနောက် မောင်မောင်မြင့်အေးသည် ၎င်းဇယားကွက်ကို လက်ဖြင့် လိုက်၍ ထောက်ကာ ကြည့်နေလေ၏။

ထို့ကြောင့် ကျွန်ုပ်က . . . “ ဇယားတွေ ၊ ဇယက်တွေလည်း လုပ်မနေပါနဲ့တော့။ အဓိဋ္ဌာန် အစအဆုံး လုပ်ရမယ့် နေ့တွေ၊ ရက်တွေနဲ့ဆိုရင်လည်း ဟောဒီ အဓိဋ္ဌာန် ပြက္ခဒိန်အတိုင်းသာ အဓိဋ္ဌာန်ဝင်သွားပေတော့ကွာ။” ဟု မောင်မောင်မြင့်အေးအား ပြောပြရလေ၏။ ထို့နောက် ပြက္ခဒိန်ကိုယူကာ အောက်အတိုင်း ဖြည့်စွက်ပေးလိုက်လေ တော့၏။


သဗ္ဗေသတ္တာ ကမ္မဿကာ
မင်းသိင်္ခ

Popular posts from this blog

သွေးထွက်အောင် မှန်သည်ဆိုသောဗေဒင်(မင်းသိင်္ခ)

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်ကပြောသောသင်၏အကြောင်း

“တကယ်ချစ်လို့လား၊ အ​ပျ​ော်တွဲမွာလားတဲ့” (နှင္းအိဝေ)

ပီယသိဒ္ဓိအဆောင်