HAPPY NEW YEAR အောင်ကောင်းမွန်(လား၇ှိုး)

၂၀၁၁ခုနှစ်၊ ဒီဇင်ဘာလ၏(၃၁)ရက် နံနက်ခင်းအချိန်ကာလသို့ရောက်ရှိလာပြီ ဟူသောအသိသည် ကျွန်ုပ်အတွေးအိမ်၏တံခါးသို့ ဦးဦးဖျားဖျားရောက်၍ပင် နေလေ တော့၏။ နံနက်ခင်း၏ ခန္ဓာသန့်စင်မှု ကိစ္စများပြုလုပ်ရင်းနှင့်ပင် နက်ဖြန်ဆို ၂၀၁၂ရောက် ပြီဆိုသည့် သတိမှာ ထပ်ပြန်တလည်းလည်းပင် ကျွန်ုပ်အာရုံတစ်ခုအား ဖုံးလွှမ်းထားနေ လေ၏။ ထို့ကြောင့် နံနက်စာ စားရင်းပင် ၁-၁-၂၀၁၂ NEW YEAR(HAPPY) အထိမ်းအမှတ်အဖြစ် ဘယ်အကြောင်းအရာရေးလျှင်ကောင်းမည်နည်းဟုပင် ထပ်ပြန်တ လဲလဲနှင့်စဉ်း စားနေသော်လည်း စိတ်နှလုံးရွှင်ပြစွာ ရေးရမည့်အကြောင်းအရာမှာ အာရုံတွင်မရသဖြင့် စီးကရက် တစ်လိပ်ပြီးတစ်လိပ်ကုန်ရုံသာရှိ- အချိန်တွေကုန်မှန်းမသိ နှင့်ပင် နံနက်(၉း၀၀)နာရီ ထိုးသွားလေတော့၏။ ရာဇမုနိရုပ်ရှင်တော်မြတ်ကြီး ၊ ဂန္ဓကုဋီတိုက်တော် ၊ ငွေထီးတော်နှင့်စိန်ဖူး တော် တင်လှူမင်္ဂလာ အားသွားရန် အကြောင်းကိစ္စမှာလည်းရှိနေ၍
ဒီနေ့အတွက်တော့ ဟောခန်းကိုနေ့လည်ပိုင်းမှထိုင်ဖြစ်တန် ရာရှိသည်ဟုပင် ဆုံးဖြတ်လိုက်ပြီးလျှင် ယမနေ့ ညမှ ကျွန်ုပ်တင်ထားသော INTERNET မှ ကျွန်ုပ်သတင်း Blog မှ ၀င်ရောက်ကြည့်ရှုကြ သူများ၏ မှတ်ချက်များအား ခေတ္တဖွင့်၍ ဖတ်ရပြန်၏။ (၁၀း၀၀)နာရီတိတိတွင် အိမ်မှ စထွက်ခဲ့ရာ သူငယ်ချင်းတစ်ဦးဖြစ်သူနှင့် လမ်းတွင်ဆုံတွေ့ပြန်ရာတွင် ၄င်း၏ကိုယ်ရေး ကိုယ်တာအရေးပေါ်ကိစ္စတစ်ခုကြုံတွေ့နေသောကြောင့် ယတြာအမြန်ပြုလုပ်လိုသည် ဆို၍ပင် စီစဉ်ထားသည့်သွားစရာကိစ္စများကို ခေတ္တထားပြီး ဟောခန်းသို့နေ့စဉ်ပုံမှန် ဟောခန်းစထိုင်သည့် အချိန်ပင်ရောက်၍ ဟောခန်းဖွင့်ပြီး ၄င်းသူငယ်ချင်းဖြစ်သူ ကျော်မြင့် ၏ အကြောင်းကိစ္စအား ယတြာများတွက်ချကစ်ီမန်ပေးရပြန်၏။ ပြီးမှပင် ထီးတော်တင် မင်္ဂလာကျင်းပရာဖြစ်သော လားရှိုးမြို့၊ ရပ်ကွက်(၁)ထင်းရှူးတောင်ရှိ (ရာဇမုနိဗုဒ္ဓရုပ်ရှင် တော်မြတ်ကြီး)ကိန်းဝပ်တော်မူရာ အောင်ချမ်းသာ ဘုရားနယ်မြေသို့ ထွက်လာခဲ့၏။ ဘုရားအရောက်တွင်မူ နေ့မွန်းတည့်နေပြီဖြစ်၏။ တည်ထားကိုးကွယ် ထားသည်မှာ အတော်လေးပင် ကြည်ညိုဖွယ်ကောင်းလှတော့၏။ ကျွန်ုပ်လည်းဘုရားဦးချအပြီးတွင်မူ မမျှော်လင့်ဘဲနှင့် ဘုရားဒကာ/ကျောင်းဒကာကြီးတစ်ဦးဖြစ်သူ လားရှိုးပြည်သူ့ဆေးရုံကြီး မှ ဆေးရုံအုပ်ဖြစ်သူ ဆရာကြီး ဒေါက်တာ-ဒီပါတ်နှင့် ဆုံတွေ့ဖြစ်တော့၏။ မတွေ့ရသည် မှာ အတော်ပင်ကြာလှပြီဖြစ်၏။ ကျွန်ုပ် ယခုပြုလုပ်လျှက်ရှိသော ဂမ္ဘီရ website များ သာသနာပြု Site blog များအကြောင်းလည်း ပြောဖြစ်ကြရာတွင် ဆရာကြီးဒေါက်တာ- ဒီပါတ်မှအကြောင်းအရာတစ်ခုကိုထူးထူးခြားခြားပြောဆိုလေ၏။ဆရာကြီးနှင့်ခင်မင်ခဲ့သည်မှာ နှစ်ပေါင်းအတော် ပင်ကြာ ညောင်းလှပြီဖြစ်၏။ သို့သော်လည်း ကျွန်ုပ်မှာ ဗေဒင်ဆရာစပြီးဖြစ်ကတည်းက ဆရာကြီး ဒေါက်တာ-ဒီပါတ်နှင့် အချိန်ယူတွေ့ဆုံရသည်က နည်းလှ၏။ ဆရာကြီးမှာလည်း လုပ်ငန်းတာဝန် များပြား၍ တခဏမျှသာ နေကောင်းကျန်းမာစွာ စသဖြင့်ပင် နှုတ်ဆက်ရုံ မျှပင် နှုတ်ဆက်ခဲ့ရသောကြောင့် ကျွန်ုပ်မှာဆရာကြီးကို တစ်ခါမျှပင် ဗေဒင်တွက်ချက် ဟောကြားခြင်းမှာ မပြုလုပ်ခဲ့ရပါ။ ထို့ကြောင့် ဆရာကြီး၏ မွေးသက္ကရာဇ်ကိုလည်း ကျွန်ုပ်သိခွင့်မရခဲ့ပါ။ ကျွန်ုပ် သည် ဗေဒင်ဆရာဖြစ်သည့်အလျောက် ဗေဒင်မေးသူတိုင်း၏ မွေးသက္ကရာဇ်ကိုမူ မေးရမြဲ ဖြစ်၍ ခင်မင်သူတို့ ၏မွေးနေ့များကို သိနေလေ၏။ ကျွန်ုပ်တို့ဆရာကြီး အဘဒေါက်တာ မင်းသိင်္ခ၏တပည့် ဗေဒင်ဆရာများမှာ မိမိတို့အမှတ်ထားသောသူတိုင်းကိုမူ ဒီလူက မဟာဘုတ်ဘာကြွင်း၊ ဘာဂဏန်းသမား၊ စသဖြင့် မွေးဂဏန်းနှင့် မဟာဘုတ်အကြွင်းကို အလွန်ဘဲ အဓိကထားမှတ်သားတတ်သော အလေ့ရှိကြပါ၏။ ယခုတော့ ဒေါက်တာ-ဒီပါတ်မှာ First Janurary မွေးသူဆိုသည်မှာထိုနေ့မှပင်ဆ၇ာကြီးပြောပြသောကြောင့် သိ၇လေတော့၏။ ထို့ကြောင့်ပင် ယခု New Year (၁-၁-၂၀၁၂)ဟာလည်း ဆရာကြီး၏ မွေးနေ့ဟုပင် ကျွန်ုပ်တို့သိရလေတော့၏။ ဆရာကြီးထံမှ လည်း လွန်စွာမှပင် ကောင်းမြတ်ပြီး ထူးခြားမင်္ဂလာရှိသည့်စကားကို မမျှော်လင့်ဘဲနှင့် ကျွန်ုပ်ကြားလိုက်ရပါတယ်။ ဆရာကြီးက“ ဒီလို ဆရာအောင်ကောင်းမွန်ရေ ကျွန်တော်က First January ဆိုပြီး အဖွဲ့လေးတစ်ခုဖွဲ့ချင်နေတာဗျာ၊ ခြောက်ယောက် ခုနှစ်ယောက် လောက်ရရင်ကို စပြီးဖွဲ့ချင်နေတာ၊ စုပြီးတော့ အခုလို ဘာသာရေးအလုပ်တွေ၊ ကောင်း မြတ်တဲ့ ပရဟိတအလုပ်တွေ လုပ်မယ်ပေါ့ဗျာ” . . . ဟုပင် ဆရာကြီးမှာ သူ၏ စိတ်ကူး ဆန္ဒကို ပြောပြလေ၏။ ကျွန်ုပ်မှာလည်း ရုတ်တရက်ဆိုသလိုပါဘဲ၊ လွန်စွာသဘောကျ သွားမိ၏။ ထို့ကြောင့်ပင် ဆရာကြီးကို သိပ်ကောင်း တယ်ဆရာကြီး၊ ဒါထူးထူးခြားခြားဘဲ ကျွန်တော်ကြိုးစားပြီးရအောင်လူစုပေးမယ်။ Online ကလည်းကြော်ငြာထည့်ပြီးရှာပေး မယ်လို့ ကတိပေးလိုက်မိပါတယ်။ တဆက်တည်း ရာဇမုနိဗုဒ္ဓရုပ်ရှင်တော်မြတ်ကြီး၏ တည်ထားကိုးကွယ်ခြင်းဆိုင်ရာ အကြောင်းအရာအချက်အလက်များအား Buddhism World ဗုဒ္ဓကမ္ဘာ ကျွန်ုပ်၏ ကိုယ်ပိုင်နေရာမှ ဆောင်းပါးထည့်ရန် မေးမြန်း၍ စုစည်းရေး သားနေရပြန်၏။ အတွေးမှလည်း New Year အထိမ်းအမှတ်ဖြစ်ပင် ဆရာကြီး၏မွေးနေ့ အထိမ်းအမှတ်အဖြစ် ကျွန်ုပ်၏အမှတ်တရ မွေးနေ့လက်ဆောင်မွန်ဟုပင် သဘောလည်း ထားရင်း၊ (၁-၁-၂၀၁၂)New Year သတင်းဆောင်းပါး တစ်ခုအဖြစ်ပင် ကမ္ဘာတစ်ဝန်း တွင်ရှိကြသော တစ်ဂဏန်းသမားဟု ခေါ်ဝေါ်ပြောဆိုလို့ရသည့် (၁)ရက်၊ (၁၀)ရက်၊ (၁၉)ရက်၊ (၂၈)ရက်တွင် မွေးဖွားခဲ့ပါက အင်္ဂလိပ်လ၏ မည်သည့်လတွင်မွေးဖွားသူပင် ဖြစ်စေကာမူ (၁)ဂဏန်းသမားဟု သတ်မှတ်ထားရမည်ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင်ရှိရှိ သမျှ အမျိုးသားရော ၊ အမျိုးသမီးပါ ယခု ကျွန်ုပ်မေတ္တာနှင့်ရေးသားဖော်ပြလိုက်သော ဟောချက်များနှင့်ပင် အကြုံးဝင်မည်ဖြစ်ပြီး၊ ရှောင်ရန်၊ ဆောင်ရန်များကိုပါ တစ်ပါတည်း တွက်ချက်ရေးသားဖော်ပြပါတော့တယ်ခင်ဗျား။ ယခုရေးသားခဲ့သည့် ဤဆောင်းပါးကို ဖတ်မည့်သူများထံတွင်ဖြစ်စေ၊ ဖတ်မိသူ စာဖတ်ပရိတ် သတ်၏ မိသားစု၊ အလုပ်၊ သူငယ်ချင်းများထဲတွင်ဖြစ်စေ မည်သည့် သက္ကရာဇ် ဇန်န၀ါရီ(၁)ရက် (First January)မွေးသူ မည်သူမဆို အမျိုးသား၊ အမျိုးသမီးမရွေး ဆရာကြီးဒေါက်တာ-ဒီပါတ်(လားရှိုးပြည်နယ်ပြည်သူ့ ဆေးရုံအုပ်)ထံတွင် ဆက်သွယ်ပြီး (First January)အသင်းဝင်နိုင်ရန် စိတ်ဝင်စားပါက လွယ်ကူအဆင်ပြေစွာဆက်သွယ်နိုင်ရန် ကျွန်ုပ် Aung Kaung Mon နှင့် ပတ်သက်သမျှ Online blog များတွင် ဖုန်းနံပါတ်နှင့် E-Mail ထည့်သွင်းကြော်ငြာသွားမည်ဟုပင် - ထူးထူးခြားခြားအသင်းအဖွဲ့တစ်ခုဖြစ်သော{first januraryအသင်း}နှင့်ပတ်သက်၍ ၄င်း၊ ၂၀၁၂ခုနှစ် Happy New Year အထိမ်းအမှတ်အဖြစ်၎င်း ဆရာကြီးဒေါက်တာဒီပါတ်၏( )မြောက် မွေးနေ့အထိမ်း အမှတ်ဖြစ်၎င်း၊ မအားလပ်သည့်ကြားမှပင် ကျွန်ုပ်ဆောင်းပါးကို စေတနာ မေတ္တအနန္တ ဖြင့် ရေးသားလိုက်ရပါတော့တယ်ခင်ဗျား . . .။ HAPPY NEW YEAR အမှတ်တရ (2012) တစ်ဂဏန်းသမားများအတွက် တန်ဖိုးရှိလှစွာသော တစ်သက်တာအတွက် ကမ္ဘာ့ ဂမ္ဘီရ ကမ္ဘာကျော်ဗေဒင်လက္ခဏာဆရာကြီး ကိုင်ရို၏ ပညာရပ်များကို ကျွန်ုပ်၏ မဟာ ကျေးဇူးရှင်ဆရာကြီး အဘဒေါက်တာမင်းသိင်္ခ စုစည်းအတည်ပြုခဲ့သော အနောက်တိုင်း ဂမ္ဘီရပညာရပ်ဖြင့် ကမ္ဘာပေါ်ရှိ (First January) အပါအ၀င် မည်သည့်သက္ကရာဇ် မည်သည့် အင်္ဂလိပ်လမဆို (၁)ရက်၊ (၁၀)ရက်၊ (၁၉)ရက်၊ (၂၈)ရက် မွေးဖွားသူများကို- ကျွန်ုပ်မှ ယနေ့မှသည် အနာဂါတ်ကာလတစ်လျောက် ရှင်သန်ဆဲ အချိန်ကာလအတွက် (တစ်)ဂဏန်းတိုင်းအတွက် ဖြစ်လေ့ဖြစ်ထရှိတတ်သော မူလူစရိုက် သဘာဝသဘော၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများနှင့် ရှောင်ရန်ဆောင်ရန်များကို တွက်ချက်ရေးသား လိုက်ပါတယ် - ^^^^^တစ်ဂဏန်းသမားများသည် စိတ်ပိုင်းဆိုင်ရာတွင် လွန်စွာမှ ပြင်းထန်တတ်ကြ ၏။ မှန်သည့် လုပ်ရပ်တွင်ဖြစ်စေ၊မှားသောလုပ်ရပ်များတွင်ပင်ဖြစ်စေ၊ ရှေ့သာတိုး၍တိုး၍လုပ်တတ်ကြပြီးနောက်မဆုတ် တတ်ကြသောသဘောစရိုက်မှာ(တစ်)ဂဏန်း သမားတိုင်း၏ အကျင့်တစ်ခုပင်ဖြစ်လေ၏။ ရုပ်ပိုင်းသည် ကျစ်လစ်ခိုင်မာ၏။ (တစ်)ဂဏန်းသမား အမျိုးသမီးများပင်လျှင် (တစ်)ဂဏန်းအားကောင်းလျှင် ယောကျာ်း ဆန်ကြ၏။ သာမန်ထွားကြိုင်း၏။ တစ်ဂဏန်းသမားများသည် မိမိတို့နှင့် သက်ဆိုင်သော လုပ်ငန်းများကို လုပ်ဆောင်တိုင်း အများနှင့်မတူဘဲ တီထွင်ဖန်တီးပြီး ဆန်းသစ်အောင် ပြုလုပ်တတ်ကြ၏။ ထို့ကြောင့်ပင် အနုပညာသမား၊ သီချင်းရေးဆရာ၊ စာရေးဆရာ၊ ကဗျာဆရာ၊ အဆိုတော် တော်တော်များများတို့၏ အနုပညာဖန်တီးမှုလက်ရာမှာ အများနှင့်မတူဘဲ တမူထူးဆန်းသစ်လွင်တတ်ကြ၏။ လူအများနှင့် သိပ်ပြီးရောရောနှောနှော မနေတတ်ကြ ဘဲ တသီးပုဂ္ဂလနေထိုင်တတ်ကြသူများလည်းဖြစ်၏။ တစ်ဂဏန်းသမားအားလုံးလိုလိုတို့ သည် ဆုံးဖြတ်ချက်များမှာ ပြတ်သားခိုင်မာတတ်ကြသလို ထင်ပေါ်လိုစိတ်မှာလည်း အများတကာထက်ပင် ပိုမိုနေသည်ကို မိသားစုဝင်များ၊ သူငယ်ချင်း အပေါင်းအသင်းများ၊ လုပ်ဖော်ကိုင်ဖက်များမှ သတိထားမိလောက်အောင်ပင် ဖြစ်နေတတ်၏။ တစ်ဂဏန်း သမားများသည် ၀န်ထမ်းဖြစ်ခဲ့လျှင် ရာထူးကြီးကြီးရသွားတတ်သူကြီးသာဖြစ်၏။ စည်းကမ်းလည်းလွန်စွာကြီးမားသလို အောက်လက်ငယ်သားများလည်း လေးစားရိုသေ အောင်နေတတ်ကြ၏။ လူဖြောင့်စိတ်တိုများဖြစ်သလို စိတ်မြန်လက်မြန်နှင့် သည်းမခံနိုင်ခြင်းများ ရှိတတ်ကြ၏။ ထို့ပြင် တစ်ဂဏန်းသမားအများစုမှာ မခံချင်စိတ်ကြီးခြင်းကြောင့်ပင် လုပ် ဖော်ကိုင်ဖက်များနှင့်၎င်း၊ အကြောင်းအမျိုးမျိုးနှင့် ပတ်သက်ဆက်ဆံမိသူများနှင့် ပြဿနာများဖြစ်ပြီး စကားပြောဆိုကြတတ်ကြ၏။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ တစ်ဂဏန်းသမားတိုင်းသည် မည်သူ့ကိုမှ အားမနာတတ်သောအကျင့်လည်းဘဲ ရှိတတ် ကြလေ၏။ မည်သို့ပင်ဖြစ်စေ တစ်ဂဏန်းသမားများသည် မိမိတို့၏ ကြီးမားကောင်းမွန် သော အကြံအစည်များ အောင်မြင်နိုင်ရန်အတွက် လုပ်ငန်းဆောင်တာများ လုပ်ဆောင် တိုင်းတွင် ရှေ့တိုးနောက်ငင် စဉ်းစားချင့်ချိန်ပြီး လုပ်ဆောင်ပါက ရည်မှန်းချက်၊ ရည်ရွယ် ချက်များ အောင်မြင်ကြမည်မှာ ဧကန်အမှန် ပင်ဖြစ်ပါတော့သည်။ (တစ်)ဂဏန်းသမားတိုင်း ဆောင်ရန်/ရှောင်ရန် (၁) ကျန်းမာရေးအတွက် စားရမည့်ဓါတ်စာ- သရက်၊ လိမ္မော်သီး၊ ရှောက်သီး၊ သံပရာ၊ ကျွဲကောသီး၊ လေး ညှင်း၊ ဇာဒိဖ္ဖိုလ်သီး၊ ဂျင်း၊ ပေါင်မုန့်နှင့်ပျားရည်တို့ဖြစ်၏။ နေမကောင်းဖြစ်လျှင် ဆရာဝန် ညွှန်ကြားသည့် ဆေးဝါးများအပြင် အထက်ပါ ဓါတ် စာများကိုလည်း ရောဂါနှင့် သင့်မြတ်သည်ကို ရွေး ၍ စားသင့်ပါသည်။ (၂) ကျန်းမာရေးတွင် မျက်စိအားနည်းတတ်ပြီး နှလုံးနှင့် သွေးတိုးရောဂါများဖြစ်ပွါး လွယ်တတ်ကြ၏။ (၃) မီး၊ လျှပ်စစ်နှင့် အပူလောင်သည့်အန္တရာယ်များ ကြုံတွေ့တတ်သောကြောင့် ကြိုတင်သတိပြု သင့်ပါသည်။ (၄) တစ်ဂဏန်းသမားတိုင်းအတွက် တသက်တာလုံးအတွက် အကောင်းဆုံးသော အဆောင်ကျောက်မှာတော့(ဥဿဖယား နှင့် အ၀ါရောင်စိန် ဖြစ်ပါသည်) (၅) အကျိုးပေးသည့်နေ့ကောင်းမှာ တနင်္ဂနွေ နှင့် တနင်္လာနေ့များဖြစ်ပြီး အကျိုးပေး သည့်ရက်မှာ ( ၁-ရက် ၊ ၁၉-ရက် ၊ ၂၈-ရက် ၊ ၄-ရက် ၊ ၁၃-ရက် ၊ ၂၂-ရက် ၊ ၃၁-ရက် ၊ ၂-ရက် ၊ ၁၁-ရက် ၊ ၂၀-ရက် နှင့် ၂၉-ရက် )များဖြစ်၏။ (၆) ရွှေရောင် ၊ အ၀ါရောင် ၊ ကြေးဝါရောင် ၊ ရွှေညိုရောင်များမှာ တစ်ဂဏန်းသမား တိုင်းအတွက် တသက်တာအကျိုးပေးသော အရောင်များပင်ဖြစ်လေ၏။ ကျွန်ုပ်သည် ကောင်းမြတ်သော မနောစေတနာ မေတ္တာနှင့်ပင် မဟာကျေးဇူး ရှင်ဖြစ်သော ဆရာကြီး အဘဒေါက်တာမင်းသိင်္ခထံတွင် ကောင်းစွာသင်ယူတတ် မြောက်ခဲ့သော အနောက်တိုင်း ဂမ္ဘီရပညာရပ်များထဲတွင် ဂဏန်းဗေဒင်ပညာဖြင့်ပင် ယခု 2012 Happy New Year အထိမ်းအမှတ်အဖြစ် ကမ္ဘာသူ ကမ္ဘာသား (တစ်)ဂဏန်းသမားတိုင်းအတွက် တွက်ချက်ရေးသား ဖော်ပြလိုက်ပါတော့သည်။
အောင်ကောင်းမွန်(လား၇ှိုး)
first janurary အသင်းအဖွဲ့နှင့်ပတ်သက်ပြီးစိတ်ဝင်စားသူမည်သူမဆိုယနေ့ (၁-၁-၂၀၁၂)မစ၇်ျပင်လား၇ှိုးပြည်နယ်ဆေး၇ုံအုပ် ဆ၇ာကြီး ဒေါက်တာဒီပါတ် ထံတွင်ဆက်သွယ်စ၇င်းပေးသွင်းနိုင်သလိုကျွန်တော့ထံသို့လာေ၇ာက်၇်ျဖြစ်စေ e mail နှင့်ဖြစ်စေစ၇င်းပေးအဖွဲ ၀င်နိုင်ပြီဆိုတဲ့အကြောင်းကိုလဲဘဲတပါတည်းသတင်းကောင်းပါးအပ်ပါတယ်ခင်ဖျာ---- ဆ၇ာကြီး ဒေါက်တာဒီပါတ်( ဆေး၇ုံအုပ်)
လား၇ှိုး ပြည်နယ်ပြည်သူ့ဆေး၇ုံကြီး
ဖုန်း --၀၈၂ ၂၂၉၄၇
 E mailး528love platonic@gmail.com
ဆ၇ာအောင်ကောင်းမွန်
သာသနာ(၂၅၀၀)စေတီတော်
 ၇ပ်ကွက်(၁)လား၇ှိုးမြို့--ဖုန်း--၀၉ ၄၄၅၁၀၇၂၆၅
E mail:kungmong@gmail.com

Popular posts from this blog

ကိုးန၀င်း မိုးလင်းမှသိမယ် အဓိဋ္ဌာန်(မင်းသိင်္ခ)

သွေးထွက်အောင် မှန်သည်ဆိုသောဗေဒင်(မင်းသိင်္ခ)

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်ကပြောသောသင်၏အကြောင်း

“တကယ်ချစ်လို့လား၊ အ​ပျ​ော်တွဲမွာလားတဲ့” (နှင္းအိဝေ)

ပီယသိဒ္ဓိအဆောင်