Posts

Showing posts from July, 2012

“မနောမယ-မငွေလှိုင်”(မင်းသိင်္ခ)

Image
ဆီမီးခွက် မငွေလှိုင်ဆိုတဲ့ မင်းသမီးတစ်လက် ရှိခဲ့ဘူးတာတော့ ကြားဖူး ပါတယ်။ ပြီးတော့ ဆီမီးခွက် အကကောင်းတဲ့ ကျွန်တော့် သူငယ်ချင်း မငွေလှိုင်လည်း ရှိပါတယ်။ အခုတော့ ဘယ်ရောက်နေမှန်းတောင် မသိပါဘူး။ သူတို့ကို ကျွန်တော်က ဘယ်လို အားကိုးရမှာ တုန်းဟု ကျွန်ုပ်က ပြန်၍ မေးလိုက်ရာ ထိုလူကြီးက.... လူကို ပြောတာ မဟုတ်ဘူးကွ။ ဓါတ်ကို ပြောတာ။ ဆီမီးခွက်ဆိုတာက ထွန်းတောက်တဲ့ ဓါတ် ၊ မ-ဆိုတာက မ-စတဲ့ဓါတ်။ ငွေလှိုင် ဆိုတာက ငွေပေါတဲ့ ဓါတ်။ ဆီမီးခွက်ချဉ်း သက်သက်က အန္တော" ရတယ်ကွ။ အန္တောဆိုတာ

အိပ်မက်လှလှမက်ပါစေ

Image
ကျုပ် ခင်ဗျားကို ယတြာလေး တစ်ခု ရေးပြမယ်။ အဲဒီ ယတြာဟာ အိပ်မက်မက်စေတဲ့ ယတြာပဲ။ အဲဒါလေးကို အပျိုမလေးရဲ့ ခေါင်းအုန်း အောက်မှာ ထည့်ပြီး အိပ်ဖို့ ပြောပေးပါ။ ကိုယ် မက်စေချင်တဲ့ အိပ်မက်ကို အိပ်ခါနီးမှာ အာရုံညွတ်ထားပါ။ မကြာပါဘူး။ သူ-မက်စေချင်တဲ့ အိပ်မက်ဟာ မြန်မာပြည်က ငတိလေးမှာ လာပြီး မက်မှာပါ။ အဲဒါမျိုးတွေ ကျုပ် စမ်းဖူးတာ များပါပြီ။ ဒီယတြာကို စက္ကူမှာပဲ ရေးရေး ၊ ရွှေပြားမှာပဲရေးရေး ရေးပြီး အသုံးပြုနိုင်ပါတယ်။ အကောင်းဆုံး ကတော့ ရွှေရောင် စက္ကူမှာ

“အကြွေးကျေစေသောအဆောင်”(မင်းသိင်္ခ)

Image
ကြွေးထူတဲ့ လူတွေကို အဲဒီ အဆောင်တွေ ပေးလိုက်တာ မနည်း တော့ဘူး။ တော်တော်လေး တန်ခိုး ပြတယ်ဟေ့။ ငါလုပ်ပေးတုန်းက ဒစ္စကိုရွှေ တောင် မပေါ် သေးဘူးကွ။ စီးကရက် ဗူးထဲပါတဲ့ ရွှေရောင် စက္ကူနဲ့ လုပ်ပေးခဲ့တာ။ ယုံယုံကြည်ကြည်နဲ့ တော့ လုပ်ကွာ။ မနက်စောစောထပြီး နွားနို့ထမင်းချက်ပြီး ဒေ၀ီ မယ်တော်တွေကို လှူကွာ။ အဲဒီ ယန္တြလေးကိုင်ပြီး ဆုတောင်းတယ်ကွာ။ ကြွေးထူလို့ ရင်ပူနေရတဲ့ လူတော်တော်များများ ထူးထူးဆန်းဆန်း ကြွေးတွေ ကျေသွားတာကို တွေ့ရတယ်ကွာ။ မယုံရင်တော့ မင်းကိုယ်တိုင် စမ်းကြည့်။

“လူချစ်လူခင်ပေါများချင်သူများအတွက်”(မင်းသိင်္ခ)

ကျွန်ုပ်၏အသက် ရှစ်နှစ်ကိုးနှစ် အရွယ်ခန့်က ကျွန်ုပ်၏ အဘွားသည် ရေချိုးပြီးတိုင်း သနပ်ခါးလိမ်းရန် အတွက် ကျွန်ုပ်ကို သနပ်ခါး သွေးခိုင်းတတ်၏။ ကျွန်ုပ်သွေးသော သနပ်ခါးမှာညက်၍ လိမ်းကောင်းသည်ဆို၏။ ထိုသို့ သနပ်ခါး သွေးရာ၌လဲ ရိုးရိုးသွေးရသည် မဟုတ်။ ကျွန်ုပ်အား ဂါထာတစ်ပုဒ်ကို သင်ပေးထားပြီးလျှင် သနပ်ခါး သွေးနေစဉ်အတွင်း ရွတ်ခိုင်း၏။ ထို့ကြောင့် ကျွန်ုပ်သည် အဘွားရေချိုးသည်နှင့် တပြိုင်တည်း ကျောက်ပြင်နှင့် သနပ်ခါးကိုထုပ်ကာ အောက်ပါမန္တာန်ကို

အပျိုလေး အပျိုကြီးတွေအတွက် ဘ၀လက်တွဲဖော်(နှင်းအိဝေ)

မြန်မာ့ရိုးရာလက်ဆန်း နည်းလေးပါ။ မိန်းခလေးတွေအတွက် သီးသန့်ပါ။ အရွယ်ရောက်တဲ့ မိန်းခလေးတွေက အစ အရွယ်လွန် အပျိုကြီးတွေ တခါတရံ တခုလပ် အိမ်ထောင်ပျက် အစရှိတဲ့ အမျိုးသမီးတွေမှာ ချစ်စကားကမ်းလှမ်း ခံရတာ မေတ္တာရှိကြောင်း ပြောလာတာ၊ လက်ထပ်ခွင့် ပန်လာတာ တွေရှိပါလိမ့်မယ်... ရင်ခုန်ရတာ တဖက် ၊ကြည်နူးရတာ တမျိုးနဲ့ နောက်ဆုံးတကယ် ချစ်တာမှ ဟုတ်ရဲ့လားဆိုတဲ့ စိုးရိမ်စိတ်က ပေါ်လာစမြဲပေါ့၊ ဒီပညာလေးကလွယ်ပါတယ်။ ဒါပေမယ့် လျှော့မတွက်ပါနဲ့ တကယ်မှန်တာ။ တကယ်ချစ်မချစ် တွက်စစ်ကြည့်မယ်နော်. အဆင့်(၁) ကို့ကိုချစ်စကားလာပြောတဲ့သူရဲ့ နာမည်အပြည့်အစုံကို ဗေဒင်သင်္ချာဂဏန်းတွေအဖြစ် ပြောင်းပါ။ အက္ခရာနဲ့သင်္ချာ ဂဏန်းတွဲပြထားပါတယ်၊ ဗျည်းကိုသာယူပါတယ်..။ အမည်ဗျည်းအက္ခရာ ဗေဒင်သင်္ချာဂဏန်း အ ၊ ဥ ၊သြ - ၁ က ခ ဂ ဃ င -၂ စ ဆ ဇ ဈ ည - ၃ ယ ရ လ ၀ - ၄ ပ ဖ ဗ ဘ မ - ၅ သ ဟ - ၆ ထ တ ဒ ဓ န - ၇ ဥပမာ ကို အောင် ကျော် ဌေး ဆိုပါတော့ ရှေ့က(မောင်၊ကို၊ဦး) အစရှိတာတွေကိုဖယ်။ အောင်ကျော်ဌေး= အ +က+ ဌ ၁ + ၂+ ၇=၁၀ ဒီသဘောပါပဲ တခြားအမည်တွေလဲ ဒီသဘောပါပဲ..။ အဆင့်(၂) နောက်ပြီး ကိုယ်ရောက်နေတဲ့ အသက်။ ကို့ရဲ့ မွေးနံ သင်္ချာဂဏန်း နဲ့ပေါင်းထား ပါ။ မွေးနေ့ မွေးနံ

ကျွန်ုပ်အား လာဘ်ရွှင်စေခဲ့သော ပစ္စည်းရောင်းနည်း(မင်းသိင်္ခ)

Image
ကျွန်ုပ်သည် မြို့ထဲတွင် ဗေဒင်မဟောတော့ပဲ မိဘနေအိမ်၌ပင် ဗေဒင်ဟောပြောရလေ၏။ ကျွန်ုပ်၌ အလုပ်တစ်ခု လုပ်ရန်အတွက် ငွေအရင်းအနှီး လိုနေ၏။ ထိုအချိန်၌ ကျွန်ုပ်သည် “ ဆားပုလင်းနှင်းမောင်” ၀တ္ထုများကို တွင်တွင် ကျယ်ကျယ်ကြီး ရေးသားနေပြီ ဖြစ်၏။ ဆေးရုံတက်နေစဉ်အတွင်း “ ပုဏ္ဏားဘကွန်း ” ပထမတွဲ၊ ဒုတိယတွဲပင် ရေးသားနေပြီ ဖြစ်၏။ ထိုဝတ္ထုသည် ကျွနိုပ်၏ စာရေးဆရာ ဘ၀ကို အောင်မြင်စေသော ၀တ္ထုဖြစ်၏။ စာရေးဆရာ ဘ၀ အောင်မြင်သော်လည်း ငွေကြေးမှာ ပြောပလောက်အောင် မရသေးပေ။ ဗေဒင်လက္ခဏာ ဟောပြောခကိုလည်း ၁၀ မှ ၂၅ ကျပ်သို့ တိုးမြင့်လိုက်ပြီ ဖြစ်၏။ ကျွန်ုပ်သည် မော်တော်ကားစီးချင် သော စိတ်များ ပြင်းထန်လာသောကြောင့် ဟီလမင်ကား တစ်ပတ်ရစ်ကလေးကို ၀ယ်၍ စီး၏။ ထိုကားသည် ကျွန်ုပ်အား လွန်စွာ ဒုက္ခပေး၏။ မကြာခဏ

“မနောမယထမင်းဝိုင်း”လက်ဖက်၊သရက်သီးနှင့်ချက်သော ဝက်သားဟင်း (မင်းသိင်္ခ)

တစ်နေ့သ၌ ကျွန်ုပ်ခြံအတွင်းသို့ ကျွန်ုပ်နှင့် သိဟောင်းကျွမ်းဟောင်းဖြစ်သော ကိုပီတာဆိုသည့် စိတ်မနှံ့သူ လူကြီးတစ်ဦး ဝတ်ကောင်းစားလှများ ဝတ်၍ ရောက်ရှိလာလေ၏။ သူသည် ကျွန်ုပ်ကို မြင်လျှင်မြင်ချင်း.. “မစ္စတာမင်းသိင်္ခ၊ ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက်..” ဟု ကိုးရိုးကားယား နှုတ်ဆက်လေ၏။ ထို့ကြောင့် ကျွန်ုပ်က.. “လုပ်ပြီ..” ဟု ရေရွတ်လိုက်မိလေ၏။ “အမြဲတမ်း မောနင်းမရှိဘူးလေ၊ အမြဲတမ်းလည်း နိုက်မရှိဘူးလေ၊ ဒါကြောင့် နှစ်မျိုး နှုတ်ဆက်တာ၊ စိတ်မဆိုးပါနဲ့” ဟု ၎င်းကပြောလေ၏။ “ ကဲပါဗျာ.. ဒါတွေ ထားလိုက်ပါတော့ မနက်စာ ဘာနဲ့စားမလဲ၊ ကောင်းကောင်းမွန်မွန် ပြောနော်၊ ဓာတ်စာလိုလို ဘာလိုလိုမပြောနဲ့ ဝယ်ရခက်တယ်” ဟု ကျွန်ုပ်က ပြောလိုက်ရာ ၎င်းကိုပီတာကြီးက.. “ကတ်သီးကတ်သတ်တွေ မစားတတ်ပါဘူး ရိုးရိုး လွယ်လွယ်ပဲ

“ဖဲထုတ်နှင့်တူသော အိမ်နီးနားချင်း” (မင်းသိင်္ခ)

ဖဲထုတ်၏ မူလအစ၌ ဖဲချပ်ပေါင်း ခုနှစ်ဆယ့်ရှစ်ချပ်ပါလေ၏။ ထို ဖဲခုနှစ်ဆယ့်ရှစ်ချပ်တွင် မေဂျာဟု ခေါ်သော ဖဲချပ်ပေါင်း နှစ်ဆယ့်နှစ်ချပ်နှင့် မိုင်နာဟုဟုခေါ်သော ဖဲချပ်ပေါင်း ငါးဆယ့်ခြောက်ချပ် ပေါင်းစပ်ထားခြင်းပင် ဖြစ်၏။ မေဂျာ ဖဲချပ်နှစ်ဆယ့်နှစ်ချပ်မှာ ရုပ်ပုံကားချပ်များဖြစ်၏။ ထိုရုပ်ပုံများမှာလည်း မှော်ဆရာပုံ၊ ဘုရင်မပုံ၊ လူပျံတော်ပုံ၊ စစ်ရထားပုံ၊ အရူးပုံ စသည်ဖြင့် နှစ်ဆယ့်နှစ်မျိုးသော ပုံတို့ဖြင့် ပြီး၏။ မိုင်နာဖဲချပ် ငါးဆယ့်ခြောက်ချပ်မှာမူ အုစုအားဖြင့် လေးစုခွဲထား၏။ ထိုအုပ်စုလေးစုမှာ တုတ်အုပ်စု၊ ဓားအုပ်စု၊ ခွက်အုပ်စု၊ ကြယ်အုပ်စုဟူ၍ ဖြစ်၏။ တုတ်အုပ်စုတွင်လည်း တုတ်တစ်ချောင်း၊ တုတ်နှစ်ချောင်း၊ တုတ်သုံးချောင်းမှစ၍ တုတ်ဆယ်ချောင်းပါဝင်ပြီး တုတ်ဆယ်ချောင်း၏ အထက်တွင်မူ တုတ်မင်းစေဟူ၍ ရှိ၏။ ထိုတုတ်မင်းစေကို အင်္ဂလိပ်ဘာသာအား ဖြင့် (Paga of Wands ) ဟူ၍ခေါ်၏။ ထိုတုတ်မင်းစေ၏ အထက်တွင်မူ တုတ်သူရဲကောင်း၊ တုတ်ဘုရင်မ၊ တုတ်ဘုရင် ဟူ၍ ရှိ၏။ ထိုအတူပင် ဓားအုပ်စုတွင်လည်း ဓားတစ်၊ ဓားနှစ်၊ ဓားသုံး၊ ဓားတစ်ဆယ်အထိရှိပြီး၊ ထိုအထက်တွင်

“မနောမယထမင်းဝိုင်း”---ဒညင်းသီးနှင့် ဝက်နို့အုံသား(မင်းသိင်္ခ)

တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန် မရမ်းတလင်းတောရှိ အယူတော်မင်္ဂလာခြံအတွင်းသို့ ကျွန်ုပ်၏မိတ်ဆွေဟောင်း ကိုပီတာဆိုသည့် လူကြီးတစ်ဦး ရောက်ရှိလာလေ၏။ ၎င်းကိုပီတာကြီးသည် စိတ်မနှံ့သူတစ်ဦးဖြစ်၏။ ကျွန်ုပ်နေထိုင်ခဲ့သောရပ်ကွက် မှ လူများသည် ၎င်းအား အရူးပီတာဟု ခေါ်ကြကုန်၏။ ကျွန်ုပ်ကမူထိုသို့မခေါ်ရက်ပါ။ သူသည် ကျွန်ုပ်ကို လွန်စွာခင်မင်၏။ ကျွန်ုပ်ရှိ ရာအရပ်သို့ ရောက်လာတတ်မြဲလည်းဖြစ်၏။ ကိုပီတာကြီးသည် ကျွန်ုပ်ကို မြင်လျှင်မြင်ချင်း.. “ဟေ့..ဖိုးအောင်ထွန်း၊ ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက်” ဟု သူ၏ ထုံးစံအတိုင်း

“ပရုပ်ဆီနှင့် တူသော မိန်းမ” မင်းသိင်္ခ

တစ်နေ့သ၌ ကျွန်ုပ်သည် မိတ်ဆွေတစ်ဦး၏ ညွန့်ပြမှုကြောင့် တရားထိုင်ရန်အလို့ငှာ လွန်ချမ်းအေးသော တောင်ကုန်းမြို့ကလေး တစ်မြို့သို့ မီးရထားဖြင့် ခရီးထွက်ခဲ့၏။ ကျွန်ုပ်၏ နံဘေးထိုင်ခုံ၌မူ အဘိုးကြီးတစ်ဦး လာရောက်ထိုင်လေ၏။ သူ၌ ပစ္စည်းပစ္စယဟူ၍ မယ်မယ်ရရမ ပါရှိပေ။ လွန်စွာကြီးမားသော လွယ်အိတ်ကြီး တစ်လုံးနှင့် လွန်စွာကြီးမားသော တောင်ဝှေးတစ်ချောင်းသာ ပါလေ၏။ ထိုအဘိုးကြီးသည် အသားအလွန်ဖြူ၏။ ထို့အပြင် လွန်စွာရှည်လျား၍ ဖြူဖွေးလျက်ရှိကုန်သော မုတ်ဆိတ်တို့သည်လည်း ရှိ၏။ တိုက်ပုံအင်္ကျီနှင့် တူသော အင်္ကျီပွကြီး၊ ရှမ်းဘောင်းဘီကဲ့သို့သော ဘောင်းဘီပွကြီးကိုလည်း ဝတ်ဆင်ထား၏။ ထိုအဝတ်အစားတို့ကြောင့် မြန်မာအဘိုးအိုတစ်ဦး မဟုတ်ကြောင်း

“ ကျွန်ုပ်နှင့် အမဲသားကြိုက်သော မောင်မြဖေ ” မင်းသိင်္ခ

တစ်နေ့သ၌ ကျွန်ုပ်သည် ကျွန်ုပ်၏မိတ်ဆွေ မောင်မြဖေရှိရာ လှည်းကူးမြို့ဆီသို့ အလည်အပတ် သွားရောက်ခဲ့ပေ၏။ ၎င်း မောင်မြဖေသည် အပျိုကြီးညီအစ်မနှစ်ယောက်နှင့် တစ်ပြိုင်တည်း အိမ်ထောင် ကျခဲ့သဖြင့် လွန်စွာမှ အတိဒုက္ခရောက်နေကြောင်း ကျွန်ုပ်အနေနှင့် ကြိုတင်၍ သိထားရလေ၏။ ထို့ကြောင့် ကျွန်ုပ်အနေနှင့် ၎င်းမောင်မြဖေအား ကူညီနိုင်သရွေ့ ကူညီရန်အတွက် သွားရောက်ခဲ့ ခြင်း ဖြစ်ပေသည်။ လှည်းကူးသို့ရောက်သည့်အခါ၌ ကျွန်ုပ်သည် ဘတ်စ်ကားပေါ်မှဆင်းပြီး ဈေးအတွင်းသို့ ၀င်ကာ စားဖွယ်သောက်ဖွယ်များ ၀ယ်ယူခဲ့လေ၏။ ထို့နောက်မှ မောင်မြဖေ နေထိုင်ရာ မြို့၏အစွန်ပိုင်း ရပ်ကွက်ဆီသို့ သွားရောက်ခဲ့လေ၏။ မောင်မြဖေ၏ အိမ်ရှေ့တွင် ရေမြောင်းလေးတစ်ခုရှိလေ၏။ ထိုရေမြောင်းကလေးပေါ်၌ ခနော်ခနဲ့ နိုင်လှသည့် ၀ါးလုံးတံတားလေးတစ်ခု ထိုး၍ထားလေ၏။ ကျွန်ုပ်သည် ၀ါးတံတားလေးပေါ်မှဖြတ်၍ မောင်မြဖေ၏တဲဆီသို့ ၀င်လေ၏။ ကျွန်ုပ်ဝင်လာသည်ကို မောင်မြဖေသာလျှင်မဟုတ်၊ ၎င်း၏ဇနီးနှစ်ယောက်ပင် မတွေ့မြင်ကြပေ။ လင်မယားသုံးယောက်သည် ထမင်းစားပွဲ၌၀ိုင်းကာ ဒူးထောင်ပေါင်ကားထိုင်လျှက် ထမင်းစားနေ ကြလေ၏။ စားပွဲ၏အလယ်တွင် ဟင်းဇလုံကြီးတစ်လုံး ချ၍ထားလေ၏။ ထိုဇလုံထဲတွင် ဟင်းများပြည့် မောက်အောင်ထည့်၍ ထား

“ အနာဂါတ်ဟူသည့် အချိန်ကာလနှင့် ကျွန်တော် ”

ဒီလိုပါခင်ဗျာ-------- ကျွန်တော် ဖူးစာရှင်လေးမှာ စာမရေးဖြစ်တာဟာ အတော်လေးကြာနေပါပြီ။ ၂၀၀၉ ခုနှစ် ဖေဖေါ်ဝါရီလ (၁၈)ရက်နေ့တွင် စတင်၍ ပြုလုပ်ခဲ့သော ကျွန်ုပ်၏ မဟာဂန္ဓာရီအဓိဌာန် ကြီးမှာလည်း ယခုအချိန်တွင် ရက်ပေါင်း (၁၀၂၉)ရက်တွင် သုံးချိုးနှစ်ချိုးဖြစ်သည့် (၆၈၆)ရက် အောင်မြင်ပြီး တတိယအဆင့်ကြီး (၄၉)ရက် (၇)ထုံ (၃၄၃)ရက် ပြုလုပ်ရန် ကော့(စ်)မစ် အားဖြည့်ရင်းနှင့်ပင် နေ့စဉ်နှင့် အမျှ ဒုက္ခအခက်အခဲကြုံတွေ့နေရသူများအပေါင်းကို ကျွန်ုပ်၏ ပညာပိုင်းဆိုင်ရာ ဆရာသခင် အဘ ဒေါက်တာ မင်းသိင်္ခ သင်ကြားပေးခဲ့သော ဂမ္ဘီရအတတ်ပညာဖြင့်ပင် ကုသိုလ်ဖြစ် ယတြာများကို

“ဆရာဝန်၊ဆရာမများအတွက်အဆောင်”(မင်းသိင်္ခ)

Image
ဆရာဝန်၊ဆရာမများအတွက်အဆောင် ဤအဆောင်ကို ဆောင်ထားပါက ကျန်းမာရေး ကောင်းသည့်အပြင် ကပ်ရောက် လာမည့် ရောဂါများကို ကာကွယ်ပေးသည်ဟု ဆို၏။ ထို့ပြင် ဆေးဆရာများ ၊ ဆရာဝန်များ ဆောင်ပါက မိမိကုသသော လူနာသည်

အရေးကြုံ သက်လုံကောင်းစေ(မင်းသိင်္ခ)

ကျွန်ုပ်သည် ဘားလမ်း (ယခုမဟာဗန္ဓုလ ပန်းခြံလမ်း) ထိပ်တွင် ဗေဒင်လက္ခဏာ ဟောပြောနေသည်ဟု ဖော်ပြခဲ့ပြီးဖြစ်၏။ထိုဟောပြောသောနေရာမှ အခန်းပိုင်ရှင်သည် လွန်စွာကောင်းပါသည်။ သို့ရာတွင် ထိုအိမ်ရှင်နှင့် ပတ်သက်သော ဧည့်သည်အချို့မှာ ကျွန်ုပ်၏ လုပ်ငန်းကို လွန်စွာ ဒုက္ခပေးပါသည်။ ကျွန်ုပ် ဗေဒင်လက္ခဏာ ဟောပြောနေစဉ် အတွင်း ထိုသူများသည် ရေဒီယိုကို ကျယ်လောင်စွာ ဖွင့်ခြင်း၊ သီချင်းကျယ်လောင်စွာဆိုခြင်း၊ တစ်ဦးနှင့်တစ်ဦး ကျယ်လောင်စွာ ငြင်းခုံခြင်း စသော လုပ်ရပ်များသည်

မကျန်းမာလျှင် ဓာတ်ဆင်၍ ကုသနည်း

မကျန်းမာသော အခါ၌ ထိုမကျန်းမာသော သူ၏ အရပ်နှင့်တိုင်း၍ ၀ါးလုံး တစ်လုံးကို ဖြတ်မည်။ ထိုဝါးလုံးကို လူနာနှင့် ယှဉ်တွဲ၍ သိပ်ရမည်။ လူနာ၏ မွေးနေ့တွင် အတူတွဲ သိပ်လျှင် ပို၍ကောင်းသည်။ လူနာသည် တနင်္ဂနွေ သားဖြစ်ပါက တနင်္ဂနွေနေ့ညတွင် သိပ်ရမည်။ တနင်္လာသားသမီးဖြစ်ပါက တနင်္လာနေ့တွင် သိပ်ရမည်။ ထို့ငြ် တစ်ထွာခန့်ရှိသော ပိတ်ဖြူအိပ်ကလေး (၃)လုံးချုပ်၍ ၀ါးလုံး၏အဖျား ၀ါးလုံး၏အလယ်

ဘာကိုပဲ လုပ်လုပ် လွဲချော်နေတယ်ဆိုရင်

ဖယောင်းတိုင်ပေါ်တွင် ဖယောင်းတိုင်ဆင့်၍ ထွန်းရသော ယတြာဆန်းတစ်မျိုး တစ်နေ့တွင် ရွှေဘုံသာလမ်း၌ ကျင်လည်ကျက်စားနေသော ရတနာပွဲစား မညိုဆိုသူ ရောက်လာလေ၏ ၎င်းမညိုသည် ကျွန်ုပ်နှင့်တွေ့ လျှင်တွေ့ချင်း “ဆရာရယ်… ဒီတစ်လလုံး မညိုအလုပ် ဖြစ်ပါဘူး… အရင်ကဆို ညိုက ၀ယ်လက်ကို ရှောင်ပြီး ပြေးနေရတယ်…အခုတော့ ညိုက သူတို့ကို လိုက်ရှာနေရတယ်… အလုပ်တွေ အားလုံးကတော့ တေ့လွဲကလေး လွဲသွားတယ်။ အဲဒီလို ဖြစ်တာတွေ များနေပြီး… ညိုကို လုပ်ပေးပါဦး”

အကြွေးကျေစေသောအဆောင်

ကြွေးထူတဲ့ လူတွေကို အဲဒီ အဆောင်တွေ ပေးလိုက်တာ မနည်း တော့ဘူး။ တော်တော်လေး တန်ခိုး ပြတယ်ဟေ့။ ငါလုပ်ပေးတုန်းက ဒစ္စကိုရွှေ တောင် မပေါ် သေးဘူးကွ။ စီးကရက် ဗူးထဲပါတဲ့ ရွှေရောင် စက္ကူနဲ့ လုပ်ပေးခဲ့တာ။ ယုံယုံကြည်ကြည်နဲ့ တော့ လုပ်ကွာ။ မနက်စောစောထပြီး နွားနို့ထမင်းချက်ပြီး ဒေ၀ီ မယ်တော်တွေကို လှူကွာ။ အဲဒီ ယန္တြလေးကိုင်ပြီး ဆုတောင်းတယ်ကွာ။ ကြွေးထူလို့ ရင်ပူနေရတဲ့ လူတော်တော်များများ

ကျန်းမာရေးအတွက် - ဓာတ်စာစားရခြင်း

ကျန်းမာရေးအတွက် - ဓာတ်စာစားရခြင်း တစ်နေ့သ၌ကျွန်ုပ်သည် တစ်ယောက်တည်းထိုင်၍ ငယ်စဉ်ကလေးဘ၀မှ အကြောင်းအရာ တစ်ချို့ကို ပြန်ပြောင်း သတိယနေမိလေ၏။ ကျွန်ုပ် သတိယမိသော အကြောင်းအရာများတွင် ငယ်စဉ်က နွေကျောင်းပိတ် ရက်များတွင် ရွာဦးကျောင်းတွင် ကောင်းအိပ်ကျောင်းစား သွားနေခဲ့ရသည် များလည်းပါ၏။ အရိုက်ကြမ်းသော ဆရာတော်နောက်တွင် အလှူတကာသို့ လှည့်လည် လိုက်ခဲ့ရသည်လည်း ပါ၏။ ဘုန်းကြီးကျောင်းသား အချင်းချင်း ဗိုလ်ကျအနိုင်ကျင့် ခံခဲ့ရသည်လည်း ပါလေ၏။ ညဘက် ဘုန်းကြီးကျောင်းထဲတွင် ကျွန်ုပ်တို့ကဲ့သို့ ဘုန်းကြီးကျောင်းသား များအားလုံး တန်းစီ၍အိပ်ကြရာ ရှေ့ဟောင်းသံပတ်နာရီကြီး၏ တဂျောက်ဂျောက် မြည်သံကြောင့် ညဘက် ကြောက်ရွံ့

ကျန်းမာရေးအတွက် - ဓာတ်စာစားရခြင်း

ကျန်းမာရေးအတွက် - ဓာတ်စာစားရခြင်း တစ်နေ့သ၌ကျွန်ုပ်သည် တစ်ယောက်တည်းထိုင်၍ ငယ်စဉ်ကလေးဘ၀မှ အကြောင်းအရာ တစ်ချို့ကို ပြန်ပြောင်း သတိယနေမိလေ၏။ ကျွန်ုပ် သတိယမိသော အကြောင်းအရာများတွင် ငယ်စဉ်က နွေကျောင်းပိတ် ရက်များတွင် ရွာဦးကျောင်းတွင် ကောင်းအိပ်ကျောင်းစား သွားနေခဲ့ရသည် များလည်းပါ၏။ အရိုက်ကြမ်းသော ဆရာတော်နောက်တွင် အလှူတကာသို့ လှည့်လည် လိုက်ခဲ့ရသည်လည်း ပါ၏။ ဘုန်းကြီးကျောင်းသား အချင်းချင်း ဗိုလ်ကျအနိုင်ကျင့် ခံခဲ့ရသည်လည်း ပါလေ၏။ ညဘက် ဘုန်းကြီးကျောင်းထဲတွင် ကျွန်ုပ်တို့ကဲ့သို့ ဘုန်းကြီးကျောင်းသား များအားလုံး တန်းစီ၍အိပ်ကြရာ ရှေ့ဟောင်းသံပတ်နာရီကြီး၏ တဂျောက်ဂျောက် မြည်သံကြောင့် ညဘက် ကြောက်ရွံ့

အသက်ကယ်ယတြာ (ဆရာဝန်လက်လျှော့သော လူနာများအတွက်)

သင်္ဘောသီးတွင် ကြက်လျှာစိုက်၍ မီးထွန်းရသော ယတြာ ကျွန်ုပ်သည် ဂန္ဓာရီထွက်နေစဉ်အတွင်း တောင်တွင်းကြီးမြို့တွင် တပည့်ဖြစ်သူ ဇင်ယော်နီ ဗေဒင်ဆိုင်ခန်း ဖွင့်သဖြင့် ဆိုင်ဖွင့်ပွဲသို့ သွားရောက်ခဲ့လေ၏။ ထိုဆိုင်ဖွင့်ပွဲကို လမ်းပေါ်မှ ရပ်၍ ကြည့်နေစဉ်အတွင်း ရုတ်တရက် လဲ၍ မေ့ကျသွားသဖြင့် ကျွန်ုပ်၏ တပည့်များက နီးစပ်ရာ ဆရာဝန်တစ်ဦးကိုပြ၍ ဆေးထိုးစေခဲ့ပြီး ရန်ကုန်သို့ ရန်ကုန်သို့ ခေါ်လာခဲ့လေ၏။ ရန်ကုန်သို့ ရောက်သောအခါ ဒေါက်တာကျော်မြင့်၏ ဆေးခန်းတွင်

ကျောက်မြက် ရတနာ အရောင်းအ၀ယ်

ပြောင်ပြောင်လက်လက် အမွှေးတိုင်ထုတ်သော စက္ကူ ကြက်ဥပြုတ်တို့ဖြင့် ပြုလုပ်ရသော ယတြာ တစ်နေ့တွင် ကျွန်ုပ်ထံသို့ မိုးကုတ်မြို့ မှ မသွယ်ဆိုသော မိန်းကလေးတစ်ဦး ရောက်ရှိလာလေ၏။ သူသည် ပလောင်မလေး တစ်ဦးဖြစ်၏ ။ ရတနာလုပ်ငန်းနှင့် အကျိုးပေး၍ ချမ်းသာနေပြီဖြစ်၏ ကျွန်ုပ်ကို တွေ့ လျှင်တွေ့ ချင်း ၎င်းက “ဆရာရယ်… မသွယ် ရန်ကုန်ကိုရောက်တာ