ကျောက်မြက် ရတနာ အရောင်းအ၀ယ်

ပြောင်ပြောင်လက်လက် အမွှေးတိုင်ထုတ်သော စက္ကူ ကြက်ဥပြုတ်တို့ဖြင့် ပြုလုပ်ရသော ယတြာ

တစ်နေ့တွင် ကျွန်ုပ်ထံသို့ မိုးကုတ်မြို့ မှ မသွယ်ဆိုသော မိန်းကလေးတစ်ဦး ရောက်ရှိလာလေ၏။ သူသည် ပလောင်မလေး တစ်ဦးဖြစ်၏ ။ ရတနာလုပ်ငန်းနှင့် အကျိုးပေး၍ ချမ်းသာနေပြီဖြစ်၏ ကျွန်ုပ်ကို တွေ့ လျှင်တွေ့ ချင်း ၎င်းက “ဆရာရယ်… မသွယ် ရန်ကုန်ကိုရောက်တာ


တစ်ပါတ်ကျော်ပြီ အနီတွေရော အပြာတွေရော ပါလာတယ် တစ်ခုမှကို ရောင်းမထွက်သေးပဲ ပိတ်နေတယ် အဲဒါ လုပ်ပေးပါဦး” ဟု ပြောလေတော့၏ ကျွန်ုပ်လည်း မျက်နှာကို ကောင်းကင်ပေါ်သို့ မော့၍ မျက်စိမှိတ်ကာ အာရုံ တောင်းလိုက်လေ၏
ကျွန်ုပ်၏ အာရုံထဲတွင် ၎င်းမသွယ်သည် အမွှေးတိုင်ထည့်သော ပြောင်ပြောင်လက်လက် စက္ကူအိတ်များကိုဖြန့်၍ သူ၏ ကျောက်မျက် ရတနာများကို ထုတ်နေသည်ကို တွေ့ရ၏။ ထိုသို့ ထုတ်ပြီးနောက် ထိုရတနာများကို ကြက်ဥပြုတ် တစ်လုံးနှင့် လိုက်၍ ခေါက်နေသည်ကိုလည်း တွေ့ ရပြန်၏။ မသွယ်အား ပြောပြလိုက်လေ၏ ။မသွယ်သည် ကျွန်ုပ်အိမ်မှ ထွက်သွားပြီးလျှင် ပြောင်ပြောင်လက်လက် စက္ကူဖြင့် ထည့်ထားသော အမွှေး တိုင်များကို ၀ယ်လာလေ၏။ သူသည် သူ၏ရတနာများကို အမွှေးတိုင်စက္ကူဖြင့် ထုတ်နေလေ၏။ ထိုသို့ထုတ်ပြီးနောက် လက်ဖက်ရည်ဆိုင်မှ ၀ယ်လာသော ကြက်ဥပြုတ်ဖြင့် ထွက်ထွက်ဟုဆိုကာ ခေါက်နေလေ၏ ။

ထိုသို့ပြုလုပ်ပြီးသည် ကျွန်ုပ်အားနှုတ်ဆက်၍ ၎င်းတည်းခိုသောအိမ်သို့ ထွက်ခွာသွားလေတော၏။ နောက်တနေ့ နေ့လည်တွင် မသွယ် ပြန်ရောက်လာပြန်၏။ ထိုအခါ ကျွန်ုပ်က ‘ဘယ်လိုလဲ မသွယ်’ ဟုမေးလိုက်ရာ ၎င်းက ‘အဆင်ပြေ ပါတယ်ဆရာ ဒီမနက်ပဲ အားလုံး ထွက်ကုန်ပြီ အဲဒါကြောင့် ကျွန်မ ဒီညနေ ပြန်တော့မယ်။ ဆရာကို လာပြီး နှုတ်ဆက်တာပါ’ ဟု ပြောပြီးလျှင် ကျွန်ုပ်အား ငွေများ ထိုက်ထိုက်တန်တန် ကန်တော့၍ သွားလေတော့၏ ။

ထိုအချိန်မှစ၍ ကျွန်ုပ်သည် ကျွန်ုပ်ထံသို့ရောက်သော ရတနာကုန်သည် ကျောက်ပွဲစားတို့အား ဤယတြာကိုပင် ပြုလုပ် ဆောင်ရွက်ပေးခဲ့လေ၏။ ထိုသို့ ပြုလုပ်ပေးရာတွင် မအောင်မမြင် ဖြစ်သည်ဟု ကျွန်ုပ် မမှတ်မိပါ။ ထို့ကြောင့် အရေးရှိက သုံးနိုင်ရန်အတွက် ကောင်းကင်မှ ယတြာနည်းကို ဖော်ပြလိုက်ရလေ တော့သတည်း…။
                                                                                                   သဗ္ဗေသတ္တာကမ္မသကာ
                                                                                                                  မင်းသိင်္ခ

Popular posts from this blog

ကိုးန၀င်း မိုးလင်းမှသိမယ် အဓိဋ္ဌာန်(မင်းသိင်္ခ)

သွေးထွက်အောင် မှန်သည်ဆိုသောဗေဒင်(မင်းသိင်္ခ)

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်ကပြောသောသင်၏အကြောင်း

“တကယ်ချစ်လို့လား၊ အ​ပျ​ော်တွဲမွာလားတဲ့” (နှင္းအိဝေ)

ပီယသိဒ္ဓိအဆောင်