ဘာကိုပဲ လုပ်လုပ် လွဲချော်နေတယ်ဆိုရင်

ဖယောင်းတိုင်ပေါ်တွင် ဖယောင်းတိုင်ဆင့်၍ ထွန်းရသော ယတြာဆန်းတစ်မျိုး
တစ်နေ့တွင် ရွှေဘုံသာလမ်း၌ ကျင်လည်ကျက်စားနေသော ရတနာပွဲစား မညိုဆိုသူ ရောက်လာလေ၏ ၎င်းမညိုသည် ကျွန်ုပ်နှင့်တွေ့ လျှင်တွေ့ချင်း “ဆရာရယ်… ဒီတစ်လလုံး မညိုအလုပ် ဖြစ်ပါဘူး… အရင်ကဆို ညိုက ၀ယ်လက်ကို ရှောင်ပြီး ပြေးနေရတယ်…အခုတော့ ညိုက သူတို့ကို လိုက်ရှာနေရတယ်… အလုပ်တွေ အားလုံးကတော့ တေ့လွဲကလေး လွဲသွားတယ်။ အဲဒီလို ဖြစ်တာတွေ များနေပြီး… ညိုကို လုပ်ပေးပါဦး”
ဟု ပြောလေတော့၏။ ကျွန်ုပ်လည်း မိုးကောင်းကင် ဆီသို့ မော့၍ မျက်စိမှိတ်ထားပြီးလျှင် အာရုံတောင်းလိုက်လေ၏။
အာရုံထဲတွင် ဖယောင်းတိုင် အကြီးပေါ်၌ ဖယောင်းတိုင် အသေးဆင့်ကာ ဘုရားစင်တွင် မီးပူဇော် ထားသည်ကို တွေ့ ရလေ၏ ။မညိုသည် အိမ်သို့ ပြန်သွားပြီးလျှင် ထိုအတိုင်း ပြုလုပ်လေ၏။ ထိုအခါ၌ တေ့လွဲလွဲသွားသော ကိစ္စများသည် ပြန်၍ တေ့တေ့ဆိုင်ဆိုင် ဖြစ်လာလေတော၏။ထို့ကြောင့် ကျွန်ုပ်အား ကျေးဇူးတင်သည်ဟုဆိုကာ အချိန်မမှန်သော နံရံကပ်နာရီတစ်လုံး တိုက်ဆွေး ဖြစ်နေသော မန္တလေးပိုးလုံးချည် တစ်ထည်။ မှိုတက်နေသော ငါးသုံးလုံးဆေးလိပ် တစ်တောင့်တို့ကို လာရောက်၍ ကန်တော့လေသတည်း…။
သဗ္ဗေသတ္တာကမ္မသကာ
မင်းသိင်္ခ

Popular posts from this blog

ကိုးန၀င်း မိုးလင်းမှသိမယ် အဓိဋ္ဌာန်(မင်းသိင်္ခ)

သွေးထွက်အောင် မှန်သည်ဆိုသောဗေဒင်(မင်းသိင်္ခ)

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်ကပြောသောသင်၏အကြောင်း

“တကယ်ချစ်လို့လား၊ အ​ပျ​ော်တွဲမွာလားတဲ့” (နှင္းအိဝေ)

ပီယသိဒ္ဓိအဆောင်