Posts

Showing posts from August, 2012

ကိုးန၀င်း မိုးလင်းမှသိမယ် အဓိဋ္ဌာန်(မင်းသိင်္ခ)

Image
တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန် မရမ်းတလင်း တောစပ်ရှိ ကျွန်ုပ် နေထိုင်သော အယူတော် မင်္ဂလာခြံသို့ ရောင်ပြန်မဂ္ဂဇင်း၏ အယ်ဒီတာချုပ်ဖြစ်သော မောင်မောင်မြင့်အေးသည် ရောက်ရှိလာလေ၏။ သူ၏ လက်တွင် ကျွန်ုပ်အတွက် ထမင်းချိုင့် တစ်ချိုင့်လည်း ဆွဲ၍လာလေ၏။ ထိုကဲ့သို့ ထမင်းချိုင့် လာပို့ခြင်းသည် လွန်ခဲ့သော နှစ်များစွာကပင် ဖြစ်၏ ။ သူသည် ကျွန်ုပ်ကို တွေ့လျှင်တွေ့ချင်း ပြုံးပြပြီးနောက်

ဂုဏ်တော်ကိုးပါးကိုပုတီးဆယ်ပတ်ရအောင်စိပ်သောနည်း

Image
တစ်နေ့သ၌ ကျွန်ုပ်သည် အခန်းထဲတွင် တစ်ယောက်ထဲထိုင်၍ ရောက်တတ်ရာရာများကို စဉ်းစားလျှက်ရှိ၏။ များသောအားဖြင့် ကျွန်ုပ်သည် စိတ်ချမ်းသာမှု့ ဟုဆိုအပ်သော အကြောင်းအရာကို များသောအားဖြင့် စဉ်းစားလေ့ရှိ၏။ ကျွန်ုပ်သည် စိတ်ချမ်းသာမှု့ကို လွန်စွာလိုလား၏။ စိတ်အေးချမ်းသာစွာနှင့်သာ ဘ၀ခရီးလမ်းကို လျှောက်လှမ်းလို၏။ အချိန်များကို ပူပင်သောက ကင်းစွာဖြင့် ကုန်ဆုံးလို၏။ အလုပ်များကိုလည်း စိတ်ဖိစီးမှု့ ကင်းစွာဖြင့် လုပ်လို၏။

လား၇ှိုးမြို့၁၉-၈-၂၀၁၂ေ၇ကြီးမှုသတင်းမှတ်တမ်းဓါတ်ပုံများ

Image
ကလစ်ပေးကြည့်၇ှုပါ---- -

“ အနာဂါတ်ဟူသည့် အချိန်ကာလနှင့် ကျွန်တော်”- အောင်ကောင်းမွန်(လား၇ှိုး)

Image
aung kung mon သြဂုတ်လ 9, 2012 9:32pmတွင်aung kung mon မှတင်ပြသောဘလော့ပို့(စ်)ဖြစ်ပါသည် View Blog ဒီလိုပါခင်ဗျာ-------- ကျွန်တော် ဖူးစာရှင်လေးမှာ စာမရေးဖြစ်တာဟာ အတော်လေးကြာနေပါပြီ၂၀၀၉ ခုနှစ် ဖေဖေါ်ဝါရီလ (၁၈)ရက်နေ့တွင် စတင်၍ ပြုလုပ်ခဲ့သော ကျွန်ုပ်၏ မဟာဂန္ဓာရီအဓိဌာန် ကြီးမှာလည်း ယခုအချိန်တွင် ရက်ပေါင်း (၁၀၂၉)ရက်တွင် သုံးချိုးနှစ်ချိုးဖြစ်သည့် (၆၈၆)ရက် အောင်မြင်ပြီး တတိယအဆင့်ကြီး (၄၉)ရက် (၇)ထုံ (၃၄၃)ရက် ပြုလုပ်ရန် ကော့(စ်)မစ် အားဖြည့်ရင်းနှင့်ပင် နေ့စဉ်နှင့် အမျှ

လား၇ှိုးမြို့(ချန်တက်ထန့်)တ၇ုတ်ငါးပါးသီလသက်သတ်လွတ်သာသနာပြုဘုန်းတော်ကြီးများနှင့်ဘာသာဝင်သူတော်စဉ်ဒါနပါ၇မီ၇ှင်များစုပေါင်းေ၇းဘေးသင့်သူများအားလူသုံးကုန်ပစ္စည်းများ စားသောက်ကုန်များလူဒါန်းပွဲ

Image
၂၂-၈-၂၀၁၂နေ့လယ်ပိုင်းတွင်လား၇ှိုးမြို့တ၇ုတ်ငါးပါးသီလသက်သတ်လွတ်ချန်တက်ထန့် ဘုန်တော်ကြီးကျောင်းမှဘုန်းတော်ကြီးများဦးစီးကာဘာသာဝင်ဒါန၇ှင်များစုပေါင်းထည့်ဝင် လှူဒါန်းငွေများနှင့်ေ၇ဘေးသင့်၇ပ်ကွက်များသို့ကိုယ်တိုင်ကိုယ်ကျသွားေ၇ာက်ပြီးသက်ဆိုင်၇ာ

လား၇ှိုးမြို့(ေ၇ဘေး)ထူးခြားသတင်း

Image
လား၇ှိုးမြို့တွင်ယခု ၁၉-၈-၂၀၁၂နံနက်ပိုင်းမှစပြီးမြေနိမ့်ပိုင်း၇ပ်ကွက်တော်တော်များများကို၁၈-၇က်နေ့တညလုံးမိုးကြီး၇ွှာသွမ်းမှုကြောင့်တောင်ကျေ၇ဖုံးလွှမ်း ခံ၇လို့လား၇ှိုးမြို့နေသူအတော်များများေ၇ဘေးအန္တ၇ယ်ကြုံတွေ့ခံစားခဲ့၇တယ်လို့သိ၇ပါတယ်။ အချေအနေကတော့အတော်ကိုဆိုးဝါးမှုတွေမြင်တွေ့ခဲ့၇လို့အတော်လေးကိုစိတ်မကောင်းဖြစ်စ၇ာပါဘဲ

လာဘ်မတိတ်စေတဲ့အဆောင်

Image
ငါသုံးတဲ့ အဆောင်တစ်မျိုး ရှိတယ်ကွ။ အရင်တုန်းက လက္ခဏာဆရာ ဗေဒင်ဆရာ လုပ်စားတုန်းက အဲဒီ အဆောင်မျိုး လုပ်ပေးဖူး ပါတယ်ကွာ။ အဲဒါကတော့ HORN OF PLENTY ဟွန်းအော့ဖ်ပလန်းတီး လို့ခေါ်တယ်။ ပေါကြွယ်ဝသော ဦးချိုလို့ အဓိပ္ပါယ် ရတာပေါ့ကွာ။ ရှေ့ရှေ့တုန်းက ဥရောပတိုက်မှာ ရှိတဲ့ မုဆိုးကြီးတွေဟာ သူတို့ရတဲ့ သားကောင်ရဲ့ ချိုကြီးတွေကို ပစ္စည်းထည့်တဲ့ ပုံးကြီးတွေအဖြစ် အသုံးပြုလေ့ရှိတယ်။ အဲဒါတွေကို ဥရောပမှာ ရှိတဲ့ လောကီပညာ

ရန်ပြေငြိမ်းစေသောယတြာ

ငှက်ပျောတစ်တောင်တုံးမီးပန်းကုံးယတြာ တစ်နေ့သ၌ ကျွန်ုပ်ထံသို့ ကျွန်ုပ်၏ မိတ်ဆွေ ကိုလှဖေဆိုသူ ရောက်လာလေ၏။ သူသည် ကျွန်ုပ်ကို တွေ့လျှင်တွေ့ချင်း ဆရာသမား... ကျုပ်ကို ယတြာလေးဘာလေး လုပ်ပါဦးဗျာ။ လူတစ်ယောက်က ကျုပ် အိမ်ရှေ့လာပြီး ကျုပ်ကို လာလာကြည့်နေတယ်။ အဲဒီလို ကြည့်ရုံနဲ့လည်း မပြီးသေးဘူး။ ကျုပ်အိမ်နဲ့ မျက်စောင်းထိုးက လဘက်ရည်ဆိုင်မှာ ထိုင်ပြီး ကျုပ်အိမ်ကို တစ်နေကုန် ကြည့်နေတာပဲ။ ကျုပ်ဖြင့် အူယားလိုက်တာ

ဗလာဟင်းလင်းထဲမှ ရသော ဆေးတံယတြာ

ကျွန်ုပ်သည် ဗေဒင်ဆရာ အဖြစ်ဖြင့် နှစ်ပေါင်းများစွာ အသက်မွေးခဲ့ဘူးသည် ဖြစ်ရာ ကျွန်ုပ်ထံသို့ ဗေဒင်လာရောက် မေးမြန်းသူများ၏ အခက်အခဲပေါင်း များစွာကို ယတြာပြုလုပ်ပေးရတတ်ပါသည်။ တစ်ချို့ သယ်ဆောင်လာသော အခက်အခဲများမှာ ကျွန်ုပ် တတ်ကျွမ်းသော ယတြာပညာ၏ အပြင်ဘက်မှ ဖြစ်နေတတ်၏။ အလွယ်စကားဖြင့် ပြောရသော် ကျွန်ုပ် မလုပ်တတ်ပါ။ ထိုအခါမျိုးတွင် ကျွန်ုပ်သည် ကောင်းကင်ပြင် ဗလာဟင်းလင်းပြင်ကြီးဆီသို့ မော့ကြည့်ပြီးလျှင် ထို အဆုံး အစမရှိသော ဗလာကြီး အတွင်းမှ ကျွန်ုပ် အလိုရှိသော ယတြာ နည်းကလေး တစ်နည်း ရှိတန်ကောင်းရဲ့ဟု ယုံကြည်ကာ အာရုံပြု၍

“ အနာဂါတ်ဟူသည့် အချိန်ကာလနှင့် ကျွန်တော်” အောင်ကောင်မွန်(လား၇ှိုး)

Image
aung kung mon သြဂုတ်လ 9, 2012 9:32pmတွင်aung kung mon မှတင်ပြသောဘလော့ပို့(စ်)ဖြစ်ပါသည် View Blog ဒီလိုပါခင်ဗျာ-------- ကျွန်တော် ဖူးစာရှင်လေးမှာ စာမရေးဖြစ်တာဟာ အတော်လေးကြာနေပါပြီ၂၀၀၉ ခုနှစ် ဖေဖေါ်ဝါရီလ (၁၈)ရက်နေ့တွင် စတင်၍ ပြုလုပ်ခဲ့သော ကျွန်ုပ်၏ မဟာဂန္ဓာရီအဓိဌာန် ကြီးမှာလည်း ယခုအချိန်တွင် ရက်ပေါင်း (၁၀၂၉)ရက်တွင် သုံးချိုးနှစ်ချိုးဖြစ်သည့် (၆၈၆)ရက် အောင်မြင်ပြီး တတိယအဆင့်ကြီး (၄၉)ရက် (၇)ထုံ (၃၄၃)ရက် ပြုလုပ်ရန် ကော့(စ်)မစ် အားဖြည့်ရင်းနှင့်ပင် နေ့စဉ်နှင့် အမျှ ဒုက္ခအခက်အခဲကြုံတွေ့နေရသူများအပေါင်းကို ကျွန်ုပ်၏ ပညာပိုင်းဆိုင်ရာ ဆရာသခင် အဘ ဒေါက်တာ မင်းသိင်္ခ သင်ကြားပေးခဲ့သော ဂမ္ဘီရအတတ်ပညာဖြင့်ပင် ကုသိုလ်ဖြစ် ယတြာများကိုအခမဲ့ ပြုလုပ်ပေးနေရ၏။ ဗေဒင်မေးလိုသူများကိုလည်း နေ့စဉ်နံနက် (၁၁)နာရီမှစ၍ ဗေဒင်ဟောပြောပေး၏။ အဓိဌာန်ကြီး စတင်ပြုလုပ်ချိန်မှစပြီး ကျွန်ုပ်၏ စီးပွားရေးလုပ်ငန်းမှန်သမျှကိုလည်း ရပ်ပစ်လိုက်၏။ ဘ၀တွင် ဗေဒင်ဆရာကို ယခုလို စောစီးစွာ ပြုလုပ်ရန်

လုံးဝရောင်းမထွက်တဲ့ ကားအတွက်ယတြာ

မော်တော်ကားနောက်မြီးတွင် အဖျားဖြတ်ဆေးကပ်ရသော ယတြာတစ်မျိုး တစ်နေ့တွင် ကျွန်ုပ်ထံသို့ ကျွန်ုပ်နှင့် ရင်းနှီးသော ကားပွဲစား ကိုသာထူးဆိုသူ ရောက်လာလေ၏ ထိုသူသည် ကျွန်ုပ်ကို တွေ့ လျှင်တွေ့ ချင်း “ယတြာလေး လုပ်ပါဦး ဆရာ သမားရယ် ကားလေးတစ်စီး အနိမ့်ဈေးနဲ့ ရလို့ ၀ယ်ထားလိုက်တယ်။ ကားကတော့ လိုင်းအောက်နေတဲ့ ကားပါ။ အဲဒီ့ကားက ပြန်ရောင်းတာ ဘယ်လိုမှ မထွက်ဘူး။ နွေက အဲဒီ့အထဲ ရောက်နေတယ် ဆရာသမားရဲ့  ကျွန်ုပ်နဲ့ အတူတူ ၀ယ်တဲ့ မိတ်ဆွေတွေ ပြန်ရောင်းတာ ကားလေးစီး လောက်ရှိပြီ ကျုပ်ကတော့ အဲဒီ့ကားနဲ့ တစ်နေတာ အခုထက်ထိပဲ။ ဆရာသမားရဲ့ တပည့် ဗေဒင်ဆရာတွေဆီ ၀င်ပြီးဓါတ် ရိုက် ခိုင်းတာ များပါပြီ။ ထွက်ကို

ဖြုန်းတီးမှု့များ ရပ်စေသတည်း

Image
မာဒါလိုင်းမွန် တဲပင် ဆိုသော အနောက်တိုင်း လောကီပညာရှင် တစ်ဦးက (၁၉၆၂) ခုနှစ် လောက်တွင် မဂ္ဂဇင်းတစ်ဆောင်၌ တဲရော့ခေါ် လောကီပညာသုံး ကဒ်ပြား (သို့) ဗေဒင်သုံး သော ကတ်ပြားတွင် အမှတ် (၁၄) ကတ်ပြားသည် ဖြုန်းတီးမှု့များ ၊ ငွေကြေး ကုန်ကျမှု့များ၌ ကာကွယ်နိုင်သည်ဟု

လာဘ်မတိတ်စေတဲ့အဆောင်(မင်းသိင်္ခ)

Image
ငါသုံးတဲ့ အဆောင်တစ်မျိုး ရှိတယ်ကွ။ အရင်တုန်းက လက္ခဏာဆရာ ဗေဒင်ဆရာ လုပ်စားတုန်းက အဲဒီ အဆောင်မျိုး လုပ်ပေးဖူး ပါတယ်ကွာ။ အဲဒါကတော့ HORN OF PLENTY ဟွန်းအော့ဖ်ပလန်းတီး လို့ခေါ်တယ်။ ပေါကြွယ်ဝသော ဦးချိုလို့ အဓိပ္ပါယ် ရတာပေါ့ကွာ။ ရှေ့ရှေ့တုန်းက ဥရောပတိုက်မှာ ရှိတဲ့ မုဆိုးကြီးတွေဟာ သူတို့ရတဲ့ သားကောင်ရဲ့ ချိုကြီးတွေကို ပစ္စည်းထည့်တဲ့ ပုံးကြီးတွေအဖြစ် အသုံးပြုလေ့ရှိတယ်။ အဲဒါတွေကို ဥရောပမှာ ရှိတဲ့ လောကီပညာ

ရန်နှင့်အမှု့အပေါင်းအောင်မြင်စေရန်အဆောင်နှင့်ယတြာ

မိတ်ဆွေ သင်သည် ရန်နှင့် အမှု့အခင်းအပေါင်း အောင်မြင်စေရန် အကျိုးကျေးဇူးများကို အလိုရှိပါက အထက်ပါနည်းအတိုင်း ယတြာဆောင်ရွက်လိုက်ပါ။ ဥပမာအားဖြင့် သင်သည် တနင်္ဂနွေသားသမီး တစ်ဦးဦး ဖြစ်တယ်ဆိုကြပါစို့။ အိမ်မှ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးအား နံက်(၉း၀၀)မှ (၁၀း၃၀)အတွင်း ရွက်လှပန်း ကပ်လှူဆုတောင်းပါ။ ကိစ္စရှိ၍ အပြင်သွားရမည်ဆိုပါက ရဲယိုသားလက်တစ်ဆစ် ဆောင်သွားပါက ရန်နှင့် အမှု့အပေါင်း အောင်မြင်စေနိုင်တယ်လို့ ဗေဒင်ပညာက

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်ကပြောသောသင်၏အကြောင်း

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (1)ဂဏန်း ၁ လုံးပါသူများ။ အရေးထက် အပြောပိုကောင်း၏ ။ သူတစ်ပါး၏ အမြင်ကို ဂရုမစိုက်တတ်။ စကားအလွန်သွက်၏ ။ ဤ သူမျိုး၏ စကားသည် ရင်ထဲကမလာ။ ။ သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (1)ဂဏန်း ၂ လုံးပါသူများ။ (၁) လုံးပါသူ၏ အပြုအမူအားလုံး။ သူတစ်ပါး၏အမြင်ကို နားလည်တတ်သူဖြစ်၏ ။ သူတစ်ပါး၏ အပြုအမူကို အတုခိုး၏ ။ ဤအရည်အချင်းသည် ကောင်းမြတ်သောအရည်အချင်းဖြစ်၏ ။ မျှမျှတတပြုသူဖြစ်၏ ။

အတိတ်၊နိမိတ် ကြိုတင်သိစေသောအဆောင်

Image
ဤအဆောင်သည် ဗေဒင် လက္ခဏာ ဆရာများ ၊ နတ်ဟော စားသူများ ၊ ကံကြ မ္မာဖတ်သူများ ဆောင်သင့် လှပေသည်။ ဤအဆောင်တွင် ရေးထားသော မန္တာန်မှာ အလေားလိုက်ပဲ ဖတ်ဖတ် ၊ ဒေါင်လိုက်ပဲ ဖတ်ဖတ်၊ နောက်ပြန်ပဲ ဖတ်ဖတ် ၊ ဖတ်၍ ရအောင် စီမံထား၏။ ထို အဆောင်ကို

ရန်နှင့်အတိုက်အခံများ ပျောက်လွင့်စေသော အဆောင်

Image
ငါ ဗေဒင်လက္ခဏာ ဟောစားတုန်းက သုံးတဲ့ နည်းကလေးတော့ ရှိတယ်ကွ။ အဲဒါက အိန္ဒြိယက 'အာနန္ဒာ လဟီးရီး' (ANANDA LAHARI) ဆိုတဲ့ ဆရာကြီး တစ်ဦးရေးတဲ့ ယန္တြ စာအုပ် စာမျက်နှာ နံပါတ် ၃၇မှာ ဖော်ပြထားတဲ့ ယန္တြလေး အကြောင်းပဲ။ ဘာပုံကလေးမှန်း မသိပါဘူးကွာ။ ကောက်ကောက်ကွေ့ကွေ့ ကလေးပါပဲ။ အဲဒီ ယန္တြလေး အပေါ်မှာ ပူဇော်ရမည့် ပစ္စည်းတွေလည်း ဖော်ပြထားတယ်။ ငါက တစ်ခုမှ မလုပ်ဘူး။ ငါ့မှာ

တစ်ပိုင်းတစ်စ ဖြစ်နေသော အလုပ်များ ပြီးပြတ်စေရန်

Image
အကယ်၍ သင်သည် အလုပ်တစ်ခုကို လုပ်၏။ သို့ရာတွင် အကြောင်း အမျိုးမျိုးကြောင့် မပြီးပြတ်ပဲ ဖြစ်နေ၏။ ထိုသို့ ဖြစ်သော အခါ၌ တစ်ဖက်တွင် ဖော်ပြထားသော အင်းကို ကူးယူ၍ ဖယောင်းတိုင်တွင် ပတ်ကာ ကြွေပုဂံတွင် မီးထွန်းလိုက်ပါ။ (၅)-ရက် ဆက်တိုက် ထွန်းလိုက်ပါ။ အခက်အခဲ ဖြစ်နေသော သင်၏

ငွေကြေးဓနပေါကြွယ်ဝပြီး မိတ်ကောင်း ဆွေကောင်း ပေါများစေသော အဆောင်

Image
ဟောဒီ အဆောင်ကလေးကတော့ ငွေကြေး လာဘ်ရွှင်စေတယ်။ မိတ်ကောင်း ဆွေကောင်း ပေါများစေတယ် ဆိုတဲ့ အဆောင်ကလေး ပါပဲ။ စက်ဝိုင်း အလယ်က

ပျားစွဲသောမုတ်ဆိတ်မဟာဓါတ်ဘိသိက်------

Image
လေးစားရပါသောကျွန်ုပ်၏မိတ်ဆွေများခင်ဗျား...... အဘဆရာကြီးဒေါက်တာမင်းသိင်္ခ၏ မနောမယလက်ဆောင်ပေါင်းချုပ် စာအုပ်တွင်ပါဝင်သော အောက်ပါ မဟာဘိသိက် ပျားစွဲသောမုတ်ဆိတ် ဓာတ်ဘိသိက် ပန်ချီကားကို ပြန်လည်၍ လက်ဆောင်မျှဝေပေးလိုက် ပါသည်။ ထိုပညာမှာ ဘိသိက်ဆယ့်နှစ်ပါးတွင်ပါသည့် မဟာဘိသိက်ပညာဖြစ်၏။ မဟာဘိသိက်ဆိုသည်မှာ စီးပွားချမ်းသာတိုးတက်စေရန် ပြုလုပ်သောပညာဖြစ်၏။ ဓာတ်ဘိသိက်ဟု ခေါ်သည်ဟု မူရင်းစာအုပ်တွင် ဖော်ပြထားပါသည်။ ပျားရည်သောက်မယ့်လူဟာ ဝေးဝေးလံလံမှာ သွားပြီး ပျားမဖွတ်ရဘဲ သူ့မုတ်ဆိက်မှာ ပျားလာပြီးဆွဲနေတော့ အစာနဲ့ ပါးစပ်နဲ့ သိပ်နီးနေတဲ့ သဘောပေါ့ဟု ရေးသားပြထားပါသည်။ နောက် ကျွန်တော်တို့ မြန်မာစကားတစ်ခွန်းလည်းရှိ၏။ စားရကံကြုံတော့ မုတ်ဆိက်ပျားစွဲ ဟူသောစကားသည် မိမိထံသို့ အခြအနေကောင်းတွေ၊ ကံကောင်းမှု့တွေ ၊ အခွင့်အရေးကောင်းတွေ ရောက်ရှိဝင်လာစေသော

အဘမင်းသိင်္ခ စာရေးနည်းအတတ်ပညာ

ကျွန်တော်တို့မရမ်းတလင်းခြံ အယူတော်မင်္ဂလာခြံမှာ ပညာသင်ခဲ့တုန်းက အရမ်း ပျော်ရွှင်ခဲ့ရပါတယ်။ ဘာမှ ပူပင် သောကမရှိခဲ့ဘူး။ အဘကျွေးတဲ့ ထမင်းကိုစားတယ်။ အဘ ၀တ်ခိုင်းတဲ့ အ၀တ်အစားကို ၀တ်တယ်။ မိုလင်း မနက်(၄)နာရီ လောက်ကတည်းကနေ ညနေ မုန်းစုန်းစုန်း ချုပ်တဲ့အထိ အဘရဲ့ ဗေဒင်ပညာနဲ့ ပတ်သက်တဲ့ အလုပ်တွေကို လုပ်တရတယ်။ အမှန်အတိုင်းပြောရရင် အားချိန်နားချိန်ရယ်လို့တောင် မရှိခဲ့ပါဘူး။ တစ်နေ့မှာ (၃)နာရီလောက်ပဲ အိပ်ခဲ့ရတယ်။ ဒါပေမယ့် အိပ်ရေးမ၀လို့ မူးနောက်နောက် ဖြစ်ခဲ့တယ်ဆိုတာ မရှိသလောက်ပါပဲ။ နောက် ကျွန်တော်တို့ နေထိုင်လာခဲ့တဲ့ နှစ်တွေမှာ နေထိုင်မကောင်းလို့ အိပ်ယာထဲ လှဲနေရတယ်ဆိုတာလဲ

အဘမင်းသိင်္ခ၏ အကြားအမြင်ရသော ပုတီးစိပ်နည်း

Image
တစ်နေ့သ၌ ကျွန်ုပ်ထံသို့ ကျွန်ုပ်၏တပည့် ဗေဒင်ဆရာ ဖြိုးဟန်ကျော်ဆိုသူ ရောက်လာ၏။ ၎င်းဖြိုးဟန်ကျော်သည် ရွှေတိဂုံဘုရား မြောက်ဘက်မုဒ်တွင် ဗေဒင်ဟောသူ ဖြစ်၏။ ဥပုဒ်နေ့တိုင်း ဆိုင်ပိတ်၏။ ကျွန်ုပ်သည် ၎င်းကို မြင်လိုက်သည်နှင့် ယနေ့ ဥပုဒ်နေ့ပါလားဟု သတိရ၏။ ဖြိုးဟန်ကျော်သည် ကျွန်ုပ်အတွက် ဒိန်ချဉ်နှစ်ခွက် ၀ယ်လာ ၏။ ကျွန်ုပ်သည် ဒိန်ချဉ်ကို လွန်စွာကြိုက်သောကြောင့် ချက်ချင်းပင် သောက်လိုက်လေ၏။ ကျွန်ုပ်က ဒိန်ချဉ် သောက်ပြီးသောအခါ၌ ဖြိုးဟန်ကျော်က...

လိုရာရစေ-ဆောင်ပါလေ

Image
တောင်တွင်းကြီးမြို့ မကာရလောပ မ-တစ်လုံးကျေဆရာတော် ခင်ကြီးဖျော်ရဲ့ အင်္ဂ၀ိဇ္ဇာနည်းနဲ့ မိမိ၏ မွေးနံကို အခြေတည်ပြီး မွေးနံ၏ မိတ်နံဂဏန်းတွေနဲ့ စီရင်ထားတဲ့ (၇)ရက် သားသမီး အဆောင်အင်းများ ဖြစ်ပါတယ်။ ထိုအင်းတော်များ၏ အကျိုးကို ဆရာတော် ခင်ကြီးဖျော်မှ အောက်ပါအတိုင်း ပြထားပါတယ်။ ရန်ခပ်သိမ်းကို အောင်စေ၏။ အသီး မသီးသော သစ်ပင်ကို အသီး သီးစေ၏။ သားမရသော မိန်းမကို သားရစေ၏ အခြွေအရံနှင့် ပြည့်စုံစေ၏။ အခြား တစ်ပါးသူတို့က အနိုင်အထက် မပြုနိုင်ပေ။ အရောင်းအ၀ယ် ကိစ္စတွေမှာ လည်း အောင်မြင်စေ၏။ အိပ်ယာမှာ ထားရင် အိပ်မက်ကောင်း

ချမ်းသာကြွယ်ဝချင်သူများအတွက် မင်းသိင်္ခ၏ ဓနသိဒ္ဓိ ကျင့်စဉ်(မင်းသိင်္ခ )

Image
ခရာဇ်တော်ကို အကြောင်းပြု၍ ရေးထိုးတဲ့ ၁၉၉၉ ခု၊ ဧပရာယ်လ ၃ ရက်နေ့၊ ဧပြီလဟာ ထူးခြားတဲ့ လပါပဲ။ မြန်မာ လူမျိုးတွေအဖို့ သင်္ကြန်ပွဲ တော်ကြီးနဲ့ ကြုံကြိုက်နေပါတယ်။ ဥရောပတိုက်မှာတော့ ဧပရာယ်လဆန်း (၁)ရက်နေ့မှာ ဧပရာယ်ဖူးလ်လို့ ခေါ်တဲ့ ဧပြီ အရူးလုပ်တဲ့ လပါပဲ။ သစ်ကိုင်းတွေကနေ သစ်ရွက်တွေ ကြွေပြီးတော့ ကိုင်းခြောက်မဲမဲ ကြီးတွေ ဘ၀ကို ဧပရာယ်လမှာ တွေ့ရပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲ မေလထဲကို ၀င်ပြီးတော့ မိုးရိပ်ညိုညို မိုးသားမည်းမည်းတွေက ဤမြေကမ္ဘာကို မိုးစက်မိုးပေါက်တွေ လက်ဆောင်ပေးပါတယ်။ အဲဒီအခါမှာ ခမ်းခြောက်နေတဲ့ အိုင်တွေ၊ ချောင်းတွေ၊ မြစ်တွေ၊ ရေတဖွေးဖွေးနဲ့ သဘာဝတရားကြီးက လှပတင့်တယ်အောင် ဖန်ဆင်းလုပ်ဆောင်တော့မယ့် အချိန်ကာလရဲ့ အကူး အချိန်ပါပဲ။ ဒီအချိန်မှာ အခုပြောမယ့်စကားဟာ အပြင် အများပရိသတ်ကို ပြောမယ့်စကား မဟုတ်ပါဘူး။ ကျုပ်ရဲ့တပည့် အပေါင်းကို သိဒ္ဓိနဲ့ ပတ်သက်တဲ့ စကား ပြောချင်လို့ စီစဉ်ရတာပါပဲ။ သိဒ္ဓိလို့ ပြောလိုက်တာနဲ့ ဘယ်လိုနားလည်သလဲဆိုရင် တစ်စုံတစ်ယောက်ထံကနေ တောင်းယူရမယ်လို့ နားလည်ကြတယ်။ သိဒ္ဓိဆိုတဲ့ စကားနဲ့ အတူ နောက်က တောင်း..

(မနောမယထမင်းဝိုင်း)“အုန်းနို့ နှင့်ချက်သော ငါးဖယ်ငါးဆုပ်ဟင်း”မင်းသိင်္ခ

တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန်မရမ်းတလင်းတောစပ်ရှိ အယူတော်မင်္ဂလာခြံအတွင်းသို့ ကျွန်ုပ်၏မိတ်ဆွေ ကိုပီတာဆိုသည့် စိတ်မနှံ့သောလူကြီးတစ်ဦးသည် ရောက်ရှိလာလေ၏။ သူသည် ကျွန်ုပ်ကိုမြင်လျှင်မြင်ချင်.. “ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက်..” ဟူ၍ ကိုးရိုးကားရားနှုတ်ဆက်လေ၏။ “အလို.. ကိုပီတာကြီး ရောက်လာပြီကိုး ဒီနေ့မနက်စာ ဘာဟင်းနဲ့ စားချင်သလဲ ပြောဗျာ ကျုပ်ကိုယ်တိုင်ချက်မယ်” ဟု ကျွန်ုပ်က ပြောလိုက်ရာ ၎င်းကိုပီတာကြီးက..

(မနောမယထမင်းဝိုင်း)“လက်ဖက်၊သရက်သီးနှင့်ချက်သော ဝက်သားဟင်း”မင်းသိင်္ခ

တစ်နေ့သ၌ ကျွန်ုပ်ခြံအတွင်းသို့ ကျွန်ုပ်နှင့် သိဟောင်းကျွမ်းဟောင်းဖြစ်သော ကိုပီတာဆိုသည့် စိတ်မနှံ့သူ လူကြီးတစ်ဦး ဝတ်ကောင်းစားလှများ ဝတ်၍ ရောက်ရှိလာလေ၏။ သူသည် ကျွန်ုပ်ကို မြင်လျှင်မြင်ချင်း.. “မစ္စတာမင်းသိင်္ခ၊ ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက်..” ဟု ကိုးရိုးကားယား နှုတ်ဆက်လေ၏။ ထို့ကြောင့် ကျွန်ုပ်က.. “လုပ်ပြီ..” ဟု ရေရွတ်လိုက်မိလေ၏။ “အမြဲတမ်း မောနင်းမရှိဘူးလေ၊ အမြဲတမ်းလည်း နိုက်မရှိဘူးလေ၊ ဒါကြောင့် နှစ်မျိုး နှုတ်ဆက်တာ၊

(မနောမယထမင်းဝိုင်း)“ဘဲသားဆီပြန်နှင့် ဆေးဘဲဥသုပ်”မင်းသိင်္ခ

တစ်နေ့သ၌ ကျွန်ုပ်၏ခြံသို့ ကျွန်ုပ်နှင့် လွန်စွာခင်မင်ရင်းနှီးသော ကိုပီတာဆိုသည့် စိတ်မနှံ့သောလူကြီး တစ်ဦး ရောက်ရှိလာလေ၏။ ကိုပီတာကြီးသည် ကျွန်ုပ်ကို မြင်လျှင်မြင်ချင်း.. “ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက်ဒ်…” ဟု နှုတ် ဆက်လေ၏။ ထို့နောက် ကျွန်ုပ်က.. “ဘဲသားကို အာလူးနဲ့ဆီပြန်ချက်မယ်ဗျာ၊ အရိုးပါကိုက်စားလို့ရအောင် နူး နေအောင် ချက်မယ်၊ ပြီးတော့ ဆေးဘဲဥသုပ်မယ်၊ အဲဒီဆေးဘဲသုပ်မှာ တရုတ်နံနံဖြူးမယ်၊ ပြီးတော့ ဝက်ရိုးနဲ့ ကျောက်ဖရုံသီး ဟင်းချိုချက်မယ်၊ ငရုပ်ကောင်းနိုင်နိုင်ခပ်မယ်၊ ငါးပိရည်၊ တို့စရာ မထည့်ဘူး၊ ကြက်သွန်ချဉ် ကောင်းကောင်းလုပ်မယ်၊ ပြီးတော့ အီကွေးနဲ့ရေနွေးကြမ်းကောင်းကောင်းတိုက်မယ်…” ဟု ကျွန်ုပ်ကပြော လိုက်လျှင် ကိုပီတာကြီးက.

(မနောမယထမင်းဝိုင်း)“ဖားသားဆီပြန်ဟင်း”မင်းသိင်္ခ

တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန် မရမ်းတလင်းတောစပ်ရှိ အယူတော် မင်္ဂလာခြံ အတွင်းသို့ ကျွန်ုပ်၏ မိတ်ဆွေဟောင်းကြီးဖြစ်သော ကိုပီတာဆိုသည့် စိတ်မနှံ့သော လူကြီးတစ်ဦးသည် အလည်အပတ် ရောက်ရှိလာလေ၏။ ကျွန်ုပ် ကြီးပြင်းခဲ့သော ရပ်ကွက်မှ လူများသည် ၎င်းကိုပီတာကြီးအား အရူးပီတာဟု ခပ်လွယ်လွယ် ခေါ်ကြသော်လည်း ကျွန်ုပ်မှာမူ ထို့သို့ မခေါ်ရက်သောကြောင့် ကိုပီတာဟုပင် ခေါ်ဝေါ်ခဲ့လေ၏။ ကိုပီတာကြီးသည် ကျွန်ုပ်ကိုမြင်လျှင်..“ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက်…” ဟု

ကောင်းတာကြံသမျှအောင်စေသော်

Image
ကောင်းတာကြံသမျှ အောင်စေသော်ဟု အမည်ရသော စမသည် ကကြီး ၊ ဃကြီး ဏကြီး ၊ ဠကြီးဟု ဆိုအပ်သော ဗျဉ်းသုံးဆယ့်သုံးလုံး အနက်မှ ကြီးတပ်ခေါ်ရ သော အက္ခရာတိုပကို ဘုံ(၈)ဆင့်တင်၍ အပေါ်တွင် န၀င်းစီးကာ ရေးထား၏။ ထိုကြီးလေးကြီး အက္ခရာကိုပင် ဘုံလေးဆင့်တပ်ကာ န၀င်းညွန့်

(မနောမယထမင်းဝိုင်း)“ပုစွန်ထုပ်အစိမ်းသုပ်နှင့် ငါးဖယ်ငါးဆုပ်”မင်းသိင်္ခ

တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန်၊ မရမ်းတလင်းတောစပ်ရှိ ကျွန်ုပ်၏ ခြံအတွင်းသို့ ကျွန်ုပ်၏ သိဟောင်း ကျွမ်းဟောင်း ကိုပီတာဆိုသည့် လူကြီးတစ်ဦးရောက်ရှိလာလေ၏။ ထိုကိုပီတာကြီးသည် ကောင်းစွာစိတ်မနှံရှာပေ၊။ တစ်နှစ်တစ်ခေါက်ဆိုသလို စိတ်ရောဂါကု ဆေးရုံသို့ ရောက်သွားလေ့ရှိသော ဝေဒနာသည်ကြီးလည်း ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်နေထိုင်ခဲ့သော ကြီးပြင်းခဲ့သော ရပ်ကွက်သူ ရပ်ကွက်သားများက ၎င်းအား အရူးပီတာဟု ခေါ်ကြလေ၏။ သို့ရာတွင် ကျွန်ုပ်မှမူ ထိုသို့မခေါ်ရက်သောကြောင့် ကိုပီတာကြိးဟုပင် ကောင်းကော်းမွန်မွန် ခေါ်ခဲ့ရလေ၏။ ၎င်းကိုပီတာကြီးသည် ကျွန်ုပ်ကို မြင်လျှင်မြင်ချင်း.. “ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက်..” ဟု ကိုးရိုးကားရား၊ နှုတ်ဆက်လေ၏။ ထို့နောက် ၎င်းကပင် … “ပြီးခဲ့တဲ့လဆန်းက ကိုယ့်လူ ဆေးရုံတက်ရသေးတယ်ဆို..” ဟု မေးလိုက်လေ၏။ “ဟုတ်ပါ့

(မနောမယထမင်းဝိုင်း)“ဒိန်ချဉ်နှင့် ဆေးဘဲဥသုပ်”မင်းသိင်္ခ

တစ်နေ့သ၌ ကျွန်ုပ်ထံသို့ စိတ်ကောင်းစွာမနှံ့သော ကျွန်ုပ်၏မိတ်ဆွေကြီး ကိုပီတာ ဆိုသူ ရောက်ရှိလာလေ၏။ ၎င်းကို ပီတာကြီးသည် ကျွန်ုပ်ကိုမြင်လျှင်မြင်ချင်း.. “ ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက်ဒ်..” ဟု ကိုးရိုးကားရား နှုတ်ဆက်လေ၏။ “ကိုပီတာကြီးကို ဒီနေ့မနက် ဘယ်လိုဟင်းမျိုးနဲ့ကျွေးရမလဲ” ဟု ကျွန်ုပ်ကပြောလိုက်ရာ ကိုပီတာကြီးက.. “ပုစွန်ချဉ်ကောင်း ကောင်းလေး မစားရတာ ကြာပါပြီ၊ ဖြစ်နိုင်ရင် ပဲခူးမနီ ပုစွန်ချဉ်ကို ကြက်သွန်နီဥကြီးကြီးနဲ့ ဆီစိမ်းဆမ်းပြီးသုပ်မယ်၊၊ ငရုတ်သီးစိမ်းလေးတွေလည်း လှီးပြီးထည့်ရမှာပေါ့၊ ပြီးတော့ပဲနဲလေးဟင်းချိုချက်မယ်၊ အရည်သောက်အတွက်ပေါ့ ပြီးတော့ ပျဉ်ပုံကြီးက ငါးရံ့ခြောက် ကောင်းကောင်းလေးကို မီးဖုတ်ပြီး ထောင်းပြီးတော့ ဆီဆမ်းမယ်၊ ဆန်ကတော့ ကောင်းပစေဟေ့၊ တို့စရာကတော့ သခွားသီးကောင်းတယ်၊ ငါးပိရည်မလုပ်နဲ့ကွာ ငံပြာရည်ကောင်းကောင်းကို ငရုပ်သီးမှုန့်ခပ်မယ်၊ ထမင်းစားပြီးရင်လည်း အချိုစားဖို့အတွက် တခြားဘာမှ မစီစဉ်ပါနဲ့၊

(မနောမယထမင်းဝိုင်း)“ဆိတ်သားကြော်ပူပူလေးနှင့် ကျောက်ဖရုံသီးဟင်းခါး”မင်းသိင်္ခ

တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန့်မရမ်းတလင်းတောစပ်ရှိ အယူတော်မင်္ဂလာခြံအတွင်းသို့ ကျွန်ုပ်နှင့် သိဟောင်း ဖြစ်သော ကိုပီတာဆိုသည့် စိတ်ဝေဒါနရှင်တစ်ဦး ရောက်ရှိလာလေ၏။ ကိုပီတာကြီးသည် ကျွန်ုပ်ကို တွေ့လျှင်တွေ့ချင်း…. “ဟေ့…မစ္စတာမင်းသိင်္ခ၊ ဂွတ်ဒ်မောနင်း..ဂွတ်ဒ်နိုက်..” ဟု နှုတ်ဆက်လေတော့၏။ “ ကဲပါဗျာ ကိုးရိုးကားယား နှုတ်ဆက်မနေ စမ်းပါနဲ့၊ ခင်ဗျားအတွက် မနက်စာချက်မယ်ဗျ၊ ဘာဟင်းနဲ့ စားမလဲ ပြောစမ်းပါဦး..” ဟု ကျွန်ုပ်ကမေးရာ..“ အရမ်းပြောလို့ တော့မဖြစ်ဘူး ကိုယ့်လူရဲ့၊ အစာလည်းဆေး၊ ဆေးလည်းအစာလို့ ဆိုထားတယ်မဟုတ်လား၊ အဲဒီတော့ ကိုယ်စားတဲ့ အစား အသောက်ဟာ ကိုယ့်အတွက် ဆေးဖြစ်ဖို့တော့လိုတာပေါ့” ဟု ကိုပီတာကြီးက ကျွန်ုပ်အား အတည်ပေါက်နှင့် ပြောနေလေ၏ “ကဲပါဗျာ ခင်ဗျားအတွက် ဆေးဖြစ်မယ့်

(မနောမယထမင်းဝိုင်း)“ငါးသလောက်အချဉ်ဆီပြန်ဟင်းနှင့် ကြက်သွန်ဖြူစိမ်ထားသော ဒိန်ချဉ်တစ်ခွက်”မင်းသိင်္ခ

တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန်၊ မရမ်းတလင်းတောစပ်ရှိ အယူတော်မင်္ဂလာခြံ၏ ရှေ့သို့ ထော်လာဂျီတစ်စီးလာ၍ ရပ်လေ၏။ လူတစ်ယောက်သည် နောက်မှီလွန်စွာမြင့်သော ရှေးဟောင်းကုလား ထိုင်အနက်ကြီးတစ်လုံးကို ကျောတွင်ပိုးလျက် ၎င်းထော်လာဂျီပေါ်မှ ဆင်းလာ၏။ လက်တစ်ဘက်တွင်လည်း အနက်ရောက်လက်ကိုင်တုတ်ကြီးတစ်ချောင်း ကိုင်ထားလေ၏။ ကျွန်ုပ်သည် ထိုသူအား မည်သူမည်ဝါဖြစ် သည်ဟု မပြောနိုင်ပါ။ ထိုသူသည် ကုလားထိုင်ကြီးကို ထမ်းလျက် ကျွန်ုပ်၏ အနီးသို့ လျှောက်လာပြီးလျှင် ကုလားထိုင်ကြီးကို ချလိုက်လေ၏။ ကျွန်ုပ်လည်း ထိုသူကို သေချာစွာကြည့်နေမိလေ၏။ ထိုကုလားထိုင်ကိုချ ပြီးလျှင် ထိုသူသည် ကုလားထိုင်ပေါ်၌ အကျအနထိုင်လိုက်လေ၏။ ထိုလူ၏ အပြုအမူမှာ အနည်းငယ်ဆန်ုး သကဲ့သို့ဖြစ်နေ၍

(မနောမယထမင်းဝိုင်း)“ငါးပုတ်ခြောက်ဆီဆမ်းနှင့် ပဲနီလေးဟင်းချို”မင်းသိင်္ခ

တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန် မရမ်းတလင်း တောစပ်ရှိ အယူတော် မင်္ဂလာခြံအတွင်းသို့ လူတစ်ယောက် ရောက်ရှိလာလေ၏။ ထိုသူသည်ကျွန်ုပ်နှင့် သက်တူရွယ်တူခန့်ရှိ၏။ ဗြုန်းကနဲ့ တွေ့လျှင်တွေ့ချင်း ကျွန်ုပ်သည် ထိုသူအား ကောင်းစွာမမှတ်မိပေ။ သို့ရာတွင်ထိုသူက ကျွန်ုပ်အား “ဂွတ်ဒ်မောနင်း . ဂွတ်ဒ်နိုက် မောင်အောင်ထွန်း”ဟု ကိုးရိုးကားယားနိုင်လှသော နှုတ်ဆက်နည်းဖြင့် နှုတ်ဆက်လိုက်သောကြောင့် “ အလို . . ဘယ်သူများလဲ မှတ်တယ်။ ကိုပီတာကြီးကိုး ဟု ကျွန်ုပ်က ရေရွတ်လိုက်မိလေ၏။ ထိုအခါ ကိုပီတာကြီးသည် ကျွန်ုပ်အား “ဟုတ်ပါ့ ကိုအောင်ထွန်းရေ အခုလိုမှတ်မိတာ ကိုယ့်လူ အတော့်ကိုတော်ပြီး အတော့်ကိုညံ့တာပဲ”ဟု ကိုးရိုးကားယားပြောပြန်လေ၏။ ကျွန်ုပ်သည် ရယ်ရပြန်၏။ “ကိုပီတာ ခင်ဗျားကတော့ အရင်အတိုင်းပဲ” ဟု ကျွန်ုပ်ကပြောပြန်ရာ ၎င်းက. . “ အားလုံးပြောင်းလဲကုန်ပြီ၊ မပြောင်းလဲတာကတော့ ပီတာတစ်ယောက်ပဲရှိတယ်၊ အရင်အတိုင်းပါပဲ၊ ဟဲ ဟဲ ကိုယ့်လူကို နှိမ်တာမဟုတ်ဘူးနော်၊ မှတ်မိတာလေးပြောပြတာ၊ ကိုယ့်လူကဟိုတုန်းက လွယ်အိတ်လေး တစ်လုံးလွယ်ပြီး ဆေးပေါ့လိပ်လေးပါစပ်မှာခဲလို့ အလုပ်လည်းမရှိဘူး၊ ဝင်ငွေလည်းမရှိဘူး၊ ဟိုအိမ် ကပ်စားလိုက်၊ ဒီအိမ်ကပ်စားလိုက်နဲ့၊ အခုဆေးေ

မနောမယထမင်းဝိုင်း)“ကင်ပွန်းချဉ်ရွက်ဟင်းနှင့် ငါးနုသန်းရေချို”မင်းသိင်္ခ

တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန် မရမ်းတလင်း တောစပ်ရှိ အယူတော်မင်္ဂလာခြံသို့ မိန်းမ ကြီးတစ်ဥိး ရောက်ရှိလာလေ၏။ ထိုမိန်းမကြီးမှာ ၎င်း၏လင်ယောကျာ်းရှိစဉ်က အခြေနှင့်အနေနှင့် အကျအန နေထိုင်ခဲ့သော်လည်း ၎င်း၏ယောကျာ်းဆုံးပြီ တစ်နှစ်အတွင်း၌ပင် စီးပွားဥစ္စာများ ပျက်စီးသွားရ ရှာလေ၏။ ထိုမိန်းမကြီးသည် အသက်အားဖြင့် ကျွန်ုပ်ထက် နှစ်နှစ်ခန့်ငယ်သည်။ သူ၏အမည်မှာ ဒေါ်သြဟူ၍ဖြစ်၏။ သူသည်ငယ်စဉ်က ကျွန်ုပ်နှင့် ကျောင်းနေဖက်လည်း ဖြစ်ခဲ့ဖူး၏။ ၎င်းဒေါ်သြသည် မည်သည့်အရာကိုမျှ နှစ်နှစ်ကာကာ ယုံကြည်သည်ဟူ၍ မရှိပေ။ လူတော်တော်များများ ယုံလေ့ရှိသော နတ်များ၊ ဘိုးတော်များကို သူမယုံပေ။ ထို့အတူ ငယ်စဉ်အခါက ကလေးဘာဝ

(မနောမယထမင်းဝိုင်း)“ပုစွန်ထုပ်အစိမ်းသုပ်နှင့် ငါးဖယ်ငါးဆုပ်”မင်းသိင်္ခ

တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန်၊ မရမ်းတလင်းတောစပ်ရှိ ကျွန်ုပ်၏ ခြံအတွင်းသို့ ကျွန်ုပ်၏ သိဟောင်း ကျွမ်းဟောင်း ကိုပီတာဆိုသည့် လူကြီးတစ်ဦးရောက်ရှိလာလေ၏။ ထိုကိုပီတာကြီးသည် ကောင်းစွာစိတ်မနှံရှာပေ၊။ တစ်နှစ်တစ်ခေါက်ဆိုသလို စိတ်ရောဂါကု ဆေးရုံသို့ ရောက်သွားလေ့ရှိသော ဝေဒနာသည်ကြီးလည်း ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်နေထိုင်ခဲ့သော ကြီးပြင်းခဲ့သော ရပ်ကွက်သူ ရပ်ကွက်သားများက ၎င်းအား အရူးပီတာဟု ခေါ်ကြလေ၏။ သို့ရာတွင် ကျွန်ုပ်မှမူ ထိုသို့မခေါ်ရက်သောကြောင့် ကိုပီတာကြိးဟုပင် ကောင်းကော်းမွန်မွန် ခေါ်ခဲ့ရလေ၏။ ၎င်းကိုပီတာကြီးသည် ကျွန်ုပ်ကို မြင်လျှင်မြင်ချင်း.. “ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက်..” ဟု ကိုးရိုးကားရား၊ နှုတ်ဆက်လေ၏။ ထို့နောက် ၎င်းကပင် … “ပြီးခဲ့တဲ့လဆန်းက