ရန်နှင့်အမှု့အပေါင်းအောင်မြင်စေရန်အဆောင်နှင့်ယတြာ

မိတ်ဆွေ သင်သည် ရန်နှင့် အမှု့အခင်းအပေါင်း အောင်မြင်စေရန် အကျိုးကျေးဇူးများကို အလိုရှိပါက အထက်ပါနည်းအတိုင်း ယတြာဆောင်ရွက်လိုက်ပါ။ ဥပမာအားဖြင့် သင်သည် တနင်္ဂနွေသားသမီး တစ်ဦးဦး ဖြစ်တယ်ဆိုကြပါစို့။ အိမ်မှ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးအား နံက်(၉း၀၀)မှ (၁၀း၃၀)အတွင်း ရွက်လှပန်း ကပ်လှူဆုတောင်းပါ။ ကိစ္စရှိ၍ အပြင်သွားရမည်ဆိုပါက ရဲယိုသားလက်တစ်ဆစ် ဆောင်သွားပါက ရန်နှင့် အမှု့အပေါင်း အောင်မြင်စေနိုင်တယ်လို့ ဗေဒင်ပညာက
ဆိုပါတယ်။

မှတ်ချက်။ ဗေဒင်ကျမ်းများမှ ယတြာများကို မူရင်းအတိုင်း ဖော်ပြပေးတာ ဖြစ်ပါတယ်။ ဆောင်ရွက်ရန် အဆင်ပြေသူများ ဆောင်ရွက်ကြည့်ကြပါရန်...။ နိုင်ငံခြား တိုင်းပြည်များတွင်တော့ လုပ်ဆောင်ရန် အဆင် မပြေနိုင်ပါ။အဆင်ပြေရင်တော့ ယုံကြည်စွာဆောင်ရွက်ပါ။ မြန်မာ့ရိုးရာ ယတြာပညာ စစ်စစ်များသာ ဖြစ်ပါတယ်။


နေ့ ဆောင်ရန်အညွန့်/ပန်း လှူရန်အချိန်
တနင်္ဂနွေနေ့ ရဲယိုလက်တစ်ဆစ်-ရွက်လှပန်း နံက်(၉း၀၀)မှ(၁၀း၃၀)အတွင်း
တနင်္လာနေ့ ပျဉ်းမသားလက်တစ်ဆစ်/မေမြို့(၁)ပွင့် မွန်းလွဲ(၁း၃၀)မှ(၃း၀၀)အတွင်း
အင်္ဂါနေ့ သီဟိုဠ်/သီးလက်တစ်ဆစ်/သပြေပန်း နံက်(၉း၀၀)မှ(၁၀း၃၀)အတွင်း
ဗုဒ္ဓဟူး ထိန်/ထန်း/ဓနိ-လက်တစ်ဆစ်/နှင်းဆီပန်း မွန်းလွဲ(၃း၀၀)မှ(၄း၃၀)အတွင်း
ကြာသပတေး အင်သားလက်တစ်ဆစ်/အုန်းညွန့် နံက်(၄း၃၀)မှ(၇း၀၀)အတွင်း
သောကြာ ကံ့ကော်သား/ခရေသားလက်တစ်ဆစ်/ပန်း နံက်(၁၀း၃၀)မှ(၁၂း၀၀)အတွင်း
စနေ ဇီးသားလက်တစ်ဆစ်/စံပယ်ပန်း မွန်းတည့်(၁၂း၀၀)မှ(၁း၃၀)အတွင်း


Popular posts from this blog

ကိုးန၀င်း မိုးလင်းမှသိမယ် အဓိဋ္ဌာန်(မင်းသိင်္ခ)

သွေးထွက်အောင် မှန်သည်ဆိုသောဗေဒင်(မင်းသိင်္ခ)

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်ကပြောသောသင်၏အကြောင်း

“တကယ်ချစ်လို့လား၊ အ​ပျ​ော်တွဲမွာလားတဲ့” (နှင္းအိဝေ)

ပီယသိဒ္ဓိအဆောင်