လိုရာရစေ-ဆောင်ပါလေ

တောင်တွင်းကြီးမြို့ မကာရလောပ မ-တစ်လုံးကျေဆရာတော် ခင်ကြီးဖျော်ရဲ့ အင်္ဂ၀ိဇ္ဇာနည်းနဲ့ မိမိ၏ မွေးနံကို အခြေတည်ပြီး မွေးနံ၏ မိတ်နံဂဏန်းတွေနဲ့ စီရင်ထားတဲ့ (၇)ရက် သားသမီး အဆောင်အင်းများ ဖြစ်ပါတယ်။ ထိုအင်းတော်များ၏ အကျိုးကို ဆရာတော် ခင်ကြီးဖျော်မှ အောက်ပါအတိုင်း ပြထားပါတယ်။

ရန်ခပ်သိမ်းကို အောင်စေ၏။ အသီး မသီးသော သစ်ပင်ကို အသီး သီးစေ၏။ သားမရသော မိန်းမကို သားရစေ၏ အခြွေအရံနှင့် ပြည့်စုံစေ၏။ အခြား တစ်ပါးသူတို့က အနိုင်အထက် မပြုနိုင်ပေ။ အရောင်းအ၀ယ် ကိစ္စတွေမှာ လည်း အောင်မြင်စေ၏။ အိပ်ယာမှာ ထားရင် အိပ်မက်ကောင်း
မက်စေ၏။ ရေစိမ်ပြီး သောက်ရင် အမှောင့်ပ ယောဂကို နိုင်စေ၏။ အိမ်၏ မျက်နှာကျက်မှာ ထားရင်လည်း အတွင်းအပြင် ပယောဂကို နိုင်စေ၏။

ရေဘေး ကုန်းဘေး အန္တရာယ် ကင်းစေ၏။ ရေမှာ စိမ်ပြီးသောက်ခြင်း ၊ ချိုးခြင်းပြုလုပ်ပါက ရော၈ါ အန္တရာယ်တွေ ကင်းပစေ၏။ မိမိ၏ ဥစ္စာပစ္စည်းကို ထိပါးသူတို့၏ စိတ်နှလုံးကို ချောက်ခြားစေနိုင်၏။ မြို့ရွာတွေမှာ မြှုတ်ရင် မြို့ရွာစည်ပင်စေ၏။ ကောင်းကျိုးကို လိုသော် ကောင်းကျိုး မကောင်းကျိုးကို လိုသော် မကောင်းကျိုးကို ပေးစွမ်း နိုင်၏ အစရှိသည်ဖြင့် ဖော်ပြထားပါတယ်။

သစ်သားမှာပဲ ဖြစ်ဖြစ် ကြေးပြား ငွေပြားမှာပဲ ဖြစ်ဖြစ် ၊ ရွှေပြား ငွေပြားမှာပဲ ဖြစ်ဖြစ် ဒီအင်းကို ချပြီး ဆောင်လို့ရပါ တယ်။ ဒါမှမဟုတ် ဒီအင်းကို မိတ္တူကူးယူပြီး ရေဒဏ်မိုးဒဏ်ခံအောင် ပလပ်စတစ် ကဒ်လောင်းပြီး နေ့သား အလိုက် ဆောင်ထားပါကလည်း တူသောအကျိုးကို ပေးစွမ်းနိုင်ပါကြောင်း.....












Popular posts from this blog

ကိုးန၀င်း မိုးလင်းမှသိမယ် အဓိဋ္ဌာန်(မင်းသိင်္ခ)

သွေးထွက်အောင် မှန်သည်ဆိုသောဗေဒင်(မင်းသိင်္ခ)

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်ကပြောသောသင်၏အကြောင်း

“တကယ်ချစ်လို့လား၊ အ​ပျ​ော်တွဲမွာလားတဲ့” (နှင္းအိဝေ)

ပီယသိဒ္ဓိအဆောင်