Posts

Showing posts from January 1, 2013

“သုံးဘ၀သစ္စာ” အခန်းဆက်အချစ်ဂမ္ဘီရ၀တ္ထုရှည်ကြီး အောင်ကောင်းမွန်(လားရှိုး)

Image
“သုံးဘ၀သစ္စာ” ဒေါ်မေသဉ္စာခင်ရောက်ရှိလာခြင်း အခန်း(၁) နှင်းမှုံရည်ရစ်ဖွေး မြောက်လေသွေးလျှက်ရှိသော ဒီဇင်ဘာလ ဆောင်းသဘာဝတို့ လွှမ်းမိုးနေစဉ် ဖြစ်သည့် နေ့တစ်နေ့မှာပင်ဖြစ်လေတော့၏။ ကျွန်ုပ်မှာ လားရှိုးမြို့၏ မြို့လယ်နမ့်ဟူးတောင်ခေါ် သာသနာ (၂၅၀၀)ပြည်လုံးချမ်းသာစေတီတော်ရှိ ကျွန်ုပ်ဗေဒင်ဟောခန်းတွင် လွန်စွာမှကံကြမ္မာဆိုးဝါးမှုများ ကြုံတွေ့ နေရသူသုံးဦးအား ဆက်တိုက်ပင် ဗေဒင်ဟောပြီး ယတြာများပေးနေရလေ၏။ ထိုအချိန်မှာပင် အသက် အရွယ်အားဖြင့်ဆိုလျှင် (၃၀)ကျော်ရုံမျှလေးပင်ကျော်သည်ဟုယူဆရသော အမျိုးသမီးတစ်ဦးသည်လည်း ကျွန်ုပ်ဗေဒင်ဟောပေးနေသော သူများကိုဦးစားပေး၍ စောင့်ဆိုင်းနေသကဲ့သို့ပင် ဘုရားဂေါပကရုံးတွင် ကိန်းဝပ်တော်မူသော မြတ်စွာဘုရားရှင်ကို ဦးချကန်တော့၍ ကျွန်ုပ်နှင့်မျက်နှာချင်းဆိုင်တွင်ရှိသော ဆက်တီ ခုံတစ်ခုတွင် ထိုင်နေလေ၏။ သာမန်အားဖြင့်ဆိုလျှင် တခြားသာဗေဒင်မေးသူ အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ ၎င်းတို့ရှေ့တွင် ကျွန်ုပ်ဟောပြောနေသူများရှိနေလျှင် ဘုရားကိုဦးချပြီးလျှင် ကော်ဇော ပေါ်တွင်ဘဲ ထိုင်စောင့်ရင်စောင့်ဆိုင်းနေမြဲုဖစ်လေ၏။ အမျိုးသားအရာရှိကြီးများသာ ဤကဲ့သို့စက်တီခုံတွင် ထိုင်လေ့ရှိ၏။ ဒါကလည်းကျွန်ုပ်မှ လည်းကောင်းတ

“HAPPY NEW YEAR”အောင်ကောင်းမွန်(လားရှိုး)

ကျွန်တော်တို့တတွေ ၂၀၁၃ဆိုတဲ့ အချိန်ကာလကြီးကို အတူတကွ ရောက်ရှိလို့ လာခဲ့ကြပါပြီ။ HAPPY NEW YEAR ပါ။ အခုလို မင်္ဂလာရှိသော ၂၀၁၃ နှစ်ဦးအခါသမယမှာ ကျွန်တော်ခင်မင်လေးစားရပါသော မိတ်ဆွေပရိတ်သတ်များအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပြီး နှလုံးစိတ်ဝမ်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။ ယနေ့မျက်မှောက်ကာလမှ ကမ္ဘာကြီးတစ်ခုလုံး Information Technology နည်းပညာများဟာ တစ်နေ့ထက် တစ်နေ့ ပိုမိုထွန်းကား ဆန်းသစ်လာသည်နှင့်အမျှ ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာအလား ဆက်သွယ်ရေးနည်းပညာတို့မှာ ရင်းနှီးလျှက်သွယ်ချစ်ကြိုးတွေအသွယ်သွယ် ဆက်နေကြပြီဖြစ်သလို ကမ္ဘာ့ဟိုဘက်ခြမ်းနှင့် ကမ္ဘာ့ဒီဘက်ခြမ်း တွေ့ဆုံရာမှ သည် ခင်မင်မှု၊ ခင်မင်မှုမှသည် ရင်းနှီးခြင်း၊ ထိုရင်းနှီးခြင်းမှတဆင့် ကျွမ်းဝင်လာ၊ ထိုကျွမ်းဝင်လာရာမှသည် ချစ်ခြင်းတံခါးဝ ဆီသို့ ရောက်ရှိကြလို့ နှလုံးသားတံခါးတွေကို ယနေ့ခေတ်လူငယ် Single များဟာ လှမ်းလှမ်းပြီးတော့ တဒေါက်ဒေါက် ခေါက် နေကြပါပြီ။ အခေါက်ခံရတဲ့ Online လှပျိုဖြူများဟာလည်း တံခါးလေးစေ့ယုံဘဲလား . . . ရင်ထဲကအသည်းနှလုံးကို . . . ဟန်ဆောင်သော့ခတ်လို့ထားတယ် . . . ဆို