“သုံးဘ၀သစ္စာ” အခန်းဆက်အချစ်ဂမ္ဘီရ၀တ္ထုရှည်ကြီး အောင်ကောင်းမွန်(လားရှိုး)

“သုံးဘ၀သစ္စာ”
ဒေါ်မေသဉ္စာခင်ရောက်ရှိလာခြင်း အခန်း(၁)
နှင်းမှုံရည်ရစ်ဖွေး မြောက်လေသွေးလျှက်ရှိသော ဒီဇင်ဘာလ ဆောင်းသဘာဝတို့ လွှမ်းမိုးနေစဉ် ဖြစ်သည့် နေ့တစ်နေ့မှာပင်ဖြစ်လေတော့၏။ ကျွန်ုပ်မှာ လားရှိုးမြို့၏ မြို့လယ်နမ့်ဟူးတောင်ခေါ် သာသနာ (၂၅၀၀)ပြည်လုံးချမ်းသာစေတီတော်ရှိ ကျွန်ုပ်ဗေဒင်ဟောခန်းတွင် လွန်စွာမှကံကြမ္မာဆိုးဝါးမှုများ ကြုံတွေ့ နေရသူသုံးဦးအား ဆက်တိုက်ပင် ဗေဒင်ဟောပြီး ယတြာများပေးနေရလေ၏။ ထိုအချိန်မှာပင် အသက် အရွယ်အားဖြင့်ဆိုလျှင် (၃၀)ကျော်ရုံမျှလေးပင်ကျော်သည်ဟုယူဆရသော အမျိုးသမီးတစ်ဦးသည်လည်း ကျွန်ုပ်ဗေဒင်ဟောပေးနေသော သူများကိုဦးစားပေး၍ စောင့်ဆိုင်းနေသကဲ့သို့ပင် ဘုရားဂေါပကရုံးတွင် ကိန်းဝပ်တော်မူသော မြတ်စွာဘုရားရှင်ကို ဦးချကန်တော့၍ ကျွန်ုပ်နှင့်မျက်နှာချင်းဆိုင်တွင်ရှိသော ဆက်တီ ခုံတစ်ခုတွင် ထိုင်နေလေ၏။ သာမန်အားဖြင့်ဆိုလျှင် တခြားသာဗေဒင်မေးသူ အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ ၎င်းတို့ရှေ့တွင် ကျွန်ုပ်ဟောပြောနေသူများရှိနေလျှင် ဘုရားကိုဦးချပြီးလျှင် ကော်ဇော ပေါ်တွင်ဘဲ ထိုင်စောင့်ရင်စောင့်ဆိုင်းနေမြဲုဖစ်လေ၏။ အမျိုးသားအရာရှိကြီးများသာ ဤကဲ့သို့စက်တီခုံတွင် ထိုင်လေ့ရှိ၏။ ဒါကလည်းကျွန်ုပ်မှ လည်းကောင်းတို့ကို ထိုင်ရန်ခွင့်ပြုခြင်းကြောင့်ဖြစ်လေ၏။ ယခုတော့ ထိုအမျိုးသမီးမှာ တစ်မူထူးခြားနေကြောင်းထင်ရှား၍ ကျွန်ုပ်မှာ မဟာကျေးဇူးရှင် ပညာပိုင်းဆိုင်ရာ ဆရာ သခင်ကြီးဖြစ်သော အဘဒေါက်တာမင်းသိင်္ခ သင်ကြားဖူးသော ဗေဒင်မေးသူများ ဗေဒင်ဆရာရှေ့သို့ ရောက်လျှင် နေပုံထိုင်ပုံတွေကို မြန်မာ့ဆန်းဆရာကြီးများ အနေအထိုင်နမိတ်ယူပုံကို ပြန်လည်သတိရရင်း စဉ်းစားအဖြေရှာမိလေ၏။ ကျွန်ုပ်၏အတွေးမှာ တစ်ဖက်မှအလုပ်လုပ်နေသကဲ့သို့ တစ်ဖက်မှလည်းယတြာ များပြုလုပ်ရန်ပြောပြနေလေ၏။ ကျွန်ုပ်ပြောနေသော ယတြာများကိုလည်း ဗေဒင်မေးနေသူအမျိုးသမီးမှာ သေချာစွာ မှတ်မိနိုင်စေရန်၊ တိကျစွာဆောင်ရွက်နိုင်ရန် စာရွက်ဖြင့်ရေးမှတ်နေလေ၏။ ဤသို့နှင့်ပင် ကျွန်ုပ်ဆက်လက်ဟောကြားမည့်သူမှာ စက်တီခုံတွင် ဟန်ပါပါထိုင်နေသူ အမျိုးသမီးအလှည့်သို့ ရောက်လာ ပြီဖြစ်၍ ကျွန်ုပ်မှာ ”ကဲ ရှေ့စက်တီခုံမှာထိုင်နေတဲ့ အစ်မကြီးဗေဒင်မေးဖို့လာတာဆိုရင် ခင်ဗျားအလှည့် ရောက်ပါပြီဟု“ ပြော၍ ၎င်းအမျိုးသမီးအားခေါ်လိုက်တော့၏။ တစ်ဖက်မှလည်း ဟောပြောပြီးသူ အမျိုးသမီး မှာ ကျွန်ုပ်အား ဦးချကန်တော့ပြီး ကျေးဇူးတင်စကားပြော၍ ပြန်သွားလေ၏။ ဤကဲ့သို့ ယင်းအမျိုးသမီးမှ ကျွန်ုပ်အားကန်တော့နေခြင်း ကျွန်ုပ်နှုတ်မှ ပြန်လည်ပြီးဆုပေးနေခြင်းကိုကြည့်ရင်း ၎င်းအနေဖြင့် စက်တီခုံ ပေါ်တွင် ထိုင်နေခဲ့ခြင်းအား ပြန်လည်ပြီးသတိဝင်လာဟန်ဖြင့် ၎င်းထိုင်ခဲ့သော စက်တီခုံကိုပြန်ကြည့်ပြီး ကျွန်ုပ်ကိုပြန်ကြည့်ကာ အားနာသွားပုံရလေ၏။ မည်သို့ပင်ဆိုစေ ကျွန်ုပ်အနေဖြင့်
ယင်းဖြစ်စဉ်အပေါ်တွင် နိမိတ်ယူ၍ ကောင်းခြင်း၊ မြတ်ခြင်းသဘော၊ ဆိုးခြင်း၊ ရုတ်ခြင်းသဘောကို ကောက်ယူအမှတ်ပေးထားပြီး ဖြစ်၏။
ဗေဒင်စားပွဲတွင် အမျိုးသမီးထိုင်ပြီးသည်နှင့် ကျွန်ုမှာဘာတစ်ခွန်းမျှမပြောသေးဘဲ ၎င်းထိုင်ပုံ လက်တွင်ကိုင်လာသော ပခုံးလွယ်ပိုက်ဆံအိပ်ကို သူ၏ထိုင်ခုံဘေးတွင်ကပ်၍ ထားရှိပုံများအားနမိတ်ယူထားပြီဖြစ်၏။ ထို့နောင်တွင်သူ၏အိတ်အတွင်း မှ ဖယောင်းတိုင်အနီ၊ အဖြူတစ်ထုပ်နှင့် အမွှေးတိုင်အထုပ်ကြီးတစ်ထုပ်ဖြင့် ကျွန်ုပ်အား ရိုသေစွာပေးလှူ ပြီး ၎င်းနှင့်ပတ်သက်သမျှကို ပြောလေတော့၏။
“ကျွန်မအမည်မှာ ဒေါ်မေသဉ္စာခင် လို့ခေါ်ပါတယ်ဆရာ၊ ကျွန်မဆေးနဲ့ ကျောင်းပြီးပါပြီ၊ အလုပ်သင် လည်းဆင်းပြီးပါပြီဆရာ အခု postin ၀င်ဖို့စောင့်နေတာပါ။
ကျွန်မမွေးသက္ကရာဇ်က (၁၉၈၂ ခုနှစ် ဒီဇင်ဘာလ (၉)ရက်) ကြာသပတေးသမီးပါ။ မြန်မာသက္ကရာဇ် ကတော့ ၁၃၄၄ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော်(၉)ရက်နေ့ပါဆရာဟု ပြောလေ၏။ ကျွန်ုပ်သည်နှစ်တစ် ရာပြက္ခဒိန်ကိုလှန်ယင်း ၎င်းအမျိုးသမီးဖြစ်သူ ဒေါ်မေသဉ္စာခင်၏ အင်္ဂလိပ်မြန်မာ မွေးသက္ကရာဇ်များ မျှတ ညီညွတ်မှုရှိမရှိ စစ်ဆေးရာတွင်လည်း ဟုတ်မှန်နေသောကြောင့် ၎င်းအမျိုးသမီးအား ကောင်းမြတ်ခြင်း သဘောကိုထပ်မှန်၍ အမှတ်ပေးရပြန်၏။ နာရီကိုလှမ်းကြည့်ရာတွင် နေ့ခင်းမွန်းတက်(၁၁း၄၅)နာရီဖြစ်နေ ၏။ ကျွန်ုပ်ဗေဒင်စ၍ ဟောပြောသည့်အချိန်ဟာ (၁၁း၀၀)တိတိတွင် ဗေဒင်စားပွဲစထိုင်၍ ဘုရားကန်တော့ပရိကန်ပြုလုပ်ပြီး သတ္တ၀ါအပေါင်းနှင့်တကွ အဘဒေါက်တာမင်းသိင်္ခ၏ တပည့်ပရိတ်သပ်များအားလုံး ကျွန်ုပ်၏တပည့်ပရိတ်သပ်များအားလုံး တရုတ်၊ ဗုဒ္ဓဘာသာဝင်တို့တွင် မိလိဖုခေါ်(အရိမိတ္တယျ) ဘုရား လောင်းကို ကိုယ်းကွယ်သူ ခုနှစ်ရက်သားသမီးများအားလုံးကို အထူးမေတ္တာပို့၏။ ပြီးလျှင်ဆရာသခင်တို့ထံ ခွင်ပန်၍ တစ်နေ့တာ ဗေဒင်ဟောပြောခြင်း၊ ယတြာပေးခြင်းအလုပ်ကို စတင်လုပ်လေ၏။ ဒါဟာနေ့စဉ်ဖြစ် ၏။ ယခုဒေါ်မေသဉ္စာခင်မှာ ကျွန်ုပ်ထို့နေ့၏ ဗေဒင်စားပွဲထိုင်ပြီး (၄၅)မိနစ်တိတိတွင် ၎င်းအားဗေဒင်စ၍ တွက်ပေးနေရခြင်းဖြစ်သလို ထိုနေ့သည်လည်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ (၂)ရက်ဖြစ်သောကြောင့် ရက်လနှစ် တို့ကို စာလုံးထဲပေါင်းလျှင် (၉)ဂဏာန်းရနေကြောင်းကို ကျွန်ုပ်ကောင်းစွာ သတိပြုမိပြန်၏။ ဒီအမျိုးသမီး ကတော့ ၉ ဂဏာန်းသမားဘဲ ၉ ဂဏာန်းဟာသူ့ကို တော်တော်စိုးမိုးနေတာ။ ကျွန်ုပ်သည် ၉ ဂဏာန်းအား စဉ်းစားလျှင်အမြဲလိုပင် ၇ ဂဏာန်းသည် ပါလာတတ်လေ၏။ ဘာအကြောင်းကြောင့်လည်းဟု တစ်စုံတစ် ယောက်မှ မေးလာလျှင်ဖြစ်စေ၊ ဗေဒင်တတ်တဲ့ ဂမ္ဘီရပညာရှင်ဆရာကြီး တစ်ဦးဦးမှ မေးခဲ့သည်ရှိလျှင် ကျွန်ုပ်အနေဖြင့် ဘယ်လိုမှပင် ရေရေရာရာပြန်ပြီးဖြေနိုင်မည်မဟုတ်ပါ။ သို့သော်လည်း ဤကမ္ဘာလောက ကြီးတစ်ခုလုံးတွင် (၉)ဂဏာန်းနှင့် (၇)ဂဏာန်းတို့၏ အကြောင်းကိုထူးထူးခြားခြားရှိတာမြင်ရင်ပြောပြစမ်းပါ အောင်ကောင်းမွန်ရာဟုသာပြောလာလျှင် ကျွန်ုပ်အနေနှင့် ကျမ်းကြီးစာစောင်အထိရေးဖွဲ့မှတ်သားထားလို့ ရလောက်အောင်ပင် ကျွန်ုပ်အနေဖြင့် အချိန်ပေးပြီးပြောဖြစ်မည်မှာ မှန်သောသစ္စာစကားပင်ဖြစ်၏။
အဘယ့်ကြောင့်ဆိုသော် ကျွန်တော့အဘဒေါက်တာမင်းသိင်္ခမှ ကမ္ဘာလောကကြီးတစ်ခုလုံးနှင့် ပတ်သတ်၍ ကိန်းဂဏာန်းတို့၏ စိုးမိုးပုံအစွမ်းထက်မြတ်ပုံ လူတို့ကိုကောင်းကျိုးပြုပုံ၊ ဆိုးကျိုးပြုပုံတို့ကို နုတ်မှ အဘအနီးကပ်တပည့်ကြီးများ (ဆရာကြီး၊ ဆရာမကြီးများ)ကိုသာပြောပြထားသော စကားများကို အဘ၏အထူးအားထားရသူ အဘအနီးကပ်အဘတပည့်ကြီး ဆရာကြီးသိဒ္ဒိဆန်းလက်ရေးမူနှင့် မူရင်းစာ ရွက်ထုပ်ကြီးမှာ ယခုအချိန်ထိ ကျွန်ုပ်မှာကောင်းစွာ သိမ်းဆည်းထားရှိခြင်းကြောင့်ပင်ဖြစ်၏။ ၎င်းစာရွက် ထုပ်ကြီးကို သေချာစွာချုပ်၍ အဘရဲ့အရေးကြီးပညာရပ်များ (ထိပ်တန်း ဂမ္ဘီရပညာဖိုင်) မဆိုင်သူများ လှမ်း၍ မျက်စောင်းမျှပင်မထိုးရဟု ရေး၍သေခြာသိမ်းဆည်းထားခြင်းကြောင့်ဖြစ်၏။
ဤသို့ပင် ကျွန်ုပ်သည် ဂဏန်းဗေဒင်နဲ့ပတ်သက်လို့ကတော့ကွာဆိုပြီး ဘ၀င်အမြင့်ကြီးမြင့်၍ နေလာခဲ့သည်မှာ အတော်ပင် ကြာပြီဟု ၀န်ခံမိပါသည်။ လက်တွေ့တော့ ဂဏန်းဗေဒင်နှင့် ပတ်သက်သည့် ထူးထူးခြားခြားပတ်သက်ဆက်နွယ်သူတို့ကို ဘ၀မှာ လုံးဝ (လုံးဝ)ကို မတွေ့ခဲ့ဘူးသည့်မှာ အမှန်ပင် ဖြစ်တော့၏။ ယခုဗေဒင်မေးသူ ဒေါ်မေသဉ္စာခင်မှာ ဂဏန်းဗေဒင်မှပြသောနိမိတ်ထူးများပေါ်နေသကဲ့သို့ကျွန်ုပ်တို့၏ အဘဆရာကြီးဒေါက်တာမင်းသိင်္ခဗေဒကျောင်းတော်ကြီး၏မူရင်းပညာရပ်ဖြစ်သောစန်းဗေဒင်ကိန်းဂဏန်း များကို တွက်ချက်ရင်းမှာ ပင် ကျွန်ုပ်မှာ ဒီအမျိုးသမီးတော့ တော်တော်ထူးနေပြီဟုကျွန်ုပ်အနေနှင့် ကောင်းစွာ သတိထားမိတော့၏။

၉-၁၂-၁၉၈၄၊ ၁၃၄၄ တန်ဆောင်မုန်းလပြည့်ကျော် (၉)ရက်၊ ကြာသပတေးနေ့ နံနက် (၉း၀၀)မွေး၊ ဒေါ်မေသဉ္စာခင်၏ မဟာဘုတ်နှင့် သက်ရောက်တိုင်
မှတ်ချက်


မြန်မာဆန်းဗေဒင်ပညာကို တတ်ကျွမ်းနားလည်သူ ဗေဒင်ဆရာများဝေဖန်နိုင်ရန် အားရည်ရွယ် တင်ပြခြင်းဖြစ်သည်။
စာရေးသူ
ဒေါ်မေသဉ္စာ၏ လတ်တလော (၅၂)ရက်ကံဇာတာကိုလည်း အတိအကျပြောပြနိုင်ရန် တားရော့ချိုး ခိုင်းရာတွင်လည်း ပထမဆုံးကျကပ်မှာ တားရော့နံပါတ် (၁၁) မနုစာရီကပ်ဖြစ်ပြီး၊ (၁၀)တန့်ကပ်မှာ တား ရော့နံပါတ် (၉) ပုဏ္ဏားဘကွန်းလာပ်ဖြစ်နေပြန်၏။ (၇) တန့်ကပ်ကို သတိထားကြည့်ရာတွင် တားရော့ နံပါတ် (၁၉)နေသူရိန်ကတ်ဖြစ်နေသောကြောင့် ကျွန်ုပ်အနေနှင့် ဇာတာရှင် ဒေါ်မေသဉ္စာခင်၏ လက်ရှိ ဖြစ်နေသော အခြေအနေများကို ကောင်းစွာသဘောပေါက်၍ စီးကရက်တစ်လိပ်အား မီးညှိပြီးရှိုက်ဖွာရင်း ပင် (၅၂)ရက် ကံဇာတာကို ဆက်တိုက်ပင်ဟောသွား၏။ ပြီးလျှင်တစ်နှစ်စာဖြစ်လာမည့် ကံဇာတာကိုဆက် ၍ဟောပြောကာ၊ ယတြာများပါတစ်ပါတည်းထည့်၍ ပြောရပြန်၏။ ထို့နောက်တွင် လူတို့၏ဘ၀တွင် အရေး ကြီးဆုံးဖြစ်သော၊ လူတာဝန်တစ်ခုလို့ပင်ပြောလျှင် ပြော၍ရသော အိမ်ထောင်ရေးဟုဆိုသည့် အရေးကြီးနှင့် ပတ်သတ်၍ ၎င်း၏ဘ၀တွင် အရေးကြီးနေပုံ၊ အရွေးမှန်ရင်၊ စိတ်ဆောင်ရာသို့ ဥာဏ်ရှင်ပြီး အမြဲတစ်ထပ် တည်းလိုက်နေဖို့ သတိကြီးစွာရှိရန် ဟောပြောရတော့၏။ ဒေါ်မေသဉ္စာခင်မှာ ကျွန်ုပ်နှုတ်မှ ပြောသမျှကို သေချာစွာ ရေးမှတ်ထား၏။ ကျွန်ုပ်ဟောပြောခြင်းတွင် ဇာတာရှင်ဒေါ်မေသဉ္စာ၏ ဘ၀တစ်သက်တာတွင် ကံကောင်းမှုများဖြစ်ထွန်းထောက်ပံ့မှုရစေမည့်ကံဆိုးမှုတို့ကို တားဆီးနိုင်ရန်အတွက် တစ်သက်တာ အဆောင်ကျောက်အဖြစ် ပတ္တမြားတစ်လုံးကို အမြဲတမ်း အသားနှင့် ထိနေအောင် ဆောင်ထားရန်လို ကြောင်းကိုလည်း မှာကြားရလေတော့၏။ ဤသို့ပြောလိုက်ခြင်းကို ဒေါ်မေသဉ္စာခင်မှာ အနည်းငယ် ပြန်လည်မေးလိုကြောင်းကိုမူ ၎င်း၏ မျက်နှာ၊ မျက်လုံးအစုံပုံပန်းသဏ္ဍာန်မှ ပြနေသောကြောင့် ကျွန်ုပ်မှ စိတ်မကြေမနပ်တာ မရှင်းတာ၊ ထပ်ပြီးသိလိုတာတွေမေးဖို့ကျန်ရင် လွတ်လွတ်လပ်လပ်မေးလို့ပြောလို့ ရတယ်၊ ဒေါ်မေသဉ္စာင်ဟု ပင် မေးခွင့်ပေးလိုက်၏။ ထို့ကြောင့်၎င်းမှ ဒီလိုပါဆရာ ပတ္တမြားကို ကျွန်မ ကြိုက်ပါတယ်။ ဒါပေမဲ့လို့ ကျွန်ုမကြားဘူးတာ မိန်းကလေးတွေအနေနဲ့ ပတ္တမြားက မတည့်တာ ရှိတတ် တယ်။ မိန်းကလေးတစ်ယောက်အနေနဲ့ ဘ၀တစ်သက်တာလုံးပတ္တမြားဆောင်ရင် ကျွန်မအနေနဲ့ပေါ့လေ၊ တကယ်ဘဲ သင့်တော်သလားဆရာဟုပင် ပြန်၍ မေးလေ၏။
ခင်ဗျားအတွက် ဘ၀တစ်သက်တာလုံးပတ္တမြားဆောင်လို့ ရလို့ သင့်တော်လို့ ကျွန်တော်ကနေ အကြံပြုညွှန်ကြားတာပါ။ သေသေချာချာတွက်ချက်ပြီး ပြောတာ။ ခင်ဗျားဟာ အင်္ဂလိပ်လို (၉) ရက် မွေးသူ ဖြစ်တယ်။ အနောက်တိုင်းဂဏန်းဗေဒင်ပညာအရ (၉)ဂဏန်းသမားလို့ မှတ်ယူရမယ်။ ပြီးတော့ ခင်ဗျား မဟာဘုတ်မှာလည်းသုညကြွင်းတူဖြစ်တယ်။ ခင်ဗျားဟာအထက်တန်းစား ဇာတာရှင်တစ်ဦးဖြစ်နေတယ်။ အဲဒါကြောင့်မလို့ အိမ်ထောင်ရေးမမှားဖို့ ကျွန်တော်သေသေချာချာသတိပေးထားတာပါ။ သာမန်ယောကျာ်း မျိုးနဲ့အိမ်ထောင်ပြုမိရင်တောင်မှ ခင်ဗျားအိမ်ထောင်ကမြဲမယ်လို့ တပ်အပ်မပြောနိုင်ဘူး။ ဘာလို့လည်း ဆိုတော့ခင်ဗျားဟာ သိပ်မြင့်မြတ်နေလို့။ အဲဒါကြောင့်မလို့ တစ်သက်တာအတွက် အဆင့်တန်းမြင့်တဲ့ အိမ်ထောင်ဖက်ဖြစ်မှလက်ထက်သင့်တယ်။ ပြီးတော့ အင်္ဂလိပ်လရဲ့ဘယ်လဘဲဖြစ်ဖြစ် (၉)ရက် (၁၈)ရက် (၂၇)ရက်နေ့တွေမှာ မွေးသူတွေဟာ ဆန့်ကျင်ဖက်လိင်ကြောင့် ဒုက္ခရောက်တတ်လို့ သတိထားရတယ်။ အလားတူ ဆန့်ကျင်ဖက်လိင်ကြောင့်ဘဲ ဘ၀အခြေအနေဟာအမြင့်မားဆုံး၊ အမြတ်ဆုံးထိကိုလည်း မမျှော် လင့်ဘဲပြောင်းသွားနိုင်သေးတယ်။ အဲဒါဟာဘ၀အတွက်အရေးကြီးတဲ့အချက်ပါဘဲ။
ယောက်က်ျားဆိုရင်မိန်းမအတွက်ဒုက္ခရောက်တတ်တယ်၊ မိန်းမတွေဆိုရင်လည်း ယောက်ျားတွေ အတွက်ဒုက္ခရောက်တတ်တယ်။ ဒေါ်မေသဉ္စာခင်မှာ ကျွန်တော်ပြောသမျှနားထောင်ရင်းပင် ခေတ္တတွေဝေ သွား၏။ ပြီးမှပင် ပြန်၍သတိဝင်ဟန်ဖြင့်ပင် ကျွန်တော်ကိုကျေးဇူးတင်စကားပြောပြီး ဥာဏ်ပူဇော်ကန်တော့ ၍ပြန်သွားလေ၏။ ပြန်ခါနီးတွင်ကျွန်တော့်အား ကျွန်မဆရာဆီမှာ ဗေဒင်မေးဖို့လာတာ ဒါနဲ့ဆိုရင် (၃)ခေါက်ရှိပါပြီ။ဆရာမရှိတဲ့အချိန်၊လူများနေတဲ့အချိန်တွေနဲ့ဘကြုံခဲ့လို့မမေးဖြစ်ခဲ့တာပါ။အခု(၃)ခေါက်   မြောက်မှတွေ့ဖြစ်ခဲ့ရတာပါ။ ဆရာဟောပြောချက်တွေအားလုံးလိုလိုဟာ ကျွန်မအတွက်တိုက်ဆိုင်မှုရှိပါ တယ်။ တစ်ကယ့်ကိုမှန်ပါတယ်ဆရာ။ အခုဆရာဟောသမျှ ကျွန်မဒီညသေချာပြန်ပြီး ဖတ်ပါ့မယ်။ ပြီးရင် ကျွန်မ မနက်ဖန်ဆရာ့ဆီပြန်လာတွေ့ချင်ပါတယ်။ ထပ်ပြီးမေးခြင်တာ ကျွန်မဘ၀အတွက် အရေးတကြီး ဆုံးဖြတ်စရာတွေရှိလို့ပါဆရာ ဟုပြောရာ ကျွန်ုမှကောင်းပါပြီ မနက်ဖန်ကာပြန်လာပြီး မရှင်းတာ လွတ်လွတ် လပ်လပ်မေးလို့ရပါတယ်။ နေ့ခင်း(၂)ချက်ထိုးလောက်ဆို ဟောခန်းမှာလူရှင်းပါပြီ။ အေးအေးစေးစေးပြော ချင်ရင် အဲဒီအချိန်လောက်မှလာပါ။ ဒါကကျွန်မလိပ်စာကတ်ပါ ဆရာဟုပြောင်၍ သူမ၏လိပ်စာအပြည့်အစုံ ပါလိပ်စာကတ်ကိုမူ ပေးခဲ့လေ၏။
ထို့နောက် ဒေါ်မေသဉ္စာခင်ဟူသော မိမိကိုယ်ကိုယ်မိမိ အသက်(၃၀)၀န်းကျင် အသက်အရွယ်နှင့်ပင် လေးလေးစားစား လူကြီးဆန်ဆန် ခေါ်ဝေါ်ပဥာတ်တတ်သူမိန်းမပျိုလေးမှာ ကျွန်တော့ဗေဒင်ဟောခန်းမှပင် ထွက်ခွါ သွားလေတော့၏။ သူမထွက်ခွါသွားမှပင် လိပ်စာကတ်ကို ကျွန်ုပ်ကောင်းစွာကြည့်မိရာတွင် ကျွန်ုပ် လွန်စွာမှပင် တုံလှုပ်၍သွားလေတော့၏။ ကျွန်ုပ်မျက်လုံးအစုံသည် ပြူး၍သွားသလိုခံစားရ၏။ ကျွန်ုပ်ပါးစပ် များလည်း ပွင့်သွားသလားမသိတော့။
ဤကဲ့သို့ ကျွန်ုပ်အနေနှင့် လွန်စွာမှ အံသြခြင်းတို့၏အမြင့်ဆုံးသို့ ရောက်သွားရခြင်း၏ ပွိုင့်မှာတော့ သူမ၏အိမ်တွင်တွဲ၍ ပြုလုပ်ထားသော လုပ်ငန်း၏နာမည်ကြောင့်ပင်ဖြစ်တော့၏။ “ အဲဒီအမျိုးသမီးက ကိုယ်ပိုင်အင်တာနက်ဆိုင်ဖွင့်ထားတယ်- သူ့ဆိုင်နာမည်က “Platonic Love “ ဆိုပါလား။ ကျွန်ုပ်၏နားတွင် “Platonic Love “ ဆိုသောအသံတို့သည် ပဲ့တင်ထပ်၍ပင်ကြားနေမိတော့၏။ လှုပ်ရှားတုန်း လှုပ်ရှားမှုများ လွန်စွာအားကြီးနေသော ကျွန်ုပ်စိတ်နှလုံးအား ထိန်းချုပ်၍ပင် “တစ်ခုခုတော့ထူးနေပြီ” ဟုဆုံးဖြတ် ချက်ချ မိလိုက်လေတော့သတည်း။


                                                                    ဆက်လက်ဖော်ပြပါဦးမည်

မေတ္တာအနန္တဖြင့်
အောင်ကောင်းမွန်(လားရှိုး)


မှတ်ချက်။ ။
ယခုကျွန်ုပ်ရေးသားဖော်ပြလျှက်ရှိသော “သုံးဘ၀သစ္စာ“ အခန်းဆက်ဝတ္ထုရှည်ကြီးတွင် ယခုအခန်း (၁)တွင် ဤအခန်း(၁)တွင် ဤအခန်းဆက်ဝတ္ထုဇာတ်လမ်းကြီးတစ်ခုလုံး၏ အဓိကအမျိုးသမီးဇာတ်ဆောင် ဖြစ်သော ဒေါ်မေသဉ္ဖာခင်အား ဗေဒင်မေးစဉ်တွင် ဗေဒင်ဆရာဖြစ်သူမှ ၎င်းကိုဟောပြောလိုက်သောအချက် အားလုံးကို ကျွန်ုပ်အနေဖြင့် ဖော်ပြလိုပါသည်။ စာဖတ်ပရိတ်အားလုံးလည်း ယင်းဇာတ်ကောင်၏ ဇာတာ ထူးခြားမှုတို့ကို သိစေခြင်ပါသည်။ သို့သော်လည်း ယင်းအမျိုးသမီးမှာ လက်ရှိဘ၀အချေအနေ၊ ၎င်း ၏ပညာရာထူး၊ အရှိန်အ၀ါ အဆင့်အတန်းတို့နှင့် စပ်လျှင်း၍ တစ်ချို့သောဟောချက်များမှာ မသင့်တော်မူ ရှိနေခြင်းကြောင့် တစ်ကြောင်း၊ လက်ရှိခေတ်အခြေအနေအရဆိုလျှင် သဘာဝမကျနိုင်လောက်အောင်ပင် ထူးခြားမှုဟောချက်တို့ ပါနေခြင်းကြောင့်ပင် ဟောချက်တို့အား အကျဉ်းချုံးဖော်ပြထားခြင်းဖြစ်ပါသည်။
သို့သော်လည်း ဤထူးခြားလျှို့ဝှက်ဆန်းကျယ်မှုတို့နှင့် စုစည်းဖန်တည်းသော ဤအချစ်ဇာတ်ထုတ် ကြီးတစ်ခုလုံးသာဖတ်ရှုခဲ့သည့် အချိန်တွင် စာဖတ်ပရိတ်သတ်များ စိတ်ဝင်စားသူရှိ၍ ပြန်လည်တောင်းဆို မှုရှိလျှင် ဤဇာတ်ကောင် ဒေါ်မေသဉ္ဇာခင်၏ဟောချက်ကို မြန်မာဆန်းပညာခွင်ဟောကြားမှုအား၎င်း၊ အနောက်တိုင်း ဂဏန်းဗေဒင်နှင့် မြန်မာဘုတ်ပညာတို့မှရ ရှိလာသည့် ၎င်း၏တစ်တဘ၀တာ ပင်ကိုမူလ စရိုက်များအား၎င်း၊ ၎င်းမေးစဉ်အချိန်တားရော့ (၁၂)ချပ်၏ (၁၂)ရာသီဟောကိန်းကိုလည်းကောင်း ပြန်လည်ဖော်ပြ ပေးမည်ဖြစ်ပါသည်။


လေးစားစွာဖြင့်
စာရေးသူ

Popular posts from this blog

ကိုးန၀င်း မိုးလင်းမှသိမယ် အဓိဋ္ဌာန်(မင်းသိင်္ခ)

သွေးထွက်အောင် မှန်သည်ဆိုသောဗေဒင်(မင်းသိင်္ခ)

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်ကပြောသောသင်၏အကြောင်း

“တကယ်ချစ်လို့လား၊ အ​ပျ​ော်တွဲမွာလားတဲ့” (နှင္းအိဝေ)

ပီယသိဒ္ဓိအဆောင်