Posts

Showing posts from June, 2014

“စိန်တတင်း ဂျင်းတတက် အမှားတွေကိုဖျက်” အောင်ကောင်းမွန်(လားရှိုး)

          ခရစ်သက္ကရာဇ် ၂၀၀၃-ခုနှစ်၏ နွေဦးကာလ မတ်လ၏ နေ့ရက်များမှာပင်ဖြစ်လေတော့၏။ ကျွန်ုပ်သည် မဟာကျေးဇူးရှင်ကြီးဖြစ်သော အဘဒေါက်တာမင်းသိင်္ခနေထိုင်ရာ မှော်ဘီမြို့အစွန် မရမ်းတလင်းတောစပ်ရှိ အယူတော် မင်္ဂလာခြံဆီသို့ စတင်ပြီးရောက်ရှိသွားတော့၏။           ခြံအတွင်းတွင် အဘထုလုပ်ထားသော ရုပ်ထုများစွာလည်းရှိ၏။ ဂမုန်းခြံကြီးတစ်ခုကိုလည်းတွေ့မြင်ရ၏။ ထိုဂမုန်းခြံ၏ နံဘေးတွင် လွန်စွာလှပသောတိုက်အိမ်လေးတစ်လုံးဆောက်လုပ်ထား၏။  ထိုတိုက်အိမ်လေး၏ရှေ့တွင် ရေကန်တစ်ခုရှိနေသေးတော့၏။ ထို့ကြောင့် ထိုအိမ်လေးသည် နေထိုင်ရသူအတွက် လွန်စွာစိတ်ချမ်းသာဖွယ်ရှိသည်ဟု ကျွန်ုပ်တစ်ယောက်တည်း တွေးတောနေမိ၏။ ထိုအချိန်၌မှာပင် ထိုအိမ်လေးအတွင်းဆီမှ လွန်စွာတည်ကြည်ခံ့ညားပြီး သံလိုက်ဓါတ်များ လှိုင်းလုံးထ၍ထွက်လာသကဲ့သို့ထင်မှတ်ရသည့်