“အချစ်ရေးအဆင်ပြေရန် ပြဒါးမှန်”အောင်ကောင်းမွန်(လားရှိုး)


   တစ်နေ့သောနံနက်ခင်းတစ်ခု၌ ကျွန်ုပ်နေထိုင်ရာ လားရှိုးမြို့ ရန်တိုင်းအောင်ဘုရားအနီး၊ ရေလီရတနာမြို့သစ်ရှိ ကျွန်ုပ်နေအိမ်သို့ အသက်(၃၀)ဝန်းကျင်အရွယ်ခန့် မိန်းကလေးနှစ်ဦးတို့သည် အထုတ်ကြီးအထုတ်ငယ်စွဲ၍ ရောက်ရှိ လာကြလေ၏။

 မိန်းကလေးတစ်ဦးမှာ ကျွန်ုပ်၏ ငယ်သူငယ်ချင်းဖြစ်သူ “မေမိုးသူ”ဖြစ်၍ ကျန်တစ်ဦးမှာ သူမ၏သူငယ်ချင်းပင် ဖြစ်လေ၏။ မေမိုးသူလက်ထဲတွင်လည်း ရှပ်အင်္ကျီစတိတ်ကော်လာတစ်ထည်နှင့် ပုဆိုးတစ်ကွင်းဖြစ်ပြီး ကျန်တစ်ထုတ်မှာ  ကျွန်ုပ်စားစရာမုန့်များနှင့် သတ်သတ်လွတ်ဟင်းလျာများချက်ရာတွင် အသုံးများသော ဟင်းခတ်အမွေးမှုန့်များ၊ မှိုခြောက်များ၊ အသားတုများဖြစ်၏။

 မေမိုးသူမှ -
          “ငါ့သူငယ်ချင်းက သတ်သတ်လွတ်စားပြီး အဓိဋ္ဌာန်ယူထားတယ်ကြားလို့ ဟင်းချက်ရင်အသုံးပြုဖို့အတွက် လိုရမယ်ရ လေးတွေ ငါကဝယ်ပေးလာတာ . . . ပြီးတော့ နင့်အတွက် အင်္ကျီနဲ့ပုဆိုး ကိုယ်တိုင်းကိုတော့ ငါမှန်းပြီးဝယ်ခဲ့တယ် . . . နင်က ပိန်ပိန်ပါးပါးဆိုတော့ မှန်းဖို့လွယ်ပါတယ်” ဟု ဆိုကာ ကျွန်ုပ်အား သူမ၏လက်ဆောင်ထုတ်များကို ပေးလေ၏။  

 ထို့နောက် သူမ၏သူငယ်ချင်းဟု ယူဆဖွယ်ရသော မိန်းကလေးတစ်ဦးနှင့် ကျွန်ုပ်အားမိတ်ဆက်ပေး၏။ ၄င်းသူငယ်ချင်း အမည်မှာ “မမြမေ”ဟူ၍ဖြစ်၏။ သူမသည်လည်း NGO ရုံးတစ်ခုတွင် ကွန်ပျူတာအင်တာနက်သုံး၍ပြုလုပ်ရသော စာစီ၊စာရိုက်၊ စာပို့၊စာလက်ခံ စာရေးမအလုပ် လုပ်ကိုင်နေသူဖြစ်ကြောင်းသိရ၏။
          ကျွန်ုပ်မှာလည်း ၎င်းမိန်းမပျိုနှစ်ဦးအား နေရာထိုင်ခင်းပေးပြီး ကျွန်ုပ်ကိုယ်တိုင် လက်ဖက်ခြောက်၊ အချိုခြောက်နှင့် အဖန်ခြောက်ရော၍နှပ်ထားသောအဖန်ရည်ကို နို့ဆီ၊ နို့စိမ်း၊ ထောပတ်တို့နှင့် သေချာစွာ အဘမင်းသိင်္ခမူအတိုင်းဖျော်ထားသည့် မနောမယလက်ဖက်ရည်နှင့် ဧည့်ခံရလေ၏။

 မေမိုးသူ လက်ဆောင်ယူလာသော ကိတ်မုန့်၊ ပေါင်မုန့်များကို ဘုရားဆွမ်းတော် နှင့် အဘနှင့်ဝိဇ္ဇာများကိုကပ်လှူပြီး ကျန်မုန့်များကို သူမတို့အား ပြန်၍ကျွေးမွေး၏။ ကျွန်ုပ်ကိုယ်တိုင်လည်း ဝင်စား၏။
“မေမိုးသူတစ်ယောက် ဒီနေ့မှ ကျုပ်အတွက် အင်္ကျီတွေပုဆိုးနဲ့ မုန့်တွေဝယ်လာတာ ငွေတော့အတော်ကုန်မယ် ထင်တယ် . . . စေတနာကလည်း တယ်လည်းကောင်းတာကိုး . . . ” ဟုပြောရင်း သူမ၏မျက်နှာအား စူးစိုက်၍ကြည့်လိုက် ရာ လျှပ်တပြက် ရှက်ကိုးရှက်ကန်းဖြစ်သွားသည့် မေမိုးသူ၏မျက်နှာအား သူငယ်ချင်းဖြစ်သူ မြမေရော ကျွန်ုပ်ပါကြည့်၍
ရယ်မောရလေတော့၏။

ထိုအခါမှ ဆရာဝန်မကြီး ဒေါက်တာမေမိုးသူမှ ရုတ်တရတ်အိနြေ္ဒကိုထိန်းပြီး -
“နင်တို့ကလည်း ဘာရယ်ကြတာလည်းမသိဘူး . . . ငါ့ကို အဲ့လိုမျိုးသိပ်မစကြပါနဲ့ဟာ . . . ငါမနေတတ်ဘူး” ဟု  ပြောလေ၏။

အကြောင်းမှာမူကား ၎င်းကျွန်ုပ်၏ ငယ်သူငယ်ချင်းဖြစ်သူ မေမိုးသူသည် ဆရာဝန်မလေးတစ်ဦးဖြစ်၏။ ယခုအခါတွင် နိုင်ငံခြားမှ အပြည်ပြည်ဆိုင်ရာ လူမှုရေးဝန်ဆောင်အသင်းတစ်ခုတွင် Project Officer ရာထူးနှင့် တာဝန်ထမ်းဆောင်နေ၏။ 

ပြီးခဲ့သောလတွင် သူမခမျာ အချစ်ရေးနှင့်ပတ်သက်၍ မတင်မကျ အခြေအနေမျိုး ကြုံတွေ့နေရ၍ ကျွန်ုပ်ထံ ယတြာတောင်း သွားခဲ့၏။ သူမ၏ချစ်သူမှာ ယခင်က မူးယစ်ဆေးစွဲခဲ့ဘူးပြီး သူမကိုယ်တိုင် ဆေးဖြတ်ပေးခဲ့ရာ ယခုအခါတွင် ကျန်းမာရေး ကောင်း၍ လူကောင်းတစ်ဦးပြန်၍ဖြစ်နေပြီဖြစ်သည့်အပြင် ကွန်ပျူတာ အင်တာနက်နဲ့ပတ်သက်သော လုပ်ငန်းများကို နိုင်ငံခြားနဲ့တောင် ဆက်သွယ်လုပ်ကိုင်အောင်မြင်နေသူဖြစ်နေပြီဖြစ်၏။

 ဒေါက်တာ မေမိုးသူနှင့် သူမ၏ကောင်လေးတို့မှာ တစ်ဦးနှင့်တစ်ဦး အိုးချင်းထားအိုးချင်းထိဆိုသလို တော်တော်လေးကိုသံယောဇဉ်ဖြစ်နေကြပြီဖြစ်၏။ သို့သော်လည်း ကောင်လေးအနေနဲ့ သူ၏ဆရာဝန်မကြီးကို  ပြန် Propose လုပ်ဖို့ အခက်အခဲဖြစ်နေပုံရ၏။ ယခုအခါတွင်မူ မေမိုးသူမှာ ကျွန်ုပ်ပေးလိုက်တဲ့ ချစ်ခြင်းမှာအဆင့်အတန်းကွာဟနေလို့ဘဲဖြစ်ဖြစ် အချစ်ရေးအဆင်မပြေမှုတစ်ခုခုဖြစ်ရင် အဆောင်အဖြစ် ဆောင်ခြင်းဖြင့်လည်းကောင်း၊ ဖယောင်းတိုင်မှာပတ်ပြီး ဘုရားမီးထွန်းဆုတောင်းခြင်းဖြင့်လည်းကောင်း၊ မိမိစိတ်တိုင်းကျ အချစ်ရေးအဆင်ပြေသွားစေသည့် ယတြာလေးလုပ်လို့ သူမတို့၏ အချစ်ရေးမှာ ပွင့်ပွင့်လင်းလင်း ချစ်သူတွေဖြစ်ပြီး အဆင် ပြေသွားပြီဟု ကျွန်ုပ်အနေနှင့် ကျိန်းသေကောက်ချက်ချနိုင်ပြီဖြစ်၏။
        
  “သူငယ်ချင်းမေမိုးသူရေ . . . ငါ့သူငယ်ချင်းတွေလည်း အခုလို ရင်းရင်းနှီးနှီးပြန်ဆုံရတာ သိပ်မရှိကြတော့ဘူး . . . အခုလို နင်နဲ့နင့်ကောင်လေးဘယ်သူ . . .? ” ဟု မေးလိုက်ရာမှ သူမ၏ဖြစ်ကြောင်းကုန်စင်ကို ပြောပြချင်ဟန်ပြနေသော မေမိုးသူမှာ -
          “မောင်ကောင်း . . . ကိုမောင်ကောင်း ” ဟု ပြောလေ၏။
    
      “အေး . . . ဟုတ်ပြီ . . . ဒေါက်တာမေမိုးသူနဲ့ ကွန်ပျူတာ ဆော့ဝဲလ် အင်ဂျင်နီယာလေး ကိုမောင်ကောင်းတို့ အချစ်ရေးတွေအဆင်ပြေသွားကြသလို . . .  နောက်ဆက်တွဲအိမ်ထောင်ရေးပါ . . . အဆင်ပြေပါစေ . . . အခုလို ချစ်နေကြ တဲ့သူတွေ . . . အချစ်ရေးမှာအခက်အခဲရှိတဲ့သူတွေအားလုံး အချစ်ရေး . . . အိမ်ထောင်ရေး . . . အဆင်ပြေစေမဲ့ ယတြာတွေ အဆောင်တွေအကြောင်းကို ကျေးဇူးရှင်ဆရာသခင် အဘဒေါက်တာမင်းသိင်္ခ သင်ကြားပေးခဲ့တဲ့အတိုင်း မြန်မာ ပြည်ကထွက်တဲ့ ဂျာနယ်တွေ မဂ္ဂဇင်းတွေမှာရော . . . အင်တာနက်ပေါ်ကနေ သီးသန့် ဒေါက်တာမင်းသိင်္ခရဲ့ ယတြာတွေကို free website တွေလုပ်ပြီး တစ်ကမ္ဘာလုံးက မြန်မာတွေအတွက် လုပ်ပေးသွားမယ် . . . ပြီးတော့ တစ်နှစ်စာအတွက် online bank စနစ်နဲ့ ဉာဏ်ပူဇော်ခသွင်းပြီး တစ်နှစ်စာ ဗေဒင်ဟောစာတမ်းတွေ auto စနစ်တွေနဲ့ . . . နိုင်ငံတကာအဆင့်မီ software engineer တွေနဲ့ လုပ်သွားမယ် . ကိုယ့်ရဲ့မိုဗိုင်းဖုန်းကနေဘဲတနှစ်စာ ကိုယ့်ရဲ့ကံဇာတာကောင်းခြင်း ဆိုးခြင်းအတိအကျသိနိုင်စေမဲ့ အက်ပလီကေးရှင်းတွေလဲလုပ်ပေးနေတယ်.. . ဒို့အဘမင်းသိင်္ခရဲ့ ပညာတွေဟာ အဘမရှိတဲ့နောက်တော့ ပျောက်သွားရင် ဒုက္ခဘဲလို့ပြောနေကြသူတွေ . . . စိုးရိမ်နေကြသူတွေရှိကြတယ် . . . အဲ့တော့ . . . အဲ့လိုလူတွေနဲ့တွေ့ရင် ပြန်ပြောပြလိုက် ကြနော်” ဟုပြောရင်းနှင့်ပင် မေမိုးသူနှင့်အတူပါလာသူလေး မမြမေအား စကားပြောရန် အခွင့်ပေးလိုက်ရလေတော့၏။
       
   မမြမေခမျာလည်း ရောက်ကတည်းက သူ့အကြောင်းပြောချင်နေပုံရ၏။ ချက်ချင်းပင် စကားစလေတော့၏။
          “ဒီလိုပါဆရာ . . . သမီးမှာ ကိုလှဖေဆိုတဲ့ ချစ်သူတစ်ဦးရှိပါတယ် . . . သူနဲ့သမီးနဲ့ ချစ်သူဖြစ်ခဲ့တာ ခုဆို (၇)နှစ်ကျော်ခဲ့ပါပြီ . . . ကိုလှဖေက သမီးကိုလည်း သိပ်ကိုချစ်ပါတယ် . . . သူ့မိဘတွေကလည်း အစက သမီးနဲ့သူ့ကို သဘောတူကြတယ်လို့ပြောပါတယ် . . . ဒီလိုနဲ့နေလာခဲ့တာ . . . ပြီးခဲ့တဲ့လက ကိုလှဖေရဲ့ ဦးလေးတော်တဲ့လူတစ်ယောက် မလေးရှားကပြန်လာပါတယ် . . . အဲ့ဒီကိုလှဖေရဲ့ဦးလေးက မလေးရှားမှာဘဲ အိမ်ထောင်ကျခဲ့တာပါ . . . အဲ့ဒါ သူ့မိန်းမနဲ့ ဆွေမျိုးနီးစပ်ကောင်မလေးတစ်ယောက်နဲ့ ကိုလှဖေကို လက်ထပ်စေချင်တဲ့အကြောင်း . . . ကိုလှဖေမိဘတွေကိုပြောတယ်… ကောင်မလေးက စင်ကာပူဆေးရုံတစ်ခုမှာ သူနာပြုလုပ်နေတယ်လို့ပြောပါတယ် . . . အစကတော့ ကိုလှဖေက အဲ့ဒီအကြောင်းတွေကို စိတ်မဝင်စားဘူး . . . သမီးကိုတောင်မှ သူက . . . သမီးကလွှဲရင် ဘယ်မိန်းမကိုဘဲဖြစ်ဖြစ် ဖွဲနဲ့ဆန်ကွဲပဲလို့ပြောရင်း ရယ်နေသေးတယ်” ဟု မြမေလေးခမြာ စကားပြောရင်းနှင့်ပင် မျက်ရည်များလည်၍ ငိုသံပါလာ လေ၏။
        
  “အဲ့ဒီလိုနဲ့ဆရာရယ် . . . အဲ့ဒီကောင်မလေးရဲ့ email account ကို သူဘယ်လိုရလာတယ်မသိဘူး . . . ဟိုနေ့က သမီးတို့ရုံးက ကွန်ပျူတာနဲ့ဘဲ သမီးရှေ့မှာကို chatting ထိုင်နေကြတယ် . . . earphone နဲ့လည်း တတွတ်တွတ်နဲ့ ပြောနေတယ် . . . ထက်ကဘာဖြစ်တယ် . . . ကိုယ်ကဘာဖြစ်တယ်နဲ့ ဆရာရယ် . . . ” ဟု ပြောရင်းနှင့်ပင် မမြမေ၏ မျက်ရည်ပေါက် လိုးလိုးလက်လက်လေးမှာ ကြမ်းပြင်ပေါ်သို့ သူမမျက်ဝန်းအိမ်မှ ကြွေကျသွားလေတော့၏။
         
 ကျွန်ုပ်မှာလည်း ဗေဒင်ဆရာလုပ်လာသည်မှာ နှစ်ပေါင်းအတော်အသင့်ရှိနေပြီဖြစ်၏။ ဤကဲ့သို့ ဖြစ်စဉ်များမှာလည်း မရေနိုင်လောက်အောင်ရှင်းခဲ့ပြီးဖြစ်သောကြောင့် မလိုအပ်ဘဲ အချိန်တွေမကုန်စေတော့ရန်အတွက်-
 “ကဲ မေမိုးသူရေ . . . အခု ငါပြောသမျှတွေကို သေချာလိုက်မှတ်ပေတော့ . . . ” ဟု ပြောရင်း မမြမေနှင့် ကိုလှဖေ အချစ်ရေး ပြန်အဆင်ပြေပြီး အမြန်လက်ထပ်နိုင်ရန်အတွက် လိုအပ်သော ယတြာဓါတ်ရိုက်ဓါတ်ဆင်နည်းကို ပြောပြလိုက်ရ လေတော့၏။

 မေမိုးသူနဲ့ မမြမေတို့သည်လည်း ကျွန်ုပ်ညွှန်ကြားသည့် ယတြာများအားလုံးပြုလုပ်ပါက အားလုံးအဆင်ပြေမည် ဖြစ်ကြောင်း အာမခံထားသောကြောင့် မမြမေ၏ စိတ်မသက်သာမှုများ ပြေလျော့သွားပြီး ပြုံးတုံးတုံးနှင့်ပင် နှစ်ဦးသား ကျွန်ုပ်၏ နေထိုင်ဗေဒင်ဟောလျှက်ရှိသော ကျွန်ုပ်နေအိမ်ရှိသာယာရွှေမြေဓါတ်ခန်းအတွင်းမှ ထွက်ခွာသွားလေတော့၏။

ယတြာဓါတ်ဆင်ရန်ပြုလုပ်ပုံအဆင့်ဆင့်အား ဖော်ပြပါမည်။ ဤယတြာသည် အနောက်တိုင်းလောကီပညာ နည်းတစ်နည်းဖြစ်ပါသည်။ ကျေးဇူးရှင် ဆရာသခင် အဘဒေါက်တာမင်းသိင်္ခမှ ကျွန်ုပ်အား နှုတ်တိုက်သင်ကြားသွားပေးခဲ့ခြင်း ဖြစ်ပါသည်။

“ယတြာဓါတ်ဆင်ရန်ပြုလုပ်ပုံအဆင့်ဆင့်”

လပြည့်ညတစ်ညတွင် ကွင်းပြင်ကျယ်ကြီးတစ်ခုသို့ ည(၁၂း၀၀)နာရီတိတိတွင် သွားရောက်ပြုလုပ်ရပါမည်။ အလှကြည့်ပြဒါးမှန်တစ်ချပ်လည်း တစ်ပါတည်း ယူသွားရပါမည်။ ကွင်းပြင်ကျယ်သို့အရောက်တွင် အချိန် ည(၁၂း၀၀) နာရီထိုးသည်နှင့်  လမင်းကြီး၏အရိပ်ကို သင်က မှန်ထဲမှကြည့်ပြီး နှုတ်ကပြောပါ။ သင်ချစ်တဲ့ချစ်သူကို သင့်ရင်ထဲမှာ ရှိနေတဲ့စကားတွေပြောပါ။ အနောက်တိုင်း လောကီပညာရှင်တွေကတော့ အင်္ဂလိပ်လိုပြောတာပေါ့။ သူတို့က ပြတ်တယ်။ သိပ်ပြီးဖွဲ့နွဲ့မနေဘူး။ “you to me, he to she, never more will be”လို့ပြောပြီးတာနဲ့ အဲ့ဒီမှန်ကို လရောင်အောက်မှာရိုက်ခွဲလိုက်တယ်။ ရိုက်စရာ တစ်ခုခုနဲ့ရိုက်ခွဲလို့ရတယ်။ အဲ့ဒီမှန်ကွဲစတွေကို သုံးပုံပုံရတယ်။ တစ်ပုံကို အဲ့ဒီညမှာဘဲ အဲ့ဒီကွင်းထဲမှာ ကျင်းတူးပြီးမြှပ်ရတယ်။ နောက် နှစ်ပုံကို နှစ်ထုပ်ထုပ်ပြီး ပြန်ယူခဲ့။ နောက်ည လပြည့်ကျော်တစ်ရက် ညမှာယူလာတဲ့ နှစ်ပုံက တစ်ပုံကို  အဲ့ဒီကွင်းထဲမှာဘဲ ယမန်နေ့ကမြှပ်ခဲ့တဲ့ဘေးမှာထပ်ပြီးတူး မြှပ်။ နောက်ညမှာလည်း အဲ့ဒီလိုဘဲ ထပ်မြှပ်လိုက်ရင်ရပါပြီ။ ချစ်သူရည်းစားဖြစ်ပြီးသူတွေ အဆင်မပြေဖြစ်လို့လုပ်ရင် တစ်ခါဆိုရပါပြီ။ အခုမှ ချစ်ရေးဆိုတာ ချစ်သူမဖြစ်သေးဘူးဆိုရင်တော့ ပထမတစ်လလုပ်ပြီး စောင့်ကြည့်လို့ အဆင် မပြေသေးရင် နောက်လဆက်လုပ်ပေးပါဦး။ လုပ်လဲလုပ် ကိုယ်ချစ်တဲ့သူအနားလည်း ခဏခဏသွားပေးပြီး ချစ်တဲ့ အကြောင်းတော့ ဖွင့်ပြောရမယ်နော်။


မေတ္တာအနန္တဖြင့်
အောင်ကောင်းမွန်(လားရှိုး)

Popular posts from this blog

ကိုးန၀င်း မိုးလင်းမှသိမယ် အဓိဋ္ဌာန်(မင်းသိင်္ခ)

သွေးထွက်အောင် မှန်သည်ဆိုသောဗေဒင်(မင်းသိင်္ခ)

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်ကပြောသောသင်၏အကြောင်း

“တကယ်ချစ်လို့လား၊ အ​ပျ​ော်တွဲမွာလားတဲ့” (နှင္းအိဝေ)

ပီယသိဒ္ဓိအဆောင်