“နှစ်ဆန်းတစ်ရက်နေ့ ခေါင်းဆေးမင်္ဂလာ” အောင်ကောင်းမွန်
တနေ့တ၌
ကျွန်ုပ်ထံသို့ အသက်(၅၀)အရွယ်ခန့်ရှိသော အမျိုးသမီးကြီးတစ်ဦးသည် အလည်အပတ် ရောက်ရှိလို့
လာလေ၏။ ထိုအမျိုးသမီးကြီး၏အမည်မှာ ဒေါ်အုန်းမြင့် ဟူ၍ပင်ဖြစ်၏။ ကျွန်ုပ်ငယ်စဉ် နေထိုင်ခဲ့ဖူးသော
ရပ်ကွက်တွင် အိမ်နီးနားချင်း နေခဲ့ဖူးသူဖြစ်သောကြောင့် လွန်စွာမှပင် ရင်းနှီးကျွမ်းဝင်သူ
တစ်ဦးပင်ဖြစ်လေ၏။ ဒေါ်အုန်းမြင့်သည် ကျွန်ုပ်အားမြင်လျှင် …
“မတွေ့ရတာလည်း အတော်ကြာပြီ . . .
အဒေါ်လာတိုင်းလည်း မင်းကအလုပ်တွေ တမျိုးပြီးတမျိုးရှုပ်နေတော့ . . . အရေးကြီးကိစ္စထူးမရှိလျှင် မင်းကိုအားနာတာနဲ့ မလာဖြစ်ဖူးကွယ်”ဟုဆိုလေ၏။
“အဲ့လိုလည်း ဘယ်ဟုတ်ပါ့မလည်း ဒေါ်အုန်းမြင့်ရယ် . . . အလုပ်များတာလည်း များတာတော့
အမှန်ပါ . . . သို့ပေမယ့်လို့လည်း တပတ်တခါ နှစ်ပတ်တခါ လာလည်နေကျဥစ္စာ . . . လာပေါ့ဗျာ”ဟုပြော၍ပင်
ရေခဲသေတ္တာအတွင်း၌ အသင့်ဖျော်ထားသော ရွှေရင်အေးနှင့် တာမိုးညဲမြို့မှလာသော ကျွန်ုပ်တပည့်မလေးကန်တော့ထားသည့်
တရုတ်နိုင်ငံထုတ် ကိတ်မုန့်ခြောက်တမျိုးနှင့် ဧည့်ခံဖြစ်လေတော့၏။
“မောင်ဝေလင်းရေ . . . အခုတလောမင်းကို မြို့ထဲမှာ ဆိုင်ကယ်နဲ့တွေ့လိုက်
ကားနဲ့တွေ့လိုက် အလုပ်တွေ အတော်ကိုများနေတာလား”ဟုဆိုလေ၏။
“မီဒီယာကိစ္စတွေကို လားရှိုးမြို့နယ်အတွက် အဓိကတာဝန်ယူပြီး လုပ်နေရပြီဆိုတော့
တနေ့လုံးလိုလိုပါဘဲ … သတင်းကိစ္စတွေလုပ်နေရတယ်ဆိုပါတော့…နေ့(၁၁)နာရီမှာဗေဒင်ဟောခန်းတနာရီခွဲထိုင်ရတယ်..ပြီးတော့ရထားတဲ့သတင်းတွေ
… နေ့လည်(၂း၀၀)နာရီမှတကြိမ်. . . ည(၇)နာရီခွဲမှာတကြိမ် . . . မန္တလေး ရတနာပုံသတင်းတိုက်ကို
ကျွန်တော်ရေးသားတဲ့သတင်းတွေ အင်တာနက်ကနေတက်ရတယ် . . . အဲ့ဒီအချိန်မှာဘဲ တခါတည်း
အင်တာနက်ပေါ်ကနေ
ကျွန်တော့်ထံ ဗေဒင်ဟောစာတမ်းမှာတဲ့လူတွေရဲ့ မွေးသက္ကရာဇ်တွေယူတယ် . . . ပြီးတော့ ညပိုင်းမှာ တောက်လျောက် စောစောက မွေးသက္ကရာဇ်တွေကို
တွက်ချက်ပြီး ဗေဒင်ဟောစာတမ်းရေးတယ် . . .ဆောင်းပါး၊အခန်းဆက်ဝတ္ထုတွေရေးတယ်….. ပြီးတော့
ည(၁၂း၀၀)နာရီထိုးတော့ အဓိဋ္ဌာန်ပုတီးစိပ်တယ် . . . နံနက်(၃)နာရီမထိုးခင်မှာတော့တရက်သာအတွက်အားလုံးပြီးပြီ...အဲ့ဒီမှာကျွန်တော်နဲ့
ရင်းရင်းနှီးနှီး ခင်မင်တဲ့ သူငယ်ချင်းတစ်ယောက်ဆီကို ဖုန်းဆက်တယ် . . . ရယ်ရယ်မောမောစကားတွေပြော ပြီးပြီးဆိုရင်
ကျွန်တော်အိပ်တော့တာဘဲ . . . မနက်(၈း၀၀)နာရီထိုးတော့ အိပ်ရာကထတယ် . .. အဲ့ဒီမှာ သတင်းကိစ္စတွေပြန်လုပ်နဲ့
သံသရာလည်နေတော့တာပါဘဲ”ဟု ကျွန်ုပ်၏နေ့စဉ် လုပ်ဆောင်မှုအချိန်ဇယားအားပြောပြတော့
ဒေါ်အုန်းမြင့်တစ်ယောက် မှာ ခေါင်းတညိမ့်ညိမ့်နှင့်ပင် နားထောင်နေလေတော့၏။
“ဒီလိုရှိတယ် မောင်ဝေလင်းရေ . . . အလုပ်များတဲ့သူ တော်တော်များများက
အလုပ်တွေကို မြန်မြန်ပြီးအောင် လုပ်စရာရှိတဲ့ အလုပ်ကြွေးတွေမကျန်အောင် မပြီးပြီးအောင်
ဖိပြီးတော့မှ လုပ်တတ်ကြတယ် . . . အမှန်တကယ်သာ ပြောရမယ်ဆိုရင်တော့ အဲ့ဒီလို အလုပ်တွေကို
ဖိပြီးလုပ်တာဟာ မကောင်းဘူး . . . ကိုယ်လုပ်တဲ့ အလုပ်တွေအပေါ်မှာ အကြီးအကျယ်ကို ငြီးငွေ့သွားပြီးတော့မှ
အလုပ်လုပ်ချင်စိတ်တွေ ပျောက်သွားတတ်တယ် . . . အဲ့ဒီမှာဘဲ စိတ်ထိခိုက်စရာ စိတ်ဓါတ်ကျစရာများ
ပြင်းပြင်းထန်ထန်တစ်ခု ကြုံခဲ့မယ်ဆိုရင် . . . ချက်ချင်းဆိုသလိုဘဲ အရုပ်ကြိုးပြတ်သလို
အိပ်ရာထဲ မှာလဲသွားနိုင်တယ် . . . အဲ့ဒီတော့ မောင်ဝေလင်းရယ် မင်းရဲ့ဆရာသခင်ကြီးအဘ ဒေါက်တာမင်းသိင်္ခပြောသလို
အလုပ်တွေ ဘယ်လောက်ဘဲများများ များချင်သလောက်များပါစေ
မမောခင် နားပစ်လိုက်စမ်းပါ . . . ပြီးတော့မှ နားရင်း ပြန်ဆက်လုပ် . . . မောသလိုလိုဖြစ်လာရင်
အဲ့ဒီမမောခင်အချိန်မှာဘဲ ပြန်ပြီးရပ်ပစ်ပလိုက် . . . တနေ့တလံ ပုဂံ ဘယ်မှမရွေ့ပါဘူး
. . . နားရင်း လုပ်ရင်းနဲ့ လုပ်စမ်းပါ မောင်ဝေလင်းရယ် . . . ပြီးသွားမှာပါ”ဟုဆို၍ပင်
ဟက်ဟက်ပက်ပက် ရယ်မောလေတော့၏။
ဤသို့ ဒေါ်အုန်းမြင့်၏ ရယ်သံကြားရလျှင် ကျွန်ုပ်၏စိတ်နှလုံးသည်လည်း
လွန်စွာမှပင် ကြည်လင်ရွှင်လန်းမှုဖြစ်ရလေ တော့၏။ ကျွန်တော့်ရဲ့အဘ ဒေါက်တာမင်းသိင်္ခ ပြောပြခဲ့ဖူးသော
စကားတစ်ခွန်းအားလည်း ပြန်လည်၍ပင် ကြားယောင်မိ လေတော့၏ . . . ။
လူဆိုတာ ကိုယ့်ရဲ့စိတ်ကိုကိုယ်
ငါဟာ တိမ်ကလေးတွေလိုလွှင့်ပြီး စမ်းရေတွေလို အစဉ်စီးနေတယ်ဆိုပြီး အကြိမ်ကြိမ်နှုတ်ကပြောပြီး
. . . ကိုယ့်ကိုကိုယ်ယုံကြည်စိတ်ထားပြီးကျင့်တဲ့ Aute Suggestion လုပ်ဆောင်တဲ့ကျင့်စဉ်ကို
ပြန်လည်၍ သတိရမိလေတော့၏။
ဒေါ်အုန်းမြင့်တစ်ယောက်သည်ကား လွန်စွာမှပင် အကြောင့်ကျမဲ့လွန်းလှတော့၏။
၎င်း၏စိတ်နှလုံးသည်ကား တိမ်များသကဲ့သို့ပင် အစဉ်လွင့်မျှော၍ စမ်းရေများအသွင်ပင် စီးဆင်းနေသည့်အလား
ပေါ့ပါးလန်းဆန်းနေလေ၏။ ထို့ကြောင့် ပင် ၄င်းအနေနှင့် အကြောင့်ကျမဲ့စွာ ရယ်မောနေခြင်းအား
ကျွန်ုပ်အနေနှင့် မြင်တွေ့ကြားသိခြင်းမှာပင် ကျွန်ုပ်၏ စိတ်နှလုံး တို့သည် လွတ်လပ်ပေါ့ပါးမှုတို့
ချက်ချင်းခဏပင်ဖြစ်သွားလေတော့၏။ လူတစ်ဦးနှင့်တစ်ဦးသည် သိဒ္ဒိဓါတ်များ ကူးတတ်လေ ၏။
အလားတူ မေတ္တဓာတ်တို့သည်လည်း ကူးတတ်ပြန်လေ၏။
ထိုနည်းတူစွာပင် လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန၊
မစ္စရိယဓါတ်တို့သည်လည်း လူတစ်ဦးတစ်ယောက်စီမှ အနီးရှိ ကျန်လူ တစ်ဦးတစ်ယောက်စီသို့ ချက်ချင်းတခဏမှာပင်
ကူးစက်သွားတတ်သော သဘောရှိ၏။ ထို့ကြောင့်ပင်လျှင် ရှေးပညာရှိတို့သည်ကား ပညာရှိကို မှီဝဲဆည်းကပ်ရန်
သူတော် ကောင်းတို့အား အပေါင်းအဖော်လုပ်ရန် ပြောဆိုဆုံးမခဲ့သော စကားတို့သည်ကား မှန်သည်ဟုပင်
ကျွန်ုပ်၏ အသိစိတ်တွင် တွေးတောမိတော့၏။
ဒေါ်အုန်းမြင့်သည် ကျွန်ုပ်တစ်ယောက်တည်း တွေးနေခြင်းအားကြည့်၍
“မောင်ဝေလင်းရေ
. . . မင်းကို ပြောလက်စနဲ့တော့ မင်းရဲ့ဆရာကြီး ဒေါက်တာမင်းသိင်္ခ ရေးခဲ့ဖူးတဲ့ စာအုပ်တစ်အုပ်ထဲက
ပုံပြင်လေးတစ်ပုဒ်ကို ပြောပြချင်တယ် . . . အဲ့ဒီပုံပြင်ကလေးကိုတော့ မင်းတို့ဆရာကြီးက
မင်းတို့နဲ့အတူတူရှိနေစဉ်အချိန်မှာ အတော်ကလေးကို ပြောခဲ့ဖူးမှာပါ . . . ဒါပေမဲ့ အဒေါ်ပြောရဲတယ်
. . . အဲ့ဒီပုံပြင်လေးကို မင်းအခု မေ့သွားပြီ”ဟုဆို၍ပင် ကျွန်ုပ်အပေါ်သို့
ပဟေဠိဆန်ဆန်ဆိုလေ၏။
ဤသို့သော ဒေါ်အုန်းမြင့်စကားကြားလျှင် ကျွန်ုပ်မှာ
ပျော်ရွှင်သွားသလိုလို ဖြစ်မိလေတော့၏။ အဘယ်ကြောင့် ဆိုသော် ကျွန်ုပ်သည် ပုံပြင်နားထောင်ချင်၏။
ကျွန်ုပ်တို့၏ အဘမင်းသိင်္ခနှင့်အတူ နေခဲ့စဉ်အချိန်အခါများကဆိုလျှင် အဘ တစ်ယောက် မမောနိုင်မပန်းနိုင်
ပြောပြခဲ့သမျှသောပုံပြင်များကို ကျွန်ုပ်တို့ပညာတူမောင်နှမ အဘတပည့်အပေါင်းတို့မှ ဝိုင်းဖွဲ့
၍ပင် နားထောင်ခဲ့ကြလေ၏။ ရယ်စရာအခန်းသို့ရောက်လျှင် ဟက်ဟက်ပက်ပက်ပင် ရယ်မောကြလေ၏။ အသိဗဟုသုတ
မှတ်သားဖွယ်ရာများဆိုလျှင်လည်း မှတ်စုစာအုပ်ထုတ်၍ မှတ်သားရန်မလို။ ကျွန်ုပ်တို့အဘသည်ကား
ထိုတန်ဖိုးရှိလွန်း လှသော အကြောင်းတရားတို့ကိုကား ကျွန်ုပ်တို့၏ နှလုံးသားအတွင်းထိ
တခါတည်းပင်ရောက်ရှိသွားအောင် ပြောပြတတ် သောကြောင့်ပင်ဖြစ်လေ၏။
ဒေါ်အုန်းမြင့်ပြောသောစကားသည်ကား
မှန်သည်ဟု ကျွန်ုပ်အနေနှင့် ယခုအခါပင် ဝန်ခံရပေ မည်။ ကျွန်ုပ်သည် အဘမင်းသိင်္ခပြောပြခဲ့သောပုံပြင်များ
ဆုံးမစကားများ အဖိုးမဖြတ်နိုင်လှသော ပညာရပ်များတို့သည်ကား ကျွန်ုပ်၏ နှလုံးအိမ်တွင်းတွင်
အစဉ်မပျောက်ပျက်စတမ်းတည်ရှိနေပါသည်။ သို့ပါသော်လည်း ကျွန်ုပ်မှာ ယခုအခါ အဘ၏ ဆုံးမမှုတချို့တို့ကို
မလိုက်မနာဘဲ ရှိနေသည်မှာ မှန်ကန်နေသောကြောင့်သာဖြစ်၏။
ထို့ကြောင့်ပင် ကျွန်ုပ်သည် မောနေရ
လေ၏။ ပန်းနေရလေ၏။ တောင့်တစရာများရှိနေသလို ကြောင့်ကျမှုတို့သည်လည်း ရှိနေခြင်းတို့ကြောင့်ပင်
ကျွန်ုပ်၏ စိတ်နှလုံးတို့ ပူလောင်နေရလေ၏။ ထို့အတွက်ကြောင့်ပင် ယခု ဒေါ်အုန်းမြင့်တစ်ယောက်မှာ
ကျွန်ုပ်အား အဘပြောသော ပုံပြင်တစ်ပုဒ်အား ပြောမည်ဟုဆိုလျှင် ကျွန်ုပ်အနေနှင့် မည်သို့မျှပင်
ပြောဆိုရန်စကားတစုံတရာမရှိတော့ဘဲ နားထောင်ရန် သာ စိတ်အာရုံတို့ ဖြစ်ပေါ်သွားတော့ကြောင်း
အနီးရှိ စီးကရက်တစ်လိပ်အား ကောက်ယူမီးညှိရှိုက်ဖွာရင်း ပုံပြင်ပြောမည်ဟု ဆိုသော ဒေါ်အုန်းမြင့်၏မျက်နှာအား
လှမ်းမျှော်ရင်းပင် ကြည့်လိုက်မိလေတော့၏။ ထိုအခါတွင် ဒေါ်အုန်းမြင့်မှာ သောက်လက်စ ရွှေရင်အေးအား
အပြီးသတ်မော့သောက်၍ပင် ဤသို့စကားစလေ၏။
အဒေါ်ပြောပြမယ့် ပုံပြင်လေးက ဒီလိုကွယ် . . . တခါတုန်းက တို့ကမ္ဘာကြီးပေါ်မှာ နပိုလီယံလို့ခေါ်တဲ့ စစ်သူရဲကောင်းကြီးတစ်ဦးရှိသတဲ့
. . . တနေ့မှာ သူဟာ ပင်လယ်ကမ်းစပ်တစ်ခုအနားမှာ သူ့ရဲ့တပ်တွေရောက်တော့ သက်ဆိုင်ရာ တပ်ခေါင်းဆောင်တွေ
ညွှန်ကြားစရာရှိတာညွှန်ကြားပြီး သူတစ်ယောက်တည်း ပေါ့ပေါ့ပါးပါး ကမ်းစပ်နံဘေးကို လျှောက်သွားသတဲ့
. . . အဲ့ဒီမှာ ပင်လယ်ကမ်းစပ်တလျောက်လုံးမှာ
လူခြေတိတ်နေလေတယ်. . . သူလည်း အေးအေးလူလူနဲ့ လျောက်ရင်းလျောက်ရင်း လျောက်လာခဲ့တာပေါ့
. . . အဲ့ဒီမှာဘဲ သူတောင်းစားကြီးတစ်ယောက်က ကိုယ်လုံးတည်းချွတ်ပြီး နေပူစာလုံနေတာကိုသွားတွေ့တယ်.
. . နပိုလီယံကြီးက သူတောင်းစားကြီးကိုမြင်တော့ အသေအချာကိုကြည့်တယ် . . . သူတောင်းစားကြီး
ဟာ တခြားလူမဟုတ်ဘူး . . . သူ့ရဲ့ငယ်သူငယ်ချင်းဖြစ်နေတာ . . . အဲ့ဒါနဲ့ဘဲ နပိုလီယံကြီးဟာ
သူတောင်းစားကြီးကို အားရဝမ်းသာနှုတ်ဆက်လိုက်သတဲ့ . . . နပိုလီယံရဲ့အသံကြားတော့ နေပူစာလုံနေတဲ့
သူတောင်းစားကြီးက အသာကလေး မျက်လုံးကလေးဖွင့်ပြီးကြည့်သတဲ့ . . . ပြီးတော့ နပိုလီယံကို
သူတောင်းစားကြီးက . . . သြော် … ဘယ်သူလဲလို့မှတ်တယ်
စစ်သူရဲကောင်းကြီး စစ်ဘုရင်ကြီး နပိုလီယံ ပါလားလို့ နပိုလီယံရဲ့ နှုတ်ဆက်မှုကို အသိအမှတ်ပြုသတဲ့
. . . အဲ့ဒီမှာပင် နပိုလီယံကြီးက ခင်ဗျားက ကျုပ်ကို မှတ်မိသားဘဲ . . . ကျုပ် နပိုလီယံမှန်းကိုလည်း
ခင်ဗျားက ကောင်းကောင်းကိုသိနေတာကိုး . . . ခင်ဗျားဟာ ကျုပ်ရဲ့ငယ်သူငယ်ချင်း ဖြစ်ခဲ့ခြင်းရယ်
. . . ကျုပ်နပိုလီယံမှန်း ကောင်းကောင်းသိနေခြင်းမှတ်မိမှုတို့ကိုအကြောင်းပြုပြီး ကျုပ်အနေနဲ့
ခင်ဗျားကို အကူအညီပေးမယ် . . . အဲ့ဒီတော့ ခင်ဗျား ဘာတွေလိုအပ်သလဲ ပြော . . . ဟုဆိုပြီး
လောကွတ် စကားဆိုသတဲ့ . . . သူတောင်းစားကြီးက အေးအေးလူလူနဲ့ပါဘဲ . . . ကျုပ်အတွက် ဘာမှ
ထူးထူးထွေထွေ အကူအညီ မလိုပါဘူး နပိုလီယံကြီးရယ် . . . ကျုပ်က ခင်ဗျားလိုလည်း စစ်ဘုရင်ကြီး
. . . စစ်သူရဲကောင်းကြီး မဟုတ်ပါဘူး . .
. သူတောင်းစားတစ်ယောက်ပါဗျာ . . . သူတောင်းစားဆိုတာ . . . တောင်းရမဲ့အချိန်တောင်းမယ် . . . ပြီးရင်စားမယ်
. . . ကျုပ်အလုပ်ကဒါပါဘဲ . . . အဲ့ဒီတော့ ခင်ဗျားတို့လိုလည်း ထူးထူးခြားခြား ဘာအခက်အခဲမှမရှိသလို
. . . ဘယ်သူ့ဆီကမှ အကူအညီတောင်းစရာမလိုဘူး
. . . သို့ပေမဲ့လို့တော့ အခုကျုပ်တစ်ယောက်တည်း ပင်လယ်ကမ်းစပ်မှာနေပူစာလုံနေတာ
ခင်ဗျားက လာရပ်တော့ ခင်ဗျားအရိပ်က နေကိုလာကွယ်နေတယ်. . . ကျုပ်နေပူစာလုံရတာ နေရောင်ကောင်းကောင်း
မရဘူး . . . အဲ့တော့ ခင်ဗျား ဒီဘက်နည်းနည်းဖယ်ပေးလိုက်ရင်ရပါပြီ . . . လို့ပြောသတဲ့
. . .
အဲ့ဒီလို သူတောင်းစားကြီးရဲ့ စကားကို
ကြားလိုက်တာနဲ့ နပိုလီယံကြီးဟာ ရုတ်တရတ် အတော်လေးကို နေရထိုင်ရ ခက်သွားသတဲ့ . . . သူ့အနေနဲ့
သူရည်ရွယ်ထားတာက သူက ကမ္ဘာကျော် နပိုလီယံကြီးဖြစ်နေပြီ . . . အခုလို လမ်းဘေးကသူတောင်းစား
ငယ်သူငယ်ချင်းနဲ့ တွေ့တော့ လမ်းဘေးကလူတစ်ယောက်အနေနဲ့ အခွင့်အရေးတွေယူပြီး သူ့ဆီက တောင်းဆိုမှုတွေ
တစ်ခုပြီးတစ်ခု လုပ်တော့မယ်လို့ထင်နေတာ . . . သူထင်ထားတာနဲ့ တခြားစီဖြစ်သွားတဲ့အပြင်တောင်
သူတောင်းစားကြီးက သူ့ကို နေရာပါ ပြန်ပြီးဖယ်ခိုင်းလိုက်တော့ . . . သူ့အနေနဲ့ အတော့်ကိုခံရခက်သွားသတဲ့
. . . သို့ပေမဲ့လို့လည်း သူက နပိုလီယံကြီးဆိုတော့ သူတောင်းစားနဲ့ ဖက်ပြိုင်ပြီးတော့
ရန်တွေ့လို့ကလည်း မဖြစ်ဖူးလေ. . . ပြီးတော့ ဇာတ်လမ်းစတာကလည်း သူကဘဲ စထား တာကိုး .
. . အဲ့ဒီမှာဘဲ သူတောင်းစားကြီးက နပိုလီယံကြီးတစ်ယောက် နေရထိုင်ရခက်သွားတာကို ရိပ်မိလိုက်သတဲ့
. . . ပြီးတော့ အခုလို စကားတစ်ခွန်းဆိုတယ်
. . .
စစ်ဘုရင်ကြီး နပိုလီယံ . . . အခုတလော ခင်ဗျားရဲ့တပ်တွေ ပြင်နေတာတွေ လေ့ကျင့်နေတာတွေကို
. . . ကျုပ်ကြားရသလို မြင်လည်းမြင်နေရတယ် . . . အဲ့ဒါခင်ဗျား ဘာလုပ်ဦးမလို့လည်းလို့
မေးသတဲ့ . . . နပိုလီယံကြီက ဟုတ်တယ် ကျုပ်
အလက်ဇင်းဒါး ကို တိုက်မလို့ ကျုပ်တပ်တွေပြင်နေတာ . . . ဒီတိုက်ပွဲတိုက်လို့အလက်ဇင်းဒါးကိုနိုင်ပြီးရင်တော့
ကျုပ်လည်း နားမယ်လို့စိတ်ကူးတာဘဲလို့ ဆိုသတဲ့ . . . အဲ့ဒီမှာဘဲ သူတောင်းစားကြီးက နပိုလီယံစကားကြားတော့
ဟက်ဟက်ပက်ပက်ကြီးကို ရယ်လိုက်သတဲ့ . .
. နားတာများဗျာ . . . အလက်ဇင်းဒါး ကိုနိုင်မှ
နားစရာမလိုပါဘူး . . . နားဖို့သာခင်ဗျားမှာ စိတ်ကူးဆန္ဒရှိခဲ့တာအမှန်ဆိုရင် အခုချက်ချင်းကို
နားပစ်ပလိုက်စမ်းပါ . . . အခု ခင်ဗျားတိုက်မဲ့ အလက်ဇင်းဒါး ကို နိုင်ပြီဘဲထားပါဦး
. . . ခင်ဗျား နားပစ်မယ်များ ထင်နေသလား? အရင့်အရင်တုန်းကကော . . . ဒီတိုက်ပွဲပြီးရင်တော့
နားမယ်ကွာ . . . ဟိုတိုက်ပွဲပြီးရင်တော့ နားမယ်ဆိုပြီး ခင်ဗျားဘဝမှာ အကြိမ်ကြိမ်ဆုံးဖြတ်ခဲ့ဖူး
ပြီးပြီမလား? နားကော နားဖြစ်ခဲ့လို့လား? အခု ခင်ဗျားတိုက်မဲ့ အလက်ဇင်းဒါးကို နိုင်ရင်လည်း
ခင်ဗျားမှာ နောက်ထပ် တိုက်ပွဲတွေတိုက်စရာ ပေါ်လာဦးမှာဘဲ . . . အဲ့ဒီတော့ ကျုပ်တခါတည်းဘဲ
ဒီနေရာကနေပြောလိုက်မယ် . . . စစ်ဘုရင်ကြီး နပိုလီယံ . . . ခင်ဗျားဟာ သေတဲ့အထိ ဘယ်တော့မှ
နားဖြစ်မယ့်လူမဟုတ်ဘူး . . . သေရင်လည်း သူများလို အိမ်နဲ့ရာနဲ့ သေရမှာမဟုတ်ဘူး . .
. အခုလိုဘဲ သွားရင်းလာရင်း တိုက်ရင်းခိုက်ရင်းနဲ့ သေသွားမှာဘဲ ဟု ဆိုလိုက်သတဲ့ . .
.
အဲ့ဒီပုံပြင်လေးကို အဆုံးသတ်လိုက်တော့ စစ်ဘုရင်ကြီး နပိုလီယံရယ် .
. . အဲ့ဒီသူတောင်းစားကြီးရယ်ဟာ ရှေ့ဆင့်နောက်ဆင့်ဆိုသလို သေသွားကြသတဲ့ . . . နပိုလီယံကြီးကတော့
သိပ်ကို နပိုလီယံကြီးဖြစ်ချင်ခဲ့တာကိုး .
. . ဘယ်သူကမှသူ့ကို စစ်ဘုရင်ကြီး နပိုလီယံကြီး
ဖြစ်ကိုဖြစ်ရမယ်လို့ ရိုက်နှက်ပြီး အတင်းအကြပ် မခိုင်းခဲ့ဘူး . . . သူ့ဟာသူ စစ်ဘုရင်ကြီး နပိုလီယံဖြစ်ချင်လွန်းလို့
မဖြစ်ဖြစ်အောင်လုပ်ခဲ့တာ . . . တဘက်က သူတောင်းစားကိုပြန်ကြည့်တော့လည်း ဘယ်သူကမှ သူ့ကို
အတင်းအကြပ် ရိုက်နှက်ပြီး တောင်းပြီးစားပါလို့ မခိုင်းခဲ့ဘူး . . . သူဟာသူ တောင်းပြီးစားရတဲ့ဘဝကို
ကျေနပ်လို့ သူတောင်းစားဘဝကို ခံယူခဲ့တာ . . . တဘဝလုံး သူတောင်းစားအဖြစ်နဲ့ တောင်းတဲ့အချိန်မှာတောင်းတယ်
. . . ပြီးတော့ စားတယ် ပြီးတော့ နေပူစာလှုံပြန်တယ် တဖန် ပြန်တောင်းတယ် . . . ပြီးတော့စားတယ် . . . တနေ့တာကိစ္စပြီးတော့ အိပ်တာပေါ့
. . . တဘဝလုံး သူက ဒီလိုဘဲဖြတ်သန်းခဲ့တာ . . . သူ့ဘဝမှာ ဘာမှ တောင့်တစရာ … ကြောင့်ကျစရာဆိုလို့
မရှိခဲ့ဘူး . . . နပိုလီယံကြီးကတော့ ဒီလိုဘယ်ဟုတ်ပါ့မလဲ . . . အချိန်ပြည့်ဘဲ သူ့မှာ
တပ်တွေပြင်လိုက် တိုက်လိုက်နဲ့ . . . . သူ့ဘဝဟာအစဉ်ဘဲ တောင့်တမှု ကြောင့်ကျမှု စိုးရိမ်ပူပန်မှုတွေနဲ့အတူ
ဘဝကို ဖြတ်သန်းခဲ့ရတဲ့အပြင် သူ့ဘဝရဲ့ အေးငြိမ်းချမ်းသာမှုအစစ်ကို တဘဝလုံးမရခဲ့ဘဲ သေသွားရှာခဲ့တယ်
. . . ဒီတော့ မောင်ဝေလင်းရေ . . . အဒေါ်ပြောချင်တာက . . . အလုပ်များတယ် များတယ်ဆိုပြီး မညည်းညူနဲ့ . . . အခုလို
အလုပ်များ အောင် အလုပ်များတဲ့ဘဝကို မင်းရောက်လာအောင် ဘယ်သူကလုပ်ခဲ့တာလည်း . . . မင်းဟာမင်းဘဲ
ဒီလိုဘဝမျိုးကို မရရ အောင် မရောက်ရောက်အောင် လုပ်ခဲ့တာမလား? အခုကော လက်ရှိအခြေအနေကို
ကျေနပ်နိုင်လို့လား? အဒေါ်ပြောရဲတယ် မင်းရဲ့ရည်ရွယ်ချက်တွေ . . . ခံယူချက်တွေအတွက် မင်းအများကြီး
ထပ်ကြိုးစားဦးမှာ . . . ဒီတော့ကာ ဒီ့ထက်ကို အလုပ်တွေလည်း နောက်နောင်ပိုတိုးလို့ များလာဦးမှာပေါ့
. . . အဲ့ဒီတော့ကာ အဒေါ်ပြောတာ နားထောင်ပါကွယ် . . . အလုပ်တွေလုပ်ရင်းနဲ့ မမောခင် နားပစ်လိုက်စမ်းပါ
. . . နားလိုက်လုပ်လိုက် နားလိုက်လုပ်လိုက်နဲ့ လုပ်ကြည့်စမ်းပါ . . . မနားမနေတော့ မလုပ်နဲ့ကွယ်
. . . လောကကြီးက အဲ့ဒီလို မနားမနေလုပ်တဲ့သူတွေကို အပြီးအပိုင်အနားပေးလိုက်တတ် တယ်
. . . လောကကြီးက အပြီးအပိုင်အနားမပေးအောင် မမောခင် နားတဲ့အကျင့်တာ ဒီနေ့ကစမွေးပေတော့ကွယ်”ဟု
ဆို၍ပင် ရေသန့်ဘူးအတွင်းမှ သောက်ရေသန့်များကို ဖန်ခွက်အတွင်းသို့ လောင်းထည့်၍ပင် အားပါးတရ
မော့သောက် လိုက်လေတော့၏။
ထို့နောက် …
“အဒေါ်မင်းဆီလာတာက ၁၃၇၅ခု(၁၇-၄-၂၀၁၃)နှစ်ဆန်းတစ်ရက်နေ့မှာ အန္တရာယ်လည်း
ကင်း တစ်နှစ်လုံးလည်းကံကောင်းအောင် ရှေးမြန်မာ့ရိုးရာဂမ္ဘီရနည်းနဲ့ ခေါင်းဆေးချင်လို့
အဲ့ဒါ ဘယ်လိုအရွက်အခက်တွေနဲ့ အစီအမံလုပ်ရမယ်ဆိုတာကို တွက်ပေးစမ်းပါကွယ်”ဟုဆိုလေ၏။
“ဒီအတွက်တော့ မပူပါနဲ့ ဒေါ်အုန်းမြင့်ရယ် . . . နှစ်သစ်အတွက် ခေါင်းဆေးမင်္ဂလာပြုဖို့
(၇)ရက်သားသမီးတွေ အားလုံးအတွက် တွက်ချက်ပြီး အသင့်ဇယားကွက်ကလေး ပြုလုပ်ပေးထားပါတယ် . . . အဲ့ဒါကိုတာကြည့်ပြီးတော့ ကိုယ့်အတွက်ဘဲဖြစ်ဖြစ်
. . . ကိုယ့်ဆရာသမားတွေကိုဘဲဖြစ်ဖြစ် . . . အသင့်လုပ်ပေးလို့ရအောင် ကျွန်တော်စီစဉ်
ပေးထားပါတယ်”ဟု ဆို၍ပင် နှစ်သစ်ခေါင်းဆေးမင်္ဂလာအောင်ကြောင်းဖြာ
အမည်ပေးထားသော ကျွန်ုပ်၏မေတ္တာ လက်ဆောင် ကတ်ပြားကလေးအား ခင်မင်ခဲ့ရပါသော အဒေါ် ဒေါ်အုန်းမြင့်အား
ပေးလိုက်ရတော့၏။
ဒေါ်အုန်းမြင့်သည် ကျွန်ုပ်၏မေတ္တာလက်ဆောင် နှစ်သစ်ခေါင်းဆေးမင်္ဂလာအောင်ကြောင်းဖြာဇယား
ကတ်ပြား ကလေးအားကြည့်၍ပင် အားလုံးကို ပြည့်ပြည့်စုံစုံတွက်ပေးထားတာဘဲဟုပြော၍ သာဓု သုံးကြိမ်ခေါ်ဆိုကာ
နောက်တခေါက် အလည်လာမှဘဲ ထမင်းစားတော့မယ်ဆို၍ပင် ကျွန်ုပ်အား နှုတ်ဆက်၍ ကျွန်ုပ်၏နေထိုင်ရာ
လားရှိုးမြို့စွန် ရန်တိုင်းအောင်ဘုရားအနီးရှိ ကျွန်ုပ်နေအိမ်ခြံဝင်းအတွင်းမှ အေးချမ်းတည်ငြိမ်သော
ခြေလှမ်းတို့နှင့်ပင် ပြန်လည်၍ ထွက်ခွါ သွားလေတော့သတည်း . . . ။
တနင်္ဂနွေသားသမီးများအတွက်
မျက်နှာမူရမည့်အရပ်
|
အနောက်တောင်စူးစူး
|
|
ခြေဖြင့်နင်းရမည့်ပန်း
|
ညာဘက်-
ရွက်လှ(၄)ညွန့်
|
ဘယ်ဘက်-
ဇီးညွန်(၃)ညွန့်
|
ကလပ်တွင်ထည့်ရမည့်ပန်း
|
မေမြို့ပန်း (၅)ပွင့်
၊ ကံ့ကော် (၂)ညွန့် ၊ သပြေ (၆)ညွန့်
|
|
၎င်းပန်းကိုစွန့်ပစ်ရမည့်အရပ်
|
အနောက်စူးစူး
|
|
နင်းသောပန်းများစွန့်ရမည့်အရပ်
|
တောင်စူးစူး
|
|
ဘုရားလှူရမည့်မီးတိုင်
|
ဖယောင်းတိုင်(၆)တိုင်
၊ အမွှေးတိုင်(၆)တိုင်
|
|
ပြုလုပ်ရမည့်နေ့
|
တနင်္ဂနွေနေ့
|
|
ပြုလုပ်ရမည့်အချိန်
|
နံနက်(၉း၄၅)
|
တနင်္လာသားသမီးများအတွက်
မျက်နှာမူရမည့်အရပ်
|
အနောက်စူးစူး
|
|
ခြေဖြင့်နင်းရမည့်ပန်း
|
ညာဘက်- ပိတောက်(၅)
|
ဘယ်ဘက်-
ရွက်လှ(၄)ညွန့်
|
ကလပ်တွင်ထည့်ရမည့်ပန်း
|
နှင်းဆီပန်း (၇)ပွင့်
၊ စံပယ် (၃)ညွန့် ၊ သပြေ (၆)ညွန့်
|
|
၎င်းပန်းကိုစွန့်ပစ်ရမည့်အရပ်
|
မြောက်စူးစူး
|
|
နင်းသောပန်းများစွန့်ရမည့်အရပ်
|
အနောက်စူးစူး
|
|
ဘုရားလှူရမည့်မီးတိုင်
|
ဖယောင်းတိုင်(၁၅)တိုင်
၊ အမွှေးတိုင်(၁၅)တိုင်
|
|
ပြုလုပ်ရမည့်နေ့
|
တနင်္လာနေ့
|
|
ပြုလုပ်ရမည့်အချိန်
|
နံနက်(၉း၄၅)
|
အင်္ဂါသားသမီးများအတွက်
မျက်နှာမူရမည့်အရပ်
|
အနေက်မြောက်စူးစူး
|
|
ခြေဖြင့်နင်းရမည့်ပန်း
|
ညာဘက်- သစ်ခွ(၆)
|
ဘယ်ဘက်- ပိတောက်(၅)
|
ကလပ်တွင်ထည့်ရမည့်ပန်း
|
နှင်းဆီပန်း (၇)ပွင့်
၊ ရွက်လှ(၄)ညွန့် ၊ အုန်း (၁)ညွန့်
|
|
၎င်းပန်းကိုစွန့်ပစ်ရမည့်အရပ်
|
အနောက်တောင်
|
|
နင်းသောပန်းများစွန့်ရမည့်အရပ်
|
အနောက်မြောက်
|
|
ဘုရားလှူရမည့်မီးတိုင်
|
ဖယောင်းတိုင်(၈)တိုင်
၊ အမွှေးတိုင်(၈)တိုင်
|
|
ပြုလုပ်ရမည့်နေ့
|
အင်္ဂါနေ့
|
|
ပြုလုပ်ရမည့်အချိန်
|
နံနက်(၉း၄၅)
|
ဗုဒ္ဓဟူးသားသမီးများအတွက်
မျက်နှာမူရမည့်အရပ်
|
မြောက်စူးစူး
|
|
ခြေဖြင့်နင်းရမည့်ပန်း
|
ညာဘက်- နှင်းဆီ(၇)
|
ဘယ်ဘက်- သစ်ခွ(၆)
|
ကလပ်တွင်ထည့်ရမည့်ပန်း
|
အုန်း (၁)ညွန့် ၊
ကံ့ကော် (၂)ညွန့် ၊ မေမြို့(၅)
|
|
၎င်းပန်းကိုစွန့်ပစ်ရမည့်အရပ်
|
အရှေ့မြောက်
|
|
နင်းသောပန်းများစွန့်ရမည့်အရပ်
|
အနောက်မြောက်
|
|
ဘုရားလှူရမည့်မီးတိုင်
|
ဖယောင်းတိုင်(၁၇)တိုင်
၊ အမွှေးတိုင်(၁၇)တိုင်
|
|
ပြုလုပ်ရမည့်နေ့
|
ဗုဒ္ဓဟူးနေ့
|
|
ပြုလုပ်ရမည့်အချိန်
|
နံနက်(၉း၄၅)
|
ကြာသပတေးသားသမီးများအတွက်
မျက်နှာမူရမည့်အရပ်
|
အရှေ့စူးစူး
|
|
ခြေဖြင့်နင်းရမည့်ပန်း
|
ညာဘက်- အုန်း(၁)ညွန့်
|
ဘယ်ဘက်-
နှင်းဆီ(၇)ပွင့်
|
ကလပ်တွင်ထည့်ရမည့်ပန်း
|
ကံကော်(၂)၊သပြေ(၆)၊စံပယ်(၃)
|
|
၎င်းပန်းကိုစွန့်ပစ်ရမည့်အရပ်
|
အရှေ့စူးစူး
|
|
နင်းသောပန်းများစွန့်ရမည့်အရပ်
|
အရှေ့မြောက်
|
|
ဘုရားလှူရမည့်မီးတိုင်
|
ဖယောင်းတိုင်(၁၉)တိုင်
၊ အမွှေးတိုင်(၁၉)တိုင်
|
|
ပြုလုပ်ရမည့်နေ့
|
ကြာသပတေးနေ့
|
|
ပြုလုပ်ရမည့်အချိန်
|
နံနက်(၉း၄၅)
|
သောကြာသားသမီးများအတွက်
မျက်နှာမူရမည့်အရပ်
|
တောင်အရပ်
|
|
ခြေဖြင့်နင်းရမည့်ပန်း
|
ညာဘက်- ကံကော်(၂)
|
ဘယ်ဘက်- အုန်းညွန်(၁)
|
ကလပ်တွင်ထည့်ရမည့်ပန်း
|
စံပယ်(၃)၊နှင်းဆီ(၇)၊ရွက်လှ(၄)
|
|
၎င်းပန်းကိုစွန့်ပစ်ရမည့်အရပ်
|
တောင်စူးစူး
|
|
နင်းသောပန်းများစွန့်ရမည့်အရပ်
|
အရှေ့တောင်စူးစူး
|
|
ဘုရားလှူရမည့်မီးတိုင်
|
ဖယောင်းတိုင်(၂၁)တိုင်
၊ အမွှေးတိုင်(၂၁)တိုင်
|
|
ပြုလုပ်ရမည့်နေ့
|
သောကြာနေ့
|
|
ပြုလုပ်ရမည့်အချိန်
|
နံနက်(၉း၄၅)
|
စနေသားသမီးများအတွက်
မျက်နှာမူရမည့်အရပ်
|
အရှေ့တောင်
|
|
ခြေဖြင့်နင်းရမည့်ပန်း
|
ညာဘက်- စံပယ်(၃)
|
ဘယ်ဘက်- ကံကော်(၂)
|
ကလပ်တွင်ထည့်ရမည့်ပန်း
|
ရွက်လှ(၄)၊အုန်း(၁)၊ပိတောက်(၅)
|
|
၎င်းပန်းကိုစွန့်ပစ်ရမည့်အရပ်
|
တောင်စူးစူး
|
|
နင်းသောပန်းများစွန့်ရမည့်အရပ်
|
မြောက်စူးစူး
|
|
ဘုရားလှူရမည့်မီးတိုင်
|
ဖယောင်းတိုင်(၁၀)တိုင်
၊ အမွှေးတိုင်(၁၀)တိုင်
|
|
ပြုလုပ်ရမည့်နေ့
|
စနေနေ့
|
|
ပြုလုပ်ရမည့်အချိန်
|
နံနက်(၉း၄၅)
|
အထက်ပါဇယားကွက်တွင်ဖော်ပြထားသည့်အတိုင်းပင်တယော်ကင်ပွန်းနှင့်အတူဖော်ပြပါပန်းများဖြင့် ကလပ်တွင်းရောထည့်ကာခေါင်းဆေးပါ...နင်းရန်ဖော်ပြပါပန်းများကိုဘယ်ချေညာချေနင်းပါ... ပြီးရင်အရွက် ခက်များဖော်ပြပါတိုင်းစွန့်ပြီးလျှင်ဘုရားလှူရန်အမွှေးတိုင်ဖယောင်းတိုင်အရေအတွက်ဇယားဖော်ပြထား သည့်အတိုင်းခေါင်းဆေးပြီးချက်ခြင်း လှူတန်းဘုရားကန်တော့သီလယူပြီးဘုန်းကြီးကံကောင်းကာလိုအပ်ချက်ဆန္ဒဓါတ်များပြည့် ၀စေရန်လေးနက်ယုံကြည်စွာဆုတောင်းမှုပြုပါလေ...
မေတ္တာအနန္တဖြင့်