“သုံးဘ၀သစ္စာ” အခန်းဆက်အချစ်ဂမ္ဘီရ၀တ္ထုရှည်ကြီး အခန်း(၅) အောင်ကောင်းမွန်(လားရှိုး)

                                                                     အခန်း(၅)
                                          “ဆရာသမား၏အဖိုးတန်စကား(သို့)စိတ်လေ့ကျင့်ခန်း”
ကျွန်ုပ်သည် နန်းဟေ၀န်ရေကူးကန်ဖွင့်လှစ်ပွဲအခမ်းအနားဓါတ်ပုံများအား သက်ဆိုင်ရာ ကန်ထရိုက်ကြီးအားပေးရန် အတွက် မူရင်းဖလင်များတွဲနေချိန်တွင် ကျွန်ုပ်ဆရာ ဦးကျော်သက်မှ စပရိန်ပလာယာကြီးတွင် တပ်ဆင်ထားသော ဖောင်းကြွ စာလုံးပါတံဆိပ်အား ၄င်းအခမ်းအနားဓါတ်ပုံများကို ယူငင်ရိုက်နှိပ်ပေးလေ၏။ ကျွန်ုပ်သည် ဤသို့ပြုလုပ်ခြင်းကို ယခင် တခါမှမမြင်ဖူးခဲ့သူဖြစ်၍ ဘာလုပ်တာပါလိမ့်ဟုပင် စိတ်ဝင်တစားဖြစ်၍ အသေအချာကြည့်မိလေ၏။ ထိုအခါ ဆရာ ဦးကျော်သက်မှာ “ဒါက . . . ငါတို့ဆိုင်ရဲ့ဖောင်းကြွတံဆိပ်လေ . . . ဒီလိုတံဆိပ်မျိုး ငါတို့ဆီမှာရှိတယ်လို့ . . . မင်းအရင် တစ်ခါမှ မတွေးမိခဲ့ဘူးမလား”ဟုမေးလေ၏။ ကျွန်ုပ်သည် ဘာမျှပြန်၍မပြောဘဲငြိမ်၍်သာနေ၏။ ဆရာဦးကျော်သက်ဖြစ်သူမှာ ဆက်လက်၍ပင် ဤသို့ဆိုပြန်၏။ “ငါမေးနေတယ် . . . မင်းဖြေလေကွာ . . . ဝေလင်း မင်းမှတ်ထား . . . လောကကြီးမှာ ကိုယ်မမြင်မတွေ့ဘူးတိုင်း . . . အဲ့ဒီ မမြင်မတွေ့ရသောအရာတွေကို မရှိပါဘူးလို့မထင်ရဘူး . . . ကိုယ်မသိ ကိုယ်မမြင်ပေ မဲ့လည်း သူ့သဘောနဲ့သူ ဒီလောကကြီးမှာ အဲ့ဒီ မသိခြင်း၊ မမြင်ခြင်းဆိုတဲ့အရာတွေရှိနေတယ်ဆိုတာ နားလည်ထားရမယ် … ပြီးတော့ . . . ငါတို့ရဲ့ ဒီကမ္ဘာလောကကြီးမှာ ထူးခြားသောအရာတွေ
အတော်များများဟာ တီထွင်ဖန်တီးလုပ်ယူလို့ရတာတွေ မဟုတ်ဘူး . . . စူးစမ်းရှာဖွေဖော်ထုတ်လို့ရရှိတဲ့အရာတွေသာဖြစ်နေတာ . . .အဲ့လိုအလွန်ကိုထူးစမ်းမှူတွေကို ဒီနေ့ ငါတို့ကမ္ဘာကြီးမှာ အကြိမ်ကြိမ်တိုက်ဆိုင် စွာကိုဘဲ တွေ့ရှိလာခဲ့ရတယ်”ဤသို့ပြောဆိုရင်းပင် ဆရာသမားဖြစ်သူ ဦးကျော်သက်မှာ ကျွန်ုပ်၏မျက်နှာအား စေ့စေ့ကြည့် ၍ပင် ထပ်မှန်၍ တန်ဖိုးတရားလွန်စွာမှထိုက်တန်လှသောစကားတို့အား ဆိုပြန်လေ၏။
“လူတွေက အောင်မြင်ဖို့ . . . နိုင်ငံ ကျော်ရုပ်ရှင်မင်းသားကြီး၊ မင်းသမီးကြီးဖြစ်ဖို့ . . . နိုင်ငံကျော်ပညာရှင်ကြီးဖြစ်ချင်လို့ဆိုပြီး . . . ဖြစ်ချင်တာတွေကို ဖြစ်အောင်လုပ်မယ်ဆိုပြီး စိတ်ဓါတ်ခွန်အားတွေထည့် . . . ခံယူချက်တွေ အခိုင်အမာချကြတယ် . . . ပြီးတော့ မအားမနား ကြိုးစားကြတယ်ကွာ . . . တအားကို ကြိုးစားကြတော့တာဘဲ . . . အဲ့ဒီလူတွေဘ၀မှာ အောင်မြင်သွားသလားလို့မေးရင် . . . မအောင်မြင်ကြတာများတယ်ကွာ . . . အားကုန်ဖွင့်ပြီး ကြိုးစားတဲ့နည်းက သိပ်ပြီးတော့ ငါ့အနေနဲ့ မနှစ်သက်လှဘူး . . . လူဆိုတာ . . . ကိုယ်ဖြစ်ချင်တဲ့အရာကို . . .

နံပါတ်(၁)အချက် - ကိုယ်တကယ်ဘဲဖြစ်ချင်တာလား . . . ဘာကြောင့်ဖြစ်ချင်ရတာလည်း … ကိုယ့်ကိုယ်ကို ပြန်စမ်းစစ်သင့်တယ် . . . အဲ့ဒီမှာ ခိုင်လုံတဲ့အကြောင်းပြချက်တွေထွက်လာတယ် . . . ငါဟာ ဒါ့ကြောင့် ဖြစ်ချင်တယ်ပေါ့ . . . ကဲ အဲ့ဒီတော့ . . . နောက်

နံပါတ်(၂) - အဲ့ဒီဖြစ်ချင်တဲ့ ကိစ္စဟာ ငါနဲ့လိုက်လျောညီထွေမှုရှိရဲ့လား . . .? လို့လည်း ပြန်ပြီးစမ်းစစ် သင့်တယ် . . .

နံပါတ်(၃)အချက် - ငါလုပ်တဲ့ အလုပ်တွေအောင်မြင်သွားရင် င့ါဘ၀အတွက်၊ ငါ့မိဘမောင်နှမမိသားစုမျိုးဆက်တွေ အတွက် ကောင်းကျိုးပြုနိုင်မလား . . . ဒီကမ္ဘာလောကလူသားမျိုးနွယ်စုကြီးတခုလုံးကိုရော ကောင်းကျိုးပြုနိုင်မလား လို့လည်း စဉ်းစားဆုံးဖြတ်သင့်တဲ့အချက်ဘဲ . . .

နံပါတ်(၄)အချက် - ကိုယ်လုပ်မဲ့ ကိုယ့်ရဲ့ဘ၀ခံယူချက်အောင်မြင်မှုအတွက် လိုအပ်ချက်တွေ အထောက်အကူပြု ဖွယ်ရာအချက်အလက်တွေပေါ့ . . . ဥပမာ ငွေ၊ ပညာ၊ ဗဟုသုတ၊ အကျင့်၊ သီလ၊ ဘာသာစကား၊ အပေါင်းအသင်း စတဲ့ အချက်တွေပေါ့ . . . အဲ့ဒါတွေလည်း ပြည့်စုံမှုရှိရဲ့လား . . . မပြည့်စုံသေးရင် ဘယ်လိုနည်းနဲ့ တဖက်က ပြည့်စုံအောင်လုပ်မှာလည်း . . . စဉ်းစားအဖြေရှာထားရမယ် . . .

နံပါတ်(၅)အချက် - ကိုယ်လုပ်မဲ့အလုပ်ဟာ ကိုယ့်ရဲ့နေထိုင်ရာ အမိတိုင်းနိုင်ငံ၊ ပြည်နယ်ရဲ့ တရားဥပဒေနဲ့ကိုက်ညီမှု လိုက်လျောညီထွေမှုရောရှိရဲ့လား . . . အဲ့ဒါလည်း အတော်လေးကို အရေးကြီးတဲ့အချက်ဘဲနော် . . . ဒါသတိရှိရမယ် . . .

နံပါတ်(၆)အချက် - ငါတို့ကမ္ဘာကြီးပေါ်မှာ လူတစ်ယောက်အတွက် စကြာဝဋာ ဂြိုလ်နက္ခတ်တွေ လှည့်ပတ် ပြောင်းလဲမှုတွေအပေါ်ကိုမူတည်ပြီး . . . ဘယ်နေ့ ဘယ်အချိန်မှာ မွေးဖွားလာတဲ့သူက ဘယ်လိုစရိုက်မျိုးရှိမယ် … ဘယ်လိုကိစ္စရပ်တွေမှာ ထူးချွန်မယ် . . . ဘယ်လိုကိစ္စရပ်တွေက သူ့ကိုချမ်းသာအောင်ကောင်းကျိုးပြု အကျိုးပေး သလို . . .
ဘယ်လိုကိစ္စရပ်တွေကတော့ လုပ်မိတာနဲ့ ဒုက္ခရောက်လိမ့်မယ် . . . သူနဲ့လုံးဝကို မတည့်ဘူးပေါ့ . . . အဲ့ဒီလိုတွက်ချက်တဲ့ပညာရပ်ရှိတယ် . . . အဲ့ဒီပညာဟာ ကမ္ဘာပေါ်မှာရှိကြတဲ့ ရှေးကျတဲ့လူမျိုးတွေဆီမှာရှိတာ . . . အဲ့ဒါကြောင့်မလို့ ရှေးကျသက်တမ်းရှည်လူမျိုးတွေမှာ သူ့ဓလေ့ သူ့ထုံးစံနဲ့သူ သူတို့တွက်ချက်တတ်တဲ့ ဗေဒင်ပညာ ဆိုတာ ရှိနေကြတာဘဲ . . . တရုတ်လူမျိုးမှာ အလွန်ကိုနက်ရှိုင်းတဲ့ တရုတ်ဂမ္ဘီရပညာရပ်တွေရှိတယ် . . . ဗေဒင်လို့ ပြောရင်လည်းရတာပေါ့ကွာ . . . အခုတော့ မင်းအနေနဲ့ အဲ့လိုဘဲ အလွယ်မှတ်ထားပါ . . . ။

မှတ်ချက်။ ။

ယခု ဤအခန်းဆက်ဝတ္ထုရှည်ကြီး၏ ဇာတ်လည်ပိုင်းသို့အရောက်တွင် ၄င်းတရုတ်ရိုးရာဂမ္ဘီရ ပညာရပ်များနှင့် ယနေ့တိုင် ကမ္ဘာအရပ်ရပ်တွင် နေထိုင်ကြကုန်သော တရုတ်လူမျိုးများ ယုံကြည်ထားသည့် ဘုန်းရွှေပညာရပ်အား၎င်း၊ ယီရှင်းပညာရပ်အား၎င်း၊ ထည့်သွင်းဖော်ပြပေးသွားပါမည်။

စာရေးသူ

“မြန်မာလူမျိုးမှာလည်း မြန်မာ့ရိုးရာ လဂ်ဆန်းဗေဒင်ပညာရှိတယ် . . . အနောက်တိုင်းမှာလည်း astrology ဆိုတဲ့နက္ခတ်ဗေဒင်ပညာရှိသလိုအိန္ဒိရနိုင်ငံမှာလဲအလွန်ကိုမြင့်မားနက်ရှိုင်းတဲ့နက္ခတ်ဇာတာပညာ   ရှေးအီဂျစ်ပညာတွေ၊ ဟီဗရူး ဂျပ်စီ ဂဏန်းဗေဒင်ပညာတွေ၊ တားရော့လို့ခေါ်တဲ့ ကံကြမ္မာ ဖတ်ပညာတွေရှိတယ် . . .

အဲ့ဒီပညာတွေဟာ ယခုအချိန်မှာ အမှန်တကယ်တတ်ကျွမ်းတဲ့ ပညာရှင်ဆရာကြီးတွေ အလွန်ကိုနည်းသွားပြီ . . . အယုံလွယ်တတ်ကြတဲ့လူတွေကို အငိုက်ဖမ်းပြီး လိမ်လည်နေတဲ့သူတွေများနေပြီ . . . ဒါပေမဲ့လို့ အမှန်တကယ်တတ်ကျွမ်းတဲ့ နက္ခတ်တဗေဒပညာရှင် လဂ်ရိုးနဲ့ဘဲတွက်တွက်၊ လဂ်ဆန်းနဲ့ဘဲတွက်တွက် အဲ့ဒီလို တွက်တတ်တဲ့ဆရာကြီးတွေဆီမှာလည်း ကိုယ့်ဘ၀အတွက် ကိုယ်လျှောက်မဲ့ဘ၀ကိုယ်လုပ်မဲ့ အလုပ်၊ ကိုယ့်ရည်မှန်းချက်ဟာ အောင်မြင်နိုင်လောက်သော . . . လိုက်လျောညီထွေမှုဟာ ကိုယ်နဲ့အမှန် တကယ်ရှိရဲ့လားလို့ မေးသင့်ပါတယ် . . .။

လူတစ်ယောက်အတွက် ဘ၀မှာ အကြမ်းဖျင်းဘဲပြောပြော . . . အနုစိပ်ဘဲပြောပြော သုံးမျိုးသုံးစားရှိတယ်။
ပထမတစ်ခုက - ကိုယ့်ရဲ့ဘ၀ကို ကြီးပွားချမ်းသာအောင်မြင်နိုင်သော . . . ကိုယ့်ရဲ့ကောင်းကျိုးပြုမဲ့အလုပ် တွေ . . . အဲ့ဒီအလုပ်တွေသာလုပ်ရင် လုပ်သလောက်လည်း အကျိုးရှိမယ် . . . ကံကလည်း အထောက်အကူပြု လိမ့်မယ် . . .
ဒုတိယတစ်ခုက - ဘ၀မှာ ကြိုးစားသလောက်သာ အောင်မြင်မယ် . . . ကံကတော့ အထောက်အကူ မပြုဘူး . . . ဒါကတော့ ဘ၀မှာမတတ်နိုင်မှ လုပ်ရမဲ့အလုပ် . . . လက်ရှိအခြေအနေကိုအဆင်ပြေအောင်ပေါ့ . . .
တတိယတစ်ခုက - ကြိုးစားသလောက်လည်းမအောင်မြင်ဘူး . . . ကံကလည်း အထောက်အကူမပြုဘူး … ဒါကတော့ လုံးဝကို မလုပ်သင့်တဲ့အလုပ်ပါဘဲ . . . အဲ့ဒီလိုအလုပ်တွေလုပ်မိရင်တော့ လုပ်လေ ဒုက္ခရောက်လေ ဖြစ်နေလိမ့်မယ် . . . ကံမရှိ ဉာဏ်ရှိတိုင်းမွဲဆိုတာမျိုးပေါ့ . . . ဘယ်လောက်ဘဲ ဉာဏ်ရှိနေပါစေ
. . . သူနဲ့ သူလုပ်တဲ့အလုပ်နဲ့က လုံးဝကို ကံဓါတ်သဘောလိုက်လျောညီထွေမှုမရှိတာကိုပြောတာဘဲ . . . တချို့လူတွေ နိုင်ငံရေးလုပ်ကြသလိုပေါ့ . . . လုပ်တိုင်း ဒုက္ခရောက်တာဘဲ . . . ။ တချို့ဘာမှကို ရည်ရွယ်ကြိုးစားပြီးမလုပ်လိုက်ရဘူး အောင်မြင်သွားကြတယ် . . . စစ်ဘက်ဆိုင်ရာတွေ မှာလည်း ဒီလိုကိစ္စဖြစ်စဉ်မျိုးတွေ အထင်အရှားရှိတယ် . . . သူငယ်ချင်းနှစ်ယောက် စစ်ထဲအတူဝင်တယ် . . . တစ်ယောက်ကတော့ အရာရှိကြီးဖြစ်ပြီး ဘ၀မှာအောင်မြင်သွားတယ် . . . တစ်ယောက်ကတော့ ခဏခဏ ပြဿနာ တွေတက်နေတယ် . . . နောက် စစ်တပ်ကထွက်ပြီး တခြားအလုပ်လုပ်မှ အောင်မြင်သွားတယ် . . . ဒါကတော့ ငါ… ဥပမာအနေနဲ့ ရှိနေ ဖြစ်နေတတ်တဲ့သဘောကို ပြောပြတာပါ . . .

 အခုပြောတဲ့ နံပါတ်(၆)အချက်ကိုလည်း အသေ အချာကို ထည့်သွင်းစဉ်းစားလုပ်ကိုင်ရမှာဘဲ . . .။
နောက်တစ်ခုကတော့ . . .

နံပါတ်(၇)အချက် - ဒါကတော့ . . . စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တာပါ . . . သိပ်ကိုအရေးကြီးလေးနက်တယ်ကွာ … လူတွေပြောနေကြတဲ့ တန်ခိုးဆိုတဲ့အရာလို့လည်း ပြောလို့ရတယ် . . . စိတ်တန်ခိုးပေါ့ . . . အဲ့ဒီ စိတ်တန်ခိုးဟာ စိတ်စွမ်းအားကနေဖြစ်လာတယ်လို့ နားလည်ထားရလိမ့်မယ် . . . စိတ်ပညာနဲပတ်သက်လို့ စိတ်စွမ်းအင်နဲ့ ပတ်သက်လို့ ကမ္ဘာပေါ်မှာ စိတ်ပညာဆရာကြီးတွေ . . .
အမြင်အမျိုးမျိုးနဲ့ စိတ်ပညာကျမ်းတွေ အများကြီး အခိုင် အမာရှိနေပါတယ် . . . အားလုံးလည်း လက်ခံနိုင်တဲ့ စိတ်ပညာအချက်အလက်တွေကြီးပါဘဲ . . . အဲ့ဒီမှာ ဘ၀မှာ အောင်မြင်ချင်တယ် . . . လူတကာထက်ကို အောင်မြင်ချင်တယ် . . . Popular ဖြစ်ချင်တယ်ပေါ့ကွာ . . . အဲ့ဒီလူ အတွက်တော့ စိတ်ပညာနဲ့ပတ်သက်လို့ သူနားလည်ရမဲ့အချက်ဟာ နှစ်ချက်ဘဲရှိတယ် . . .

နံပါတ်(၁)အချက်ကတော့ … အာရုံပြုခြင်းဖြစ်သလို….

နံပါတ်(၂)အချက်ကတော့ … အတည်ပြုခြင်းသာဖြစ်တယ်။

ဘ၀မှာ ဖြစ်ချင်တယ်ဆိုလာကတည်းက ဆန္ဒ(Hope)လို့ အင်္ဂလိပ်လိုခေါ်တယ် . . . ရှိပြီးဖြစ်နေပြီ . . . အဲ့ဒီ Hope ကို အာရုံပြုခြင်းအလုပ် …. လုပ်ရမယ် . . . ပြီးရင် ××အတည်ပြုခြင်းအလုပ်လုပ်ရမှာပေါ့” ဤနေရာသို့ အရောက်တွင် ကျွန်ုပ်သည် အနည်းငယ် မရှင်းမရှင်းဖြစ်လာသလို စာဖြင့်ပင်ရေးမှတ်မှ မှတ်မိတော့မည်ဖြစ်သော ကြောင့်ပင် လိုက်ရေးမှတ်လိုက်တော့၏။

အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် ကျောင်းစာပညာအရည်အချင်းမရှိသူ တစ်ယောက်ဖြစ်သောကြောင့် English ကိုလည်း ကြားညှပ်ပြောတတ်ခြင်းမရှိပါ။ အများသူငှာပြောလာလျှင်လည်း ကျွန်ုပ်အနေနှင့် လုံးဝကိုနားမလည်ပါ။ ကျွန်ုပ်ဆရာ ဦးကျော်သက်မှာ ဆက်လက်၍ စိတ်ရှည်လက်ရှည် ရှင်းပြလေ တော့၏။

“ကိုယ်ဖြစ်ချင်တဲ့ကိစ္စရပ်က လူတကာလိုမဟုတ်ဘဲ လူတကာထက်မြင့်ချင်တော့ လူတကာလို လုပ်ရိုး လုပ်စဉ်အတိုင်း လိုက်နေ လိုက်လုပ်လို့မရတော့ဘူး . . . စိတ်ပိုင်းဆိုင်ရာ စိတ်ကျင့်စဉ်တွေကိုလည်း ကျင့်ရတယ်
… အဲ့ဒါကိုတော့ အင်္ဂလိပ်လို Auto Suggestion လို့ခေါ်တယ်” မောင်ဝေလင်းရေဟု ဆိုလေတော့၏။ 

ကျွန်ုပ်သည် ၄င်းအင်္ဂလိပ်စကားလုံးအား မရေးတတ်၍ ကွက်လပ်သာထားပြီး မြန်မာလိုသာရေးသွား လိုက်၏။ ဆရာသမားဖြစ်သူမှာ ဤသို့ ဆက်လက်၍ စိတ်ကျင့်စဉ်                                                                  Auto Suggestion ကောင်းစွာလုပ်တတ်အောင် ပြောပြလေ၏။
“ပထမအချက်ကတော့ . . . မင်းရဲ့ဆန္ဒပေါ့ . . . Hope ဆိုတာကို အသေအချာမျက်လုံးထဲမှာမြင်အောင် အဲ့ဒီအောင်မြင်မှုနဲ့ပတ်သက်တဲ့ အသံတွေကြားအောင် အဲ့ဒီအောင်မြင်မှုဘ၀ထဲကိုမြင် ရောက်နေသလိုဖြစ်အောင်ကို မင်းရဲ့စိတ်ကူးကိုလုပ်ယူရမယ်” ကျွန်ုပ်ဆရာသမားပြောသည့်အချက်အား ကျွန်ုပ်နားလည်သလို ဟုတ်မဟုတ် ဤသို့ပြန်၍မေးမိပါသည်။
“ဆရာပြောတာက စိတ်ကူးယဉ်တာဘဲဟုတ်လားဆရာ”ဟုမေးရာ . . . ဆရာဖြစ်သူမှ . . . “အေး ဟုတ်တယ်ကွ . . . အဲ့ဒီမှာ မင်းရဲ့စိတ်တွေပျော်လာအောင် တအားစိတ်တွေချမ်းသာလာအောင်ကို အာရုံပြုရမယ် … အဲ့လို အာရုံပြုတဲ့အချိန်မှာ မင်းရဲ့ခန္ဓာကိုယ်မှာရှိတဲ့ အကြောတွေကို အရင်လျော့ထားရမယ် . . . ပထမတင်းနေတဲ့အကြောတွေကို အရင်လျော့ပစ်ရမယ် . . . အဲ့ဒီလို ရုပ်ခန္ဓာက အကြောတွေ တကယ်လျော့သွားရင် ပက်လက်ကုလားထိုင်လိုမျိုး သက်တောင့်သက်သာရှိတဲ့ အနေအထားမျိုးနဲ့လုပ်ရမယ် . . . ပက်လက်ကုလားထိုင်မှာထိုင်ပြီးရင် စိတ်နဲ့မင်းရဲ့ခန္ဓာကိုယ်မှာရှိသမျှအကြောတွေကိုလိုက်ပြီးလျော့ရမယ် . . . အဲ့ဒီလိုလျော့တဲ့နေရာမှာ တင်းနစ်ဘောလုံးလေးအရွယ်လောက် ရွှေရောင်လက်နေတဲ့ ဓါတ်လုံးလေးတစ်ခု မင်း ခြေထောက်ခြေဖ၀ါးနားကို ဖြတ်သန်းနေတယ် . . . သူဖြတ်သွားတဲ့နေရာမှ ရှိသမျှ ငါ့ရုပ်ခန္ဓာအကြောတွေအားလုံး လျော့သွားပြီလို့ မှတ်ယူယုံကြည်ရမယ် . . .

 ဒါဆို သိပ်လွယ်တယ်ကွာ . . . အဲ့ဒီဘောလုံးလေးဟာ မင်းခန္ဓာကိုယ် တစ်ခုလုံးကိုလိုက်ပြီး ဖြတ်သွားတယ်လို့အာရုံပြုပြီး သူဖြတ်သန်းသွားတဲ့နေရာတွေမှာရှိတဲ့ အကြောတွေအားလုံး လျော့သွားပြီလို့ ယုံကြည်လိုက်ကွာ . . . ပါးစပ်ကပါလိုက်ပြီး အာရုံပြုတာကိုပြောလို့ရတယ် . . . ဒါပေမဲ့ အကျယ်ကြီး တော့မပြောနဲ့ကွာ . . . ကိုယ်ပြောတာကို ကိုယ်ကပြန်ကြားတယ်ဆိုရုံလောက်အသံဆိုရင်ရပါပြီ . . . အဲ့ဒါကိုတော့ ရီလိုက်ဇေးရှင်းRelizationလို့ခေါ်တယ်”ဟုပင်ဆိုလေ၏။ ကျွန်ုပ်လည်း ၄င်း Relizationရီလိုက်ဇေးရှင်းအား မြန်မာလိုသာ ရေးမှတ် လိုက်တော့၏။

“အဲ့ဒီလိုလုပ်ပြီး အိပ်လိုက်ရင် ခါတိုင်း(၈)နာရီမှအိပ်ရေးဝတဲ့လူဟာ (၂)နာရီအိပ်လိုက် . . . အိပ်ရေးဝသွား တာကို အံ့သြစွာတွေ့ရတတ်တယ်ကွ . . .
 အခုမင်းကတော့ အိပ်ဖို့လုပ်ရမှာမဟုတ်ဘူး . . . Auto Suggestion လုပ်ဖို့အတွက် Relizationရီလိုက်ဇေးရှင်း လုပ်တယ်လို့မှတ်ပါ . . . တချို့အလုပ်တာဝန်တွေသိပ်များတဲ့သူတွေ စိတ်ညစ်စရာတွေသိပ်များတဲ့သူတွေဆိုရင်လည်း အခုလိုညတိုင်း Relizationရီလိုက်ဇေးရှင်းလုပ်ပြီးအိပ်သင့်တယ်လို့ နားလည်ထားရမယ်…။

အဲ့ဒီမှာ မင်းတစ်ကိုယ်လုံး အကြောတွေလျော့တဲ့Relization ရီလိုက်ဇေးရှင်းပြီးပြီ . . . မင်းဟာ ပက်လက်ကုလားထိုင် ပေါ်မှာ အေးချမ်းစွာထိုင်ပြီး မင်းဖြစ်ချင်တာကို ဖြစ်အောင်လုပ်တော့မယ် . . . ဘာနဲ့လုပ်မှလည်း အခုစိတ်ကျင့်စဉ်နဲ့ လုပ်မှာ . . . အပြင်မှာ လူကိုယ်တိုင်လည်း တကယ်လုပ်မှာ . . . အဲ့ဒီလို စိတ်တန်ခိုးနဲ့လည်း အမြန်ရဖို့ သေချာပေါက်ရဖို့လုပ်မှာဖြစ်တယ် . . . မင်းဖြစ်ချင်တဲ့အရာက ရုပ်ရှင်မင်းသားဆိုရင်လည်း မင်းသားပေါ့ . . . ရုပ်ရှင် ဒါရိုက်တာဆိုလည်း ဒါရိုက်တာပေါ့ကွာ . . . ဒါမှမဟုတ်ရင်လည်း မင်းဟာ တိုင်းပြည်နဲ့လူမျိုးကို ကောင်းကျိုးပြုတဲ့ ဆရာကြီးတစ်ဦး၊ ပရဟိတ္တလုပ်ငန်းတွေကို ကမ္ဘာနဲ့ချီပြီး အောင်မြင်အောင်လုပ်မဲ့ပုဂ္ဂိုလ်စသည်ဖြင့် မင်းဖြစ်ချင်တာကို နှုတ်ကပြောရတော့မယ် . . . အဲ့ဒီမှာ မင်းရဲ့ပါးစပ်က ငါဟာ ×××××××××× ဖြစ်နိုင်တဲ့လူတစ်ယောက်ဘဲ . . . ငါ့မှာ ×××××××××××××××× ဖြစ်နိုင်တဲ့အရည်အချင်းတွေရှိနေတာ . . . အခု ငါကိုယ်တိုင်ကို သိသိသာသာ သိမြင်နေပြီ . . . အဲ့ဒီတော့ . . . (ငါဟာ ××××××××××××× ဖြစ်မဲ့လူတစ်ယောက်ဖြစ်နေပြီ) အဲ့ဒီလို ကိုယ် ဖြစ်ချင်တာကို ဆက်တိုက်တိုးတိုးလေးပြောရမယ် . . . ဒါဟာ အာရုံပြုတဲ့အဆင့်(×××××××××××××××)သာ ရှိနေသေးတယ် . . . ဒီအဆင့်ကို ပထမအနေနဲ့ ( ၂-မိနစ်ခွဲဘဲ လုပ်ရမယ်) . . . ဒုတိယအနေနဲ့ကတော့ အတည် ပြုတာ(×××××××××××××) (ငါဟာ ××××××××××××××× ဖြစ်သွားပြီ)ဆိုပြီး ဆက်တိုက် ကိုယ်ကြားတယ်ဆိုရုံလောက်ဘဲပြောရမယ် . . . အဲ့ဒါကိုလည်း ( ၂-မိနစ်ခွဲဘဲ ပြုလုပ်ရမယ်) ၊ နှစ်ခုပေါင်း (၅)မိနစ် ဆိုရင်ရပါပြီ . . . ရှေ့ကဲ့Relizationရီလိုက်ဇေးရှင်းလုပ်နေတာကတော့ စလုပ်ခါစမှာ အချိန်အတော်ယူရင်ယူရမှာပေါ့ . . . ဒါပေမဲ့ တဖြေးဖြေးလုပ်နေကျသွားရင် အချိန်သိပ်မယူရတော့ပါဘူး . . . ရီလိုက်ဇေးရှင်ဲးဲ့Relizationအဆင့်ဟာ ပြင်ဆင်တာလို့ သဘောထားမှတ်ယူပြီး ( ××× အာရုံပြုခြင်း ××××××××××× ) နဲ့( ×××××အတည်ပြုခြင်း×××××××× )ကိုသာ Auto Suggestion လုပ်ချိန်လို့သတ်မှတ်ပါ . . .
အဲ့ဒီလို အသေအချာ ယုံကြည်စွာလုပ်မယ်ဆိုရင် မင်း . . . တိုက်ကြီးနဲ့နေတဲ့သူဋ္ဌေး ဖြစ်ချင်လား . . . ကားပိုင်ချင်လား . . . စသည်ဖြင့် ဘ၀မှာအားလုံးရလိမ့်မယ် . . . ကိုယ်က ဘာမှတောင်မှလိုက်ပြီး မလုပ်လိုက်ရဘူး . . . နည်းမှန်လမ်းမှန်နဲ့ Auto Suggestion လုပ်တတ်ရင် Auto Suggestion ကသာ မင်းဖြစ်ချင် တာ . . . မင်းရချင်တာကို ပေးသွားလိမ့်မယ်”ဟု ဆိုလေတော့၏။

ထိုအခါ ကျွန်ုပ်မှ “ဒါဆို ကျွန်တော် (၅)မိနစ်မဟုတ်ဘူး . . . တစ်ရက်ကို နာရီဝက် တစ်နာရီလုပ်မယ် . . . ခဏခဏ လုပ်မယ်ဆိုရင် မကောင်းဘူးလားဆရာ”ဟုမေးရာ ဆရာသမားမှ “မရဘူး . . . လုံးဝကိုအဲ့လိုမလုပ်ရဘူး… အန္တရာယ်ဖြစ်သွားတတ်တယ် . . . အောင်လည်း အောင်မြင်မှာမဟုတ်ဘူး . . . တစ်ရက်ကို (၅)မိနစ် တိတ်ဆိတ်တဲ့ အချိန် . . . ကိုယ့်အတွက် အဆင်ပြေမဲ့တချိန်သာလုပ်ရမယ် . . . မနက်ဆိုလည်း မနက် . . . ညဆိုလည်း ည . . . ညအိပ်ခါနီးလုပ်တာဟာအကောင်းဆုံးဘဲ…အချိန်ကိုတော့အသေအချာ သတ်မှတ်ထားရမယ် . . . အားတဲ့အချိန်လုပ်မယ်ဆိုပြီးတော့မရဘူး . . . (၅)မိနစ်နဲ့ (၁)လပြည့်ပြီဆိုမှ (၃)မိနစ်တိုးပြီး (၈)မိနစ်လုပ်သွား . . . အဲ့လို (၁)လမှာ တစ်ကြိမ် အချိန်နည်းနည်းတိုးသွားရမယ် . . . ဒါကတော့ မင်းရဲ့စိတ်က သိလာလိမ့်မယ် . . . တစ်ယောက်နဲ့တစ်ယောက် စိတ်စွမ်းအင် Wile Power ကမတူဘူး . . . အဲ့ဒီလို အချိန်တွေတိုးသွားတာကလည်း နောက်ဆုံးမိနစ်(၂၀)ပြည့်ရင်တော့ ထပ်မတိုးသင့်တော့ဘူး” ဟုဆိုလေတော့၏။

ကျွန်ုပ်သည် ကောင်းစွာပင် ရေးမှတ်ပြီဖြစ်သလို Auto Suggestion လုပ်ရခြင်းနှင့်ပတ်သက်၍ ကောင်းစွာ သဘောပေါက်သွားပြီဖြစ်တော့၏။ ထိုရေးမှတ်ထားခဲ့သည့် မှတ်စုအား ဆရာသမား၏စကား(သို့)စိတ်လေ့ကျင့်ခန်း ဟုပင် ခေါင်းစဉ်တပ်လိုက်တော့၏။ ပြီးလျှင် စာအုပ်များသိမ်း၍ ကျွန်ုပ် ကင်မရာအားယူလိုက်ပြီး ဓါတ်ပုံများကိုယူ၍ ကျွန်ုပ်ဓါတ်ပုံရိုက်ရာ နန်းဟေ၀န်ပန်းခြံဆီသို့ ထွက်ခွာခဲ့လေတော့၏။
ဆက်လက်ဖော်ပြပါဦးမည် . . . ။
မေတ္တာအနန္တဖြင့်
အောင်ကောင်းမွန်(လားရှိုး)

Popular posts from this blog

ကိုးန၀င်း မိုးလင်းမှသိမယ် အဓိဋ္ဌာန်(မင်းသိင်္ခ)

သွေးထွက်အောင် မှန်သည်ဆိုသောဗေဒင်(မင်းသိင်္ခ)

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်ကပြောသောသင်၏အကြောင်း

“တကယ်ချစ်လို့လား၊ အ​ပျ​ော်တွဲမွာလားတဲ့” (နှင္းအိဝေ)

ပီယသိဒ္ဓိအဆောင်