“အောင်ကောင်းမွန် Website က ပို့(စ်)အသစ်တွေ မတင်ဖြစ်တာက ဒီလို’’ အောင်ကောင်းမွန်(လားရှိုး)

ရာသီဥတုသည် ယခုအချိန်ကာလတွင် ဆောင်းဥတုသို့ဝင်စပြုပြီဟုပင် အအေးဓါတ်တို့က သက်သေပြနေပြီ ဖြစ်၏။ နံနက်ခင်းတွင်လည်းကောင်း၊ ညချမ်းကာလအချိန်သို့ရောက်လျှင်လည်းကောင်း သိသိသာသာကြီးအေး၍ပင် လာနေပြီဖြစ်၏။ ထို့ကြောင့်ပင် ကျွန်ုပ်မှာလည်း နှစ်ပေါင်းများစွာဝတ်ခဲ့ရသည့် လွန်စွာမှပင် ကျွန်ုပ်အား သစ္စာရှိလွန်း လှသော အနွေးထည်အကျီများအား လျှော်တန်တာလျှော်၊ နေလှန်းသင့်သည်များကိုနေလှန်းရသည့်အလုပ်ကို အသေအချာလုပ်နေရတော့၏။ ထိုအချိန်မှာဘဲ အသက်အရွယ်အားဖြင့်(၅၀)ခန့်ရှိသော အမျိုးသမီးကြီးတစ်ဦးသည် ကျွန်ုပ်၏နေအိမ်သို့ရောက်ရှိ၍လာလေ၏။ ၄င်းအား ကျွန်ုပ်မှာကောင်းစွာသိ၏။ ၄င်း၏အမည်ကား ဒေါ်အုန်းမြင့်ဟုပင် ဖြစ်၏။ ကျွန်ုပ်ငယ်စဉ်အချိန်ကာလက တစ်ရပ်ကွက်ထဲနေခဲ့ဘူးသူဖြစ်၏။ ထိုစဉ်ကာလတွင် ၄င်းဒေါ်အုန်းမြင့်မှာ စိတ်ရောဂါဝေဒနာကို ခံစားခဲ့ရလေ၏။ ထို့ကြောင့် တချို့သောရပ်ကွက်မှလူများဟာ အရူးအဖွားကြီးဟု ရင့်သီးစွာ ခေါ်ဝေါ်ကြလေ၏။ သို့သော်လည်း ကျွန်ုပ်မှာမူ ၄င်းတို့ခေါ်သကဲ့သို့
မခေါ်ရက်ခဲ့သောကြောင့် ဒေါ်အုန်းမြင့်ဟုပင် ခေါ်ဝေါ်မြဲ ခေါ်ဝေါ်ခဲ့ရာ ယနေ့တိုင်အောင်ဘဲဖြစ်တော့၏။
ဒေါ်အုန်းမြင့်သည် ကျွန်ုပ်ကိုတွေ့လျှင် ဒီနေ့နေ့လည်စာထမင်းကျွေးမလားဟုမေးလေ၏။ ထို့ကြောင့် ကျွန်ုပ်မှာ ဒေါ်အုန်းမြင့်အား ခေတ္တထိုင်ခိုင်းပြီးနောက် ထမင်းဟင်းလျာများကိုစီမံချက်ပြုတ်ရတော့၏။ ကျွန်ုပ်တပည့် လေးတစ်ဦးဖြစ်သူ မောင်အိုက်မွန်းမှာ ကျွန်ုပ်ချက်ပြုတ်ရာ၌ ၀င်၍ကူလိုက်၊ တဖက်မှ ဒေါ်အုန်းမြင့်အားဧည့်ခံလိုက် နှင့် အလုပ်များ၍နေလေ၏။ ထို့ကြောင့် ကျွန်ုပ်မှ “အိုက်မွန်း၊မင်းပုံကိုကြည့်ရတာက ငါမောလာတယ်၊ ငါ့အလုပ် ငါလုပ်နေတာမမောဘူး၊ မင်းငါ့ကို ကူမယ်ဆိုလည်းကူ၊ ဒေါ်ခင်အုန်းမြင့်ကို ဧည့်ခံစကားပြောမယ်ဆိုလည်းပြော၊ ဒါမှ မဟုတ် ထိုင်ရင်လည်းထိုင်နေကွာ၊ ငါမျက်စိနောက်၊ နားမရှင်းဖြစ်လှပြီ၊ မင်းကိုကြည့်ရတာက”ဟုပြောရာ ကျွန်ုပ်စကား ကြောင့်ပင် အိုက်မွန်းမှာ ဘာမှမလုပ်တော့ဘဲ အသာထိုင်၍ စာအုပ်တစ်အုပ်ကို ဇိမ်ကျကျဖတ်နေတော့၏။ ထိုမှပင် ကျွန်ုပ်လည်း ချက်လက်စ ဟင်းလျာများကို ပြီးစီးအောင်ချက်ပြုတ်ရလေတော့၏။ အလုံးစုံချက်ပြုတ်ပြီးသောအခါ ဒေါ်အုန်းမြင့်အား ပြင်ဆင်ကျွေးမွေးတော့၏။ ဒေါ်အုန်းမြင့်သည် မြိန်ရှက်စွာဖြင့်ပင် ကျွန်ုပ်ချက်ပြုတ်သည့် ထမင်း ဟင်းလျာတို့ကို စားသောက်လေ၏။ ဤသို့စားသောက်ရင်းနှင့်ပင် ကျွန်ုပ်၏ မြန်မာဘာသာဖြင့် အင်တာနက်ပေါ် လွှင့်တင်ထားသော ၀က်ဆိုက်(website)အကြောင်းကိုမေးလေ၏။ “ မောင်ဝေလင်းရေ၊ အခုတလော အဒေါ်နေတဲ့ အိမ်နားက အင်တာနက်သုံးကြတဲ့မိန်းကလေးတွေလာပြောကြတယ်၊ သူတို့က ဆရာအောင်ကောင်းမွန်ရဲ့ www.25 aungkaungmon.blogspot.com Website ကို အမြဲဝင်ကြည့်ကြတာတဲ့၊ ယတြာတွေ၊ ဗေဒင်နဲ့ပတ်သက်တဲ့စာမူဆောင်းပါး တွေက သိပ်ကို ဖတ်လို့ကောင်းတာဘဲတဲ့၊ ဒါပေမဲ့ ခုတလော ဂမ္ဘီရ ပို့(စ်)အသစ်တွေ တင်တာမတွေ့ရဘဲ နိုင်ငံရေး သတင်းတွေဘဲတင်ထားတာတွေ့နေရတယ်တဲ့၊ အဲ့ဒါဘာဖြစ်လို့လဲဆိုတာ ဆရာ့ကိုတွေ့တဲ့အခါ မေးပေးပါဦးတဲ့၊ သူတို့ကပြောလို့ သူတို့တွေက အဲ့ဒီဗေဒင်၊ယတြာနဲ့ အဘဆရာကြီးရဲ့ ဆောင်းပါးစာမူတွေ၊ မောင်ဝေလင်းရဲ့ ဆောင်းပါးစာမူတွေကို ခရေစီဖြစ်နေကြတယ်ဆိုဘဲ၊ အဲ့ဒါလေးတစိတ်လောက်ပြန်ပြီး ရှင်းပါဦး၊ ဆရာ အောင်ကောင်းမွန်ရေ”ဟူ၍ ပြောလေ၏။
ဒေါ်အုန်းမြင့်မှာ ကျွန်ုပ်အား ငယ်နာမည် မောင်ဝေလင်းဟုခေါ်လိုခေါ်၊ ဆရာအောင်ကောင်းမွန်ဟုခေါ်လိုခေါ်၍ပင် မေးလေ တော့၏။ “ ဟုတ်ပါတယ် ဒေါ်အုန်းမြင့်၊ ကျွန်တော့ Website မှာ Label တွေက အခု ကဏ္ဍ(၆)ခု ခွဲထားပါတယ်။ အဲ့ဒီမှာ မြန်ပြည်တခွင်သုတစုံလင်ဆိုတဲ့ လေဘာနဲ့ ပြည်ပအရေးရှုမြင်တွေးဆိုတဲ့ လေဘာမှာက (Post)တွေ နည်းနေသေးတာရယ်၊ ပြီးတော့ အခုကျွန်တော်တို့ မြန်မာနိုင်ငံဟာ တကယ့်ကို ကျေနပ်အားရစရာပါဘဲ။ ကောင်းတဲ့ပြောင်းလဲတိုးတက် မှုတွေ တွေ့ကြုံနေရပါပြီ။ အဲ့ဒီတော့ အဲဒီသတင်းလေးတွေ လေဘာတွေထဲဝင်သွားစေချင်တာရယ်၊ ကိုယ့်ဆိုက်ထဲ ၀င်လာသူတွေ နိုင်ငံရေး တိုးတက်မှုလေးတွေ သိစေချင်လို့ပါ။ ကျွန်တော့်ကိုယ်တိုင် အသက်(၂၁)နှစ်အရွယ်ထဲက -
အစိုးရသတင်းထောက်လုပ်ခဲ့တော့ သတင်းနဲ့ပတ်သက်ပြီး ကိုယ့်ဆိုက်ထဲမှာပါစေချင်တဲ့ဆန္ဒရှိပါတယ်။ ဒါပေမဲ့လို့ မြန်မာဆန်းဆရာတို့ရဲ့ စောင့်ထိန်းရမဲ့ ဆန်းစည်းမျဉ်းတွေအရ သတင်းတိုင်းတော့ တင်လို့မရဘူးပေါ့။ အခုတော့ ကောင်းမြတ်ချင်းသဘောဆောင်တဲ့ သတင်းတွေလည်းဖြစ်နေလို့ အခုဒီလထဲမှာတင်လိုက်တာပါ။ ပြီးတော့ ကျွန်တော် ဗေဒင် ပညာနဲ့ ဟမ်းဖုန်းကိုင်တဲ့သူတွေ ဟမ်းဖုန်းကနေကို တားရော့ဗေဒင်နဲ့ ကဏန်းဗေဒင်တမျိုးကို ချက်ချင်းကို သိချင် တာကို မေးလို့ရအောင်လည်း ခေတ်မှီနည်းပညာတွေနဲ့ ကျွန်တော်ကိုယ်တိုင် Software Engineer တစ်ယောက်နဲ့ Software တစ်ခုရေးနေတော့ စာရေးရတာလေးက နည်းနည်းအချိန်ကျပ်နေလို့ပါ။ အခုလက်ရှိwww.25aungkaungmon.blogspot.com Website မှာဘဲ အင်တာနက်စာကြည့်တိုက်တစ်ခုလည်း ထပ်ပြီးလုပ်ပေးဦးမှာမို့ စာအုပ်တွေလည်း လိုက်စု နေတာပါ။ “သုံးဘ၀သစ္စာ” အချစ်ဂမ္ဘီရ အခန်းဆက်ဝတ္ထုကြီး တစ်ပုဒ်ကိုလည်း အပတ်စဉ်တင်ပေးဖို့ ရေးနေ ပါတယ်။ ဟမ်းဖုန်း go there Myanmar software ကနေ အပတ်စဉ် - လစဉ် ခုနှစ်ရက်သားသမီးကို ဗေဒင်ဟော စာတန်းတွေလည်း တင်ပေးဖို့ လုပ်နေရသေးတယ်လေ။ ပြီးတော့ အင်တာနက်ပေါ်ကနေ တစ်ကမ္ဘာလုံး Every day Every time မြန်မာ-အင်္ဂလိပ်-တရုတ် သုံးဘာသာနဲ့ မေးသူတိုင်းကို Auto ဟောပေးနေမဲ့ AungKungMon pro myanmar astrology website ကိုလည်း စပြီးစမ်းကြည့်နေပြီလေ။ အဲ့ဒီ website ကို အတော်ကောင်းအောင် ကျွန်တော်ကြိုးစားပြီး လုပ်နေတာပါ။ အဲ့ဒါတွေကြောင့်ပါဗျာ”ဟုပင် ကျွန်ုပ်၏လုပ်ဆောင်ချက်များကို ရှင်းပြလိုက်ရ တော့၏။ ထိုမှပင် ဒေါ်အုန်းမြင့်မှာလည်း မိတ်ဆွေကောင်းပီသစွာဖြင့် ကျွန်ုပ်လုပ်ဆောင်မှုတွေကို မုဒိတာပွားနေလေ တော့၏။ “၀မ်းသာတယ် ဆရာအောင်ကောင်းမွန်လို့ခေါ်တဲ့ မောင်ဝေလင်းရေ၊ အဒေါ်မျက်လုံးထဲမှာတော့ မင်းကို ဟိုးအနှစ်သုံးဆယ်ကျော်က ကလေးဘ၀လေးကပုံ မျက်လုံးထဲကမထွက်သေးဘူး။ ဟိုတုန်းက ဘောင်းဘီတိုလေးနဲ့ လေ----- ၀မ်းသာတယ် ---ကျေးဇူးလည်းတင်ပါတယ်၊နေ့လည်စာကျွေးတဲ့အတွက်ရော အခုလိုရှင်းပြတဲ့အတွက်ရောပေါ့နော်-ကယ်မောင်ဝေလင်းလို့ခေါ်တဲ့ဆရာအောင်ကောင်းမွန်ရေအဒေါ်လည်းပြန်ဖို့ကဝေးတယ်ခုပြန်မှသုံး ချက်ထိုးလောက်အိမ်ရောက်မှာ---သွားမယ်နော်--”ဟုပင် နှုတ်ဆက်၍ ဒေါ်အုန်းမြင့် တစ်ယောက် ကျွန်ုပ်နေထိုင်ရာ လားရှိုးမြို့စွန်၊ ရန်တိုင်းအောင်ဘုရားအနီး၊ ရွှေလီရတနာရပ် နေအိမ်တွင်းမှ အေးချမ်း လှသော ခြေလှမ်းတို့ဖြင့် ထွက်ခွာသွားလေတော့သတည်း . . .။




မေတ္တာအနန္တဖြင့်
အောင်ကောင်းမွန်(လားရှိုး)


Popular posts from this blog

ကိုးန၀င်း မိုးလင်းမှသိမယ် အဓိဋ္ဌာန်(မင်းသိင်္ခ)

သွေးထွက်အောင် မှန်သည်ဆိုသောဗေဒင်(မင်းသိင်္ခ)

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်ကပြောသောသင်၏အကြောင်း

“တကယ်ချစ်လို့လား၊ အ​ပျ​ော်တွဲမွာလားတဲ့” (နှင္းအိဝေ)

ပီယသိဒ္ဓိအဆောင်