``အိုးပိုင် အိမ်ပိုင်ရစေသော ပုတီးစိပ်နည်း" အောင်ကောင်းမွန် (လားရှိုး)



^^^^^^^^^^^^^^


 တစ်နေ့သ၌ ကျွန်ုပ်သည် တစ်ဦးတည်းပင်
လျှင် စီးကရက်တို့ကို တလိပ်ပြီးတလိပ် ဖှာရငျး
ပင် တွေးမိ တွေးရာတို့ကို တွေးနေ​လေမိတော့ ၏။ ကျွန်ုပ်တွေးနေ​သော အကြောင်းအရာများသည် ကျွန်ုပ်၏ ဘဝ​ြဖတ်သန်းခဲ့ သမျှတို့ပင်
ွဖစ်လေ၏။ ကျွန်ုပ်ဘ၀တွင် ကျွန်ုပ်နေထိုင်ခဲ့ရသောအိမျမြားနှင့်ပတ်သက်၍လည်း ပြန်
လည် ၍တွေးကြည့် မိလေ၏။ မည်သို့ပင်
ဆိုစေ ယခုအခါတွင်မူ ကျွန်ုပ်သည် မွေးသမိခင်မွေးသဖခင်တို့ နှစ်ဦးနှင့် အတူ လားရှိုးမြို့စွန် 
ရန်တိုင်းအောင် ဆုတောင်းပြည့်မြို့ဦးစေတီတော် အနီးရှိ ေရႊလီရတနာ တိုးချဲ့ရပ်ကွက်
တွင် အေးချမ်းစွာနေထိုင် နရေပြီဖြစ်၏။
 လွန်စွာမှ စိတ်ငြိမ်မှုရှိသော ကြောင့် ကျွန်ုပ်
အတွက်တော့ ပုတီးစိပ်ရန်အတှကျ
လညျးကောင်း၊ တရားထိုင်ရန်အတှကျ
လည်းကောင်း၊ စာရေးရန် အတွက်ပါ
လျှင် အဆင်ပြေ၍ နေရပြီဖြစ်၏။ 

ထို့ကြောင်ပင် ကျွန်ုပ်သည် ကံကြမ္မာကြီ
းကို ကျေးဇူးတင်မိသလို ကျွန်ုပ် 
ယုံကြည်စွာ အားထား ကိုးကွယ်လျှက်ရှိသော ဆရာသခင်များ အပေါ်တွင်လည်း 
အထူးကိုပင် ကျေးဇူး တင်မိတော့၏။ 

ကျွန်ုပ်၏ မိဘနှစ်ပါး အပေါ်တွင် ကျေးဇူ
တင်မိသလို ကျွန်ုပ်၏ ပညာပိုင်းဆိုင်ရာ 
ဆရာသခင် မဟာကျေးဇူးရှင်ကြီး 
အဘ​ ဒေါက်တာ မင်းသိင်ျခ အားလည်း 
အထူးပင်ကျေးဇူးတင်မဆုံးဖြစ်ရတော့၏။

အကြောင်းမူကား ကျွန်ုပ်နှင့်အတူ 
မိခင်၊ဖခင်အပါအ၀င် မိသားစုအားလုံးတို့
သည် နှစ်ပေါင်း(၅၀)ကျော်ခန့် အိမ်ငှား 
ဘ၀နှင့်နေထိုင်ခဲ့ကြရ၏။ ကျွန်ုပ် မိခင်ဖြစ်သူ အသက်(၅)နှစ္အရြယ္မှစ၍ အဖိုးအဖွားမ်ား 
စီးပှားရေးကျ၍ အိမ်ငှားနေခဲ့ရသည် ဟု 
သိရလေ၏။ ကျွန်ုပ် မှေးဖှားပြီးနောက်လည်း ဤကဲ့သို့ပင် ဆက်လက်၍ အိမ်ငှား ဘ၀နှင့်
သာနေခဲ့ရလေ၏။ ဤသို့နှင့်ပင် ကျွန်ုပ်
အသက်(၂၈)နှစ်၊ ၂၀၀၃-ခုနှစ်မှ စ၍ 
အဘဆရာကြီး ဒေါက်တာမင်းသိင်ျခ ၏ ဂမ္ဘီရ ပညာရပ်များကို အထူးပင် စတင်လေ့လာ
ရင်းနှင့် ချစ်သော အဘ မင်းသိင်ျခ
ထံ၌ လူကိုယ်တိုင်သွား၍ တပည့်ရင်းအဖွဈ ခံယူကာ ဂမ္ဘီရ ဗေဒင်၊ လက္ခဏာ၊ တားရော့၊
ယတွာ ပညာရပ်များအား သင်ကြား
ခဲ့တော့၏။ 

ထို့ကြောင့်ပင် ၂၀၀၄-ခုနှစ် ဇွန်လိုင်လ
(၃)ရက်နေ့တွင် ကျွန်ုပ်အား အဘမင်းသိင်ျခ
ထံမှ ​ဗေဒင်ဆရာ ဂမ္ဘီရ အမည် အဖြစ် 
ဆရာ အောင်ကောင်းမြန္ ဟု မည့်သွင်
ခဲ့စေပြီး တရားဝင် တပည့် အွဖစ်သတ်မှတ်
ကာ ထိုအချိန်မှ စတင်ပြီး ဗေဒင်ဟောခှင့်
ပေးလိုက်တော့၏။ ထိုအချိန်မှ စ၍ ကျွန်ုပ်
သည် အဓိဋ္ဌာန်များ မကြာမကြာဝင်၍ 
ပုတီးစိပျ၏။ သကျသတ်လွတ်စား၏။ 
ဗေဒင်ပညာရပ်များကိုလည်း အဘထံ 
ထပ္မှန်၍ ထပ်ပြန်တလဲလဲသင္၏။ 
သင်တန်းတွေဆက်တိုက်တက်၏။ 
တတ်ကျွမ်းထားပြီးဖြစ်သည့် ဂမ္ဘီရပညာရပ်များ အပေါ်တွင်လည်း မိမိပတ်ဝန်းကျင်ရှိ 
ခင်မင်သူများကို ဟောပေးရင်း သုတေသနပွု၏။ ၂၀၀၉-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈)ရက်
နေ့တွင် ကျွန်ုပ် အောင်ကောင်းမွန် ၏ ဘ၀ 
ရှင်သန်ခြင်း အနှစ်သာရကြီး တစ်ခုဖြစ်သော
မဟာဂန္ဓာရီ အဓိဋ္ဌာန်ကြီးအား စတင်၍ 
ပွုလုပ်ဖြစ်တော့၏။ ထို့ကြောင့်ပင် 
ကျွန်ုပ်အ​​နေနှင့် အကုသိုလ်နည်းနိုင်သမျှ
နည်းအောင် နေထိုင်ရတော့မည်ွဖစ်သည့်
အတွက်ကြောင့် ကျွန်ုပ်၏စီးပှားရေး
လုပ်ငန်းများအားလညျး ရပျလိုက်လတော့၏။ ထို့ကြောင့် ကျွန်ုပ်စားဝတ် ​နေရေးအတွက် 
တဖက် မှ ​ဗေဒင် ​ဟော၏။ ကျွန်ုပ်ကိုယ် 
ကျွန်ုပ် ဗေဒင်ဆရာ အမှန်ပင်ဖြစ်ပြီ ဟု 
ခံယူပြီး လားရှိုးမြို့၊ ပြည်ထောင်စု
လမ်းမကြီးဘေး(သိန်းနီလမ်း)၊ ပြည်ထောင်စုအားကစားတိုက်တန်း၊ အခန်း အမှတ်(၂၅)
တွင် ဗေဒင်ဟောခန်းဖှင့်လှဈ ၍ အဓိဋ္ဌာန်ပြု
လုပ်ရင်းပင် ကျွန်ုပ်တစ်ဦးတည်း နေထိုင်ဖြစ်ခဲ့တော့၏။ ဤသို့ အဓိဋ္ဌာန်ကြီးပြုလုပ်ရင်း
ပင် ညအခါ၌ အဘမင်းသိင်ျခ ပွောပွဖူးသည့် 
အိမ်ကောင်း၊ အိမ်​ပိုင်နှင့်နေထိုင်ရသည့် 
ပုတီးစိပ်နည်း ကိုလည်း ဆက်တိုက်
ပုတီးစိပ်ဖြစ်ခဲ့တော့၏။

ကျွန်ုပ်၏ မဟာဂန္ဓာရီအဓိဋ္ဌာန်ကြီး ပထမအဆင့်(၃၄၃)ရက်ပြုလုပ်နေဆဲမှာဘဲ ဘိုးဘွားဘီဘင် မပြီးပြတ်ခဲ့ သော အိမ်ငှားနေရခြင်းအဖြစ်မှ လွတ်မြောက်ပြီးလျှင် ကျွန်ုပ်တို့မိသားစုမှာ ၂၀၀၉-ခုနှစ်၊ ဒီဇင်ဘာလ(၂၅)ရက်နေ့ မှာဘဲ အိုးပိုင်အိမ်ပိုင်ဘ၀ စတင်၍ရရှိခဲ့တော့၏။ ထိုဒီဇင်ဘာ(၂၅)ရက်မှာတော့ ကျွန်ုပ်ဘ၀တွင် မမေ့နိုင်သောနေ့ ကောင်းတစ်ခုပင်ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်ဘ၀တွင် အရေးကြီးကဏန်းကောင်းအဖြစ် (၂၅)ကို အမြဲသုံး၏။

ကျွန်ုပ် အဘဒေါက်တာမင်းသိင်္ခမွေးသည့်နေ့ဖြစ်သလို၊ ကျွန်ုပ် အဘဒေါက်တာမင်းသိင်္ခ ထောင်ဒါဏ် တသက်တကျွန်းကျခံရစဉ် ထောင်မှလွတ်ရန် အဓိဋ္ဌာန်စ၍လုပ်သည့်နေ့လည်းဖြစ်၏။ ကမ္ဘာတစ်ဝန်းလုံးရှိ ခရစ်ယာန် ဘာသာဝင်အများတို့သည်လည်း သူတို့၏ဘုရားရှင်သားတော်ကယ်တင်ရှင် ခရစ်တော်မွေးဖွားသည့်နေ့ဟု ယုံကြည် သတ်မှတ်ထားကြလေ၏။ ကျွန်ုပ်ဘ၀အတွက်လည်း အိမ်ပိုင်ရသည့်နေ့ပင်ဖြစ်တော့၏။ ထို့ကြောင့်(၂၅)ကဏန်း မွေးသူ ကျွန်ုပ်အဘဒေါက်တာမင်းသိင်္ခမှာ ကျွန်ုပ်အပေါ်တွင် မြောက်မြားစွာသော ကောင်းကျိုးမင်္ဂလာတို့ပြုခဲ့သလို ကျွန်ုပ်နှစ်သက်မြတ်နိုးသော (၂၅)ကဏန်းမှာလည်း ကျွန်ုပ်ဘ၀နှင့် ကျွန်ုပ်မိဘနှစ်ပါးအပေါ်သို့ ကျွန်ုပ်မိသားစုများ အားလုံးအပေါ်သို့ ပြန်လည်၍အတိအလင်း ကောင်းကျိုးပြုခဲ့ပြီဖြစ်၏။ လားရှိုးမြို့၏(၁၉-၈-၂၀၁၂)ရက်နေ့ မိုးကြီး၍ မြေနိမ့်ရပ်ကွက်တို့ ရေကြီးမှုဖြစ်ပွါးရာတွင်ကျွန်ုပ်မှာ ရေဘေးဒဏ်သင့်သော မိသားစုဝင်များအား သွားရောက်ကြည့်ရှု ဖြစ်ခဲ့၏။ ရိုင်းပင်းကူညီမှုအား တတ်အားသမျှပြုပြီး အားပေးစကားများပြော၍ပင်(၂၀-၈-၂၀၁၂)ရက်နေ့နှင့်(၂၁-၈-၂၀၁၂)ရက်နေ့များတွင် ကျွန်ုပ် ဆက်တိုက်သွားရောက်ဖြစ်ခဲ့ရာတွင် ယင်းရေကြီးရာဒေသရှိ အိမ်ငှားများဘ၀၊ အိမ်များကို နေဖြစ်သည်ဆိုရုံလေး ဆောက်၍နေနေရသည့်ဘ၀များမှ ခုနှစ်ရက်သားသမီးတို့ကိုမြင်တွေ့ရလျှင် ကျွန်ုပ်အနေနှင့် များစွာပင်စိတ်မကောင်း ဖြစ်ရလေတော့၏။ ထို့ကြောင့်ပင် ကျွန်ုပ်၏ပညာပိုင်းဆိုင်ရာ ဆရာသခင် မဟာကျေးဇူးရှင်ကြီး အဘဒေါက်တာ မင်းသိင်္ခ၏ ကမ္ဘာမြေပေါ်မှ မထွက်ခွါမှီ ပေးဆပ်ခဲ့သည့် မည်သူမဆို အိမ်ကောင်း၊ အိမ်ပိုင်နှင့် နေရသည့် ပုတီးစိပ်နည်းအား အဘမင်းသိင်္ခ အေးချမ်းစွာနေထိုင်လျှက်ရှိသော မဟာမြိုင်သို့အာရုံပြု၍ အဘမင်းသိင်္ခထံ အကြိမ် ကြိမ်ခွင့်ပန်၍ ခုနှစ်ရက်သားသမီးအပေါင်းတို့အပေါ်တွင် ကောင်းသော သဘော၊မနော၊စေတနာ၊မေတ္တာတို့ဖြင့် ဤစာမူဆောင်းပါးအား ရေးသားလိုက်ရပါတော့တယ်ခင်ဗျား . . .။

အဘဆရာကြီး ဒေါက်တာမင်းသိင်္ခ၏မေတ္တာဖြင့် အစဉ်ခုနှစ်ရက်သားသမီးများအပေါ်သို့ ဆက်လက်၍ပင် မြောက်မြားစွာသောကောင်းကျိုးတရားများ ပြုသွားပါဦးမည်ဟု သစ္စာပြုပြောကြားအပ်ပါသည်။

မေတ္တာအနန္တဖြင့်


“ပုတီးစိပ်နည်း’’

ဖုသဿ လောကဓမ္မေဟိ

စိတ္တံ ယတ္တနံ ကမ္မတိ

အာသောကံ ၀ိရဇံ ဥုမ် ခေမံ။

တစ်ရက်လျှင် (၂၇)လုံးပုတီးနှင့် (၆)ပတ် အချိန်မှန်စိပ်ပါ။

အိမ်ကောင်း၊ အိမ်ပိုင်ရရန် တစ်ခုတည်းသာဆုတောင်းပါ။

နံနက်ဖြစ်စေ ၊ ညအချိန်တွင်ဖြစ်စေ၊ မိမိပေးနိုင်သည့်အချိန်တစ်ခုကိုသတ်မှတ်ပြီးစိပ်ပါ။ ယုံကြည်စွာပြုလုပ်ပါလေ။



မေတ္တာအနန္တဖြင့်


Popular posts from this blog

ကိုးန၀င်း မိုးလင်းမှသိမယ် အဓိဋ္ဌာန်(မင်းသိင်္ခ)

သွေးထွက်အောင် မှန်သည်ဆိုသောဗေဒင်(မင်းသိင်္ခ)

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်ကပြောသောသင်၏အကြောင်း

“တကယ်ချစ်လို့လား၊ အ​ပျ​ော်တွဲမွာလားတဲ့” (နှင္းအိဝေ)

ပီယသိဒ္ဓိအဆောင်