ဖြုန်းတီးမှု့များ ရပ်စေသတည်း

မာဒါလိုင်းမွန် တဲပင် ဆိုသော အနောက်တိုင်း လောကီပညာရှင် တစ်ဦးက (၁၉၆၂) ခုနှစ် လောက်တွင် မဂ္ဂဇင်းတစ်ဆောင်၌ တဲရော့ခေါ် လောကီပညာသုံး ကဒ်ပြား (သို့) ဗေဒင်သုံး သော ကတ်ပြားတွင် အမှတ် (၁၄) ကတ်ပြားသည် ဖြုန်းတီးမှု့များ ၊ ငွေကြေး ကုန်ကျမှု့များ၌ ကာကွယ်နိုင်သည်ဟု

သူ၏ ဆောင်းပါး၌ ဖော်ပြထား၏။
ထိုဆောင်းပါးကို ကျွန်ုပ်သည် အမှတ်ရသဖြင့် တဲရော့နံပါတ်(၁၄) ကဒ်ပြားကို အိပ်ထဲရှာ၍ ထည့်ထားဦးမှဟု ဆိုကာ ကဒ်ပြားကို ရှာနေခြင်းဖြစ်၏။ ထိုကဒ်ပြားတွင် ပုံ တစ်ပုံပါ၏။ ထိုပုံတွင် မိန်းမတစ်ဦး ရေအိုးနှစ်လုံး ကိုင်လျှက် ရေများကို တစ်အိုးမှ တစ်အိုး ပြောင်းလဲ သွန်လောင်းနေသောပုံ ဖြစ်၏။ ထိုကဒ်ပြား၏ အမည်မှာ " တင်းပရင့်" ဟု ဖြစ်၏။ ၎င်း၏ အနက်မှာ ခြိုးခြံချွေတာခြင်းဟု အဓိပ္ပါယ်ရ၏။ ကျွန်ုပ်သည် ထိုကဒ်ပြားကို ထုပ်၍ ကျွန်ုပ်၏ အိပ်အတွင်း၌ ဆောင်ထားလေတော့၏။


သဗ္ဗေသတ္တ ကမ္မဿကာ
မင်းသိင်္ခ

Popular posts from this blog

ကိုးန၀င်း မိုးလင်းမှသိမယ် အဓိဋ္ဌာန်(မင်းသိင်္ခ)

သွေးထွက်အောင် မှန်သည်ဆိုသောဗေဒင်(မင်းသိင်္ခ)

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်ကပြောသောသင်၏အကြောင်း

“တကယ်ချစ်လို့လား၊ အ​ပျ​ော်တွဲမွာလားတဲ့” (နှင္းအိဝေ)

ပီယသိဒ္ဓိအဆောင်