“ အနာဂါတ်ဟူသည့် အချိန်ကာလနှင့် ကျွန်တော်” အောင်ကောင်မွန်(လားရှိုး))

aung kung mon သြဂုတ်လ 9, 2012 9:32pmတွင်aung kung mon မှတင်ပြသောဘလော့ပို့(စ်)ဖြစ်ပါသည်
View Blog

ဒီလိုပါခင်ဗျာ--------
ကျွန်တော် ဖူးစာရှင်လေးမှာ စာမရေးဖြစ်တာဟာ အတော်လေးကြာနေပါပြီ၂၀၀၉ ခုနှစ် ဖေဖေါ်ဝါရီလ (၁၈)ရက်နေ့တွင် စတင်၍ ပြုလုပ်ခဲ့သော ကျွန်ုပ်၏ မဟာဂန္ဓာရီအဓိဌာန် ကြီးမှာလည်း ယခုအချိန်တွင် ရက်ပေါင်း (၁၀၂၉)ရက်တွင် သုံးချိုးနှစ်ချိုးဖြစ်သည့် (၆၈၆)ရက် အောင်မြင်ပြီး တတိယအဆင့်ကြီး (၄၉)ရက် (၇)ထုံ (၃၄၃)ရက် ပြုလုပ်ရန် ကော့(စ်)မစ် အားဖြည့်ရင်းနှင့်ပင် နေ့စဉ်နှင့် အမျှ ဒုက္ခအခက်အခဲကြုံတွေ့နေရသူများအပေါင်းကို ကျွန်ုပ်၏ ပညာပိုင်းဆိုင်ရာ ဆရာသခင် အဘ ဒေါက်တာ မင်းသိင်္ခ သင်ကြားပေးခဲ့သော ဂမ္ဘီရအတတ်ပညာဖြင့်ပင် ကုသိုလ်ဖြစ်
ယတြာများကိုအခမဲ့ ပြုလုပ်ပေးနေရ၏။ ဗေဒင်မေးလိုသူများကိုလည်း နေ့စဉ်နံနက် (၁၁)နာရီမှစ၍ ဗေဒင်ဟောပြောပေး၏။ အဓိဌာန်ကြီး စတင်ပြုလုပ်ချိန်မှစပြီး ကျွန်ုပ်၏ စီးပွားရေးလုပ်ငန်းမှန်သမျှကိုလည်း ရပ်ပစ်လိုက်၏။ ဘ၀တွင် ဗေဒင်ဆရာကို ယခုလို စောစီးစွာ ပြုလုပ်ရန်
အစီအစဉ်များ မရှိခဲ့သော်လည်း ဤအဓိဌာန်ကြီး ပြုလုပ်မှုကိုအကြောင်းပြုပြီး အကုသိုလ်တရားများ နည်းနိုင်သမျှနည်းအောင် ဗေဒင်ဟောပြောခြင်း တစ်ခု တည်းကိုသာ ပြုလုပ်၍ ဗေဒင်ဆရာဟူသည့်ဘ၀ကို ခံယူခဲ့ရခြင်းပင် ဖြစ်ရတော့၏။ဤသို့နှင့်ပင် ၂၀၀၉ ခုနှစ်၏ နေ့ရက်များကို အဓိဌာန်ကြီးပြုလုပ်ရင်း၊ တဖက်မှလည်း ဗေဒင်ယတြာ ပေးရင်းနှင့် မြင့်မြတ်သည့် ကုသိုလ်ပြုအလုပ်ကို ပြုလုပ်ရင်း ဖြတ်သန်းခဲ့ရာတွင် ၂၀၁၀ ခုနှစ်၏ ဇန်န၀ါရီလ သို့ ရောက်၍ပင်လာတော့၏။ ဇန်န၀ါရီ (၂၆)ရက်နေ့တွင် ကျွန်ုပ်ပြုလုပ်သည့် အဓိဌာန်ကြီး၏ ပထမအဆင့် (၄၉)ရက် (၇)ထုံ (၃၄၃)ရက် အောင်မြင်လေတော့၏။ ထိုအချိန်မှာဘဲ နဂိုပြုလုပ်ခဲ့သည့် အနုပညာ(Video) လုပ်ငန်းများသည်လည်းကောင်း၊ သတင်းကိစ္စရပ်များသည်လည်းကောင်း ပြန်လည်၍ ပြုလုပ်ရန်အကြောင်း တရားများက ပေါ်ပေါက်၍ပင် လာပြန်လေတော့၏။ ထို့ပြင် ၂၀၀၉ ဒီဇင်ဘာ၊ နေပြည်တော်-ရန်ကုန် ခရီးစဉ်၊ ၂၀၁၀ ဇန်န၀ါရီ၊ နေပြည်တော်-ရန်ကုန် ခရီးစဉ်နှင့် ၂၀၁၀ ဖေဖေါ်ဝါရီ၊ တရုတ်(ကူမင်း)ခရီးစဉ်၊ တို့၏ ခရီးသွားဗဟုသုတများအပေါ်တွင် အကြောင်းပြု၍လည်းကောင်း၊ နည်းပညာတိုးတက်မှု ကမ္ဘာ့ အခြေအနေနှင့် မြန်မာ့ information Technology ပညာရပ်များ တိုးတက်လာမှုတို့နှင့် ယှဉ်တွဲစဉ်းစားယင်း နှင့်ပင် ကျွန်ုပ်အနေနှင့် Pro Myammar Astrology and Tarot Internet Website တစ်ခု ပြုလုပ်ရင်တော့ ကောင်းမည်ဟု အတွေးဝင်လာပြီးလျှင် တစ်ကမ္ဘာလုံးတွင်ရှိသော လူသားအားလုံးအတွက် တစ်သက်တာ နှစ်စဉ်ကံကြမ္မာများကို အတိအကျ Auto Online မှ Every day Every time ဗေဒင်မေးလိုသူမှန်သမျှ မေးနိုင်ရန်အတွက် ဟောစာတမ်းများကို မြန်မာဆန်းဗေဒင်(သုံးတန်ပေါ်နိစ်)ပညာဖြင့် စတင်တွက်ချက် ရေးသားမိတော့၏။ ဘာသာစကားကိုလည်း International အဆင့်ဖြင့် အဆင်ပြေနိုင်ရန်အတွက် Myanmar, English and Chinese သုံးမျိုးဖြင့် ဟောစာတမ်းများ၊ ယတြာများကို ဘာသာပြန်ဆိုရန် အကူ အညီ တောင်းရပြန်၏။ ကုန်ကျစရိတ်အနေဖြင့်လည်း ဗေဒင်ဟော၍ ရရှိသော ဥာဏ်ပူဇော်ခ တစ်ခုတည်း ကိုသာ ချင့်ချိန်သုံးစွဲခဲ့ရသောကြောင့် လွန်စွာမှပင် စီစစ်သုံးစွဲခဲ့ရတော့၏။ဤသို့ တစ်ဖက်မှ ပြုလုပ်ရင်းနှင့်ပင် ၂၀၁၁ ဖေဖေါ်ဝါရီလ (၁၆)ရက်နေ့တွင် ကျွန်ုပ်၏ မဟာဂန္ဓာရီ အဓိဌာန်ကြီး၏ ဒုတိယအဆင့် (၄၉)ရက် (၁၄)ထုံ (၃၄၃)ရက်ကို ဆက်လက်ပြီးပြုလုပ်ဖြစ်တော့၏။ ကျွန်ုပ် ၏ ကျန်းမာရေးအခြေအနေမှာလည်း တရှောင်ရှောင်ဖြစ်လို့နေတော့ စိတ်ဓါတ်ခွန်အားများသည် အတော်ပင် ဖြည့်ရင်း တင်းရင်း ပြုလုပ်ခဲ့ရခြင်းပင်ဖြစ်တော့၏။ (၂၂-၈-၂၀၁၁)နေ့တွင် လားရှိုးဆေးရုံကြီးသို့ တက်ရောက် ရ ပြန်တော့၏။ ထိုစဉ်တွင် အဓိဌာန်ကြီးမှာလည်း ပြုလုပ်နေမြဲဖြစ်ရာ (၁၀၂၉)ရက် အဓိဌာန်တစ်ခုလုံး၏ ခရီးတစ်ဝက်တိတိ၊ ဒုတိယအဆင့် (၃၄၃)ရက်၏ တစ်ဝက်တိတိကို ဆေးရုံပေါ်တွင်ဘဲ ပြုလုပ်အောင်မြင် ဖြတ်သန်းခဲ့ရတော့၏။လွန်စွာမှ စိတ်သဘော မနောဖြူစင်လှသူ ပါရဂူကြီး ဒေါက်တာဒေါ်မြင့်မြင့်စိန် နှင့် လက်ထောက် ဆရာဝန်များ၊သူနာပြုဆ၇ာမကြီးဒေါ်ခင်သန်းနုနှင့်သူနာပြုဆ၇ာမများ၏စေတနာထားဂရုပြု ကုသပေးမှုကြောင့် ဆေးရုံတက်ပြီး (၁၄)ရက်မြောက်နေ့တွင် ကျန်းမာစွာဖြင့် ဆေးရုံဆင်းရတော့၏။ သို့သော်လည်း ယခင်သောက်ခဲ့ဘူးသော ဆေးဝါးအချို့ကို ပြန်လည် သောက်သုံးရတော့၏။ ယခုအချိန်ထိပင် တစ်လတွင် (၁၅)ရက်ခန့်မှာတော့ အပြင်ဆေးခန်းတွင် အာရုံကြော အားဆေးမှာ မှန်မှန်ကို ထိုးနေရသေးတော့၏။၂၀၁၂ ဖေဖေါ်ဝါရီ (၇)ရက်တွင် ကျွန်ုပ်၏ မဟာဂန္ဓာရီအဓိဌာန်ကြီးတစ်ခုလုံး၏ သုံးချိုးနှစ်ချိုး၊ (၆၈၆)ရက် မှာ မည်သို့သော သုခ၊ ဒုက္ခနှင့် ကြုံတွေ့ခဲ့သည်ဖြစ်စေ လောကဓါဏ် ဟူသော အရာကြီးအား ရင်ဆိုင်ရင်းပင် (၆၈၆)ရက်ဟူသည့် အဓိဌာန်ကြီး၏ သုံးချိုးနှစ်ချိုး အောင်မြင်ခဲ့တော့၏။ ကျွန်ုပ်အနေနှင့် လွန်စွာမှပင် ပျော်၏။ ခုနှစ်ရက်သားသမီးများတို့၏ ကြုံတွေ့နေရသော ဒုက္ခအခက်အခဲများ ပြေပျောက်ရန် ဂမ္ဘီရယတြာများ ပြုလုပ်ပေးတိုင်းလည်း ကျွန်ုပ်အဓိဌာန်အောင်ဓါတ်ကို သစ္စာပြုရင်း ပြုလုပ်ပေးခဲ့သော ကြောင့် ပို၍ပင် အောင်မြင်ခဲ့တော့၏။၂၀၁၂ ခုနှစ်အတွင်းမှာဘဲ မြင့်မြတ်သည့်နိမိတ်ထူးများကို ကျွန်ုပ်အနေနှင့် စောင့်စားနေသည်ဟု ၀န်ခံရပေမည်။ အဘယ်ကြောင့်ဆိုသော် ယခုပြုလုပ်မည့် တတိယအဆင့်မှာ မည်မျှလောက်အရေးကြီးမည် ဆိုသည်ကို ဂန္ဓာရီအတွေ့အကြုံ အဓိဌာန်ကြီးများ ပြုလုပ်ဘူးသူများမှာတော့ သဘောပေါက်ကြမည်ချည်း သာ ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်အနေနှင့် လွန်စွာမှပင် သတိရှိနေရပြီဖြစ်၏။ သို့ပါ၍ပင် ခိုင်မာသည့်၊ မွန်မြတ်သည့်၊ မြင့်မြတ်သည့် နိမိတ်ထူးများ ကျွန်ုပ်ကြေနပ်စွာရမှပင် ဤတတိယအဆင့်ကြီးကို ပြုလုပ်မည် ဖြစ်၏။ ကြေနပ်သည့်နိမိတ်များရခဲ့ပြီဆိုလျှင်ပင် ကျွန်ုပ်အဓိဌာနမှာအောင်ကို အောင်မြင်ပြီဟု ယုံကြည်ပါ၏။ထို့ကြောင့်ပင် ယခုအခါတွင် နေ့ခင်းပိုင်း၌ သာသနာ(၂၅၀၀)ပြည်လုံးချမ်းသာစေတီတော်ပေါ်ရှိ ကျွန်ုပ်၏ဗေဒင်ခန်းတွင် ဗေဒင်ဟောပြောခြင်း၊ ယတြာချေပေးခြင်း၊ စာရေးခြင်းများ ပြုလုပ်၍ နေရပြီးလျှင် ညအခါတွင်လည်း ကျွန်ုပ်ပြုလုပ်နေဆဲဖြစ်သည့် Pro Myammar astrology and Tarot Website အတွက် နည်းပညာများလေ့လာနေရ၏။ မြန်မာနိုင်ငံမှ Blog များ တင်ခြင်း၊ ချခြင်း ကို ယခုလက်ရှိ Myanmar Connection အခြေအနေကို သိရှိနိုင်ရန်ရည်ရွယ်ပြီး www.25aungkungmon.co.cc နှင့် www.25aungkungmon.blogspot.com ကို 1st January 2012 မှ စတင်စမ်းသပ်၍ ပြုလုပ်နေပါ၏။ http//buddhismworld.ning.com နှင့်www. fusarshinlay.com တို့တွင်လည်း ကျွန်ုပ်၏ home page များကို တင်ခွင့် ရသည့်အတွက်ကြောင့်လည်း ၎င်း site များ ရေးသားတည်ဆောက်သူများကို လွန်စွာကျေးဇူးတင်မိပါ၏။Pro Myammar astrology and Tarot Website ကြီး တင်ပြီးလျှင်တော့ ကျွန်ုပ်အနေနှင့် ခုနှစ်ရက် သားသမီးများကို လူတွေ့ ဗေဒင်ဟောပြောခြင်းကို အခြေအနေအရ နားရတော့မည်ဖြစ်၏။ သို့သော်လည်း ယတြာများကိုတော့ လူတွေ့တွက်ချက်ပြီး ကျွန်ုပ်ကိုယ်တိုင် အခမဲ့ပြုလုပ်ပေးသွားမည်ဖြစ်၏။ Email မှ ယတြာတောင်းလိုသူများအားလည်း ပြန်လည်တွက်ချက်ပေးသွားမည်ဖြစ်၏။ ထို့ကြောင့်ပင် ယခု လို လူတိုင်းအပေါ်တွင် နေ့စဉ်နှင့်အမျှ အချိန်ပေးပြီး ကျွန်ုပ်၏ ပညာပိုင်းဆိုင်ရာ ဆရာသခင်ကြီး မဟာ ကျေးဇူးရှင်ကြီးဖြစ်သော အဘ ဒေါက်တာမင်းသိင်္ခ သင်ကြားပေးခဲ့သော ပညာရပ်များဖြင့် အများသူငှာအား ဟောပြောပေးနေရခြင်းကိုမူ ကျွန်ုပ်အနေနှင့် များစွာပင် ကြေနပ်ဝမ်းမြောက်မိတော့၏။ နောင်လာလတန့် သော အချိန်ကာလများတွင် ဆက်လက်ပြုလုပ်ရန်ရှိသော လုပ်ငန်းရပ်များအား စဉ်းစားကြည့်မည့်ချိန်တွင် ယခုလို လူအများအပေါ်တွင် လူတွေ့ပြီးမဟောပြောနိုင်တော့မည့်အခြေအနေကို တွေးမိလျှင် စိတ်မကောင်း ဖြစ်ရသည်မှာ ကျွန်ုပ်၏ မှန်သောသစ္စာပင် ဖြစ်ပါသည်။ ထိုကြောင့်လုပ်ငန်းအချိန်ဇယားမှာအတော်လေးစဉ်းစားနေရတော့၏။ Pro Website ကြီးတစ်ခုလုံး၏ ကွန်မန်းများကို ဖြေကြားရတော့မည် ဖြစ်သောကြောင့်ဖြစ်၏။ထို့ကြောင့် ဆရာ့ဆီလာချင်နေတာ၊ ဆရာ့ဆီ ကျွန်တော်/ကျွန်မတို့ လာကိုလာရဦးမယ်၊ ဦးအောင်ကောင်းမွန်ဆီမှာ ဗေဒင်မေးချင်လို့ဟု အစချီ၍ပင် စကားစများရှိသော်လည်း အကြောင်းအမျိုးမျိုး ကြောင့် မလာနိုင်သူ မိတ်ရင်း/မိတ်ကျက် များအား မည်သူမဆို လာပါ၊ မြန်မြန်သာလာခဲ့ကြပါဟု ဖိတ်ခေါ် ရင်းပင် ဤစာမူကို ကောင်းမြတ်သောသဘော မနောဖြင့် ရေးသားလိုက်ရပါတော့တယ်ခင်ဗျား .......ယခုလို အလုပ်တွေကို ကျန်းမာစွာ ပြုလုပ်နိုင်အောင် ကျွန်ုပ်ကို ဂရုစိုက်ပြုစုကုသပေးနေသော ဦးနှောက်နှင့် စိတ်အထူးကု ပါရဂူကြီး ဒေါက်တာဒေါ်မြင့်မြင့်စိန်နှင့် မောင်နှမ၇င်းပမာ အစဉ်ဂရုစိုက်ပြီးအား ဆေးထိုးပေးနေသော လက်ထောက်ဆရာဝန် ဒေါက်တာ ခင်ပြည့်စုံနှင့် ဒေါက်တာ နန်းခင်ဝတ်ရည် တို့အားလည်းအထူးပင် ကျေးဇူးတင်ရှိကြောင်းကို ဤစာမူနှင့်တွဲဖက်ပြောကြားလိုက်ရပါတော့တယ်ခင်ဗျား---------


မေတ္တာအနန္တဖြင့်
အောင်ကောင်းမွန်(လားရှိုး)

Popular posts from this blog

ကိုးန၀င်း မိုးလင်းမှသိမယ် အဓိဋ္ဌာန်(မင်းသိင်္ခ)

သွေးထွက်အောင် မှန်သည်ဆိုသောဗေဒင်(မင်းသိင်္ခ)

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်ကပြောသောသင်၏အကြောင်း

“တကယ်ချစ်လို့လား၊ အ​ပျ​ော်တွဲမွာလားတဲ့” (နှင္းအိဝေ)

ပီယသိဒ္ဓိအဆောင်