"ကျန်းမာရေး ကောင်းစေသော စော်လမွန် အဆောင်တခုပါဘဲ" အောင်ကောင်းမွန် (လားရှိုး)
ရောဂါမဖြစ်အောင်ဆောင်တဲ့ အ ဆောင်
ဟောဒီ ဆောလမွန် အဆောင်လေးကတော့
ကျန်းမာရေးကို ကောင်းစေတဲ့ အဆောင်ကလေးတခုပါဘဲ ။
ဂျစ်ပစီတွေ အ နေနဲ့ က တော့ သွားနာ
သွားကိုက် ဖြစ်တဲ့ ရောဂါက နေ ကာလ
ရောဂါတွေ၊ ကပ်ရောဂါကြီးတွေ အထိ
အကုန် ကာကွယ် နိုင်တယ်လို့
ယုံကြည်ပြီး ဆောင်ကြတဲ့
အဆောင်တစ်မျိုး ပါပဲ။
အထဲမှာ ရေးထားတဲ့ စာကတော့
" အဘရာ ကာဒါဘရာ "
ဆိုတဲ့ ထူးဆန်းတဲ့ မန္တာန်ပါ။
အင်္ဂလိပ်လို
စာလုံးပေါင်းကတော့
( ABRACADABRA) လို့
ပေါင်းပါတယ်။
ရှေ့ဟောင်း အနောက်တိုင်း
ကာဗလာ လောကီပညာမှာ အစဉ်
သဖြင့်အသုံးပြုတဲ့
မန္တာန်ပါပဲ။
အဲဒီ မန္တာန်ကို အပေါ်ဆုံးက
အပြည့်အစုံ ရေးပြီး စာလုံးတွေကို တစ်လုံးစီ လျှော့ချသွားလိုက်တာဟာ အဆင့်ဆင့်နှင့် နောက်ဆုံး စာလုံး ဟာ A တစ်လုံးတည်း ကျန်တဲ့အထိ လျှော့ပြီးရေးသွားတာဖြစ်ပါတယ်..
ကျန်းမာရေးအတွက် အဓိကထားအသုံးပြုလို့ရသလို ကံမကောင်းချိန်တွေ၊ အချောက်အလှန့်တွေ ကို ကြားတာမြင်တာ ကြုံခဲ့ရင်တောင် အသံထွက်ပြီး သံပြင်းနဲ့ ဆိုလိုက်တာနဲ မကောင်ဆိုးဝါးတွေ ချက်ခြင်း လွင့်ထွက် ပျက်ဆီးပြီး တစစီ ကွဲထွက်ပျောက်ကွယ်သွားတာကို ကိုယ်တိုင် မြင်တွေ့ရပါလိမ့်မယ်...။
မကောင်းသော အညံအခိုက်တွေ သနချေတာတွေက အစ အသုံးပြုလိုရတဲ့ အလွန်အစွမ်းထက်သော ဂမ္ဘီရ တံစိပ်တခုဖြစ်ပါတယ်.. ကာလအားဖြင့် မကောင်းတဲ့ ကပ်ဆိုးတွေ ကြုံတွေ့ရချိန်တွေမှာ ဒီကတ်ပြားကို ပလပ်စတစ်လောင်းပြီး အမြဲတမ်း ဆောင်ထားပါ. ....။
နှုတ်ကလည်း ရွတ်ပေးပါ...
မကောင်းသော အတိတ် နမိတ်ဆိုးတွေကို
မောင်းထုတ်တဲ့အချိန်မျိုးတွေ..
မကောင်းသော ကပ်ဆိုးတွေကို မောင်းထုပ်တဲ့ အချိန်တွေမှာ အသံပြင်းပြင်း နဲ့
" အဘရာ ကာဒါဘရာ "
ဆိုပြီး (ရ) ကို (လ) သံနဲ့ ရွတ်ရမှာဖြစ်ပါတယ်။
မေတ္တာ များစွာဖြင့်..
ဆရာ အောင်ကောင်းမွန် (လားရှိုး)