ကျွန်တော်နဲ့ သဲအင်းဇွဲတင်ရန်အတွက် စုံစည်းချင်း--အောင်ကောင်းမွန်(လာရှိုး)

နှင်းမှုံတဖွေးဖွေးမြောက်လေတွေးသည့်ဟေမာန်သဆောင်းသဘာဝတိုးလွမ်းမိုးစအချိန်ကာလလေးရဲ့ နံနက်ခင်းတခုမှာပါ။ နေ့ရက်ကို အတိအကျဆိုရလျှင် ခရစ်တော်ကို အကြောင်းပြုပြီးရေးထိုးခဲ့သော သက္ကရာဇ်ရဲ့ 2011 ခု နိုဝင်ဘာလ(၁)ရက် နေ့ဖြစ်ပါတယ်။ ကျွန်တော့ခေါင်းထဲကို ထူးခြားလေးနက်
တဲ့အတွေး အခေါ် တချို့ဝင်လာပါတယ် ပြီးတော့ ဒီနေ့ဒီရက်ဟာ

ကျွန်တော်အောင်မြင်စွာပြုလုပ်လျှက်ရှိတဲ့၁၀၂၉ရက်တိတိရှိတဲ့(၄၉)ရက်၂၁ထပါအခုလက်၇ှိဒုတိယအဆင့်ုံ၊ရ၊ထုံပါတဲ့အဆင့်ကြီးရဲ့
ပဉ္စမမြောက်ထုံအောင်မဲ့နေ့ဘဲဖြစ်ပါတယ် ချယ်ရီ FM ကနေ၀ီပဿနာ သီချင်းလေးကြားမိတယ် ခါတိုင်းလည်းဘဲ အဲ့ဒီသီချင်း လေးတွေလာရင် အမြဲသတိထားပြီးနား ထောင်တယ် ကျွန်တော်က နံနက်(၅)နာရီတိုင်းအိပ်ရာနိုးတယ် ပြီးတော့ ရေဒီယို(ချယ်ရီFM)က တရားနာတယ် အဲ့တာနေ့တိုင်းဘဲ ညအိပ်ချိန်က(12:00) နာရီ တခါတလေ ၁ နာရီ ၂ နာရီထိုးတယ် ဒါပေမယ့်လည်း (၅)နာရီ တော့ သတိထားပြီး နိုးအောင်လုပ်ပြီးတရားနာတယ် အဲ့ဒါတော့ နေ့တနေ့ရဲ့ပုံမှန်ကျွန်တော့် အတွက် မင်္ဂလာရှိ တဲ့အဖွင့်လေးပါပဲ… ဒီနေ့နံနက်ခင်းမှာတော့ ကျွန်တော့်ရဲ့ဆရာသခင်တွေလည်း ကျွန်တော်လျှောက်လှမ်းနေတဲ့ ဂန္ဒာရီလမ်းစဉ်နဲ့ ပတ်သက်ပြီးလိုအပ်တာတွေ အိမ်မက်ပေးကြတော့ခါတိုင်းထက်ပိုပြီး စောစောနိုးနေပါတယ် ဝိပဿနာသီချင်းလေးတွေက သိပ်ကိုနားထောင်လို့ကောင်းတာပါဘဲ(သနာနဲ့နားထောင်ရင်ကို နားထောင်လို့ကောင်းနေတာ)
ကျွန်တော်က အစက ဝိပဿနာကို မလုပ်ခဲ့ဘူး… သမထနဲ့ ပတ်သက်လို့တော့ငယ်ငယ်ထဲက
လုပ်ခဲ့တာပါ လုပ်လိုက်ရပ်လိုက်ပေါ့ အဲ့ဒီတုန်းက တော့ ကလေးကို အခုတော့တကဲ့ကို အရိုးကြေကြေ အရေခန်းခန်းကိုပါဘဲအချိန်ကာလ၃နှစ်နီးပါရှိတဲ့မဟာဂန္ဒာရီအဓိဌာန်ကြီးကို နိုင်လာခဲ့တာ
၄၉ရက်ထုံ ၁၂ ထုံအောင်မြင်ပြီးမြောက်ခဲ့ပါပြီ၊ ဆက်လက်ပြီလည်းဘယ်လို ဒုက္ခ သုခ နေ့စဉ်ပုံမှန်အောင်မြင်အောင်လုပ်မျိုးနဲ့ကြုံကြုံပြီးမြောက်အောင်မြင်အောင်လုပ်သွားမှာပါ။
ဒီစာလေးကိုအခုဖတ်လိုက်ရတော့ စာက ဝိပဿနာဖက်ဘဲရောက်တော့မလိုလို သမထ ဘက်ဘဲရောက်တော့မလိုလိုဖြစ်နေပါလိမ့်မယ်. အမှန်တကယ်တော့ ကျွန်တော်ပြောပြချင်တာ
က တကဲ့ကို ရှည်လျားကြီးမြတ်တဲ့ သမထကျင့်စဉ်ကြီးတွေလုပ်ပြီဆိုရင် ဝိပဿနာမပါဘဲဘယ်
တော့မှ အဲ့ဒီ သမထ မအောင်မြင်နိုင်ဘူးလို့ ပြောချင်တာပါ။
ဗုဒ္ဓဘာသာ ၀င်တိုင်း အတွက်အ
ရေးကြီးတဲ့ လူ့တာဝန်အလုပ်ကြီးလို့သတ်မှတ်သင့်ပါတယ်၊ ကျွန်တော်ဟာ ကျေးဇူးရှင်ဆရာသခင်
ဆရာကြီး အဘဒေါက်တာ မင်းသိင်္ခရဲ့ကြီးမားလှစွာသော မဟာကျေးဇူးတွေကြောင့် ဒီနေ့
ဒီအချိန်မှာ ဆရာ လို့အခေါ်ခံခဲ့ရပါတယ်။ ဂမ္ဘီရပညာရှင် ဗေဒင်ဆရာ ဖြစ်ခဲ့တယ် လူ့ဘ၀ ရဲ့
အမြင့်ဆုံးသော အဆင့်လို့ပြောလို့ရတဲ့ လူတွေကစပြီး ဟိုးအောက်ဆုံးအဆင့်လို့ သုံးနှုန်းပြီး
လူတွေပြောနေတဲ့ အဆင့်က လူတွေထိအောင် ကျွန်တော်ကို ဆရာလို့ ခေါ်နေကြပါပြီ၊ ကိုယ် လုပ်နေတဲ့အလုပ်တွေကလည်း ကမ္ဘာကြီးဆိုတဲ့အဆင့်နဲ့ကိုပြောလို့ရတဲ့လောကီတီထွင်ဆန်း သစ်မှုတွေကိုကြိုးစားဖန်တီးနေရတဲ့ အချေအနေကိုရောက်နေပါပြီ၊ အဲ့ဒီလုပ်နေတဲ့အလုပ်တွေ
ထဲမှာတော့ မဟာဂန္ဒာရီ အဓိဌာန်ကြီး ကတော့ အဓိက ပွင့်တော့ချက်ပေါ့၊ 2009 ခုနှစ် ဖေဖော်ဝါရီ (၁၈)ရက် နေ့မှ စတင်ပြုလုပ်ခဲ့တာပါ စလုပ်ထဲကကို ဘ၀ဟာတော်တော်လေးကို ပြောင်းလဲ
တိုးတက်ခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော်ဟာ ကျေးဇူးရှင် အဘမင်းသိင်္ခရဲ့ သတိပေးဆုံး မစကားကို မမေ့စတန်းဥာဏ်မှာ အမြဲထားပါတယ်၊“ လောကကြီးမှာသုခမျက်နှာဖုံးစွပ်ပြီး ဒုက္ခ တွေကလာတတ်ကြသလို…တခါခါကြတော့လည်းသုခတွေဟာဒုက္ခဆိုတဲ့မျက်နှာဖုန်းစွတ်ပြီး
လာတတ်တယ်အဲ့ဒီမှာလူတွေကဒုက္ခဆိုတဲ့ဟာကြီးကိုရင်မဆိုင်ရဲတော့သုခကိုမရတော့ဘူးပေါ့။
တကယ်တော့ လောကကြီးမှာ ဒုက္ခဆိုတဲ့အရာနဲ့ သုခ ဆိုတဲ့အရာတွေက တခြားဆီ၊ ဆန့်ကျင်ဖက်တွေမဟုတ်ကြပါဘူး၊ စာရွက်တရွက်ထဲပါတဲ့ စာမျက်နှာသာ ဟိုဖက်ဒုက္ခစာနဲ့ ဒီဖက်သုခစာမျက်နှာရယ်လို့ဖြစ်နေတာပါ၊အဲ့ဒီတော့ဒုက္ခဆိုတာလာရင်သုခလည်းပါလာပြီးသားဘဲ
၊သုခဆိုတာကလာရင်လည်းဒုက္ခဆိုတာပါလာပြီးသားပါဘဲကွာ” ဆိုတဲ့ အဘစကားကို အမြဲ
ကျွန်တော့ ဥာဏ်မှာ ရှင်ထားပါတယ် အဲ့ဒီလိုနဲ့ပါပဲ အဓိဌာန်ကြီးကိုလုပ်ရင်းလုပ်ရင်းနဲ့
ကျွန်တော့ ဆီကိုလာနေကြတဲ့ သုခတွေဟာ တကယ်တော့ သုခအစစ်တွေမဟုတ်ဘူး၊ ဒုက္ခတွေကသုခမျက်နှာဖုံးစွတ်ထားတယ်ဆိုတာကိုကောင်းကောင်းကြီးရိတ်မိလိုက်ပါတော့ယ်ခင်ဗျာ-အဲ့ဒီမှာတော့ခက်ကုန်ပြီပေါ့…အဓိဌာန်ကြီးကလည်းဘယ်လိုမှရပ်ဖြစ်ဖို့ကမဖြစ်တော့ဘူး ရင်ဆိုင်ရတဲ့ဒုက္ခတွေကလည်းမသေးတော့.အထက်ကဆရာတွေဝိဇ္ဇာကြီးတွေကိုအားကိုးရတော့တာပေါ့ အဘကိုလည်းအားကိုး.. အဲ့ဒီမှာ အဘကိုအားကိုး အဘပြောခဲ့တဲ့ စိတ်ဓါတ်ခွန်အားမြင့်တက်စေတဲ့စကားလုံးတွေကိုပြန်စဉ်းစားကြားယောင်ကြည့်ပေါ့၊--------
-နောက်တဖန် တရုတ် သိဒ္ဒိရှင်ကြီးတွေကို ပြန်ပြီးအားကိုး … အဲ့ဒီမှာ အစဉ်မပြေပြန်တော့ အိန္ဒိယသိဒ္ဒိရှင်ကြီးတွေဖက်ကိုပြန်လှည့်အဲ့ဒီကမဟန်တော့၊မြန်မာသဒ္ဒိရှင်ဘက်ကိုပြန်ရောက်ပေါ့… အဓိဌာန်ကြီးကိုတော့ ပုံမှန်ပြုလုပ်လျှက်ပါဘဲ… အဲ့ဒီမှာဘဲ ကျွန်တော့ရဲ့ ပညာပိုင်းဆိုင်ရာ ဆရာသခင် အဘမင်းသိင်္ခနဲ့ သိဒ္ဒိပိုင်းဆိုင်းရာ ဆရာသခင် တရုတ် သိဒ္ဒိရှင် အန်ကုန်ဘိုးဘိုးကြီးနဲ့ တခြားဝိဇ္ဇာတွေ အများကြီးကို အိပ်မက်ရတယ်၊ သူတို့က ကျွန်တော့်ကို ပြောကြတယ်၊ ဒီလိုအလုပ်တွေ
ဒီအဓိဌာန်ကြီးကို မင်းကို ဘယ်သူကလုပ်ခိုင်းလဲလို့ ကျွန်တော့် ကိုမေးကြတယ်၊အဲ့ဒီမှာ ကျွန်တော်လည်း သေချာစဉ်းစား ပြီးတော့ ပြန်ဖြေရတာပေါ့ အဘတို့ ဒီအဓိဌာန်ကြီးကို ဘယ်သူကမှ ကျွန်တော့် ကိုလုပ်ခိုင်းတာ မဟုတ်ဘူး ကျွန်တော့်ဟာ ကျွန်တော်လုပ်တာပါလို့ ပြန်ပြီးဖြေ
လိုက်တယ်…. အဲ့ဒီမှာ အားလုံး ကဝိုင်းရယ်ကြပြီးတော့ပြောတယ် ကိုယ့်ဟာကိုယ်လုပ်တာဆိုရင်တော့ ကိုယ့်ဟာကိုယ်သာခံ တော့ပေါ့… လောကကြီးမှာက ကိုယ်လုပ်ရင်ကိုယ်ခံရဲရတယ် လုပ်ရဲရင်ခံရဲရတယ် အဲ့ဒါမှ ယောင်္ကျားလို့ခေါ်တယ် လို့ပြောသွားကြတယ်။ အဲ့ဒီမှာဘဲ အိပ်ယာကနိုးလာတော့ ကျွန်တော် စဉ်းစားတယ် အဘမင်းသိင်္ခ ပြောခဲ့ဖူးတယ် ဝိဇ္ဇာလမ်းမှာ Gabalar လို့ခေါ်တဲ့ ဆရာလမ်းနဲ့ Hermait
လို့ခေါ်တဲ့ ရသေ့လမ်းဆိုပြီးတော့ လမ်းစဉ်နှစ်ခုရှိတယ်၊ Gabalar လမ်းကိုလိုက်မှ အောင်မြင်မဲ့သူက
Hermait လမ်းလိုက်မိရင် ဒုက္ခတွေကြီးဘဲဖြစ်တော့တာ လမ်းမှာသွားတော့ ဘယ်တော့မှ မအောင်မြင်တော့ဘူး အဘမင်းသိင်္ခကိုယ်တိုင်လည်း အဲ့လိုလမ်းမှားဖူးတယ် အဲ့ ဒါကြောင့်
အသက် ၅၀ ကျော် ၆၀ နီးပါး အထိ ဒုက္ခတွေတစ်ခုပြီးတစ်ခုရောက်ပြီး ထောင်တွေကျခဲ့တာ
နောက်မှ Gabalar လမ်းကိုလိုက်မှဖြစ်မယ်လို့ အတွေးပေါ်ပြီး လုပ်လိုက်မှဘဲ အဆင်ပြေ
သွားတော့တယ်လို့ အဘပြောခဲ့တာပြန်အမှတ်ရပါတယ် Gabalar လမ်းကိုလိုက်ရတဲ့
သူတွေက ဆရာမရှိဘူး၊ ကိုယ့်ဟာကို လုပ်ချင်တာလုပ် ဖြစ်ရင်စံ၊ မဖြစ်ရင်ခံ ပေါ့……
Hermait လမ်းကြတော့ဆရာရှိတယ် ဆရာကို ဟိုအဓိဌာန်လုပ်၊ ဟိုသွား ဘုရးတည် အဲ့ဒီလိုလိုက်ပြီးခိုင်းနေတာ … အဲ့ဒီမှာအဝတ်ဖြူကြီးတွေ ၀တ်ပြီးဘုရားတွေတည် လူတွေ
ဆေးကု လုပ်နေကြတဲ့သူတွေပေါ့.. အဲ့ဒါ Hermait တွေ….. အဲ့ဒီမှာ ကျွန်တော့် ကို ကျွန်တော် သေချာပြန်စဉ်းစားတယ် ငါကအစထဲက အဘမင်းသိင်္ခ လမ်းမှားသွားသလို
လမ်းမမှားအောင် အဘလိုအချိန်တွေမကုန်အောင်ဆိုပြီး တခါငါ့ဟာငါစမ်းစစ်ကြည့်ဘူးတယ်…
ငါဟာ Gabalar လမ်းနဲ့ ကိုက်ညီသူလား Gabalar လမ်းကိုလိုက်တာ မှန်ရဲ့လားလို့ စမ်းတော့
မှန်တယ်ဆိုတဲ့ အဖြေကိုရလို့ Gabalar လမ်းကို ရဲရဲကြီးလိုက်ခဲ့တာ အခုတော့ ကိုယ့်ဟာကိုယ်မှားအောင်လုပ် နေပါလား… ငါဟာ Hermait လမ်းကလူတွေလို ဟိုဆရာအားကိုး၊ ဒီဆရာအားကိုး ဖြစ်နေပြီး အဲ့ ဒါကြောင့် ငါဒုက္ခတွေပိုကြီးလာတာ ဒေါသတွေလည်းတအားကို
ထွက်နေရတာလို့ စဉ်းစားမိ တယ် အဲ့ဒီအချိန်တုန်းက ကျွန်တော် ပြည်ထောင်စုအားကစားကွင်း တိုက်တန်းအခန်း (၂၅) မှာ တယောက်ထဲနေပြီးကြင့် နေတာပါ ညညဆိုရင်တော့ ရန်ကုန်က
ကျွန်တော့် သူငယ်ချင်း တွေ အပျိုမကြီးတွေက တယောက်တလှည့်ဖုန်းဆက်ကြတယ်။ သူတို့နဲ့ တနာရီလောက်ပုံမှန် စကားပြောဖြစ်တယ် တကယ်တော့သူတို့က လည်းကိုယ့်ကို သနားကြတာပါ။
သူခမျာ တစ်ယောက်ထဲဆိုပြီး ကိုယ်ချင်းစာလို့ ဖုန်းဆက်ပေးကြတာ ၊ အဲ့ဒီတညမှ သူငယ်ချင်း
ဇင်ဝင်မွန် ဆိုတဲ့ ကျောက်မျက်ကုမ္မဏီပိုင်ရှင်တယောက်ဗျ… အသက်ကတော့ ကျွန်တော့် ထက် တစ်နှစ်ကြီးတယ် သူလည်းဘဝအတွေ့အကြုံတော်တော်ကို ရင့်ကြတ်နေပြီ ကျွန်တောကိုသူကပြောတယ် ဒေါသထွက်ရင် ဒေါသထွက်သူက အရှုံးဘဲတဲ့… နောက်တနေ့မှာကျွန်တော်နဲ့ခင်မင်တဲ့ဗိုလ်မှူးချုပ် ၀မ်းမောင်က ပြန်ပြောတယ် ဒေါသ ထွက်ရင်ဒေါသ ထွက်တဲ့သူ က အရှုံးဘဲ ကိုအောင်ကောင်းမွန် ရေတဲ့… ကျွန်တော့်က အဲ့ဒါကြောင့် မလို့ အမြဲဒေါသမဖြစ်ဖို့ထိမ်းတယ်--ဘယ်တော့မှဒေါသမဖြစ်ဘူး၊
အဲ့ဒါကြောင့်မလို့ ကျွန်တော် ဘယ်တော့မှ မရှုံးဘူးလို့ ဗိုလ်မှူးချုပ် ၀မ်းမောင် ကပြောပြန်တယ်
. အဲ့ဒီမှာ ကျွန်တော့်ထွက်နေ တဲ့ ဒေါသတွေက ကျွန်တော်ရှုံးနေတာဘဲလို့ ကိုယ့်ဟာကို
သိလိုက်တယ်… ငါဒီလောက်ကျင့် တာ ငါဒီလောက်လုပ်နိုင်တာ၊ ဘယ်ယောကျာင်္း တွေငါ့လောက်လုပ်နိုင်မှာလည်း အဲ့ဒါကို ငါက ဘာကြောင့် ဒီလောက်ဒုက္ခတွေနဲ့ပဲ တွေ့နေရတာလဲ …. ကွယ်ရာမှာ ကိုယ်နဲ့ခင်မင်တဲ့သူတွေ ကလည်းပြောကြတာပေါ့၊ ဗေဒင်ဆရာ သူဟာသူပြန်ပြီး ယတြာလုပ်လို့မရတော့ဘူးလို့
လှောင် ကြတာပေါ့ အဲ့ဒါနဲ့ကျွန်တော့် အဘမင်းသိင်္ခရနဲ့ ဗီနိုင်း ဓါတ်ပုံကြီးရှေ့မှာတင်ပျေခွေ
ထိုင်ပြီး အဘသားကို ညွန်ကြားချက်ပေးပါ Gabalar လမ်းလိုက်နေသူကို ဆရာသခင်က
ပညာညွန် ကြားချက်ပေးလို့ရတဲ့နည်းနဲ့ အဘဟာအဘ အဘရဲ့လုပ်ပိုင်ခွင့်နဲ့ ဥပဒေထုတ်ပြီး
ကျွန်တော့် ကို ညွန်ကြားချက်ပေးပါလို့ တောင်းတယ်.. ဒါပေမဲ့လို့ ဘာမှ မမြင်၊ ဘာမှမကြား၊
ဘာအာရုံမှ ကိုမရပါဘူး ညနေပိုင်းကြတော့ ကျွန်တော့်အခန်းကို မကြာမကြာလာနေကြသည့်
ဗေဒင်ဆရာ ဦးတင့်ဝေ လာပါတယ်၊ ပြီးတော့ သူလက်ထဲမှာ စာရွက်လေးတစ်ရွက်ပါတယ် ဆရာအောင် ကောင်းမွန်ခင်မျာဒီဆရာတော်ကြီးရဲ့နီးလေးဖတ်ကြည့်ပေါ့ကြိုက်ရင်လုပ်ပါလို
့ကျွန်တော်အားပေးတယ် ကျွန်တော်ကိုယ်တိုင်တော့ ပုံမှန်လေးလုပ်ဖြစ်နေပါတယ် လို့ပြောပြီးပြန်
သွားတယ် ကျွန်တော်အဲ့ဒီစာရွက်လေးကိုဖတ် ကြည့်တယ် ကျေးဇူးတော်ရှင် သဲအင်းဂူဆရာတော်
ဘုရား ကြီးရဲ့ တရားပြတဲ့ လက်ကမ်းစာဆောင်လေးဖြစ်နေတယ် ခေါင်းစဉ်က သဲအင်း ဇွဲတင်း
အမြဲ လင်းတဲ့….. ကျွန်တော်တော် တော်လေးသဘောကြသွားတယ် အဲ့ဒီနေ့ညမှာဘဲ သမထကိစ္စ
ပြီးတော့ စပြီးလုပ်ကြည့်တယ် ချက်ခြင်းပဲ အကျိုးထူးကိုရတော့တယ် လောကကြီးက သိပ်ကိုရယ်စရာကောင်းတယ် တရားရချင်ရင် ခဏလေးပဲ ၂ နာရီ ၃ နာရီနဲ့ ရတာ အဲ့မှာ
လုပ်စရာရှိတဲ့ အဓိဌာန်သမထအလုပ်ကလည်း၊ ကိုယ်ပန်ထားတဲ့ ဆုထူးဆုမြတ်ရဖို့ အလို့ငှာ အောင်ကိုအောင်မြင်အောင်လုပ်ရတာပေါ့။ ပြီးတော့တဖက်ကလည်း ၀ိပဿနာ
လုပ်ဖြစ်သွား တယ်အဲ့ဒီရက်ပိုင်းမှာပဲ ရန်ကုန်က သူငယ်ချင်းကောင်မလေးတစ်ယောက်က
internet ကနေ ပြီး ကျွန်တော့်ဆီကို သဲအင်းဂူဆရာကြီးရဲ့ တရားတွေ ထပ်ပို့ပြန်တယ်
ကျွန်တော့် အနေနဲ့ ကတော့ တိုက်ဆိုင်တယ်လို့ သဘောမထားပါဘူး၊ တိုက်ဆိုင်တယ်ဆိုတဲ့
အယူဝါဒ ကို ကျွန်တော် မသုံးဘူး အယ်…. အဲ့ဒီလိုနဲ့ပဲပေါ့ အဓိဌာန်လဲမပျက် တရားလဲ
အားထုတ်ခဲ့တယ်၊ ၂၀၁၀ ဇန်န၀ါရီ ၂၆ ရက်မှာ ပထမအဆင့် ၄၉ ရက်(၇)ထုံ အောင်ပါတယ် ခေတ္တတော့နားလိုက်ရတယ် ဒါပေမယ့် တရားတော့
အမြဲအားထုတ်တာပေါ့ …. ဒုတိယအဆင့် (၇)ထုံ ၃၄၃ ရက်ကိုတော့ ၂၀၁၁
ဖေဖော်ဝါရီ ၁၆ ရက်မှ စပြီးလုပ်နိုင်ခဲ့ပါတယ် အဓိဌာန်ကြီးစလုပ်တော့
ကျွန်တော် သောက်နေတဲ့ methadone ဆိုတဲ့ဆေးကိုဖြတ်ခဲ့တယ်.. အခုဒီအဓိဌာန်
ဒုတိယအဆင့်ရဲ့ စတုထ္ထ ထုံလုပ်နေတုန်း သြဂုတ်လ ၂၂ ရက်နေ့မှာတော့ဆေး၇ုံပြန်
တက်ပြီးအ၇င်ဆေးမျိုးတွေပြန်ပြီးသောက်ရပါတယ်… ဒါကတော့ ခန္ဓာကိစ္စ လို့ပဲသဘောထားပါတယ် ကျန်တာတော့ အေးအေးဆေးဆေးပါပဲ ဒီနေ့တော့ အဓိဌာန်ကြီးရဲ့ (၁၂)ထုံအောင်မြင်တဲ့
နေ့ထူးအဖြစ်နဲ့ သူငယ်ချင်း ဇင်ဝင်မွန် internet ကပို့ပေးလိုက်တဲ့ သဲအင်းဂူဆရာတော်ကြီးရဲ့ အလုပ်ပေးတရားတော်ကို downloke လုပ်ပြီး ဓမ္မဒါနလုပ်မယ်လို့စိတ်ကူးရတာနဲ့ သဲအင်း ဇွဲတင်းဖို့ရန်အကြောင်းပြုပြီး စတင်ဆုံး စည်းခဲ့တာလေးကို ဖော်ပြလိုက်တာပါ…………
မှတ်ချက်။ ။ နောက်နောင်များအခွင့်သင့်အချိန်ရလျှင် ကျွန်တော်ပြုလုပ်ခဲ့တဲ့ မဟာဂန္ဓရီ
အတွေ့အကြုံတွေကို ၀တ္ထုဇာတ်လမ်းဖွဲ့ပြီး စာအုပ်တအုပ်ရေးမယ်လို့ စိတ်ကူးရှိပါတယ် . လောကီရော လောကုတ္တရာ အကျိုးပြုလေးပေါ့…. အခုတော့ ရေးရင်းရေးရင်းတော်တော်လေး
ရှည်သွားပါပြီ စာရေးသားရာမှာ အလွန်အင်မတန်ညံ့ဖျင်းလှတဲ့ ကျွန်တော့်စာကို အခုလို ဖတ်ပေးတာကိုလည်းအထူးကျေးဇူးတင်ပါတယ်
သတ္တ၀ါအပေါင်း
ကောင်းကျိုးလိုရာဆန္ဒပြည့်ဝပါစေ
ကျေးဇူးတော်ရှင် သဲအင်းဂူဆရာတော်ဘုရာကြီးအား၊ ရိုသေစွာ ရှစ်ခိုးကန်တော့ အစဉ်ဂါဝရပြုလျှက်…………
ကျေးဇူးရှင်သိန္ဒိပိုင်ဆိုင်ရာနှင့် ပညာပိုင်းဆိုင်ရာ ဆရာသခင်တို့၏ မေတ္တာကို အစဉ်ခံယူ ရင်း မွေး၊ ကျွေး ကျေးဇူးကြီးမှ လှသော မိဘနှစ်ပါး ဂုဏ်ကျေးဇူး မေတ္တာ အန္တဖြင့် အစဉ်ထာဝရ ရှင်သန်စွာ လမ်းလျှောက်လျက်ရှိသော
အဘဒေါက်တာမင်းသိင်္ခ၏ တပည့်ရင်း
ဆရာအောင်ကောင်းမွန်(လား၇ှိုး--မြန်မာ)

Popular posts from this blog

ကိုးန၀င်း မိုးလင်းမှသိမယ် အဓိဋ္ဌာန်(မင်းသိင်္ခ)

သွေးထွက်အောင် မှန်သည်ဆိုသောဗေဒင်(မင်းသိင်္ခ)

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်ကပြောသောသင်၏အကြောင်း

“တကယ်ချစ်လို့လား၊ အ​ပျ​ော်တွဲမွာလားတဲ့” (နှင္းအိဝေ)

ပီယသိဒ္ဓိအဆောင်