Posts

Showing posts from 2015

(မနောမယထမင်းဝိုင်း)“သီးစုံကုလားပဲဟင်းနှင့် ငရုတ်သီးဆားထောင်း”မင်းသိင်္ခ

တစ်နေ့သ၌ ကျွန်ုပ်ထံသို့ ကျွန်ုပ်၏မိတ်ဆွေကြီး ကိုပီတာဆိုသူ ရောက်ရှိလာလေ၏။ ၎င်းကိုပီတာကြီးသည် စိတ်ကောင်းကောင်းမနှံ့ရှာပေ၊ သို့သော် ခင်မင်ဖွင်ရာကောင်း၏။ ကျွန်ုပ်ကို တွေ့လျှင်တွေ့ချင်း ၎င်းက ၎င်း၏ ထုံးစံအတိုင်း .. “ဟေ့.. ဖိုးအောင်ထွန်း၊ ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက်” ဟု နှုတ်ဆက်လေ၏။ ကျွန်ုပ်က ၎င်းအား . “ ကိုပီတာကြီးတစ်ယောက် မလာတာ အတော်ကြာပြီနော်” ဟု ပြောလိုက်ရာ ၎င်းက..“ဟုတ်ပါတယ်ကွာ၊ မင်းကို ငါသတိရနေလို့ မလာဖြစ်တာကွ” ဟု ကိုပီတာကြီးက

“အချစ်ရေးအဆင်ပြေရန် ပြဒါးမှန်”အောင်ကောင်းမွန်(လားရှိုး)

   တစ်နေ့သောနံနက်ခင်းတစ်ခု၌ ကျွန်ုပ်နေထိုင်ရာ လားရှိုးမြို့ ရန်တိုင်းအောင်ဘုရားအနီး၊ ရေလီရတနာမြို့သစ်ရှိ ကျွန်ုပ်နေအိမ်သို့ အသက်(၃၀)ဝန်းကျင်အရွယ်ခန့် မိန်းကလေးနှစ်ဦးတို့သည် အထုတ်ကြီးအထုတ်ငယ်စွဲ၍ ရောက်ရှိ လာကြလေ၏။  မိန်းကလေးတစ်ဦးမှာ ကျွန်ုပ်၏ ငယ်သူငယ်ချင်းဖြစ်သူ “မေမိုးသူ”ဖြစ်၍ ကျန်တစ်ဦးမှာ သူမ၏သူငယ်ချင်းပင် ဖြစ်လေ၏။ မေမိုးသူလက်ထဲတွင်လည်း ရှပ်အင်္ကျီစတိတ်ကော်လာတစ်ထည်နှင့် ပုဆိုးတစ်ကွင်းဖြစ်ပြီး ကျန်တစ်ထုတ်မှာ   ကျွန်ုပ်စားစရာမုန့်များနှင့် သတ်သတ်လွတ်ဟင်းလျာများချက်ရာတွင် အသုံးများသော ဟင်းခတ်အမွေးမှုန့်များ၊ မှိုခြောက်များ၊ အသားတုများဖြစ်၏။  မေမိုးသူမှ -           “ငါ့သူငယ်ချင်းက သတ်သတ်လွတ်စားပြီး အဓိဋ္ဌာန်ယူထားတယ်ကြားလို့ ဟင်းချက်ရင်အသုံးပြုဖို့အတွက် လိုရမယ်ရ လေးတွေ ငါကဝယ်ပေးလာတာ . . . ပြီးတော့ နင့်အတွက် အင်္ကျီနဲ့ပုဆိုး ကိုယ်တိုင်းကိုတော့ ငါမှန်းပြီးဝယ်ခဲ့တယ် . . . နင်က ပိန်ပိန်ပါးပါးဆိုတော့ မှန်းဖို့လွယ်ပါတယ်” ဟု ဆိုကာ ကျွန်ုပ်အား သူမ၏လက်ဆောင်ထုတ်များကို ပေးလေ၏။    ထို့နောက် သူမ၏သူငယ်ချင်းဟု ယူဆဖွယ်ရသော မိန်းကလေးတစ်ဦးနှင့် ကျွန်ုပ်အားမိတ်ဆက်ပေး၏။ ၄င်းသူငယ်ချင်း အမည်မှာ

“ အိမ်နံပါတ်(၇၉)တို့ (၉၇)တို့လို အိမ်နဲ့ပတ်သက်လာရင်”

ဟေမာန်ခါဆောင်း သဘာဝတို့လွှမ်းမိုးလျှက်ရှိပါသော တစ်နေ့တွင် ကျွန်ုပ်ဗေဒင်ဟောလျှက်ရှိသော လားရှိုးမြို့ သာသနာ (၂၅၀၀)ပြည်လုံးချမ်းသာစေတီတော် (တောင်ပေါ်ဘုရား)ရှိ ကျွန်ုပ်ဗေဒင်ဟောခန်း သို့ ဒေါ်အုန်းမြင့်ဟုခေါ်သော အသက်(၅၀)အရွယ်ရှိ အမျိုးသမီးကြီး တစ်ဦးသည် ရောက်ရှိလို့လာလေ၏။ ကျွန်ုပ်ငယ်စဉ် နေထိုင်ခဲ့ဘူးသောရပ်ကွက်တွင် ထိုအမျိုးသမီးကြီးနှင့်အတူတကွပင် အိမ်ချင်းမနီးမဝေး နေထိုင်ခဲ့ဘူး၏။ ယခုအချိန်တွင်မူ ကျွန်ုပ်မှာဗေဒင်ဆရာတဦးဖြစ်လာပြီးဖြစ်၍ ၎င်း၏ကြုံတွေ့နေရသော အခက်အခဲတစ်စုံတစ်ခုရှိလေတိုင်းတွင် ကျွန်ုပ်ထံရောက်လာပြီး ဗေဒင်မေး တတ်သလို ယတြာတောင်းတတ်၏။ ကျွန်ုပ်ညွှန်ကြားသော ယတြာများကိုလည်း

“ကိုလူပျိုတို့အတွက် ဇနီးလောင်း”(နှင်းအိဝေ)

အိမ်ထောင်မကျသေးတဲ့ လူတိုင်း ကိုယ့်အိမ်ထောင်ဘက်က ဘယ်လိုလူမျိုးဖြစ်မလဲ ဆိုတာကို သိချင်ကြပါတယ်။ အဲဒီမှာ မိန်းကလေးထက် ယောင်္ကျားလေးတွေက ပိုစိတ်ဝင်စားတက်ကြပါတယ်။ အိမ်ထောင်တခုမှာ အိမ်ဦးနတ်ကအရေးကြီးဆုံးလို့ ပြောကြတယ်နော်။ တကယ်တော့ အိမ်ဦးနတ်ဆိုတာသူချည်းနေလို့တော့ ရာထူးတက်မလာပါဘူး။ ရာထူးပေးမဲ့ အိမ်ရှင်မ ရှိလို့ဖြစ်လာတာပါ။ အဲတော့ ကိုယ့်ကို ရာထူးပေးမဲ့ အိမ်ရှင်မက ဘယ်သူဖြစ်မလဲ မသိချင်ကြဘူးလား။ ဒီအတွက်တော့ ပူပါနဲ့ အလိမ္မာ အိမ်ပါလေးများဖြစ်မလား။ သွက်လက်ထက်မြတ်တဲ့ သူများလား။ မဟာဆန်သူလေးလား။ ကိုယ့်စိတ်ကြိုက်ပုံစံမှဖြစ်ရဲ့လား။ အသွင်တူတဲ့ ကြင်သူမှဖြစ်ပါ့မလား၊ အပျိုလား အအိုလား၊ မမလား