Posts

Showing posts from June, 2013

အရေးတကြီး စကားပြောဆိုစရာ ကိစ္စများရှိပါက---- အရေးကြုံ သက်လုံကောင်းစေ(မင်းသိင်္ခ)

ကျွန်ုပ်သည် ဘားလမ်း (ယခုမဟာဗန္ဓုလ ပန်းခြံလမ်း) ထိပ်တွင် ဗေဒင်လက္ခဏာ ဟောပြောနေသည်ဟု ဖော်ပြခဲ့ပြီးဖြစ်၏။ထိုဟောပြောသောနေရာမှ အခန်းပိုင်ရှင်သည် လွန်စွာကောင်းပါသည်။ သို့ရာတွင် ထိုအိမ်ရှင်နှင့် ပတ်သက်သော ဧည့်သည်အချို့မှာ ကျွန်ုပ်၏ လုပ်ငန်းကို လွန်စွာ ဒုက္ခပေးပါသည်။ ကျွန်ုပ် ဗေဒင်လက္ခဏာ ဟောပြောနေစဉ် အတွင်း ထိုသူများသည် ရေဒီယိုကို ကျယ်လောင်စွာ ဖွင့်ခြင်း၊ သီချင်းကျယ်လောင်စွာဆိုခြင်း၊ တစ်ဦးနှင့်တစ်ဦး ကျယ်လောင်စွာ ငြင်းခုံခြင်း စသော လုပ်ရပ်များသည် ကျွန်ုပ် ဗေဒင်လက္ခဏာ ဟောပြော ခြင်းအတွက် အနှောင့်ယှက် များစွာဖြစ်စေပါသည်။ ထို့ကြောင့် “ဒီနေရာက ပြောင်းမှပဲ” ဟု စိတ်ထဲ၌ ဖြစ်ပေါ်ခဲ့၏။ ပြောင်းသည်ဆိုရာ၌ လွယ်ကူလှသည် မဟုတ်။ ကျွန်ုပ်အနေနှင့် ဆိုင်လခကို ထိုက်ထိုက်တန်တန် ပေးနိုင်သော်လည်း စပေါ်ကိုမူ မပေးနိုင်ပေ။ ပေးစရာလည်း မရှိပေ။ ထိုအချိန်၌မှာပင် မိတ်ဆွေတစ်ဦးက “ ဒီမှာ ဆရာမင်းသိင်္ခ ခင်ဗျားရဲ့ အလုပ်နဲ့ဆိုရင် (၃၂)လမ်းထိပ်က ကိုသက်တင်၊ ဒေါ်ဝတို့ရဲ့ အခန်းဟာ အကောင်းဆုံးပဲဗျ။ ခင်ဗျား ပြောကြည့်ပါလား ” ဟု ပြောရာ ကျွန်ုပ်က ထိုမိတ်ဆွေအား

``အိုးပိုင် အိမ်ပိုင်ရစေသော ပုတီးစိပ်နည်း" အောင်ကောင်းမွန် (လားရှိုး)

Image
^^^^^^^^^^^^^^  တစ်နေ့သ၌ ကျွန်ုပ်သည် တစ်ဦးတည်းပင် လျှင် စီးကရက်တို့ကို တလိပ်ပြီးတလိပ် ဖှာရငျး ပင် တွေးမိ တွေးရာတို့ကို တွေးနေ​လေမိတော့ ၏။ ကျွန်ုပ်တွေးနေ​သော အကြောင်းအရာများသည် ကျွန်ုပ်၏ ဘဝ​ြဖတ်သန်းခဲ့ သမျှတို့ပင်ွဖစ်လေ၏။ ကျွန်ုပ်ဘ၀တွင် ကျွန်ုပ်နေထိုင်ခဲ့ရသောအိမျမြားနှင့်ပတ်သက်၍လည်း ပြန် လည် ၍တွေးကြည့် မိလေ၏။ မည်သို့ပင် ဆိုစေ ယခုအခါတွင်မူ ကျွန်ုပ်သည် မွေးသမိခင်မွေးသဖခင်တို့ နှစ်ဦးနှင့် အတူ လားရှိုးမြို့စွန်  ရန်တိုင်းအောင် ဆုတောင်းပြည့်မြို့ဦးစေတီတော် အနီးရှိ ေရႊလီရတနာ တိုးချဲ့ရပ်ကွက် တွင် အေးချမ်းစွာနေထိုင် နရေပြီဖြစ်၏။  လွန်စွာမှ စိတ်ငြိမ်မှုရှိသော ကြောင့် ကျွန်ုပ် အတွက်တော့ ပုတီးစိပ်ရန်အတှကျ လညျးကောင်း၊ တရားထိုင်ရန်အတှကျ လည်းကောင်း၊ စာရေးရန် အတွက်ပါ လျှင် အဆင်ပြေ၍ နေရပြီဖြစ်၏။  ထို့ကြောင်ပင် ကျွန်ုပ်သည် ကံကြမ္မာကြီးကို ကျေးဇူးတင်မိသလို ကျွန်ုပ်  ယုံကြည်စွာ အားထား ကိုးကွယ်လျှက်ရှိသော ဆရာသခင်များ အပေါ်တွင်လည်း  အထူးကိုပင် ကျေးဇူး တင်မိတော့၏။  ကျွန်ုပ်၏ မိဘနှစ်ပါး အပေါ်တွင် ကျေးဇူ တင်မိသလို ကျွန်ုပ်၏ ပညာပိုင်းဆိုင်ရာ  ဆရာသခင် မဟာကျေးဇူးရှင်ကြီး  အဘ​ ဒေါက်တာ မင်းသိင်ျခ အားလည်း  အထူးပင်