Posts

Showing posts from April, 2013

“နှစ်ဆန်းတစ်ရက်နေ့ ခေါင်းဆေးမင်္ဂလာ” အောင်ကောင်းမွန်

တနေ့တ၌ ကျွန်ုပ်ထံသို့ အသက်(၅၀)အရွယ်ခန့်ရှိသော အမျိုးသမီးကြီးတစ်ဦးသည် အလည်အပတ် ရောက်ရှိလို့ လာလေ၏။ ထိုအမျိုးသမီးကြီး၏အမည်မှာ ဒေါ်အုန်းမြင့် ဟူ၍ပင်ဖြစ်၏။ ကျွန်ုပ်ငယ်စဉ် နေထိုင်ခဲ့ဖူးသော ရပ်ကွက်တွင် အိမ်နီးနားချင်း နေခဲ့ဖူးသူဖြစ်သောကြောင့် လွန်စွာမှပင် ရင်းနှီးကျွမ်းဝင်သူ တစ်ဦးပင်ဖြစ်လေ၏။ ဒေါ်အုန်းမြင့်သည် ကျွန်ုပ်အားမြင်လျှင် … “မတွေ့ရတာလည်း အတော်ကြာပြီ . . .   အဒေါ်လာတိုင်းလည်း မင်းကအလုပ်တွေ တမျိုးပြီးတမျိုးရှုပ်နေတော့ . . .   အရေးကြီးကိစ္စထူးမရှိလျှင် မင်းကိုအားနာတာနဲ့ မလာဖြစ်ဖူးကွယ်” ဟုဆိုလေ၏။ “အဲ့လိုလည်း ဘယ်ဟုတ်ပါ့မလည်း ဒေါ်အုန်းမြင့်ရယ် . . . အလုပ်များတာလည်း များတာတော့ အမှန်ပါ . . . သို့ပေမယ့်လို့လည်း တပတ်တခါ နှစ်ပတ်တခါ လာလည်နေကျဥစ္စာ . . . လာပေါ့ဗျာ” ဟုပြော၍ပင် ရေခဲသေတ္တာအတွင်း၌ အသင့်ဖျော်ထားသော ရွှေရင်အေးနှင့် တာမိုးညဲမြို့မှလာသော ကျွန်ုပ်တပည့်မလေးကန်တော့ထားသည့် တရုတ်နိုင်ငံထုတ် ကိတ်မုန့်ခြောက်တမျိုးနှင့် ဧည့်ခံဖြစ်လေတော့၏။ “မောင်ဝေလင်းရေ . . . အခုတလောမင်းကို မြို့ထဲမှာ ဆိုင်ကယ်နဲ့တွေ့လိုက် ကားနဲ့တွေ့လိုက် အလုပ်တွေ အတော်ကိုများနေတာလား” ဟုဆိုလေ၏။ “မီဒီယာကိစ္စတွေကို