Posts

Showing posts from March, 2013

“သုံးဘ၀သစ္စာ” အချစ်နှင့်ဘ၀ဂမ္ဘီရ အခန်းဆက်ဝတ္ထုရှည်ကြီး အောင်ကောင်းမွန်(လားရှိုး)

Image
                                                                     အခန်း(၆) “လွန်စွာမှထူးခြားသည့် သိဒ္ဓိရှင်ကြီး ကျွန်ုပ်ထံသို့ ကြွရောက်လာခြင်း” အထက်ပါအဖြစ်အပျက်များသည် ၁၉၈၈ခုနှစ်၊ (၈)လပိုင်းတွင် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သော ရှစ်လေးလုံး အရေး အခင်းကိုအကြောင်းပြီး မြန်မာနိုင်ငံရှိ မူလတန်းကျောင်းများမှသည် အလယ်တန်း၊ အထက်တန်းကျောင်းများအပြင် တက္ကသိုလ်ကြီးများအထိ အချိန်ကာလအကန့်အသတ်မရှိ ကျောင်းများပိတ်လိုက်သောအချိန်ကာလမှာပင်ဖြစ်လေတော့၏။ ၁၉၈၉ခုနှစ်၊ ဇွန်လတွင် မြန်မာတစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းမှုတို့ ပြန်လည်ရရှိလာသည်နှင့်အမျှ မူလတန်းကျောင်းနှင့် အလယ်တန်းအဆင့် အလယ်တန်းကျောင်းသားများအားလုံးကို ပုံမှန်ကျောင်းတက်နှစ်အတိုင်း ပြန်လည်ဖွင့်လှစ်လိုက်လေ၏။ ထိုအချိန်၌ ကျွန်ုပ်၏ပညာအရည်အချင်းသည် (၇)တန်းမျှသာဖြစ်၍ ကျောင်းပြန်တက်ရန် ကျွန်ုပ်၏မိဘများမှပြော ဆို၍ ကျောင်းအပ်မည်ဟုဆိုကြလေ၏။ ကျွန်ုပ်သည် အလုပ်လုပ်နေရသည်ကိုသာ ပျော်ရွှင်နေပြီဖြစ်သောကြောင့် ကျောင်းတက်ချင်စိတ်မှာ လုံးဝကိုမရှိတော့။ သို့သော်လည်း ကျွန်ုပ်၏ မိခင်နှင့်ဖခင်တို့မှာ ကျောင်းမတက်လို့မရ၊ ဆယ်တန်း အောင် အောင်တော့ ကျောင်းတက်ရမည်။

“သုံးဘ၀သစ္စာ” အချစ်နှင့်ဘ၀ဂမ္ဘီရ အခန်းဆက်ဝတ္ထုရှည်ကြီး အောင်ကောင်းမွန်(လားရှိုး)

Image
                                                  အခန်း(၁)-(၂)-(၃)-(၄)-(၅)ဆက်တိုက်ဖတ်ရှူနိုင်ရန်                                                         “ဒေါ်မေသဉ္စာခင်ရောက်ရှိလာခြင်း”              နှင်းမှုံရည်ရစ်ဖွေး မြောက်လေသွေးလျှက်ရှိသော ဒီဇင်ဘာလ ဆောင်းသဘာဝတို့ လွှမ်းမိုးနေစဉ် ဖြစ်သည့် နေ့တစ်နေ့မှာပင်ဖြစ်လေတော့၏။ ကျွန်ုပ်မှာ လားရှိုးမြို့၏ မြို့လယ်နမ့်ဟူးတောင်ခေါ် သာသနာ (၂၅၀၀)ပြည်လုံးချမ်းသာစေတီတော်ရှိ ကျွန်ုပ်ဗေဒင်ဟောခန်းတွင် လွန်စွာမှကံကြမ္မာဆိုးဝါးမှုများ ကြုံတွေ့ နေရသူသုံးဦးအား ဆက်တိုက်ပင် ဗေဒင်ဟောပြီး ယတြာများပေးနေရလေ၏။ ထိုအချိန်မှာပင် အသက် အရွယ်အားဖြင့်ဆိုလျှင် (၃၀)ကျော်ရုံမျှလေးပင်ကျော်သည်ဟုယူဆရသော အမျိုးသမီးတစ်ဦးသည်လည်း ကျွန်ုပ်ဗေဒင်ဟောပေးနေသော သူများကိုဦးစားပေး၍ စောင့်ဆိုင်းနေသကဲ့သို့ပင် ဘုရားဂေါပကရုံးတွင် ကိန်းဝပ်တော်မူသော မြတ်စွာဘုရားရှင်ကို ဦးချကန်တော့၍ ကျွန်ုပ်နှင့်မျက်နှာချင်းဆိုင်တွင်ရှိသော ဆက်တီ ခုံတစ်ခုတွင် ထိုင်နေလေ၏။ သာမန်အားဖြင့်ဆိုလျှင် တခြားသာဗေဒင်မေးသူ အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ ၎င်းတို့ရှေ့တွင် ကျွန်ုပ်ဟောပြောနေသူများ

အဘဆ၇ာကြီးဒေါက်တာမင်းသိင်္ခ၏ ထူးဆန်းသော ပုတီးကလေးအကြောင်း

Image
တစ်နေ့သ၌ ကျွန်ုပ်သည် ပုတီးစိပ်ရင်း တစ်စုံတစ်ယောက်ကို စောင့်မျှော်နေလေ၏။ ထိုသို့ စောင့်မျှော်နေစဉ် အတွင်း ရောင်ပြန်မဂ္ဂဇင်း အယ်ဒီတာ မောင်မောင်မြင့်အေးသည် ထမင်းချိုင့်ကြီး တစ်လုံးကို ဆွဲ၍ ရောက်ရှိလာလေ ၏။ ကျွန်ုပ်လည်း ပုတီးစိပ်ခြင်းကို ရပ်နားလိုက်၏။ ကျွန်ုပ်သည် ၎င်း၏လက်မှ ထမင်းချိုင့်ကြီးကို မြင်လျှင်“ တခြားစကားတွေ နောက်မှပြောကွာ။ မင်းချိုင့်ကြီးမြင်တာနဲ့ ငါတောင် ထမင်းဆာလာပြီ။ ထမင်းစားကြ ရအောင်။ သြော် .... ဒါနဲ့။

“ ကြင်ဖူးစာမမည်လို့လား ’’ အောင်ကောင်းမွန်(လားရှိုး)

Image
လွန်စွာမှပင်ချမ်းအေးသောကာလပင်ဖြစ်၏။ နှင်းမှုန်တဖွေးဖွေး မြောက်လေသွေးသည် ဟေမန်ဆောင်း ဘဘာဝတို့လွှမ်းမိုးလျှက်ရှိသည့် နိုဝင်ဘာလ၏ နံနက်ခင်းတစ်ခုမှာပင်ဖြစ်လေတော့၏။ ကျွန်ုပ်သည် မည်သည့် အလုပ်ကိုစ၍လုပ်ရမှန်းမသိလောက်အောင်ပင် လွန်စွာမှ လုပ်စရာအလုပ်တာဝန်တို့သည် များမြှောင်လွန်းလှပြီ ဖြစ်သောကြောင်မအေးနိုင်မချမ်းနိုင်ဘဲကိုရှိနေလေ၏။ကျွန်ုပ်နားတွင်တောက်တိုမယ်ရကူညီလုပ်ဆောင်ပေးလျှက်ရှိ သော တပည့်လေး မောင်အိုက်မွန်းမှာ ဗီစီဒီ သီချင်းခွေတစ်ခွေမှ သီချင်းတစ်ပုဒ်အား ထပ်ခါတလဲလဲပင် နားထောင်၍နေလေ၏။ ထိုအချိန်မှာပင် ဒေါ်အုန်းမြင့်ဆိုသော အသက်(၅၀)အရွယ် အမျိုးသမီးကြီးတစ်ဦးသည် ရောက်ရှိ၍လာလေ၏။ ၄င်း အမျိုးသမီးကြီးသည် ကျွန်ုပ်ငယ်စဉ်အရွယ်မှစ၍ ခင်မင်ရင်းနှီးခဲ့ခြင်းဖြစ်၏။ ၄င်းသည် ထိုငယ်ရွယ်စဉ်အချိန်ကာလ တွင် ၄င်း၏ ဘ၀ပေးအခြေအနေ ကံကြမ္မာဆိုးများကြောင့် မိသားစုအားလုံးနှင့် သေကွဲကွဲခဲ့ရပြီး စိတ်ထိခိုက်မှု လွန်ကဲကာ

“ပျားစွဲသောမုတ်ဆိတ်မဟာဓါတ်ဘိသိက်”------

Image
လေးစားရပါသောကျွန်ုပ်၏မိတ်ဆွေများခင်ဗျား......အဘဆရာကြီးဒေါက်တာမင်းသိင်္ခ၏ မနောမယလက်ဆောင်ပေါင်းချုပ် စာအုပ်တွင်ပါဝင်သော အောက်ပါ မဟာဘိသိက် ပျားစွဲသောမုတ်ဆိတ် ဓာတ်ဘိသိက် ပန်ချီကားကို ပြန်လည်၍ လက်ဆောင်မျှဝေပေးလိုက် ပါသည်။ ထိုပညာမှာ ဘိသိက်ဆယ့်နှစ်ပါးတွင်ပါသည့် မဟာဘိသိက်ပညာဖြစ်၏။ မဟာဘိသိက်ဆိုသည်မှာ စီးပွားချမ်းသာတိုးတက်စေရန် ပြုလုပ်သောပညာဖြစ်၏။ ဓာတ်ဘိသိက်ဟု ခေါ်သည်ဟု မူရင်းစာအုပ်တွင် ဖော်ပြထားပါသည်။ ပျားရည်သောက်မယ့်လူဟာ ဝေးဝေးလံလံမှာ သွားပြီး ပျားမဖွတ်ရဘဲ သူ့မုတ်ဆိက်မှာ ပျားလာပြီးဆွဲနေတော့ အစာနဲ့ ပါးစပ်နဲ့ သိပ်နီးနေတဲ့ သဘောပေါ့ဟု ရေးသားပြထားပါသည်။ နောက် ကျွန်တော်တို့ မြန်မာစကားတစ်ခွန်းလည်းရှိ၏။ စားရကံကြုံတော့ မုတ်ဆိက်ပျားစွဲ ဟူသောစကားသည် မိမိထံသို့ အခြအနေကောင်းတွေ၊ ကံကောင်းမှု့တွေ ၊ အခွင့်အရေးကောင်းတွေ ရောက်ရှိဝင်လာစေသော