Posts

Showing posts from February, 2013

“ချစ်ခြင်းဟူသောဆုံမှတ်”အောင်ကောင်းမွန်(လားရှိုး)

 (အသစ်စက်စက်အချစ်ဝတ္ထု)           မြန်မာအပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးသည် ယခင် သူမ                                                                    ပြည်ပထွက်ခွါစဉ်အချိန်ကာလနှင့်ယှဉ်လျှင် သိသာစွာ ကိုပင် ပြောင်းလဲသစ်လွင်နေသည်ကို သူမတစ်ယောက် သတိထားမိသည့်အလျှောက်ပင် နောက်ဆက်တွဲအတွေးစတို့သည် မည်သို့ဝင်လို့လာသည်ပင် သတိမထားမိလောက်အောင်သူမ၏ အသိအာရုံတို့အား ဖုံးလွှမ်းသွားလေတော့၏။           “သြော် . . . အခုလို ကိုယ့်ပြည်ကိုယ့်မြေကို ပြန်ရောက်ရောက်ခြင်း ချစ်ခင်မြတ်နိုးရသူတို့၏ ထွေးပွေ့နွေးထွေးစွာ ကြိုဆိုခြင်းခံချင်မိတာက ပုထုဇဉ် ဤလူ့ဘောင် လူသားမှန်သမျှ၏ သဘာဝတစ်ခုပါလေ . . . ကိုလတ် တစ်ယောက်သာ အခုလိုအချိန်မှာ ပြည်ပဧည့်ကြိုသူတွေကြားထဲက ဘွားကနဲပေါ်လာမလားလို့ US တွင် ထပ်ဆင့်ဆေးပညာသွားရောက် သင်ကြားပြီးနောက် မြန်မာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိသူ သစ္စာမောင် တစ်ယောက် ရင်တွင်းတွင် မျှော်လင့်နေမိလေ၏။ ထိုစဉ်မှာပင် သူမမိခင်ဖြစ်သူနှင့် တစ်ဦးတည်းသော မောင်လေးဖြစ်သူတို့မှာ သစ္စာမောင် အား လှမ်း၍ မြင်လိုက်သည်နှင့်အမျှ “ မမသစ္စာ ”ဟုခေါ်၍ပင် လက်စွဲသားရေအိတ်လေးကိုင်ဆောင်ထားသော သစ္စာမောင် ၏လက်ကို ဖမ်း

“အောင်ကောင်းမွန် ကမ္ဘောဇ LIBRARY”အောင်ကောင်းမွန်(လားရှိုး)

တနေ့သ၌ ကျွန်ုပ်နေထိုင်ရာ လားရှိုးမြို့စွန်၊ ရန်တိုင်းအောင်ဘုရားအနီး၊ရွှေလီရတနာရပ်ရှိနေအိမ်သို့ အသက်(၅၀)ခန့် ရှိသော အမျိုးသမီးကြီးတစ်ဦးသည် ရောက်ရှိလို့လာလေ၏။ ၄င်းအမျိုးသမီးကြီး၏ အမည်မှာ ဒေါ်အုန်းမြင့်ဟူ၍ဖြစ်ပြီးကျွန်ုပ်ငယ်စဉ်နေထိုင်ခဲ့ဖူးသောရပ်ကွက်အတွင်းတွင် ရင်းနှီးခင်မင်စွာ အိမ်နီးနားခြင်းနေခဲ့ဖူးသူဖြစ်၏။ ကျွန်ုပ်ထံသို့ မကြာခဏ အလည်အပတ်လာတတ်သလို အေးဆေးစွာ စကားစမြည်ပြောပြီး နေ့လည်စာ စားပြီးမှပြန်တတ်လေ၏။ ထို့ကြောင့်ပင် ကျွန်ုပ်မှာလည်း နေ့လည်စာအတွက် ပြုလုပ်စီမံရလေတော့၏။ ဂျုံနု(၇၅)ကျပ်သားအား ဆားသင့်တော်ရုံထည့်၍ ရေအနည်း ငယ်ထည့်ကာ ပလာတာမုန့်များပြုလုပ်ရာတွင် ဂျုံလုံးသကဲ့သို့ လုံးရလေ၏။ (၁၀)မိနစ်ခန့် နှံ့နေအောင် ဂျုံအားထိုးပြီးလျှင် ရေစိုအဝတ်နှင့် မိနစ်(၂၀)ခန့် အုပ်၍ထားရ၏။ ပြီးလျှင် ၄င်းဂျုံလုံးအား ဇလုံတစ်ခုတွင်းတွင် ရေတစ်နာရီခွဲခန့် စိမ်ထား လိုက်၏။ ဆက်လက်၍ ပဲပြားခြောက်များအား ဆီပူတွင်

“သုံးဘ၀သစ္စာ” အခန်းဆက်အချစ်ဂမ္ဘီရ၀တ္ထုရှည်ကြီး အခန်း(၅) အောင်ကောင်းမွန်(လားရှိုး)

                                                                     အခန်း(၅)                                           “ဆရာသမား၏အဖိုးတန်စကား(သို့)စိတ်လေ့ကျင့်ခန်း” ကျွန်ုပ်သည် နန်းဟေ၀န်ရေကူးကန်ဖွင့်လှစ်ပွဲအခမ်းအနားဓါတ်ပုံများအား သက်ဆိုင်ရာ ကန်ထရိုက်ကြီးအားပေးရန် အတွက် မူရင်းဖလင်များတွဲနေချိန်တွင် ကျွန်ုပ်ဆရာ ဦးကျော်သက်မှ စပရိန်ပလာယာကြီးတွင် တပ်ဆင်ထားသော ဖောင်းကြွ စာလုံးပါတံဆိပ်အား ၄င်းအခမ်းအနားဓါတ်ပုံများကို ယူငင်ရိုက်နှိပ်ပေးလေ၏။ ကျွန်ုပ်သည် ဤသို့ပြုလုပ်ခြင်းကို ယခင် တခါမှမမြင်ဖူးခဲ့သူဖြစ်၍ ဘာလုပ်တာပါလိမ့်ဟုပင် စိတ်ဝင်တစားဖြစ်၍ အသေအချာကြည့်မိလေ၏။ ထိုအခါ ဆရာ ဦးကျော်သက်မှာ “ဒါက . . . ငါတို့ဆိုင်ရဲ့ဖောင်းကြွတံဆိပ်လေ . . . ဒီလိုတံဆိပ်မျိုး ငါတို့ဆီမှာရှိတယ်လို့ . . . မင်းအရင် တစ်ခါမှ မတွေးမိခဲ့ဘူးမလား”ဟုမေးလေ၏။ ကျွန်ုပ်သည် ဘာမျှပြန်၍မပြောဘဲငြိမ်၍်သာနေ၏။ ဆရာဦးကျော်သက်ဖြစ်သူမှာ ဆက်လက်၍ပင် ဤသို့ဆိုပြန်၏။ “ငါမေးနေတယ် . . . မင်းဖြေလေကွာ . . . ဝေလင်း မင်းမှတ်ထား . . . လောကကြီးမှာ ကိုယ်မမြင်မတွေ့ဘူးတိုင်း . . . အဲ့ဒီ မမြင်မတွေ့ရသောအရာတွေကို မရှိပါဘူးလို့မထင်ရဘူး . . . ကိုယ

ကျွန်တော့၃၇နှစ်ပြည့်၃၈နှစ်မြောက်မွေးနေ့လေးပါ... .အောင်ကောင်းမွန်(လားရှိုး)

Image
ကျွန်တော်ခင်မင်လေးစားရပါသောမိတ်ဆွေသူငယ်ချင်းပရိတ်သပ်အပေါင်းတို့ခင်ဗျာ…… ၁၉၇၆ခု နှင်းမှူံနှင်းစက်တို့မှာကမ္ဘာမြေကြီးအားနှုတ်ဆက်ထွက်ခွာသလိုနွေဦးကာလ အစလေရူးတို့တိုက်ခတ်ချိန်ဖြစ်တဲ့ဖေဖော်ဝါရီလရဲ့တစ်ဆယ့်တစ်ခုသောနံနက်ပိုင်းမှာဘဲ ကျွန်တော်ဟာဒီိကမ္ဘာမြေပေါ်ကိုစတင်ပြီးအလည်အပတ်ရောက်ရှိလာခဲ့ပါတယ်….. အခု၂၀၁၃ဖေဖော်ဝါရီ(၁၁)ရက်ဒီနေ့မှာတော့ ကျွန်တော့အသက်ဟာ(၃၇)နှစ်ပြည့်ခဲ့ပါပြီခင်ဗျာ…. ကျွန်တော့်ရဲ့(၃၇)နှစ်ပြည့်(၃၈)နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အနေနဲ့ကျွန်တော်ဒီနေ့စိတ်တိုင်း  ကျကုသိုလ်ကောင်းမှုတွေကိုလားရှိုးမြို့

“သုံးဘ၀သစ္စာ” အခန်းဆက်အချစ်ဂမ္ဘီရ၀တ္ထုရှည်ကြီး အောင်ကောင်းမွန်(လားရှိုး)

အခန်း(၄) “ပီတိထံ တပည့်ခံသူ”            ထိုနေ့သည် နံနက်(၇း၀၀)နာရီအချိန်သို့ ရောက်ရှိလို့နေပြီဖြစ်၏။ ကျွန်ုပ်သည် နွမ်းလျမှုခြေလှမ်းတို့နှင့်အတူ ဓါတ်ပုံ ပညာသင်ပေးခဲ့သည့် ဆရာများရှိရာ “ဘဲ”ဓါတ်ပုံတိုက်သို့လျှောက်လာခဲ့၏။ စိတ်အတွင်းတွင်လည်း ငါ့ဘ၀ကိုဘယ်လို ဆက်ပြီးရပ်တည်ရမလည်းဟူသောမေးခွန်းများသည် ကျွန်ုပ်ကိုယ် ကျွန်ုပ်အကြိမ်ကြိမ်ပြန်မေးနေသကဲ့သို့ပင် အတွေးအိမ် သည် စိတ်သက်တည်ငြိမ်မှုတို့ ကင်းမဲ့ခဲ့ရလေပြီဖြစ်၏။ ရင်တွင်းတွင် ၀မ်းနည်းကြေကွဲလွန်း၍ အောင့်နေသလိုလို နာနေ သလိုလို ဝေဒနာတစ်မျိုးသည်လည်းဖြစ်ပေါ်၍နေ၏။ ဤသို့ လမ်းလျှောက်၍သွားရင်းပင် လမ်းတ၀က်သို့အရောက် ဆိုင်တဆိုင်အတွင်းမှ တစုံတဦးမှ ကျွန်ုပ်အားခေါ်သည့် “ဟေ့ချာတိတ်”ဆိုသောအသံကြား၍ လှည့်ကြည့်လိုက်မိရာ ကျွန်ုပ် ဓါတ်ပုံရိုက်သည့်ပန်းခြံတွင်းဥယျာဉ်အလုပ်သမားတစ်ဦးဖြစ်ကြောင်းသိရ၍ ဆိုင်တွင်းသို့ ခေတ္တ၀င်ထိုင်ဦးမယ်ကွာဟု ဆုံးဖြတ် ကာထိုဆိုင်အတွင်းသို့ဝင်ခဲ့မိ၏။ ထိုဆိုင်သည်အရက်ပါရောင်းသောဆိုင်ဖြစ်၏။၎င်းဥယျာဉ်အလုပ်သမားဖြစ်သူမှာ နံနက်စောစောမှာပင်အရက်မှာ၍အရက်သောက်နေခြင်းဖြစ်၏။ ကျွန်ုပ်သည်ထိုစဉ်အချိန်တွင်ကလေးသာသာခန့်သာရှိသောကြောင့် အရက