“သုံးဘ၀သစ္စာ” အခန်းဆက်အချစ်ဂမ္ဘီရ၀တ္ထုရှည်ကြီး အောင်ကောင်းမွန်(လားရှိုး)
အခန်း(၃) “မမေ့နိုင်သောဘ၀၏မှတ်စု” လားရှိုးနန်းဟေ၀န်ပန်းခြံထဲက ဓါတ်ပုံဆရာချာတိတ်ဆိုလျှင် မသိသူမရှိအောင်ပင် လူငယ်တို့၏နှုတ်ဖျားတွင် ဖြစ်နေ လေတော့၏။ စီးကရက်သောက်ခြင်း၊ ညနေတွင် ဘီယာသောက်ခြင်းများ ပြုနေသော်လည်း အလုပ်ကိုတော့ အပျက်အစီး လုံးဝမခံပေ။ ဓါတ်ပုံရိုက်နှုန်းသည် တစ်ရက်ထက်တစ်ရက် အရေအတွက်ကျသည်ဟူ၍မရှိ . . . တိုး၍တိုး၍သာနေလေတော့ ၏။ ထို့ကြောင့်ပင် ကျွန်ုပ်၏ဆရာများဖြစ်ကြသူများလည်း ကျွန်ုပ်အပေါ်တွင် စိတ်ချမြဲချနေကြ၏။ နေ့စဉ် ကျွန်ုပ်သည် နံနက် (၅း၃၀)နာရီအချိန်တွင် ဆရာများအိမ်သို့အရောက်သွားပြီးလျှင် လုပ်စရာရှိသည်များလုပ်၍ လားရှိုးဈေးကြီး အတွင်းတွင်ရှိသော ဓါတ်ပုံဆိုင်အားဖွင့်ပေးရ၏။ ဆိုင်ဖွင့်ပြီးလျှင် ယခင်နေ့က ကျွန်ုပ်ရိုက်ခဲ့သောဓါတ်ပုံများကိုစီရ၏။ ဖလင်နှင့်ဓါတ်ပုံတွဲ၍ ပလပ် စတစ်အိတ်အတွင်းသို့ထည့်ရ၏။ ထိုအိတ်၏နောက်ကြောတွင် ဆော့ပင်နှင့် ဘောက်ချာ စာအုပ်တွင်းမှ ဓါတ်ပုံစာရင်းအတိုင်း စရံငွေ၊ ကျန်ငွေများရေးရ၏။ ဤသို့ နေ့စဉ်ပုံများစီပြီးချိန်သည် နံနက် (၇း၃၀)နာရီအချိန်ခန့်ပင်သာဖြစ်၏။ ထိုအချိန်တွင် ေ