Posts

Showing posts from 2013

အရေးတကြီး စကားပြောဆိုစရာ ကိစ္စများရှိပါက---- အရေးကြုံ သက်လုံကောင်းစေ(မင်းသိင်္ခ)

ကျွန်ုပ်သည် ဘားလမ်း (ယခုမဟာဗန္ဓုလ ပန်းခြံလမ်း) ထိပ်တွင် ဗေဒင်လက္ခဏာ ဟောပြောနေသည်ဟု ဖော်ပြခဲ့ပြီးဖြစ်၏။ထိုဟောပြောသောနေရာမှ အခန်းပိုင်ရှင်သည် လွန်စွာကောင်းပါသည်။ သို့ရာတွင် ထိုအိမ်ရှင်နှင့် ပတ်သက်သော ဧည့်သည်အချို့မှာ ကျွန်ုပ်၏ လုပ်ငန်းကို လွန်စွာ ဒုက္ခပေးပါသည်။ ကျွန်ုပ် ဗေဒင်လက္ခဏာ ဟောပြောနေစဉ် အတွင်း ထိုသူများသည် ရေဒီယိုကို ကျယ်လောင်စွာ ဖွင့်ခြင်း၊ သီချင်းကျယ်လောင်စွာဆိုခြင်း၊ တစ်ဦးနှင့်တစ်ဦး ကျယ်လောင်စွာ ငြင်းခုံခြင်း စသော လုပ်ရပ်များသည် ကျွန်ုပ် ဗေဒင်လက္ခဏာ ဟောပြော ခြင်းအတွက် အနှောင့်ယှက် များစွာဖြစ်စေပါသည်။ ထို့ကြောင့် “ဒီနေရာက ပြောင်းမှပဲ” ဟု စိတ်ထဲ၌ ဖြစ်ပေါ်ခဲ့၏။ ပြောင်းသည်ဆိုရာ၌ လွယ်ကူလှသည် မဟုတ်။ ကျွန်ုပ်အနေနှင့် ဆိုင်လခကို ထိုက်ထိုက်တန်တန် ပေးနိုင်သော်လည်း စပေါ်ကိုမူ မပေးနိုင်ပေ။ ပေးစရာလည်း မရှိပေ။ ထိုအချိန်၌မှာပင် မိတ်ဆွေတစ်ဦးက “ ဒီမှာ ဆရာမင်းသိင်္ခ ခင်ဗျားရဲ့ အလုပ်နဲ့ဆိုရင် (၃၂)လမ်းထိပ်က ကိုသက်တင်၊ ဒေါ်ဝတို့ရဲ့ အခန်းဟာ အကောင်းဆုံးပဲဗျ။ ခင်ဗျား ပြောကြည့်ပါလား ” ဟု ပြောရာ ကျွန်ုပ်က ထိုမိတ်ဆွေအား

``အိုးပိုင် အိမ်ပိုင်ရစေသော ပုတီးစိပ်နည်း" အောင်ကောင်းမွန် (လားရှိုး)

Image
^^^^^^^^^^^^^^  တစ်နေ့သ၌ ကျွန်ုပ်သည် တစ်ဦးတည်းပင် လျှင် စီးကရက်တို့ကို တလိပ်ပြီးတလိပ် ဖှာရငျး ပင် တွေးမိ တွေးရာတို့ကို တွေးနေ​လေမိတော့ ၏။ ကျွန်ုပ်တွေးနေ​သော အကြောင်းအရာများသည် ကျွန်ုပ်၏ ဘဝ​ြဖတ်သန်းခဲ့ သမျှတို့ပင်ွဖစ်လေ၏။ ကျွန်ုပ်ဘ၀တွင် ကျွန်ုပ်နေထိုင်ခဲ့ရသောအိမျမြားနှင့်ပတ်သက်၍လည်း ပြန် လည် ၍တွေးကြည့် မိလေ၏။ မည်သို့ပင် ဆိုစေ ယခုအခါတွင်မူ ကျွန်ုပ်သည် မွေးသမိခင်မွေးသဖခင်တို့ နှစ်ဦးနှင့် အတူ လားရှိုးမြို့စွန်  ရန်တိုင်းအောင် ဆုတောင်းပြည့်မြို့ဦးစေတီတော် အနီးရှိ ေရႊလီရတနာ တိုးချဲ့ရပ်ကွက် တွင် အေးချမ်းစွာနေထိုင် နရေပြီဖြစ်၏။  လွန်စွာမှ စိတ်ငြိမ်မှုရှိသော ကြောင့် ကျွန်ုပ် အတွက်တော့ ပုတီးစိပ်ရန်အတှကျ လညျးကောင်း၊ တရားထိုင်ရန်အတှကျ လည်းကောင်း၊ စာရေးရန် အတွက်ပါ လျှင် အဆင်ပြေ၍ နေရပြီဖြစ်၏။  ထို့ကြောင်ပင် ကျွန်ုပ်သည် ကံကြမ္မာကြီးကို ကျေးဇူးတင်မိသလို ကျွန်ုပ်  ယုံကြည်စွာ အားထား ကိုးကွယ်လျှက်ရှိသော ဆရာသခင်များ အပေါ်တွင်လည်း  အထူးကိုပင် ကျေးဇူး တင်မိတော့၏။  ကျွန်ုပ်၏ မိဘနှစ်ပါး အပေါ်တွင် ကျေးဇူ တင်မိသလို ကျွန်ုပ်၏ ပညာပိုင်းဆိုင်ရာ  ဆရာသခင် မဟာကျေးဇူးရှင်ကြီး  အဘ​ ဒေါက်တာ မင်းသိင်ျခ အားလည်း  အထူးပင်

“နှစ်ဆန်းတစ်ရက်နေ့ ခေါင်းဆေးမင်္ဂလာ” အောင်ကောင်းမွန်

တနေ့တ၌ ကျွန်ုပ်ထံသို့ အသက်(၅၀)အရွယ်ခန့်ရှိသော အမျိုးသမီးကြီးတစ်ဦးသည် အလည်အပတ် ရောက်ရှိလို့ လာလေ၏။ ထိုအမျိုးသမီးကြီး၏အမည်မှာ ဒေါ်အုန်းမြင့် ဟူ၍ပင်ဖြစ်၏။ ကျွန်ုပ်ငယ်စဉ် နေထိုင်ခဲ့ဖူးသော ရပ်ကွက်တွင် အိမ်နီးနားချင်း နေခဲ့ဖူးသူဖြစ်သောကြောင့် လွန်စွာမှပင် ရင်းနှီးကျွမ်းဝင်သူ တစ်ဦးပင်ဖြစ်လေ၏။ ဒေါ်အုန်းမြင့်သည် ကျွန်ုပ်အားမြင်လျှင် … “မတွေ့ရတာလည်း အတော်ကြာပြီ . . .   အဒေါ်လာတိုင်းလည်း မင်းကအလုပ်တွေ တမျိုးပြီးတမျိုးရှုပ်နေတော့ . . .   အရေးကြီးကိစ္စထူးမရှိလျှင် မင်းကိုအားနာတာနဲ့ မလာဖြစ်ဖူးကွယ်” ဟုဆိုလေ၏။ “အဲ့လိုလည်း ဘယ်ဟုတ်ပါ့မလည်း ဒေါ်အုန်းမြင့်ရယ် . . . အလုပ်များတာလည်း များတာတော့ အမှန်ပါ . . . သို့ပေမယ့်လို့လည်း တပတ်တခါ နှစ်ပတ်တခါ လာလည်နေကျဥစ္စာ . . . လာပေါ့ဗျာ” ဟုပြော၍ပင် ရေခဲသေတ္တာအတွင်း၌ အသင့်ဖျော်ထားသော ရွှေရင်အေးနှင့် တာမိုးညဲမြို့မှလာသော ကျွန်ုပ်တပည့်မလေးကန်တော့ထားသည့် တရုတ်နိုင်ငံထုတ် ကိတ်မုန့်ခြောက်တမျိုးနှင့် ဧည့်ခံဖြစ်လေတော့၏။ “မောင်ဝေလင်းရေ . . . အခုတလောမင်းကို မြို့ထဲမှာ ဆိုင်ကယ်နဲ့တွေ့လိုက် ကားနဲ့တွေ့လိုက် အလုပ်တွေ အတော်ကိုများနေတာလား” ဟုဆိုလေ၏။ “မီဒီယာကိစ္စတွေကို

“သုံးဘ၀သစ္စာ” အချစ်နှင့်ဘ၀ဂမ္ဘီရ အခန်းဆက်ဝတ္ထုရှည်ကြီး အောင်ကောင်းမွန်(လားရှိုး)

Image
                                                                     အခန်း(၆) “လွန်စွာမှထူးခြားသည့် သိဒ္ဓိရှင်ကြီး ကျွန်ုပ်ထံသို့ ကြွရောက်လာခြင်း” အထက်ပါအဖြစ်အပျက်များသည် ၁၉၈၈ခုနှစ်၊ (၈)လပိုင်းတွင် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သော ရှစ်လေးလုံး အရေး အခင်းကိုအကြောင်းပြီး မြန်မာနိုင်ငံရှိ မူလတန်းကျောင်းများမှသည် အလယ်တန်း၊ အထက်တန်းကျောင်းများအပြင် တက္ကသိုလ်ကြီးများအထိ အချိန်ကာလအကန့်အသတ်မရှိ ကျောင်းများပိတ်လိုက်သောအချိန်ကာလမှာပင်ဖြစ်လေတော့၏။ ၁၉၈၉ခုနှစ်၊ ဇွန်လတွင် မြန်မာတစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းမှုတို့ ပြန်လည်ရရှိလာသည်နှင့်အမျှ မူလတန်းကျောင်းနှင့် အလယ်တန်းအဆင့် အလယ်တန်းကျောင်းသားများအားလုံးကို ပုံမှန်ကျောင်းတက်နှစ်အတိုင်း ပြန်လည်ဖွင့်လှစ်လိုက်လေ၏။ ထိုအချိန်၌ ကျွန်ုပ်၏ပညာအရည်အချင်းသည် (၇)တန်းမျှသာဖြစ်၍ ကျောင်းပြန်တက်ရန် ကျွန်ုပ်၏မိဘများမှပြော ဆို၍ ကျောင်းအပ်မည်ဟုဆိုကြလေ၏။ ကျွန်ုပ်သည် အလုပ်လုပ်နေရသည်ကိုသာ ပျော်ရွှင်နေပြီဖြစ်သောကြောင့် ကျောင်းတက်ချင်စိတ်မှာ လုံးဝကိုမရှိတော့။ သို့သော်လည်း ကျွန်ုပ်၏ မိခင်နှင့်ဖခင်တို့မှာ ကျောင်းမတက်လို့မရ၊ ဆယ်တန်း အောင် အောင်တော့ ကျောင်းတက်ရမည်။

“သုံးဘ၀သစ္စာ” အချစ်နှင့်ဘ၀ဂမ္ဘီရ အခန်းဆက်ဝတ္ထုရှည်ကြီး အောင်ကောင်းမွန်(လားရှိုး)

Image
                                                  အခန်း(၁)-(၂)-(၃)-(၄)-(၅)ဆက်တိုက်ဖတ်ရှူနိုင်ရန်                                                         “ဒေါ်မေသဉ္စာခင်ရောက်ရှိလာခြင်း”              နှင်းမှုံရည်ရစ်ဖွေး မြောက်လေသွေးလျှက်ရှိသော ဒီဇင်ဘာလ ဆောင်းသဘာဝတို့ လွှမ်းမိုးနေစဉ် ဖြစ်သည့် နေ့တစ်နေ့မှာပင်ဖြစ်လေတော့၏။ ကျွန်ုပ်မှာ လားရှိုးမြို့၏ မြို့လယ်နမ့်ဟူးတောင်ခေါ် သာသနာ (၂၅၀၀)ပြည်လုံးချမ်းသာစေတီတော်ရှိ ကျွန်ုပ်ဗေဒင်ဟောခန်းတွင် လွန်စွာမှကံကြမ္မာဆိုးဝါးမှုများ ကြုံတွေ့ နေရသူသုံးဦးအား ဆက်တိုက်ပင် ဗေဒင်ဟောပြီး ယတြာများပေးနေရလေ၏။ ထိုအချိန်မှာပင် အသက် အရွယ်အားဖြင့်ဆိုလျှင် (၃၀)ကျော်ရုံမျှလေးပင်ကျော်သည်ဟုယူဆရသော အမျိုးသမီးတစ်ဦးသည်လည်း ကျွန်ုပ်ဗေဒင်ဟောပေးနေသော သူများကိုဦးစားပေး၍ စောင့်ဆိုင်းနေသကဲ့သို့ပင် ဘုရားဂေါပကရုံးတွင် ကိန်းဝပ်တော်မူသော မြတ်စွာဘုရားရှင်ကို ဦးချကန်တော့၍ ကျွန်ုပ်နှင့်မျက်နှာချင်းဆိုင်တွင်ရှိသော ဆက်တီ ခုံတစ်ခုတွင် ထိုင်နေလေ၏။ သာမန်အားဖြင့်ဆိုလျှင် တခြားသာဗေဒင်မေးသူ အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ ၎င်းတို့ရှေ့တွင် ကျွန်ုပ်ဟောပြောနေသူများ

အဘဆ၇ာကြီးဒေါက်တာမင်းသိင်္ခ၏ ထူးဆန်းသော ပုတီးကလေးအကြောင်း

Image
တစ်နေ့သ၌ ကျွန်ုပ်သည် ပုတီးစိပ်ရင်း တစ်စုံတစ်ယောက်ကို စောင့်မျှော်နေလေ၏။ ထိုသို့ စောင့်မျှော်နေစဉ် အတွင်း ရောင်ပြန်မဂ္ဂဇင်း အယ်ဒီတာ မောင်မောင်မြင့်အေးသည် ထမင်းချိုင့်ကြီး တစ်လုံးကို ဆွဲ၍ ရောက်ရှိလာလေ ၏။ ကျွန်ုပ်လည်း ပုတီးစိပ်ခြင်းကို ရပ်နားလိုက်၏။ ကျွန်ုပ်သည် ၎င်း၏လက်မှ ထမင်းချိုင့်ကြီးကို မြင်လျှင်“ တခြားစကားတွေ နောက်မှပြောကွာ။ မင်းချိုင့်ကြီးမြင်တာနဲ့ ငါတောင် ထမင်းဆာလာပြီ။ ထမင်းစားကြ ရအောင်။ သြော် .... ဒါနဲ့။

“ ကြင်ဖူးစာမမည်လို့လား ’’ အောင်ကောင်းမွန်(လားရှိုး)

Image
လွန်စွာမှပင်ချမ်းအေးသောကာလပင်ဖြစ်၏။ နှင်းမှုန်တဖွေးဖွေး မြောက်လေသွေးသည် ဟေမန်ဆောင်း ဘဘာဝတို့လွှမ်းမိုးလျှက်ရှိသည့် နိုဝင်ဘာလ၏ နံနက်ခင်းတစ်ခုမှာပင်ဖြစ်လေတော့၏။ ကျွန်ုပ်သည် မည်သည့် အလုပ်ကိုစ၍လုပ်ရမှန်းမသိလောက်အောင်ပင် လွန်စွာမှ လုပ်စရာအလုပ်တာဝန်တို့သည် များမြှောင်လွန်းလှပြီ ဖြစ်သောကြောင်မအေးနိုင်မချမ်းနိုင်ဘဲကိုရှိနေလေ၏။ကျွန်ုပ်နားတွင်တောက်တိုမယ်ရကူညီလုပ်ဆောင်ပေးလျှက်ရှိ သော တပည့်လေး မောင်အိုက်မွန်းမှာ ဗီစီဒီ သီချင်းခွေတစ်ခွေမှ သီချင်းတစ်ပုဒ်အား ထပ်ခါတလဲလဲပင် နားထောင်၍နေလေ၏။ ထိုအချိန်မှာပင် ဒေါ်အုန်းမြင့်ဆိုသော အသက်(၅၀)အရွယ် အမျိုးသမီးကြီးတစ်ဦးသည် ရောက်ရှိ၍လာလေ၏။ ၄င်း အမျိုးသမီးကြီးသည် ကျွန်ုပ်ငယ်စဉ်အရွယ်မှစ၍ ခင်မင်ရင်းနှီးခဲ့ခြင်းဖြစ်၏။ ၄င်းသည် ထိုငယ်ရွယ်စဉ်အချိန်ကာလ တွင် ၄င်း၏ ဘ၀ပေးအခြေအနေ ကံကြမ္မာဆိုးများကြောင့် မိသားစုအားလုံးနှင့် သေကွဲကွဲခဲ့ရပြီး စိတ်ထိခိုက်မှု လွန်ကဲကာ

“ပျားစွဲသောမုတ်ဆိတ်မဟာဓါတ်ဘိသိက်”------

Image
လေးစားရပါသောကျွန်ုပ်၏မိတ်ဆွေများခင်ဗျား......အဘဆရာကြီးဒေါက်တာမင်းသိင်္ခ၏ မနောမယလက်ဆောင်ပေါင်းချုပ် စာအုပ်တွင်ပါဝင်သော အောက်ပါ မဟာဘိသိက် ပျားစွဲသောမုတ်ဆိတ် ဓာတ်ဘိသိက် ပန်ချီကားကို ပြန်လည်၍ လက်ဆောင်မျှဝေပေးလိုက် ပါသည်။ ထိုပညာမှာ ဘိသိက်ဆယ့်နှစ်ပါးတွင်ပါသည့် မဟာဘိသိက်ပညာဖြစ်၏။ မဟာဘိသိက်ဆိုသည်မှာ စီးပွားချမ်းသာတိုးတက်စေရန် ပြုလုပ်သောပညာဖြစ်၏။ ဓာတ်ဘိသိက်ဟု ခေါ်သည်ဟု မူရင်းစာအုပ်တွင် ဖော်ပြထားပါသည်။ ပျားရည်သောက်မယ့်လူဟာ ဝေးဝေးလံလံမှာ သွားပြီး ပျားမဖွတ်ရဘဲ သူ့မုတ်ဆိက်မှာ ပျားလာပြီးဆွဲနေတော့ အစာနဲ့ ပါးစပ်နဲ့ သိပ်နီးနေတဲ့ သဘောပေါ့ဟု ရေးသားပြထားပါသည်။ နောက် ကျွန်တော်တို့ မြန်မာစကားတစ်ခွန်းလည်းရှိ၏။ စားရကံကြုံတော့ မုတ်ဆိက်ပျားစွဲ ဟူသောစကားသည် မိမိထံသို့ အခြအနေကောင်းတွေ၊ ကံကောင်းမှု့တွေ ၊ အခွင့်အရေးကောင်းတွေ ရောက်ရှိဝင်လာစေသော

“ချစ်ခြင်းဟူသောဆုံမှတ်”အောင်ကောင်းမွန်(လားရှိုး)

 (အသစ်စက်စက်အချစ်ဝတ္ထု)           မြန်မာအပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးသည် ယခင် သူမ                                                                    ပြည်ပထွက်ခွါစဉ်အချိန်ကာလနှင့်ယှဉ်လျှင် သိသာစွာ ကိုပင် ပြောင်းလဲသစ်လွင်နေသည်ကို သူမတစ်ယောက် သတိထားမိသည့်အလျှောက်ပင် နောက်ဆက်တွဲအတွေးစတို့သည် မည်သို့ဝင်လို့လာသည်ပင် သတိမထားမိလောက်အောင်သူမ၏ အသိအာရုံတို့အား ဖုံးလွှမ်းသွားလေတော့၏။           “သြော် . . . အခုလို ကိုယ့်ပြည်ကိုယ့်မြေကို ပြန်ရောက်ရောက်ခြင်း ချစ်ခင်မြတ်နိုးရသူတို့၏ ထွေးပွေ့နွေးထွေးစွာ ကြိုဆိုခြင်းခံချင်မိတာက ပုထုဇဉ် ဤလူ့ဘောင် လူသားမှန်သမျှ၏ သဘာဝတစ်ခုပါလေ . . . ကိုလတ် တစ်ယောက်သာ အခုလိုအချိန်မှာ ပြည်ပဧည့်ကြိုသူတွေကြားထဲက ဘွားကနဲပေါ်လာမလားလို့ US တွင် ထပ်ဆင့်ဆေးပညာသွားရောက် သင်ကြားပြီးနောက် မြန်မာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိသူ သစ္စာမောင် တစ်ယောက် ရင်တွင်းတွင် မျှော်လင့်နေမိလေ၏။ ထိုစဉ်မှာပင် သူမမိခင်ဖြစ်သူနှင့် တစ်ဦးတည်းသော မောင်လေးဖြစ်သူတို့မှာ သစ္စာမောင် အား လှမ်း၍ မြင်လိုက်သည်နှင့်အမျှ “ မမသစ္စာ ”ဟုခေါ်၍ပင် လက်စွဲသားရေအိတ်လေးကိုင်ဆောင်ထားသော သစ္စာမောင် ၏လက်ကို ဖမ်း

“အောင်ကောင်းမွန် ကမ္ဘောဇ LIBRARY”အောင်ကောင်းမွန်(လားရှိုး)

တနေ့သ၌ ကျွန်ုပ်နေထိုင်ရာ လားရှိုးမြို့စွန်၊ ရန်တိုင်းအောင်ဘုရားအနီး၊ရွှေလီရတနာရပ်ရှိနေအိမ်သို့ အသက်(၅၀)ခန့် ရှိသော အမျိုးသမီးကြီးတစ်ဦးသည် ရောက်ရှိလို့လာလေ၏။ ၄င်းအမျိုးသမီးကြီး၏ အမည်မှာ ဒေါ်အုန်းမြင့်ဟူ၍ဖြစ်ပြီးကျွန်ုပ်ငယ်စဉ်နေထိုင်ခဲ့ဖူးသောရပ်ကွက်အတွင်းတွင် ရင်းနှီးခင်မင်စွာ အိမ်နီးနားခြင်းနေခဲ့ဖူးသူဖြစ်၏။ ကျွန်ုပ်ထံသို့ မကြာခဏ အလည်အပတ်လာတတ်သလို အေးဆေးစွာ စကားစမြည်ပြောပြီး နေ့လည်စာ စားပြီးမှပြန်တတ်လေ၏။ ထို့ကြောင့်ပင် ကျွန်ုပ်မှာလည်း နေ့လည်စာအတွက် ပြုလုပ်စီမံရလေတော့၏။ ဂျုံနု(၇၅)ကျပ်သားအား ဆားသင့်တော်ရုံထည့်၍ ရေအနည်း ငယ်ထည့်ကာ ပလာတာမုန့်များပြုလုပ်ရာတွင် ဂျုံလုံးသကဲ့သို့ လုံးရလေ၏။ (၁၀)မိနစ်ခန့် နှံ့နေအောင် ဂျုံအားထိုးပြီးလျှင် ရေစိုအဝတ်နှင့် မိနစ်(၂၀)ခန့် အုပ်၍ထားရ၏။ ပြီးလျှင် ၄င်းဂျုံလုံးအား ဇလုံတစ်ခုတွင်းတွင် ရေတစ်နာရီခွဲခန့် စိမ်ထား လိုက်၏။ ဆက်လက်၍ ပဲပြားခြောက်များအား ဆီပူတွင်

“သုံးဘ၀သစ္စာ” အခန်းဆက်အချစ်ဂမ္ဘီရ၀တ္ထုရှည်ကြီး အခန်း(၅) အောင်ကောင်းမွန်(လားရှိုး)

                                                                     အခန်း(၅)                                           “ဆရာသမား၏အဖိုးတန်စကား(သို့)စိတ်လေ့ကျင့်ခန်း” ကျွန်ုပ်သည် နန်းဟေ၀န်ရေကူးကန်ဖွင့်လှစ်ပွဲအခမ်းအနားဓါတ်ပုံများအား သက်ဆိုင်ရာ ကန်ထရိုက်ကြီးအားပေးရန် အတွက် မူရင်းဖလင်များတွဲနေချိန်တွင် ကျွန်ုပ်ဆရာ ဦးကျော်သက်မှ စပရိန်ပလာယာကြီးတွင် တပ်ဆင်ထားသော ဖောင်းကြွ စာလုံးပါတံဆိပ်အား ၄င်းအခမ်းအနားဓါတ်ပုံများကို ယူငင်ရိုက်နှိပ်ပေးလေ၏။ ကျွန်ုပ်သည် ဤသို့ပြုလုပ်ခြင်းကို ယခင် တခါမှမမြင်ဖူးခဲ့သူဖြစ်၍ ဘာလုပ်တာပါလိမ့်ဟုပင် စိတ်ဝင်တစားဖြစ်၍ အသေအချာကြည့်မိလေ၏။ ထိုအခါ ဆရာ ဦးကျော်သက်မှာ “ဒါက . . . ငါတို့ဆိုင်ရဲ့ဖောင်းကြွတံဆိပ်လေ . . . ဒီလိုတံဆိပ်မျိုး ငါတို့ဆီမှာရှိတယ်လို့ . . . မင်းအရင် တစ်ခါမှ မတွေးမိခဲ့ဘူးမလား”ဟုမေးလေ၏။ ကျွန်ုပ်သည် ဘာမျှပြန်၍မပြောဘဲငြိမ်၍်သာနေ၏။ ဆရာဦးကျော်သက်ဖြစ်သူမှာ ဆက်လက်၍ပင် ဤသို့ဆိုပြန်၏။ “ငါမေးနေတယ် . . . မင်းဖြေလေကွာ . . . ဝေလင်း မင်းမှတ်ထား . . . လောကကြီးမှာ ကိုယ်မမြင်မတွေ့ဘူးတိုင်း . . . အဲ့ဒီ မမြင်မတွေ့ရသောအရာတွေကို မရှိပါဘူးလို့မထင်ရဘူး . . . ကိုယ

ကျွန်တော့၃၇နှစ်ပြည့်၃၈နှစ်မြောက်မွေးနေ့လေးပါ... .အောင်ကောင်းမွန်(လားရှိုး)

Image
ကျွန်တော်ခင်မင်လေးစားရပါသောမိတ်ဆွေသူငယ်ချင်းပရိတ်သပ်အပေါင်းတို့ခင်ဗျာ…… ၁၉၇၆ခု နှင်းမှူံနှင်းစက်တို့မှာကမ္ဘာမြေကြီးအားနှုတ်ဆက်ထွက်ခွာသလိုနွေဦးကာလ အစလေရူးတို့တိုက်ခတ်ချိန်ဖြစ်တဲ့ဖေဖော်ဝါရီလရဲ့တစ်ဆယ့်တစ်ခုသောနံနက်ပိုင်းမှာဘဲ ကျွန်တော်ဟာဒီိကမ္ဘာမြေပေါ်ကိုစတင်ပြီးအလည်အပတ်ရောက်ရှိလာခဲ့ပါတယ်….. အခု၂၀၁၃ဖေဖော်ဝါရီ(၁၁)ရက်ဒီနေ့မှာတော့ ကျွန်တော့အသက်ဟာ(၃၇)နှစ်ပြည့်ခဲ့ပါပြီခင်ဗျာ…. ကျွန်တော့်ရဲ့(၃၇)နှစ်ပြည့်(၃၈)နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အနေနဲ့ကျွန်တော်ဒီနေ့စိတ်တိုင်း  ကျကုသိုလ်ကောင်းမှုတွေကိုလားရှိုးမြို့

“သုံးဘ၀သစ္စာ” အခန်းဆက်အချစ်ဂမ္ဘီရ၀တ္ထုရှည်ကြီး အောင်ကောင်းမွန်(လားရှိုး)

အခန်း(၄) “ပီတိထံ တပည့်ခံသူ”            ထိုနေ့သည် နံနက်(၇း၀၀)နာရီအချိန်သို့ ရောက်ရှိလို့နေပြီဖြစ်၏။ ကျွန်ုပ်သည် နွမ်းလျမှုခြေလှမ်းတို့နှင့်အတူ ဓါတ်ပုံ ပညာသင်ပေးခဲ့သည့် ဆရာများရှိရာ “ဘဲ”ဓါတ်ပုံတိုက်သို့လျှောက်လာခဲ့၏။ စိတ်အတွင်းတွင်လည်း ငါ့ဘ၀ကိုဘယ်လို ဆက်ပြီးရပ်တည်ရမလည်းဟူသောမေးခွန်းများသည် ကျွန်ုပ်ကိုယ် ကျွန်ုပ်အကြိမ်ကြိမ်ပြန်မေးနေသကဲ့သို့ပင် အတွေးအိမ် သည် စိတ်သက်တည်ငြိမ်မှုတို့ ကင်းမဲ့ခဲ့ရလေပြီဖြစ်၏။ ရင်တွင်းတွင် ၀မ်းနည်းကြေကွဲလွန်း၍ အောင့်နေသလိုလို နာနေ သလိုလို ဝေဒနာတစ်မျိုးသည်လည်းဖြစ်ပေါ်၍နေ၏။ ဤသို့ လမ်းလျှောက်၍သွားရင်းပင် လမ်းတ၀က်သို့အရောက် ဆိုင်တဆိုင်အတွင်းမှ တစုံတဦးမှ ကျွန်ုပ်အားခေါ်သည့် “ဟေ့ချာတိတ်”ဆိုသောအသံကြား၍ လှည့်ကြည့်လိုက်မိရာ ကျွန်ုပ် ဓါတ်ပုံရိုက်သည့်ပန်းခြံတွင်းဥယျာဉ်အလုပ်သမားတစ်ဦးဖြစ်ကြောင်းသိရ၍ ဆိုင်တွင်းသို့ ခေတ္တ၀င်ထိုင်ဦးမယ်ကွာဟု ဆုံးဖြတ် ကာထိုဆိုင်အတွင်းသို့ဝင်ခဲ့မိ၏။ ထိုဆိုင်သည်အရက်ပါရောင်းသောဆိုင်ဖြစ်၏။၎င်းဥယျာဉ်အလုပ်သမားဖြစ်သူမှာ နံနက်စောစောမှာပင်အရက်မှာ၍အရက်သောက်နေခြင်းဖြစ်၏။ ကျွန်ုပ်သည်ထိုစဉ်အချိန်တွင်ကလေးသာသာခန့်သာရှိသောကြောင့် အရက

“သုံးဘ၀သစ္စာ” အခန်းဆက်အချစ်ဂမ္ဘီရ၀တ္ထုရှည်ကြီး အောင်ကောင်းမွန်(လားရှိုး)

                                                            အခန်း(၃)                                              “မမေ့နိုင်သောဘ၀၏မှတ်စု” လားရှိုးနန်းဟေ၀န်ပန်းခြံထဲက ဓါတ်ပုံဆရာချာတိတ်ဆိုလျှင် မသိသူမရှိအောင်ပင် လူငယ်တို့၏နှုတ်ဖျားတွင် ဖြစ်နေ လေတော့၏။ စီးကရက်သောက်ခြင်း၊ ညနေတွင် ဘီယာသောက်ခြင်းများ ပြုနေသော်လည်း အလုပ်ကိုတော့ အပျက်အစီး လုံးဝမခံပေ။ ဓါတ်ပုံရိုက်နှုန်းသည် တစ်ရက်ထက်တစ်ရက် အရေအတွက်ကျသည်ဟူ၍မရှိ . . . တိုး၍တိုး၍သာနေလေတော့ ၏။ ထို့ကြောင့်ပင် ကျွန်ုပ်၏ဆရာများဖြစ်ကြသူများလည်း ကျွန်ုပ်အပေါ်တွင် စိတ်ချမြဲချနေကြ၏။ နေ့စဉ် ကျွန်ုပ်သည် နံနက် (၅း၃၀)နာရီအချိန်တွင် ဆရာများအိမ်သို့အရောက်သွားပြီးလျှင် လုပ်စရာရှိသည်များလုပ်၍ လားရှိုးဈေးကြီး အတွင်းတွင်ရှိသော ဓါတ်ပုံဆိုင်အားဖွင့်ပေးရ၏။ ဆိုင်ဖွင့်ပြီးလျှင် ယခင်နေ့က ကျွန်ုပ်ရိုက်ခဲ့သောဓါတ်ပုံများကိုစီရ၏။ ဖလင်နှင့်ဓါတ်ပုံတွဲ၍ ပလပ် စတစ်အိတ်အတွင်းသို့ထည့်ရ၏။ ထိုအိတ်၏နောက်ကြောတွင် ဆော့ပင်နှင့် ဘောက်ချာ စာအုပ်တွင်းမှ ဓါတ်ပုံစာရင်းအတိုင်း စရံငွေ၊ ကျန်ငွေများရေးရ၏။ ဤသို့ နေ့စဉ်ပုံများစီပြီးချိန်သည် နံနက် (၇း၃၀)နာရီအချိန်ခန့်ပင်သာဖြစ်၏။ ထိုအချိန်တွင်ေ

“သုံးဘ၀သစ္စာ” အောင်ကောင်းမွန်(လားရှိုး)

                                                      အခန်း(၂)                                           ကျွန်ုပ်ဟူသောသူ၏ ငယ်ဘ၀ ကျွန်ုပ်သည် ဘ၀ပေးအခြေအနေအရ အသက်(၁၂)နှစ်အရွယ်တွင် ဓါတ်ပုံပညာသင်ပြီး လားရှိုးမြို့၊ နန်းဟေ၀န် ဥယျာဉ်တွင် ဓါတ်ပုံအကွက်စားဖြင့်ရိုက်သည့်ကင်မရာမင်းဘ၀နှင့်ပင် လောကဟူသည့်ပင်လယ်ကြီးအား စတင်၍ လက်ပစ် ကူးခဲ့ရတော့၏။ တက္ကသိုလ်ပညာ၍မကြားဖူး၊ အထက်တန်းပညာရပ်များအား နားမလည်မှုများနှင့်ပင် မိမိဘ၀အတွက် အထူး အားကိုးအားထားခဲ့ရသော ဓါတ်ပုံဆရာကြီး ဦးကျော်ကြီးနှင့် ဦးကျော်သက် (လားရှိုးဘဲရောင်စုံဓါတ်ပုံတိုက်)တွင် ပညာသင် ရင်း ငွေရှာရင်းနှင့်ပင် လူပျိုပေါက် ဝေလင်းဘ၀သို့ ရောက်မှန်းမသိအောင် ရောက်ခဲ့လေတော့၏။ ကျွန်ုပ်၏ပညာသင်ဆရာနှစ်ဦးဖြစ်သူမှာ လွန်စွာမှပင် ကျွန်ုပ်အားချစ်ကြ၏။ သားရင်းတစ်ယောက်ပမာလည်းဘဲ အားထားကြ၏။ ကျွန်ုပ်မှာလည်း ဆရာများချစ်အောင်နေခြင်းကြောင့်ဖြစ်၏။ ဆရာများရှေ့တွင် အမြဲရိုရိုကျိုးကျိုးနေ၏။ ပြောစကားနားထောင်၏။ ခိုင်းသမျှကိုလည်းဘဲ ချက်ချင်းပင်ထ၍ ပေါ့ပါးသွက်လက်စွာ လုပ်ပေးမြဲလုပ်ပေး၏။ ညည်းညူခြင်း ဟူ၍မရှိ။ လွဲချော်သွားသည်ဆိုသည်မှာလည်း လွန်စွာမှပင်ရှားပါးလှ၏။ ဆရာများတို့၏ အောက်ခြေသ

“ဣဋ္ဌဆိုသည်နှင့် အနိဋ္ဌဆိုသည်မှာ”အောင်ကောင်းမွန်(လားရှိုး)

တနေ့သ၌ လားရှိုးမြို့စွန် ရန်တိုင်းအောင်ဆုတောင်ပြည့်ဘုရားအနီး ရွှေလီရတနာရပ် ကျွန်ုပ်၏နေအိမ်သို့ အသက်(၅၀)အရွယ်ခန့်ရှိသော အမျိုးသမီးကြီးတစ်ဦးသည် အလည်အပတ်ရောက်ရှိလာလေ၏။ ၄င်း၏အမည်ကား “ဒေါ်အုန်းမြင့်” ဟူ၍ပင်ဖြစ်၏။ ကျွန်ုပ်ငယ်စဉ် ကလေးဘ၀နေထိုင်ခဲ့သော ရပ်ကွက်တစ်ခုတွင် အတူတကွ နေထိုင်ခဲ့ဘူးသူ လည်းဖြစ်လေ၏။ ထိုစဉ်အချိန်အခါတွင် ၄င်းဒေါ်အုန်းမြင့်ခေါ်သူ အမျိုးသမီးမှာ လောကဓါဏ်၏ ငြင်းပန်းနှိပ်စက်မှုများ ပြင်းထန် စွာ ခံစားရပြီး မိသားစုဝင်အားလုံးတို့နှင့် သေကွဲ ကွဲခဲ့ရလေ၏။ ထို့အတွက်ကြောင့် ထိုစဉ်ကာလ၌ ၄င်း အမျိုးသမီးကြီးမှာ စိတ်ခံစားမှုလွန်ကဲပြီး အနည်းငယ်စိတ်ဖောက်ပြန်ခဲ့လေ၏။ ယခုအချိန်တွင်တော့ ၄င်းဒေါ်အုန်းမြင့်ဆိုသူမှာ သူ၏ဘ၀အား သူ့ဖာသာသူ အေးချမ်းကောင်းမွန်အောင် ဖန်တီးဆောက်တည်နိုင်သည့်အပြင် ဘာသာရေး၊သာသနာရေး၊လူမှုရေး ကိစ္စရပ် များကိုလည်း ၄င်းအရေးကဲ့သို့ပင်လျှင် အလေးအနက်ထား လုပ်ကိုင်ပေးနေသူတစ်ဦးလည်း ဖြစ်နေ ပြီ်ဖြစ်၏။ အားလျှင် အားသလို ကျွန်ုပ်ထံသို့ အလည်လာတတ်၏။ အလည်လာတိုင်းလည်း အေးဆေးစွာ စကားစမြည်ပြောရင်းပင် နေ့လည်စာ ကျွန်ုပ်ထံတွင် စားပြီးမှသာ ပြန်တတ်လေ၏ . . ။ ထို့ကြောင့် ဒေါ်အုန်းမြင့်မျက်နှာအားမြင်လိုက်သည်နှင့် ကျ

“သုံးဘ၀သစ္စာ” အခန်းဆက်အချစ်ဂမ္ဘီရ၀တ္ထုရှည်ကြီး အောင်ကောင်းမွန်(လားရှိုး)

Image
“သုံးဘ၀သစ္စာ” ဒေါ်မေသဉ္စာခင်ရောက်ရှိလာခြင်း အခန်း(၁) နှင်းမှုံရည်ရစ်ဖွေး မြောက်လေသွေးလျှက်ရှိသော ဒီဇင်ဘာလ ဆောင်းသဘာဝတို့ လွှမ်းမိုးနေစဉ် ဖြစ်သည့် နေ့တစ်နေ့မှာပင်ဖြစ်လေတော့၏။ ကျွန်ုပ်မှာ လားရှိုးမြို့၏ မြို့လယ်နမ့်ဟူးတောင်ခေါ် သာသနာ (၂၅၀၀)ပြည်လုံးချမ်းသာစေတီတော်ရှိ ကျွန်ုပ်ဗေဒင်ဟောခန်းတွင် လွန်စွာမှကံကြမ္မာဆိုးဝါးမှုများ ကြုံတွေ့ နေရသူသုံးဦးအား ဆက်တိုက်ပင် ဗေဒင်ဟောပြီး ယတြာများပေးနေရလေ၏။ ထိုအချိန်မှာပင် အသက် အရွယ်အားဖြင့်ဆိုလျှင် (၃၀)ကျော်ရုံမျှလေးပင်ကျော်သည်ဟုယူဆရသော အမျိုးသမီးတစ်ဦးသည်လည်း ကျွန်ုပ်ဗေဒင်ဟောပေးနေသော သူများကိုဦးစားပေး၍ စောင့်ဆိုင်းနေသကဲ့သို့ပင် ဘုရားဂေါပကရုံးတွင် ကိန်းဝပ်တော်မူသော မြတ်စွာဘုရားရှင်ကို ဦးချကန်တော့၍ ကျွန်ုပ်နှင့်မျက်နှာချင်းဆိုင်တွင်ရှိသော ဆက်တီ ခုံတစ်ခုတွင် ထိုင်နေလေ၏။ သာမန်အားဖြင့်ဆိုလျှင် တခြားသာဗေဒင်မေးသူ အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ ၎င်းတို့ရှေ့တွင် ကျွန်ုပ်ဟောပြောနေသူများရှိနေလျှင် ဘုရားကိုဦးချပြီးလျှင် ကော်ဇော ပေါ်တွင်ဘဲ ထိုင်စောင့်ရင်စောင့်ဆိုင်းနေမြဲုဖစ်လေ၏။ အမျိုးသားအရာရှိကြီးများသာ ဤကဲ့သို့စက်တီခုံတွင် ထိုင်လေ့ရှိ၏။ ဒါကလည်းကျွန်ုပ်မှ လည်းကောင်းတ

“HAPPY NEW YEAR”အောင်ကောင်းမွန်(လားရှိုး)

ကျွန်တော်တို့တတွေ ၂၀၁၃ဆိုတဲ့ အချိန်ကာလကြီးကို အတူတကွ ရောက်ရှိလို့ လာခဲ့ကြပါပြီ။ HAPPY NEW YEAR ပါ။ အခုလို မင်္ဂလာရှိသော ၂၀၁၃ နှစ်ဦးအခါသမယမှာ ကျွန်တော်ခင်မင်လေးစားရပါသော မိတ်ဆွေပရိတ်သတ်များအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပြီး နှလုံးစိတ်ဝမ်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။ ယနေ့မျက်မှောက်ကာလမှ ကမ္ဘာကြီးတစ်ခုလုံး Information Technology နည်းပညာများဟာ တစ်နေ့ထက် တစ်နေ့ ပိုမိုထွန်းကား ဆန်းသစ်လာသည်နှင့်အမျှ ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာအလား ဆက်သွယ်ရေးနည်းပညာတို့မှာ ရင်းနှီးလျှက်သွယ်ချစ်ကြိုးတွေအသွယ်သွယ် ဆက်နေကြပြီဖြစ်သလို ကမ္ဘာ့ဟိုဘက်ခြမ်းနှင့် ကမ္ဘာ့ဒီဘက်ခြမ်း တွေ့ဆုံရာမှ သည် ခင်မင်မှု၊ ခင်မင်မှုမှသည် ရင်းနှီးခြင်း၊ ထိုရင်းနှီးခြင်းမှတဆင့် ကျွမ်းဝင်လာ၊ ထိုကျွမ်းဝင်လာရာမှသည် ချစ်ခြင်းတံခါးဝ ဆီသို့ ရောက်ရှိကြလို့ နှလုံးသားတံခါးတွေကို ယနေ့ခေတ်လူငယ် Single များဟာ လှမ်းလှမ်းပြီးတော့ တဒေါက်ဒေါက် ခေါက် နေကြပါပြီ။ အခေါက်ခံရတဲ့ Online လှပျိုဖြူများဟာလည်း တံခါးလေးစေ့ယုံဘဲလား . . . ရင်ထဲကအသည်းနှလုံးကို . . . ဟန်ဆောင်သော့ခတ်လို့ထားတယ် . . . ဆို