Posts

Showing posts from November 1, 2012

“အိုးပိုင်အိမ်ပိုင်ရစေသောပုတီးစိပ်နည်း’’အောင်ကောင်းမွန်

-------------တစ်နေ့သ၌ ကျွန်ုပ်သည် တစ်ဦးတည်းပင်လျှင် စီးကရက်တို့ကို တလိပ်ပြီးတလိပ်ရှိုက်ဖွာရင်းပင် တွေးမိ တွေးရာတို့ကို တွေးနေလေမိတော့၏။ ကျွန်ုပ်တွေးနေသော အကြောင်းအရာများသည် ကျွန်ုပ်၏ဘ၀ဖြတ်သန်းခဲ့ သမျှတို့ပင်ဖြစ်လေ၏။ ကျွန်ုပ်ဘ၀တွင် ကျွန်ုပ်နေထိုင်ခဲ့ရသောအိမ်များနှင့်ပတ်သက်၍လည်း ပြန်လည်၍တွေးကြည့် မိလေ၏။ မည်သို့ပင်ဆိုစေ ယခုအခါတွင်မူ ကျွန်ုပ်သည် မွေးသမိခင်၊မွေးသဖခင်နှစ်ဦးနှင့်အတူ လားရှိုးမြို့စွန် ရန်တိုင်းအောင်ဘုရားအနီး ရွှေလီရတနာမြို့သစ်တွင် အေးချမ်းစွာနေထိုင်ရပြီဖြစ်၏။ လွန်စွာမှစိတ်ငြိမ်မှုရှိသော ကြောင့် ကျွန်ုပ်အတွက်တော့ ပုတီးစိပ်ရန်အတွက်လည်းကောင်း၊ တရားထိုင်ရန်အတွက်လည်းကောင်း၊ စာရေးရန် အတွက်ပါလျှင် အဆင်ပြေ၍ နေရပြီဖြစ်၏။ ထို့ကြောင်ပင် ကျွန်ုပ်သည် ကံကြမ္မာကြီးကို ကျေးဇူးတင်မိသလို ကျွန်ုပ် ယုံကြည်စွာအားထားကိုးကွယ်လျှက်ရှိသော ဆရာသခင်များအပေါ်တွင်လည်း အထူးကိုပင် ကျေးဇူးတင်မိတော့၏။ ကျွန်ုပ်၏မိဘနှစ်ပါးအပေါ်တွင် ကျေးဇူးတင်မိသလို ကျွန်ုပ် ပညာပိုင်းဆိုင်ရာ ဆရာသခင် မဟာကျေးဇူးရှင်ကြီး အဘဒေါက်တာမင်းသိင်္ခအားလည်း အထူးပင်ကျေးဇူးတင်မဆုံးဖြစ်ရတော့၏။ အကြောင်းမူကား ကျွန်ုပ်နှင့်အတူ မိခင်၊ဖခင်အပါအ၀င် မိသားစ