Posts

Showing posts from August 1, 2012

ကောင်းတာကြံသမျှအောင်စေသော်

Image
ကောင်းတာကြံသမျှ အောင်စေသော်ဟု အမည်ရသော စမသည် ကကြီး ၊ ဃကြီး ဏကြီး ၊ ဠကြီးဟု ဆိုအပ်သော ဗျဉ်းသုံးဆယ့်သုံးလုံး အနက်မှ ကြီးတပ်ခေါ်ရ သော အက္ခရာတိုပကို ဘုံ(၈)ဆင့်တင်၍ အပေါ်တွင် န၀င်းစီးကာ ရေးထား၏။ ထိုကြီးလေးကြီး အက္ခရာကိုပင် ဘုံလေးဆင့်တပ်ကာ န၀င်းညွန့်

(မနောမယထမင်းဝိုင်း)“ပုစွန်ထုပ်အစိမ်းသုပ်နှင့် ငါးဖယ်ငါးဆုပ်”မင်းသိင်္ခ

တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန်၊ မရမ်းတလင်းတောစပ်ရှိ ကျွန်ုပ်၏ ခြံအတွင်းသို့ ကျွန်ုပ်၏ သိဟောင်း ကျွမ်းဟောင်း ကိုပီတာဆိုသည့် လူကြီးတစ်ဦးရောက်ရှိလာလေ၏။ ထိုကိုပီတာကြီးသည် ကောင်းစွာစိတ်မနှံရှာပေ၊။ တစ်နှစ်တစ်ခေါက်ဆိုသလို စိတ်ရောဂါကု ဆေးရုံသို့ ရောက်သွားလေ့ရှိသော ဝေဒနာသည်ကြီးလည်း ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်နေထိုင်ခဲ့သော ကြီးပြင်းခဲ့သော ရပ်ကွက်သူ ရပ်ကွက်သားများက ၎င်းအား အရူးပီတာဟု ခေါ်ကြလေ၏။ သို့ရာတွင် ကျွန်ုပ်မှမူ ထိုသို့မခေါ်ရက်သောကြောင့် ကိုပီတာကြိးဟုပင် ကောင်းကော်းမွန်မွန် ခေါ်ခဲ့ရလေ၏။ ၎င်းကိုပီတာကြီးသည် ကျွန်ုပ်ကို မြင်လျှင်မြင်ချင်း.. “ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက်..” ဟု ကိုးရိုးကားရား၊ နှုတ်ဆက်လေ၏။ ထို့နောက် ၎င်းကပင် … “ပြီးခဲ့တဲ့လဆန်းက ကိုယ့်လူ ဆေးရုံတက်ရသေးတယ်ဆို..” ဟု မေးလိုက်လေ၏။ “ဟုတ်ပါ့

(မနောမယထမင်းဝိုင်း)“ဒိန်ချဉ်နှင့် ဆေးဘဲဥသုပ်”မင်းသိင်္ခ

တစ်နေ့သ၌ ကျွန်ုပ်ထံသို့ စိတ်ကောင်းစွာမနှံ့သော ကျွန်ုပ်၏မိတ်ဆွေကြီး ကိုပီတာ ဆိုသူ ရောက်ရှိလာလေ၏။ ၎င်းကို ပီတာကြီးသည် ကျွန်ုပ်ကိုမြင်လျှင်မြင်ချင်း.. “ ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက်ဒ်..” ဟု ကိုးရိုးကားရား နှုတ်ဆက်လေ၏။ “ကိုပီတာကြီးကို ဒီနေ့မနက် ဘယ်လိုဟင်းမျိုးနဲ့ကျွေးရမလဲ” ဟု ကျွန်ုပ်ကပြောလိုက်ရာ ကိုပီတာကြီးက.. “ပုစွန်ချဉ်ကောင်း ကောင်းလေး မစားရတာ ကြာပါပြီ၊ ဖြစ်နိုင်ရင် ပဲခူးမနီ ပုစွန်ချဉ်ကို ကြက်သွန်နီဥကြီးကြီးနဲ့ ဆီစိမ်းဆမ်းပြီးသုပ်မယ်၊၊ ငရုတ်သီးစိမ်းလေးတွေလည်း လှီးပြီးထည့်ရမှာပေါ့၊ ပြီးတော့ပဲနဲလေးဟင်းချိုချက်မယ်၊ အရည်သောက်အတွက်ပေါ့ ပြီးတော့ ပျဉ်ပုံကြီးက ငါးရံ့ခြောက် ကောင်းကောင်းလေးကို မီးဖုတ်ပြီး ထောင်းပြီးတော့ ဆီဆမ်းမယ်၊ ဆန်ကတော့ ကောင်းပစေဟေ့၊ တို့စရာကတော့ သခွားသီးကောင်းတယ်၊ ငါးပိရည်မလုပ်နဲ့ကွာ ငံပြာရည်ကောင်းကောင်းကို ငရုပ်သီးမှုန့်ခပ်မယ်၊ ထမင်းစားပြီးရင်လည်း အချိုစားဖို့အတွက် တခြားဘာမှ မစီစဉ်ပါနဲ့၊

(မနောမယထမင်းဝိုင်း)“ဆိတ်သားကြော်ပူပူလေးနှင့် ကျောက်ဖရုံသီးဟင်းခါး”မင်းသိင်္ခ

တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန့်မရမ်းတလင်းတောစပ်ရှိ အယူတော်မင်္ဂလာခြံအတွင်းသို့ ကျွန်ုပ်နှင့် သိဟောင်း ဖြစ်သော ကိုပီတာဆိုသည့် စိတ်ဝေဒါနရှင်တစ်ဦး ရောက်ရှိလာလေ၏။ ကိုပီတာကြီးသည် ကျွန်ုပ်ကို တွေ့လျှင်တွေ့ချင်း…. “ဟေ့…မစ္စတာမင်းသိင်္ခ၊ ဂွတ်ဒ်မောနင်း..ဂွတ်ဒ်နိုက်..” ဟု နှုတ်ဆက်လေတော့၏။ “ ကဲပါဗျာ ကိုးရိုးကားယား နှုတ်ဆက်မနေ စမ်းပါနဲ့၊ ခင်ဗျားအတွက် မနက်စာချက်မယ်ဗျ၊ ဘာဟင်းနဲ့ စားမလဲ ပြောစမ်းပါဦး..” ဟု ကျွန်ုပ်ကမေးရာ..“ အရမ်းပြောလို့ တော့မဖြစ်ဘူး ကိုယ့်လူရဲ့၊ အစာလည်းဆေး၊ ဆေးလည်းအစာလို့ ဆိုထားတယ်မဟုတ်လား၊ အဲဒီတော့ ကိုယ်စားတဲ့ အစား အသောက်ဟာ ကိုယ့်အတွက် ဆေးဖြစ်ဖို့တော့လိုတာပေါ့” ဟု ကိုပီတာကြီးက ကျွန်ုပ်အား အတည်ပေါက်နှင့် ပြောနေလေ၏ “ကဲပါဗျာ ခင်ဗျားအတွက် ဆေးဖြစ်မယ့်

(မနောမယထမင်းဝိုင်း)“ငါးသလောက်အချဉ်ဆီပြန်ဟင်းနှင့် ကြက်သွန်ဖြူစိမ်ထားသော ဒိန်ချဉ်တစ်ခွက်”မင်းသိင်္ခ

တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန်၊ မရမ်းတလင်းတောစပ်ရှိ အယူတော်မင်္ဂလာခြံ၏ ရှေ့သို့ ထော်လာဂျီတစ်စီးလာ၍ ရပ်လေ၏။ လူတစ်ယောက်သည် နောက်မှီလွန်စွာမြင့်သော ရှေးဟောင်းကုလား ထိုင်အနက်ကြီးတစ်လုံးကို ကျောတွင်ပိုးလျက် ၎င်းထော်လာဂျီပေါ်မှ ဆင်းလာ၏။ လက်တစ်ဘက်တွင်လည်း အနက်ရောက်လက်ကိုင်တုတ်ကြီးတစ်ချောင်း ကိုင်ထားလေ၏။ ကျွန်ုပ်သည် ထိုသူအား မည်သူမည်ဝါဖြစ် သည်ဟု မပြောနိုင်ပါ။ ထိုသူသည် ကုလားထိုင်ကြီးကို ထမ်းလျက် ကျွန်ုပ်၏ အနီးသို့ လျှောက်လာပြီးလျှင် ကုလားထိုင်ကြီးကို ချလိုက်လေ၏။ ကျွန်ုပ်လည်း ထိုသူကို သေချာစွာကြည့်နေမိလေ၏။ ထိုကုလားထိုင်ကိုချ ပြီးလျှင် ထိုသူသည် ကုလားထိုင်ပေါ်၌ အကျအနထိုင်လိုက်လေ၏။ ထိုလူ၏ အပြုအမူမှာ အနည်းငယ်ဆန်ုး သကဲ့သို့ဖြစ်နေ၍

(မနောမယထမင်းဝိုင်း)“ငါးပုတ်ခြောက်ဆီဆမ်းနှင့် ပဲနီလေးဟင်းချို”မင်းသိင်္ခ

တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန် မရမ်းတလင်း တောစပ်ရှိ အယူတော် မင်္ဂလာခြံအတွင်းသို့ လူတစ်ယောက် ရောက်ရှိလာလေ၏။ ထိုသူသည်ကျွန်ုပ်နှင့် သက်တူရွယ်တူခန့်ရှိ၏။ ဗြုန်းကနဲ့ တွေ့လျှင်တွေ့ချင်း ကျွန်ုပ်သည် ထိုသူအား ကောင်းစွာမမှတ်မိပေ။ သို့ရာတွင်ထိုသူက ကျွန်ုပ်အား “ဂွတ်ဒ်မောနင်း . ဂွတ်ဒ်နိုက် မောင်အောင်ထွန်း”ဟု ကိုးရိုးကားယားနိုင်လှသော နှုတ်ဆက်နည်းဖြင့် နှုတ်ဆက်လိုက်သောကြောင့် “ အလို . . ဘယ်သူများလဲ မှတ်တယ်။ ကိုပီတာကြီးကိုး ဟု ကျွန်ုပ်က ရေရွတ်လိုက်မိလေ၏။ ထိုအခါ ကိုပီတာကြီးသည် ကျွန်ုပ်အား “ဟုတ်ပါ့ ကိုအောင်ထွန်းရေ အခုလိုမှတ်မိတာ ကိုယ့်လူ အတော့်ကိုတော်ပြီး အတော့်ကိုညံ့တာပဲ”ဟု ကိုးရိုးကားယားပြောပြန်လေ၏။ ကျွန်ုပ်သည် ရယ်ရပြန်၏။ “ကိုပီတာ ခင်ဗျားကတော့ အရင်အတိုင်းပဲ” ဟု ကျွန်ုပ်ကပြောပြန်ရာ ၎င်းက. . “ အားလုံးပြောင်းလဲကုန်ပြီ၊ မပြောင်းလဲတာကတော့ ပီတာတစ်ယောက်ပဲရှိတယ်၊ အရင်အတိုင်းပါပဲ၊ ဟဲ ဟဲ ကိုယ့်လူကို နှိမ်တာမဟုတ်ဘူးနော်၊ မှတ်မိတာလေးပြောပြတာ၊ ကိုယ့်လူကဟိုတုန်းက လွယ်အိတ်လေး တစ်လုံးလွယ်ပြီး ဆေးပေါ့လိပ်လေးပါစပ်မှာခဲလို့ အလုပ်လည်းမရှိဘူး၊ ဝင်ငွေလည်းမရှိဘူး၊ ဟိုအိမ် ကပ်စားလိုက်၊ ဒီအိမ်ကပ်စားလိုက်နဲ့၊ အခုဆေးေ

မနောမယထမင်းဝိုင်း)“ကင်ပွန်းချဉ်ရွက်ဟင်းနှင့် ငါးနုသန်းရေချို”မင်းသိင်္ခ

တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန် မရမ်းတလင်း တောစပ်ရှိ အယူတော်မင်္ဂလာခြံသို့ မိန်းမ ကြီးတစ်ဥိး ရောက်ရှိလာလေ၏။ ထိုမိန်းမကြီးမှာ ၎င်း၏လင်ယောကျာ်းရှိစဉ်က အခြေနှင့်အနေနှင့် အကျအန နေထိုင်ခဲ့သော်လည်း ၎င်း၏ယောကျာ်းဆုံးပြီ တစ်နှစ်အတွင်း၌ပင် စီးပွားဥစ္စာများ ပျက်စီးသွားရ ရှာလေ၏။ ထိုမိန်းမကြီးသည် အသက်အားဖြင့် ကျွန်ုပ်ထက် နှစ်နှစ်ခန့်ငယ်သည်။ သူ၏အမည်မှာ ဒေါ်သြဟူ၍ဖြစ်၏။ သူသည်ငယ်စဉ်က ကျွန်ုပ်နှင့် ကျောင်းနေဖက်လည်း ဖြစ်ခဲ့ဖူး၏။ ၎င်းဒေါ်သြသည် မည်သည့်အရာကိုမျှ နှစ်နှစ်ကာကာ ယုံကြည်သည်ဟူ၍ မရှိပေ။ လူတော်တော်များများ ယုံလေ့ရှိသော နတ်များ၊ ဘိုးတော်များကို သူမယုံပေ။ ထို့အတူ ငယ်စဉ်အခါက ကလေးဘာဝ

(မနောမယထမင်းဝိုင်း)“ပုစွန်ထုပ်အစိမ်းသုပ်နှင့် ငါးဖယ်ငါးဆုပ်”မင်းသိင်္ခ

တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန်၊ မရမ်းတလင်းတောစပ်ရှိ ကျွန်ုပ်၏ ခြံအတွင်းသို့ ကျွန်ုပ်၏ သိဟောင်း ကျွမ်းဟောင်း ကိုပီတာဆိုသည့် လူကြီးတစ်ဦးရောက်ရှိလာလေ၏။ ထိုကိုပီတာကြီးသည် ကောင်းစွာစိတ်မနှံရှာပေ၊။ တစ်နှစ်တစ်ခေါက်ဆိုသလို စိတ်ရောဂါကု ဆေးရုံသို့ ရောက်သွားလေ့ရှိသော ဝေဒနာသည်ကြီးလည်း ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်နေထိုင်ခဲ့သော ကြီးပြင်းခဲ့သော ရပ်ကွက်သူ ရပ်ကွက်သားများက ၎င်းအား အရူးပီတာဟု ခေါ်ကြလေ၏။ သို့ရာတွင် ကျွန်ုပ်မှမူ ထိုသို့မခေါ်ရက်သောကြောင့် ကိုပီတာကြိးဟုပင် ကောင်းကော်းမွန်မွန် ခေါ်ခဲ့ရလေ၏။ ၎င်းကိုပီတာကြီးသည် ကျွန်ုပ်ကို မြင်လျှင်မြင်ချင်း.. “ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက်..” ဟု ကိုးရိုးကားရား၊ နှုတ်ဆက်လေ၏။ ထို့နောက် ၎င်းကပင် … “ပြီးခဲ့တဲ့လဆန်းက