Posts

Showing posts from December, 2012

“၂၀၁၂ဟူသောအချိန်ကာလသည်”အောင်ကောင်းမွန်(လားရှိုး)

နှင်းမှုံတဖွေးဖွေး မြောက်လေသွေးလှ ဟေမာန်ဆောင်း သဘာဝတို့၏ လွှမ်းမိုးလျှက်ရှိသော ဒီဇင်ဘာလသည် ရောက်လို့ပင်လာခဲ့ပြန်ပြီဖြစ်၏။ အမှန်ကိုပင် ကျွန်ုပ်ဆိုချင်ပါသည်။ “၂၀၁၁ဟူသော အချိန်ကာလသည်” ဟူသော ဆောင်းပါး အား ကျွန်ုပ်ရေးခဲ့ဘူးပါသည်။ ထိုဆောင်းပါးရေးသည့်အချိန်သည် မနေ့တနေ့ကလိုပင် ကျွန်ုပ်ရင်ထဲတွင် ထင်ရောင်နေမိပါ သည်။ သို့သော်လည်း ယခုလက်ရှိ အချိန်ကာလမှာတော့ ၂၀၁၃ Happy New Year ဆောင်းပါးရေးရမည့်အချိန်မှာ နီးကပ်လို့ လာနေပြီဖြစ်ပါတော့၏။ ထို့ကြောင့်ပင် အချိန်ဆိုသောအရာကြီးတစ်ခု၏ တန်ဖိုးကြီးမားပုံမှာ ထိုအချိန်ဆိုသောအရာကို တန်ဖိုးထားတတ်သောသူတိုင်း သိမှတ်သဘောပေါက်နေကြမည်ဟု ဤနေရာ၌ ကျွန်ုပ်မှတ်ထင်လိုက်ပါတော့သည်။ ကျွန်ုပ်တို့ပိုင်ဆိုင်ခဲ့သော ၂၀၁၂ဟူသော အချိန်ကြီးသည် မကြာတော့သည့်ရက်များမှာပင် ကျွန်ုပ်တို့သည် ထားခဲ့ချင် သည်ဖြစ်စေ၊ မထားခဲ့ချင်သည်ဖြစ်စေ၊ အပြီးထားခဲ့ရတော့မည်မှာ ဧကန်အမှန်ပင်ဖြစ်ပါတော့သည်။ ထို ၂၀၁၂ ကာလကြီး သည် ကျွန်ုပ်တို့အားလုံးသည် ပျော်ရွှင်ကြည်နူးဝမ်းမြောက်မှုများကို ပေးခဲ့သည်ဖြစ်စေ၊ ကြေကွဲဝမ်းနည်းဆို့နစ်မှုများကို ပေးခဲ့ သည်ဖြစ်စေ၊ မဟာအောင်မြင်မှုများကိုပေးခဲ့သည်ဖြစ်စေ၊ အစားထိုးမရလောက်အောင် ရှုံးနိ

“ဗေဒင်မေးမယ်ဆိုတဲ့ သူတွေအတွက်”

ခင်မင်လေးစားရပါသော Myanmar Online မိတ်ဆွေအပေါင်းတို့ . . . ခုနှစ်ရက်သားသမီးတို့၏ကံဇာတာကို တစ်နှစ်စာ၊ ခုနှစ်နှစ်စာ ဟောစာတန်းများကို မြန်မာဗေဒ၀ိဇ္ဇာကြီး ဖြစ်သူ ကျွန်တော်၏မဟာကျေးဇူးရှင် ဆရာသခင် အဘဒေါက်တာမင်းသိင်္ခ၏ ဂမ္ဘီရပညာမူနည်းစနစ်ဖြင့်{၂၄-၁၀-၂၀၁၂ဗုဒ္ဓဟူးနေ့နံနက် (၉း၄၅)}မှစတင် တွက်ချက် စစ်ဆေးပြီးပေးနေပါပြီ။ (A4) စာမျက်နှာများဖြင့် ဖြစ်စေသင့်ရဲ့E:mail မှဖြစ်စေ အလွယ်တကူ ပြန်လည်ဖတ်ရှုနိုင်ရန် Online မှ စတင်၍ ဟောပြောပေးပို့နေ ပါပြီ။ အိမ်ထောင်ရှင်များအတွက် မိမိတို့၏ ချစ်လှစွာသော ရင်သွေးရတနာတို့အတွက်လည်း တသက်တာ ကံကောင်းအောင်မြင် အကျိုးပေး ထူးချွန် စေမည့် အဖက်ဖက်မှ အပြစ်ကင်းစေသော ကလေးအမည်ပေးစာစုများ ကိုလည်း Online မှစတင်၍ မှာယူနိုင်ပါပြီ။ မိမိတို့ လုပ်ကိုင်ကြမည့် လုပ်ငန်းသစ်များအတွက် လုပ်ငန်းအမည်ပေး၊ ကုမ္ပဏီလုပ်ငန်းကြီးများအမည်ပေး စာစုများကိုလည်း အဘဒေါက်တာမင်းသိင်္ခ၏ ဂမ္ဘီရပညာမူနည်းစနစ်ဖြင့် တွက်ချက်ပေးပါပြီ။ လက်ရှိ ပြုလုပ်ဆဲလုပ်ငန်းများအပေါ်တွင်လည်း စိတ်တိုင်းကျမှုမရှိ၍ မှည့်သွင်းပြီး လုပ်ငန်းအမည်၊ ကုမ္ပဏီ အမည်များကိုလည်း လုပ်ငန်းရှင်များ၏ဇာတာနှင့် သင့်၏/မသင့်၏ကို ပြန်လည်သိရှိပြုပြင်လိုကလ

“အောင်ကောင်းမွန် Website က ပို့(စ်)အသစ်တွေ မတင်ဖြစ်တာက ဒီလို’’ အောင်ကောင်းမွန်(လားရှိုး)

ရာသီဥတုသည် ယခုအချိန်ကာလတွင် ဆောင်းဥတုသို့ဝင်စပြုပြီဟုပင် အအေးဓါတ်တို့က သက်သေပြနေပြီ ဖြစ်၏။ နံနက်ခင်းတွင်လည်းကောင်း၊ ညချမ်းကာလအချိန်သို့ရောက်လျှင်လည်းကောင်း သိသိသာသာကြီးအေး၍ပင် လာနေပြီဖြစ်၏။ ထို့ကြောင့်ပင် ကျွန်ုပ်မှာလည်း နှစ်ပေါင်းများစွာဝတ်ခဲ့ရသည့် လွန်စွာမှပင် ကျွန်ုပ်အား သစ္စာရှိလွန်း လှသော အနွေးထည်အကျီများအား လျှော်တန်တာလျှော်၊ နေလှန်းသင့်သည်များကိုနေလှန်းရသည့်အလုပ်ကို အသေအချာလုပ်နေရတော့၏။ ထိုအချိန်မှာဘဲ အသက်အရွယ်အားဖြင့်(၅၀)ခန့်ရှိသော အမျိုးသမီးကြီးတစ်ဦးသည် ကျွန်ုပ်၏နေအိမ်သို့ရောက်ရှိ၍လာလေ၏။ ၄င်းအား ကျွန်ုပ်မှာကောင်းစွာသိ၏။ ၄င်း၏အမည်ကား ဒေါ်အုန်းမြင့်ဟုပင် ဖြစ်၏။ ကျွန်ုပ်ငယ်စဉ်အချိန်ကာလက တစ်ရပ်ကွက်ထဲနေခဲ့ဘူးသူဖြစ်၏။ ထိုစဉ်ကာလတွင် ၄င်းဒေါ်အုန်းမြင့်မှာ စိတ်ရောဂါဝေဒနာကို ခံစားခဲ့ရလေ၏။ ထို့ကြောင့် တချို့သောရပ်ကွက်မှလူများဟာ အရူးအဖွားကြီးဟု ရင့်သီးစွာ ခေါ်ဝေါ်ကြလေ၏။ သို့သော်လည်း ကျွန်ုပ်မှာမူ ၄င်းတို့ခေါ်သကဲ့သို့

သွေးထွက်အောင် မှန်သည်ဆိုသောဗေဒင်(မင်းသိင်္ခ)

Image
တွက်နည်းလေးကလည်း လွယ်ကူပါတယ်။ ပထမ ( A ) ဆိုတဲ့ အကွက်မှာ ကိုယ့်ရဲ့ အသက်ကို အတိအကျရေးရ မယ်။ အပေါ်က (B ) ဆိုတဲ့ အကွက်မှာတော့ ရောက်ဆဲ သက္ကရာဇ်ကို တစ်လုံးထဲ ရအောင်ပေါင်းပြီး ရေးရမယ်။ အောက်က ( D ) ဆိုတဲ့ အကွက်မှာတော့ ကိုယ့်ရဲ့ မွေးရက်ကို တစ်လုံးထဲ ရအောင် ပေါင်းပြီး ရေးရမယ်။ နောက် ( A )နဲ့ (B) ပေါင်းလို့ ရတာကို (C)ဆိုတဲ့အကွက်မှာ ထည့်ရမယ်။ နောက်အောက်က (A)နဲ့(D)ပေါင်းလို့ ရတာကို (E) ဆိုတဲ့အကွက်ထဲမှာ ထည့်ရမယ်။ နောက်ဆုံးမှာ (C)နဲ့(E)ကို ပေါင်းပေါ့။ အဲဒါ အဖြေပဲ။ အောက်မှာ အသက် (၃၄)နှစ်ရှိတဲ့ မွေးရက် (၈)ဂဏန်းသမား နမူနာ တွက်ပြထားတာ ကြည့်ရင် ရပါပြီနော။ ပေါင်းတဲ့အခါ ကြတော့လည်း (၅၂) မကျော်အောင် ပေါင်းရပါတယ်။ အားလုံး အဆင်ပြေကြပါ စေဗျာ။ ပိုပြီးရှင်းအောင် ယခုနမူနာတခုတွက်ပြပါမယ်--- ယခု(၁၉၇၆)ခု-ဖေဖော်ဝါ၇ီလ(၁၁)ရက်မွေးဖွားသူ ဦးဝေလင်း ဆိုသူအားယခုတင်ပြခဲ့သောဂဏန်း ဗေဒင်ပညာဖြင့်နမူနာတွက်ပြပါမည်။ ၂၀၁၂-၁၀-၉ ၁၉၇၆- ၂-၁၁ ၃၆-၇- ၂၈ ယခုလက်ရှိ ဦးဝေလင်း ဖြစ်သူ၏ရောက်သက်မှာ၃၆နှစ်(၇)လနှင့်(၂၈)ရက်ဖြစ်သောကြောင့် သူ၏အသက်ကို(၃၇)နှစ်ဟုမှတ်ယူတွက်ချက်ရပါမယ်။မည်သူမဆိုေ၇ာက်သက်ပြည့်ပြီးလျှင်တစ်နှစ်ပိုတွက်ပေးရပါမည်--ယခုပြခဲ့

ရှောက်ရွက်ဟင်းချိုနဲ့ ငါးနုသန်းဆီပြန်ဟင်း မင်းသိင်္ခ

တစ်နေ့သ၌ ကျွန်ုပ်၏ခြံသို့ ကျွန်ုပ်နှင့်ရင်းနှီးသော ကိုပီတာဆိုသည့် လူကြီးတစ်ဦးနှင့် အသက်ဆယ့်နှစ်နှစ်ကျော် ဆယ့်သုံးနှစ်အရွယ်ခန့်ရှိသော ပေတလူဆိုသည့် သူငယ်လေးတစ်ဦးတို့သည် အလည်အပတ် ရောက်ရှိ လာကြလေ၏။ ကျွန်ုပ်သည် ၎င်းတို့နှစ်ဦးအား နံက်စာ ကျွေးမွေးရန်အတွက် ဈေးဝယ်သော အောင်ညွန့် ဆိုသည့် တပည့်လေးအား ဟင်းချက်စရာများ မှာရလေတော့၏။ အောင်ညွန့်ပြန်လာလျှင် ဟင်းချက်စရာများကို ယူ၍ စတင်၍ ချက်ပြုတ်ရလေတော့၏။ ချက်ပြုတ်သောအခါ၌ မီးဖိုကို ကိုပီတာကြီးနှင့် စကားပြောရင်း ဟင်းချက်ရန်အတွက် ၎င်းတို့အနီး၌ပင် မီးဖိုကိုရွေ့၍ ချက်ပြုတ်ရလေ၏။ ရှေးဦးစွာ ကျွန်ုပ်သည် ငါးခူတစ်ဆယ်သားကို မီးကင်၍ အရိုးများကို ထွင်ပြီးလျှင် ရေနွေးအိုးပွက်ပွက်ဆူတွင် ခတ်လိုက်လေ၏။ ထို့နောက် ငံပြာရည်အကောင်းစားကို ခတ်ရ၏။ ဆားအနည်းငယ် လိုသောကြောင့် ဆားအနည်းငယ်ပါ ခတ်ရ၏။ ထို့နောက် ရှောက်ရွက်မနုမရင့် လက်တစ်ဆုပ်စာခန့်ကို ပါးပါးလှီး၍ ထိုအိုးတွင် ခတ်လိုက်လေ၏။ ထို့ကြောင့် ရှောက်ရွက်ဟင်းချို မွှေးမွှေးလေးတစ်ခွက် ရလေတော့၏။ ပြီးလျှင် ငါးသန်းနု အကောင်ထွားထွားများကို ဆီပြန်ချက်ရလေ၏။ ပြီးလျှင် ဒန့်ကျွဲရွက်အချို့ကို ပုဇွန်ခြောက်မှုန့် ၊ မြေပဲမှုန့် ၊ ပဲမှုန့် ၊ ကြက်သွန်

“ ကျွန်ုပ်နှင့် အမဲသားကြိုက်သော မောင်မြဖေ ” မင်းသိင်္ခ

တစ်နေ့သ၌ ကျွန်ုပ်သည် ကျွန်ုပ်၏မိတ်ဆွေ မောင်မြဖေရှိရာ လှည်းကူးမြို့ဆီသို့ အလည်အပတ် သွားရောက်ခဲ့ပေ၏။ ၎င်း မောင်မြဖေသည် အပျိုကြီးညီအစ်မနှစ်ယောက်နှင့် တစ်ပြိုင်တည်း အိမ်ထောင် ကျခဲ့သဖြင့် လွန်စွာမှ အတိဒုက္ခရောက်နေကြောင်း ကျွန်ုပ်အနေနှင့် ကြိုတင်၍ သိထားရလေ၏။ ထို့ကြောင့် ကျွန်ုပ်အနေနှင့် ၎င်းမောင်မြဖေအား ကူညီနိုင်သရွေ့ ကူညီရန်အတွက် သွားရောက်ခဲ့ ခြင်း ဖြစ်ပေသည်။ လှည်းကူးသို့ရောက်သည့်အခါ၌ ကျွန်ုပ်သည် ဘတ်စ်ကားပေါ်မှဆင်းပြီး ဈေးအတွင်းသို့ ၀င်ကာ စားဖွယ်သောက်ဖွယ်များ ၀ယ်ယူခဲ့လေ၏။ ထို့နောက်မှ မောင်မြဖေ နေထိုင်ရာ မြို့၏အစွန်ပိုင်း ရပ်ကွက်ဆီသို့ သွားရောက်ခဲ့လေ၏။ မောင်မြဖေ၏ အိမ်ရှေ့တွင် ရေမြောင်းလေးတစ်ခုရှိလေ၏။ ထိုရေမြောင်းကလေးပေါ်၌ ခနော်ခနဲ့ နိုင်လှသည့် ၀ါးလုံးတံတားလေးတစ်ခု ထိုး၍ထားလေ၏။ ကျွန်ုပ်သည် ၀ါးတံတားလေးပေါ်မှဖြတ်၍ မောင်မြဖေ၏တဲဆီသို့ ၀င်လေ၏။ ကျွန်ုပ်ဝင်လာသည်ကို မောင်မြဖေသာလျှင်မဟုတ်၊ ၎င်း၏ဇနီးနှစ်ယောက်ပင် မတွေ့မြင်ကြပေ။ လင်မယားသုံးယောက်သည် ထမင်းစားပွဲ၌၀ိုင်းကာ ဒူးထောင်ပေါင်ကားထိုင်လျှက် ထမင်းစားနေ ကြလေ၏။ စားပွဲ၏အလယ်တွင် ဟင်းဇလုံကြီးတစ်လုံး ချ၍ထားလေ၏။ ထိုဇလုံထဲတွင် ဟင်းများပြည့် မောက်အောင်ထည့်၍ ထားလေ၏။