Posts

Showing posts from September, 2012

“ ကျွန်ုပ်နှင့် အမဲသားကြိုက်သော မောင်မြဖေ ” မင်းသိင်္ခ

တစ်နေ့သ၌ ကျွန်ုပ်သည် ကျွန်ုပ်၏မိတ်ဆွေ မောင်မြဖေရှိရာ လှည်းကူးမြို့ဆီသို့ အလည်အပတ် သွားရောက်ခဲ့ပေ၏။ ၎င်း မောင်မြဖေသည် အပျိုကြီးညီအစ်မနှစ်ယောက်နှင့် တစ်ပြိုင်တည်း အိမ်ထောင် ကျခဲ့သဖြင့် လွန်စွာမှ အတိဒုက္ခရောက်နေကြောင်း ကျွန်ုပ်အနေနှင့် ကြိုတင်၍ သိထားရလေ၏။ ထို့ကြောင့် ကျွန်ုပ်အနေနှင့် ၎င်းမောင်မြဖေအား ကူညီနိုင်သရွေ့ ကူညီရန်အတွက် သွားရောက်ခဲ့ ခြင်း ဖြစ်ပေသည်။ လှည်းကူးသို့ရောက်သည့်အခါ၌ ကျွန်ုပ်သည် ဘတ်စ်ကားပေါ်မှဆင်းပြီး ဈေးအတွင်းသို့ ၀င်ကာ စားဖွယ်သောက်ဖွယ်များ ၀ယ်ယူခဲ့လေ၏။ ထို့နောက်မှ မောင်မြဖေ နေထိုင်ရာ မြို့၏အစွန်ပိုင်း ရပ်ကွက်ဆီသို့ သွားရောက်ခဲ့လေ၏။ မောင်မြဖေ၏ အိမ်ရှေ့တွင် ရေမြောင်းလေးတစ်ခုရှိလေ၏။ ထိုရေမြောင်းကလေးပေါ်၌ ခနော်ခနဲ့ နိုင်လှသည့် ၀ါးလုံးတံတားလေးတစ်ခု ထိုး၍ထားလေ၏။ ကျွန်ုပ်သည် ၀ါးတံတားလေးပေါ်မှဖြတ်၍ မောင်မြဖေ၏တဲဆီသို့ ၀င်လေ၏။ ကျွန်ုပ်ဝင်လာသည်ကို မောင်မြဖေသာလျှင်မဟုတ်၊ ၎င်း၏ဇနီးနှစ်ယောက်ပင် မတွေ့မြင်ကြပေ။ လင်မယားသုံးယောက်သည် ထမင်းစားပွဲ၌၀ိုင်းကာ ဒူးထောင်ပေါင်ကားထိုင်လျှက် ထမင်းစားနေ ကြလေ၏။ စားပွဲ၏အလယ်တွင် ဟင်းဇလုံကြီးတစ်လုံး ချ၍ထားလေ၏။ ထိုဇလုံထဲတွင်

“ အရေးကြုံ သက်လုံကောင်းစေ”(မင်းသိင်္ခ)

ကျွန်ုပ်သည် ဘားလမ်း (ယခုမဟာဗန္ဓုလ ပန်းခြံလမ်း) ထိပ်တွင် ဗေဒင်လက္ခဏာ ဟောပြောနေသည်ဟု ဖော်ပြခဲ့ပြီးဖြစ်၏။ထိုဟောပြောသောနေရာမှ အခန်းပိုင်ရှင်သည် လွန်စွာကောင်းပါသည်။ သို့ရာတွင် ထိုအိမ်ရှင်နှင့် ပတ်သက်သော ဧည့်သည်အချို့မှာ ကျွန်ုပ်၏ လုပ်ငန်းကို လွန်စွာ ဒုက္ခပေးပါသည်။ ကျွန်ုပ် ဗေဒင်လက္ခဏာ ဟောပြောနေစဉ် အတွင်း ထိုသူများသည် ရေဒီယိုကို ကျယ်လောင်စွာ ဖွင့်ခြင်း၊ သီချင်းကျယ်လောင်စွာဆိုခြင်း၊ တစ်ဦးနှင့်တစ်ဦး ကျယ်လောင်စွာ ငြင်းခုံခြင်း စသော လုပ်ရပ်များသည် ကျွန်ုပ် ဗေဒင်လက္ခဏာ ဟောပြော ခြင်းအတွက်

ငွေကြေးဓနပေါကြွယ်ဝပြီး မိတ်ကောင်း ဆွေကောင်း ပေါများစေသော အဆောင်

Image
ဟောဒီ အဆောင်ကလေးကတော့ ငွေကြေး လာဘ်ရွှင်စေတယ်။ မိတ်ကောင်း ဆွေကောင်း ပေါများစေတယ် ဆိုတဲ့ အဆောင်ကလေး ပါပဲ။ စက်ဝိုင်း အလယ်က

“ပျားစွဲသောမုတ်ဆိတ်မဟာဓါတ်ဘိသိက်”------

Image
လေးစားရပါသောကျွန်ုပ်၏မိတ်ဆွေများခင်ဗျား...... အဘဆရာကြီးဒေါက်တာမင်းသိင်္ခ၏ မနောမယလက်ဆောင်ပေါင်းချုပ် စာအုပ်တွင်ပါဝင်သော အောက်ပါ မဟာဘိသိက် ပျားစွဲသောမုတ်ဆိတ် ဓာတ်ဘိသိက် ပန်ချီကားကို ပြန်လည်၍ လက်ဆောင်မျှဝေပေးလိုက် ပါသည်။ ထိုပညာမှာ ဘိသိက်ဆယ့်နှစ်ပါးတွင်ပါသည့် မဟာဘိသိက်ပညာဖြစ်၏။ မဟာဘိသိက်ဆိုသည်မှာ စီးပွားချမ်းသာတိုးတက်စေရန် ပြုလုပ်သောပညာဖြစ်၏။ ဓာတ်ဘိသိက်ဟု ခေါ်သည်ဟု

“ အနာဂါတ်ဟူသည့် အချိန်ကာလနှင့် ကျွန်တော်” အောင်ကောင်မွန်(လားရှိုး))

Image
aung kung mon သြဂုတ်လ 9, 2012 9:32pmတွင်aung kung mon မှတင်ပြသောဘလော့ပို့(စ်)ဖြစ်ပါသည် View Blog ဒီလိုပါခင်ဗျာ-------- ကျွန်တော် ဖူးစာရှင်လေးမှာ စာမရေးဖြစ်တာဟာ အတော်လေးကြာနေပါပြီ၂၀၀၉ ခုနှစ် ဖေဖေါ်ဝါရီလ (၁၈)ရက်နေ့တွင် စတင်၍ ပြုလုပ်ခဲ့သော ကျွန်ုပ်၏ မဟာဂန္ဓာရီအဓိဌာန် ကြီးမှာလည်း ယခုအချိန်တွင် ရက်ပေါင်း (၁၀၂၉)ရက်တွင် သုံးချိုးနှစ်ချိုးဖြစ်သည့် (၆၈၆)ရက် အောင်မြင်ပြီး တတိယအဆင့်ကြီး (၄၉)ရက် (၇)ထုံ (၃၄၃)ရက် ပြုလုပ်ရန် ကော့(စ်)မစ် အားဖြည့်ရင်းနှင့်ပင် နေ့စဉ်နှင့် အမျှ ဒုက္ခအခက်အခဲကြုံတွေ့နေရသူများအပေါင်းကို ကျွန်ုပ်၏ ပညာပိုင်းဆိုင်ရာ ဆရာသခင် အဘ ဒေါက်တာ မင်းသိင်္ခ သင်ကြားပေးခဲ့သော ဂမ္ဘီရအတတ်ပညာဖြင့်ပင် ကုသိုလ်ဖြစ်

ကိုးန၀င်း မိုးလင်းမှသိမယ် အဓိဋ္ဌာန်(မင်းသိင်္ခ)

Image
တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန် မရမ်းတလင်း တောစပ်ရှိ ကျွန်ုပ် နေထိုင်သော အယူတော် မင်္ဂလာခြံသို့ ရောင်ပြန်မဂ္ဂဇင်း၏ အယ်ဒီတာချုပ်ဖြစ်သော မောင်မောင်မြင့်အေးသည် ရောက်ရှိလာလေ၏။ သူ၏ လက်တွင် ကျွန်ုပ်အတွက် ထမင်းချိုင့် တစ်ချိုင့်လည်း ဆွဲ၍လာလေ၏။ ထိုကဲ့သို့ ထမင်းချိုင့် လာပို့ခြင်းသည် လွန်ခဲ့သော နှစ်များစွာကပင် ဖြစ်၏ ။ သူသည် ကျွန်ုပ်ကို တွေ့လျှင်တွေ့ချင်း ပြုံးပြပြီးနောက်

ဂုဏ်တော်ကိုးပါးကိုပုတီးဆယ်ပတ်ရအောင်စိပ်သောနည်း

Image
တစ်နေ့သ၌ ကျွန်ုပ်သည် အခန်းထဲတွင် တစ်ယောက်ထဲထိုင်၍ ရောက်တတ်ရာရာများကို စဉ်းစားလျှက်ရှိ၏။ များသောအားဖြင့် ကျွန်ုပ်သည် စိတ်ချမ်းသာမှု့ ဟုဆိုအပ်သော အကြောင်းအရာကို များသောအားဖြင့် စဉ်းစားလေ့ရှိ၏။ ကျွန်ုပ်သည် စိတ်ချမ်းသာမှု့ကို လွန်စွာလိုလား၏။ စိတ်အေးချမ်းသာစွာနှင့်သာ ဘ၀ခရီးလမ်းကို လျှောက်လှမ်းလို၏။ အချိန်များကို ပူပင်သောက ကင်းစွာဖြင့် ကုန်ဆုံးလို၏။ အလုပ်များကိုလည်း စိတ်ဖိစီးမှု့ ကင်းစွာဖြင့် လုပ်လို၏။ ထို့ကြောင့် ကျွန်ုပ်သည် တစ်ချိန်တစ်ခါက စိတ်ချမ်းသာမှု့ကို လွန်စွာ အလိုရှိသောကြောင့် လိုက်ရှာဖူးလေ၏။ တောအထပ်ထပ် တောင်အသွယ်သွယ် နေရာဒေသတော်တော် စုံစုံကိုလည်း

ဝါခေါင်လပြည့်နေ့ မေတ္တာအခါတော်နေ့----- အောက်ကောင်းမွန် (လာရှိုး) မျှဝေသည်။

Image
u aung kung mon မှ September 1, 2012 9:48pm တွင် တင်သွင်းခဲ့ခြင်းဖြစ်ပါသည်။ View Blog မြန်မာနိုင်ငံဟာဗုဒ္ဓဘာသာကို အခြေခံထားတဲ့နိုင်ငံပဲဖြစ်ပါတယ်။ လအသီးသီးမှာလည်း ဘာသာတရားကို အခြေခံထားတဲ့ နေ့ထူးနေ့မြတ်များ ရှိနေပါတယ်။ ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့၊ ၀ါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့စသဖြင့် ၀ါခေါင်နေ့ကိုလည်း ၀ါခေါင်လပြည့်နေ့ (သို့) မေတ္တာအခါတော်နေ့အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ ၀ါခေါင်လပြည့်နေ့ (သို့) မေတ္တာအခါတော်နေ့သတ်မှတ်ခဲ့တာကတော့ ဗုဒ္ဓဘုရားရှင် ဟောတော်မူတဲ့ မေတ္တာသုတ်ကို အကြောင်းပြုပြီး သတ်မှတ်ကြခြင်း ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓဟာ ဒီမေတ္တာသုတ်ကို ၀ါခေါင်လပြည့်နေ့မှာ ဟောတော်မူခဲ့တာ ဖြစ်တယ်ဆိုတဲ့ ယုံကြည်မှုနဲ မြန်မာဗုဒ္ဓဘာသာများက